ရန်​ကုန်​မြို့အတွင်း ကွန်​ကရစ်​ဘ​လောက်​တုံး ​လေး​သောင်း​ကျော်​ရှိရာ ဘလောက်တုံး​ တစ်​ရာ​နီးပါးကိုဖယ်​ရှားမည်
pyay
ခေတ်သစ်
Unicode Version
pyay
ရန်ကုန်တိုင်းဒေသကြီးအတွင်တွင် ယာဉ်သွားလမ်းနေရာများ၌ ယာဉ်မတော်တဆမှူဖြစ်ပါကရပ်တန့်စေရန်နှင့် ယာဉ်လမ်းကြောင်းများပိုင်းခြားထားသော ကွန်ကရစ်ဘလောက်တုံး ၄ဝဝဝဝ ကျော် အသုံးပြုချထားရာမှ ၁ဝဝ နီးပါး ဖယ်ရှားသွားမည်ဖြစ်သည်။
ထိုသို့ ကွန်ကရစ်ဘလောက်တုံးများဖယ်ရှားရခြင်းမှာ ယာဉ်မတော်တဆမှူဖြစ်ပွားရာတွင် ဘလောက်တုံးကို ထိခိုက်မှူကြောင့် ပိုမိုဆိုးရွားစွာဖြစ်ပေါ်နိုင်သဖြင့် ဖယ်ရှားရခြင်းဖြစ်ကြောင်းသိရသည်။
ယခင်အစိုးရလက်ထပ်တွင် ရန်ကုန်မြို့တွင် ဘလောက်တုံးအရေအတွက် ၄၄ဝဝဝ ကျော်အား ခရီးသည်တင် ယာဉ်လမ်းကြောင်းသတ်မှတ်ရန်ချထားဆောင်ရွက်ခဲ့ပြီး ယခုအစိုးရသစ်လက်ထပ်တွင် မလိုအပ်သည့်နေရာများနှငိ့ ယာဉ်မတော်တဆမှူဖြစ်ပွားနိုင်သောနေရာများတွင် ဘလောက်တုံးများ ဖယ်ရှားသွားမည်ဖြစ်သည်။
ကွန်ကရစ်ဘလောက်တုံးတွေကိုဖယ်ရှားတာက ယာဉ်အနၲရယ်ဖြစ်ရင် ထိခိုက်တာလျော့နည်းစေဖို့အတွက်ပါ။နောက်ထပ်လည်းမလိုအပ်တဲ့နေရာတွေမှာဖယ်ရှားသွားဖို့ရှိပါတယ်။အခုလက်ရှိအဓိကနေရာဖြစ်တဲ့ လမ်းမကြီးတွေမှာ ဖယ်ရှားနေပါပီ။ဘလောက်တုံးအရေအတွက် ၁ဝဝ လောက်ကိုဖယ်ရှားသွားဖို့ရှိပါတယ်ဟုရန်ကုန်မြို့တော်စည်ပင်အင်ဂျင်နီယာဌာနမှ ပြောခွင့်ရသူတစ်ဦးမှ ပြောကြားသွားသည်။
ယာဉ်သွားလာမှူများပြားပီးယာဉ်အန္တရယ်ဖြစ်စေနိုင်သည့် ကမ်းနားလမ်း ပြည်လမ်း ကမ္ဘာအေးဘုရားလမ်း နှင့်တစ်ခြားလမ်းမကြီးများတွင် ဘလောက်တုံးများဖယ်ရှားသွားမည်ဖြစ်သည်။
ခေတ်သစ်
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...
Latest news1 10 150x150
Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...
Read more »