fb-pageview-tracker
​ေမာ္​္​​ေတာ္​ယာဥ္​အားလံုး အမည္​​​ေျပာင္​းခြန္​​ေပး​ေဆာင္​ျခင္​းကို ကညန မွတ္​ပံုတင္ျပဳလုပ္​ရာတြင္​ တစ္​ပါတည္​း​လုပ္​​ေဆာင္​​ေပးရန္​ရွိ


Zawgyi Version

​ေမာ္​​ေတာ္​ယာဥ္​အားလံုး အမည္​​ေျပာင္း​​​​ခြန္​ေပး​ေဆာင္​ျခင္​းကို ကညန မွတ္​ပံုတင္​ျပဳလုပ္​ရာတြင္​ တစ္​ပါတည္​း​လုပ္​​ေဆာင္​​ေပးရန္​ ပို႔​ေဆာင္​​ေရးႏွင္​့ ဆက္​သြယ္​​ေရးဝန္​ႀကီးဌာနထံ ကုန္​းလမ္​းပို႔​ေဆာင္​​ေရးၫႊန္​ၾကားမႈဦးစီးဌာနမွ တင္​ျပထားရွိ​ေၾကာင္​း သိရသည္​။ ​ေမာ္​​ေတာ္​ယာဥ္​ ​အ​ေရာင္​းအဝယ္​ျပဳလုပ္​ရာတြင္​ ယာဥ္​လက္ဝယ္​​​​ပိုင္​႐ွင္​႐ွိသူ၏ အမည္​​ေပါက္​​ေျပာင္​းလဲ​ျခင္​း၊ ​ေနရပ္​လိပ္​စာမွန္​ကန္​​ျခင္​းမ်ားအား ျပည္​တြင္​းအခြန္​မ်ားဦးစီးဌာနႏွင့္ ပူး​ေပါင္​းလုပ္​​ေဆာင္​ႏိုင္​ရန္​၊ ​ေမာ္​​ေတာ္​ယာဥ္​မ်ား အ​ေရာင္​းအဝယ္​ျပဳလုပ္​ၿပီးပါက ယာဥ္​ပိုင္​႐ွင္​အမည္​သို႔ တစ္​ပါတည္​း​ေျပာင္​းလဲသြားရန္​၊ ​ယာဥ္​လက္​ဝယ္​႐ွိသူမွ ​ေနရပ္​လိပ္​စာ​ေျပာင္​းလဲမည္​ဆိုလ်င္​ သက္​ဆိုင္​ရာကုန္​လမ္​းပို႔​ေဆာင္​​ေရး ၫႊန္​ၾကားမႈဦးစီးဌာနသို႔ သြား​ေရာက္​အ​ေၾကာင္​းၾကားကာ လိပ္​စာ​ေျပာင္​းလဲမႈကို ​ေလွ်ာက္​ထားလုပ္​​ေဆာင္​သြားရန္​ တင္​ျပထားရွိ​ေၾကာင္​း သိရသည္​။

“​ေမာ္​​ေတာ္​ယာဥ္​​ေတြ ​ေနရပ္​လိပ္​စာအမွန္​​ျဖစ္​ဖို႔အတြက္​ လုပ္​​ေဆာင္​သြားဖို႔႐ွိတယ္​။ ယာဥ္​အ​ေရာင္​းအဝယ္​ျပဳလုပ္​တဲ့စာခ်ဳပ္​ ခ်ဳပ္​ၿပီးၿပီဆိုရင္​ အခ်ိန္​တစ္​ခုၿပီးတာနဲ႔ ပိုင္ရွင္​​အမည္​​ေပါက္​​ေျပာင္​းရမယ္​။ အမည္​​ေျပာင္​းခြန္​ကို ကညန ရံုးမွာမွတ္​ပံုတင္ၿ​ပီး တစ္​ပါတည္​းလုပ္​​ေဆာင္​ဖို႔ကို ဝန္​ႀကီးရံုးထံကိုတင္​ျပထားတယ္။​” ဟု ကုန္​းလမ္​းပို႔​ေဆာင္​​ေရး ၫႊန္​ၾကားမႈဦးစီးဌာနမွ တာဝန္​႐ွိသူတစ္​ဦးက ​ေျပာသည္။

လက္​ရွိ အခြန္ေကာက္ဥပေဒအရ ေမာ္ေတာ္ယာဥ္မ်ားအား အမည္ေျပာင္းခြန္အတြက္​ သတ္မွတ္ထားရာတြင္ က်ပ္သိန္း ၃၀၀ ႏွင့္ေအာက္ကို ၁၅ ရာခိုင္ႏႈန္း၊ က်ပ္သိန္း ၃၀၀ အထက္မွ က်ပ္သိန္း ၁,၀၀၀ အထိကို ၂၀ ရာခိုင္ႏႈန္းႏွင့္ က်ပ္သိန္း ၁,၀၀၀ အထက္ကို ၃၀ ရာခိုင္ႏႈန္း ေကာက္ခံ​ေနရာ အခြန္​​ေငြမ်ားျပားလြန္​းသည့္အတြက္​ အမည္ေျပာင္းခြန္​​ေပး​ေဆာင္​ရျခင္​းအား ​လူတိုင္​း​ေပး​ေဆာင္​ႏိုင္​​ေသာ အခြန္​မ်ိဳးျဖစ္​​ေစရန္​ ရာခိုင္​ႏႈန္​းတစ္​ခုအထိ​ ေလွ်ာ့ခ်​ေပးရန္​လိုအပ္​​ေန​ေၾကာင္​း ကားပိုင္္​ရွင္​မ်ားက ​ေဝဖန္​​ေျပာဆို​ေနၾကသည္။


