ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာႏွင့္ ျပခန္းမ်ားဖြင့္လွစ္ရန္အတြက္ တိုင္းေဒသႀကီးအစုိးရ ေထာက္ခံခ်က္ႏွင့္ စည္ပင္ခြင့္ျပဳခ်က္ လုိအပ္

ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာႏွင့္ အေရာင္းျပခန္းသစ္မ်ား ဖြင့္လွစ္ရန္အတြက္ တိုင္းေဒသႀကီး ေထာက္ခံခ်က္ႏွင့္ စည္ပင္ခြင့္ျပဳခ်က္ပါရွိမွသာ ခြင့္ျပဳေပးေတာ့မည္ ျဖစ္ ေၾကာင္း ‘စီးပြားေရးႏွင့္ကူးသန္း ေရာင္း၀ယ္ေရး၀န္ႀကီးဌာန’မွ သိရွိရသည္။

                   Myanmar-Car-Showroom


ယခင္က ေမာ္ေတာ္ယာဥ္ အေရာင္းစင္တာႏွင့္ အေရာင္းျပခန္းမ်ား ဖြင့္လွစ္ၿပီးမွ တိုင္းေဒသႀကီး ေထာက္ခံခ်က္ႏွင့္ စည္ပင္သာယာေရး ေကာ္မတီ၏ လုပ္ငန္းလိုင္စင္ကို တင္ျပႏိုင္ေသာ္လည္း ယခုအခါ ေထာက္ခံခ်က္ ျပည့္စံုမွသာ ခြင့္ျပဳေပးမည္ျဖစ္သည္။ “ကားအေရာင္းစင္တာေတြ စတင္ခြင့္ျပဳတဲ့အခ်ိန္က ႏိုင္ငံေတာ္အေနနဲ႔ တင္သြင္း လာတဲ့ ကားေတြကို အခ်ိန္တိုအတြင္းမွာ ေရာင္းခ်ေပးေစလိုတဲ့အတြက္ တိုင္းေဒသႀကီးေထာက္ခံခ်က္နဲ႔ စည္ပင္လုပ္ငန္းလုိင္စင္ကို အရင္တင္ျပစရာ မလိုဘဲ ခြင့္ျပဳေပး ခဲ့ပါတယ္၊ အခုအ ခ်ိန္မွာေတာ့ အေရာင္းစင္တာဖြင့္လွစ္မႈက လုပ္ငန္းရွင္တိုင္း နားလည္ သေဘာေပါက္လာၾကတဲ့အတြက္ ေထာက္ခံခ်က္ အျပည့္အစံုနဲ႔ စည္ပင္လိုင္စင္ ပါရွိမွသာ ခြင့္ျပဳေပးမွာ ျဖစ္ပါတယ္”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာၾကားခဲ့သည္။ ထို႔ျပင္ ကားအေရာင္းစင္တာမ်ားႏွင့္ ကားအေရာင္းျပခန္းမ်ား အေနျဖင့္ သက္တမ္းတိုးေဆာင္ရြက္လိုပါက သက္ဆိုင္ရာတိုင္းေဒသႀကီး အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ႏွင့္ စည္ပင္သာယာေရး ေကာ္မတီ၏ လုပ္ငန္း လိုင္စင္ ျပည့္စံုျခင္းမရွိပါက သက္တမ္းတိုးကာလ တစ္ႏွစ္အစား ေျခာက္လသာ ျပင္ဆင္ခြင့္ျပဳ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။


 

Ref: Automobile



Unicode Version

မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းသစ်များ ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီး ထောက်ခံချက်နှင့် စည်ပင်ခွင့်ပြုချက်ပါရှိမှသာ ခွင့်ပြုပေးတော့မည် ဖြစ် ကြောင်း ‘စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိရှိရသည်။

                   Myanmar-Car-Showroom


ယခင်က မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်းများ ဖွင့်လှစ်ပြီးမှ တိုင်းဒေသကြီး ထောက်ခံချက်နှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းလိုင်စင်ကို တင်ပြနိုင်သော်လည်း ယခုအခါ ထောက်ခံချက် ပြည့်စုံမှသာ ခွင့်ပြုပေးမည်ဖြစ်သည်။ “ကားအရောင်းစင်တာတွေ စတင်ခွင့်ပြုတဲ့အချိန်က နိုင်ငံတော်အနေနဲ့ တင်သွင်း လာတဲ့ ကားတွေကို အချိန်တိုအတွင်းမှာ ရောင်းချပေးစေလိုတဲ့အတွက် တိုင်းဒေသကြီးထောက်ခံချက်နဲ့ စည်ပင်လုပ်ငန်းလိုင်စင်ကို အရင်တင်ပြစရာ မလိုဘဲ ခွင့်ပြုပေး ခဲ့ပါတယ်၊ အခုအ ချိန်မှာတော့ အရောင်းစင်တာဖွင့်လှစ်မှုက လုပ်ငန်းရှင်တိုင်း နားလည် သဘောပေါက်လာကြတဲ့အတွက် ထောက်ခံချက် အပြည့်အစုံနဲ့ စည်ပင်လိုင်စင် ပါရှိမှသာ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ကားအရောင်းစင်တာများနှင့် ကားအရောင်းပြခန်းများ အနေဖြင့် သက်တမ်းတိုးဆောင်ရွက်လိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်း လိုင်စင် ပြည့်စုံခြင်းမရှိပါက သက်တမ်းတိုးကာလ တစ်နှစ်အစား ခြောက်လသာ ပြင်ဆင်ခွင့်ပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


 

Ref: Automobile

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »