သာမန်ကားဂိုဒေါင်အတွင်း ထည့်သွင်းထားနိုင်မည့် ကားပျံတီထွင်

ဝါရှင်တန်၊ ဇူလိုင် ၂၃

 

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်အခြေစိုက် Terrafugia ကုမ္ပဏီသည် အနာဂတ်စိတ်ကူးတစ်ခုကို အကောင်အထည်ဖော်သည့်အနေနှင့် သာမန်ကားဂိုဒေါင်အတွင်း ထည့်သွင်းသိမ်းဆည်းထားနိုင်ပြီး ကားလမ်းပေါ်မှပင် အလွယ်တကူ ပျံတက်နိုင်သည့် ကားပျံတစ်စီးကို တီထွင်နိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်.။

 

TF-X ဟုအမည်ပေးထားသော ယင်းကားပျံသည် ကားလမ်းပေါ်တွင် မောင်းနိုင်ရုံမျှသာမက လေထဲတွင်ပါ ဝဲပျံနိုင်စေရန် နှစ်မျိုးသုံးအဖြစ် တီထွင်ဖန်တီးထားခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်.။

 

ကားနှင့် တွဲဖက်တပ်ဆင်ထားသည့် တောင်ပံနှစ်ခုတွင် ဂျက်ပန်ကာများကို တပ်ဆင်ထားပြီး တောင်ပံဆန့်ထုတ်ကာ ကားကိုဒေါင်လိုက် အတက်အဆင်း လျှင်မြန်စွာ ပြုလုပ်နိုင်စေမည်ဖြစ်သည်.။

 

ကားတွင်တပ်ဆင်ထားသည့် အင်ဂျင်အမျိုးအစားသည် 300 hp အမျိုးအစား အင်ဂျင်များဖြစ်ပြီး တစ်နာရီလျှင် မိုင် ၂၀၀ နှုန်းဖြင့်မောင်းနှင်နိုင်ကာ မိုင် ၅၀၀ အထိ မရပ်မနားသွားနိုင်မည်ဖြစ်သည်.။

 

လူလေးဦးလိုက်ပါနိုင်သည့် TF-X ကားပျံသည် ကွန်ပျူတာထိန်းချုပ်မှုဖြင့် မောင်းနှင်နိုင်စေရန် တီထွင်ထားသဖြင့် အတက်အဆင်းအားလုံးကို အလိုအလျောက် ပြုလုပ်စေနိုင်ကြောင်း တီထွင်သူများက ပြောကြားသည်.။

 

ယာဉ်ကြောပိတ်ဆို့ခြင်း၊ ရာသီဥတုဆိုးရွားခြင်းကြောင့် လမ်းပိတ်ဆို့ခြင်း၊ အခြားသဘာဝဘေးအန္တရာယ်များကြောင့် ပိတ်ဆို့ခြင်းများအတွက် TF-X ကားများသည် အလွယ်တကူ ဖြေရှင်းပေးနိုင်ကြောင်း၊ ကားမှာ အီလက်ထရွန်နစ် လျှပ်စစ်ကား အမျိုးအစားဖြစ်ပြီး အားပြန်သွင်းကာ မောင်းနှင်နိုင်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်.။

 

ကားတစ်စင်း၏ တန်ကြေးမှာ ဒေါ်လာ ၂၇၉၀၀၀ ဖြစ်ပြီး ဈေးကွက်တင်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း AFP သတင်းတွင်ဖော်ပြထားသည်.။

 

Friday, July 24, 2015 နေ့ထုတ် The Voice Daily မှ ကူးယူဖော်ပြသည်။

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Latest News

၁၉၉၅ မိုဒယ်​​အောက်​ကား​များ အပ်​နှံပါက ...

Adsas 150x150

Photo Credit ရန်​ကုန်​မြို့တွင်​ ​ပြေးဆွဲလျှက်​ရှိ​သော ခရီးသည်​တင်​ကားများဖြစ်​သည့်​ ၁၉၉၅ မိုဒယ်​​အောက်​ကား​များ ဖျက်​သိမ်းအပ်​နှံပါက...

Read more »

လာ​မည့်နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူ...

Wgwgwg 150x150

Photo Credit လာမည့်​နှစ်​တွင်​ ပြည်​ပမှ ကားတင်​သွင်းမှူအားကန့်သ​တ်သွားမည်ဖြစ်ရာ ​​​ဂျပန်​ ကားထုတ်​လုပ်​သည့်​ စက်​ရုံများဝင်​​ရောက်​လာမှာ...

Read more »

၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး...

Qeqwe 150x150

Photo Credit ၁ နှစ်​အကြာထုတ်​ပြန်​ထားရှိ​သော၂၀၁၅ မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်းပြီး မော်တော်ယာဉ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ယာဉ်အန္တရာယ်...

Read more »

အေ​ကာက်ခွန်ဒဏ်​​ကြေး VPA ဖြင့်...

1111 3 150x150

Photo Credit ပြည်ပနိုင်ငံကေ​​န ကားတင်​သွင်းသည့်​ လိုင်​စင်​ပါမစ်​မ​ရရှိဘဲ ကုန်​ပစ္စည်းကြိုတင်​​ရောက်​ရှိ​နေခြင်းကို ကားသိမ်းဆည်းမည့်​...

Read more »

Control Center ပြီးစီးရန် အချိန် ၃ လခန့်​...

12121 150x150

Photo Credit ရန်ကုန်မြို့ ယာဉ်သွားလာမှူများကို ​စောင့်​ကြည့်​မည့်​ Control Center အားတည်ဆောက်လျက်ရှိရာ ပြီးဆုံးရန်​ အချိန်​ သုံးလ ခန့်​...

Read more »
Download Android App