Unicode Version

မော်တော်ယာဉ်အားလုံး အမည်ပြောင်းခွန်ပေးဆောင်ခြင်းကို ကညန မှတ်ပုံတင်ပြုလုပ်ရာတွင် တစ်ပါတည်းလုပ်ဆောင်ပေးရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တင်ပြထားရှိကြောင်း သိရသည်။ မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်ရာတွင် ယာဉ်လက်ဝယ်ပိုင်ရှင်ရှိသူ၏ အမည်ပေါက်ပြောင်းလဲခြင်း၊ နေရပ်လိပ်စာမှန်ကန်ခြင်းများအား ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန်၊ မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်ပြီးပါက ယာဉ်ပိုင်ရှင်အမည်သို့ တစ်ပါတည်းပြောင်းလဲသွားရန်၊ ယာဉ်လက်ဝယ်ရှိသူမှ နေရပ်လိပ်စာပြောင်းလဲမည်ဆိုလျင် သက်ဆိုင်ရာကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်အကြောင်းကြားကာ လိပ်စာပြောင်းလဲမှုကို လျှောက်ထားလုပ်ဆောင်သွားရန် တင်ပြထားရှိကြောင်း သိရသည်။

“မော်တော်ယာဉ်တွေ နေရပ်လိပ်စာအမှန်ဖြစ်ဖို့အတွက် လုပ်ဆောင်သွားဖို့ရှိတယ်။ ယာဉ်အရောင်းအဝယ်ပြုလုပ်တဲ့စာချုပ် ချုပ်ပြီးပြီဆိုရင် အချိန်တစ်ခုပြီးတာနဲ့ ပိုင်ရှင်အမည်ပေါက်ပြောင်းရမယ်။ အမည်ပြောင်းခွန်ကို ကညန ရုံးမှာမှတ်ပုံတင်ပြီး တစ်ပါတည်းလုပ်ဆောင်ဖို့ကို ဝန်ကြီးရုံးထံကိုတင်ပြထားတယ်။” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ အခွန်ကောက်ဥပဒေအရ မော်တော်ယာဉ်များအား အမည်ပြောင်းခွန်အတွက် သတ်မှတ်ထားရာတွင် ကျပ်သိန်း ၃၀၀ နှင့်အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထက်မှ ကျပ်သိန်း ၁,၀၀၀ အထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံနေရာ အခွန်ငွေများပြားလွန်းသည့်အတွက် အမည်ပြောင်းခွန်ပေးဆောင်ရခြင်းအား လူတိုင်းပေးဆောင်နိုင်သော အခွန်မျိုးဖြစ်စေရန် ရာခိုင်နှုန်းတစ်ခုအထိ လျှော့ချပေးရန်လိုအပ်နေကြောင်း ကားပိုင်ရှင်များက ဝေဖန်ပြောဆိုနေကြသည်။

Latest News

သင့္ကားအင္ဂ်င္က်ေနျပီလားဆုိတာ သိႏိုင္မယ့္ အခ်က္...

Zawgyi Version “ကားအင္ဂ်င္က်တာ၊ အင္ဂ်င္ကုိင္တာ၊ အင္ဂ်င္တင္တာ၊ အင္ဂ်င္အေပၚဖြင့္/ေအာက္ဖြင့္လုပ္တာ" ဆုိတာမ်ိဳးေတြကုိ ကားေလာက...

Read more »

ျမန္မာအပါအဝင္ ဥေရာပႏွင့္ အာရွႏိုင္ငံေပါင္း ၁၀...

Zawgyi Version ဥေရာပႏွင့္ ျမန္မာအပါအဝင္ အာရွႏိုင္ငံေပါင္း ၁၀ ႏိုင္ငံေက်ာ္မွ professional rally drivers ႏွင့္...

Read more »

ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃...

​Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃ ရာခိုင္​ႏႈန္​းအထိ ​ေျဖ​ေလွ်ာ့သတ္​မွတ္​​ေပးရန္​အတြက္​...

Read more »

Suzuki Ertiga 2019 Review (Local)

Zawgyi Version ကိုယ္ေတြႏုိင္ငံနဲ႕ အဆင္ေျပမယ့္ ကားတစ္စီးဆိုတာဟာ ပုံမွန္ထက္ ျမင့္ရမယ္၊ က်ယ္ရမယ္၊ ဆီစားသက္သာရမယ္။ ေနာက္တစ္ခု ေဈးႏႈန္းလည္း...

Read more »

ကမၻာ့အျမန္ဆုံး full-size luxury sedan...

Zawgyi Version Twin-turbo W-12 အင္ဂ်င္၊ အျမင့္ဆုံးပါဝင္ထုတ္လႊတ္ႏုိင္မႈ 626hp၊ အျမန္ဆုံးျမန္ႏႈန္း 207mph နဲ႕ Bentley ရဲ့ Flying Spur 2020...

Read more »