ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု ရန်ကုန်မြို့ နေရာနှစ်ဆယ်တွင် စောင့်ကြပ် ဖမ်းဆီးအရေးယူမည်


Racing



 

Ref : Automobile



Unicode Version

ရန်ကုန်မြို့တွင် ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်နေမှုများအား နေရာနှစ်ဆယ်တွင် စောင့်ကြပ်ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း ‘အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံး’မှ သိရသည်။

Racing

ပြိုင်ကားများ ယှဉ်ပြိုင်မောင်းနှင်မှု များအား စစ်ဆေးဖမ်းဆီး ဆောင်ရွက်ရန်အတွက် ယာဉ်စစ်ပိတ်ဆို့ အဖွဲ့များ ဖွဲ့စည်း၍ ညစဉ် အဖွဲ့ ၁ဝ ဖွဲ့ ဖွဲ့စည်းကာ ပြိုင်ကား ယှဉ်ပြိုင် မောင်းနှင်မှု အများဆုံးပြု လုပ်လေ့ရှိသည့်နေရာ နှစ်ဆယ် တွင် စောင့်ကြည့်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။ “ပြိုင်ကားတွေ ယှဉ်ပြိုင် မောင်းနှင်မှုက လူခြေတိတ် တဲ့ ညအချိန်တွေမှာ ဖြစ်တာများတယ်၊ ဒါကြောင့် ညပိုင်းအချိန် လူရှင်းတဲ့ ည ၁ဝ နာရီကျော်ကနေ မနက် ၄ နာရီအထိ ပြိုင်ကားဖမ်းဆီးရေးအဖွဲ့တွေ ဖွဲ့ပြီး စစ်ဆေး ဖမ်းဆီး မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။ “ပြိုင်ကားတွေ ပြိုင်မောင်းနေတာတွေက ယာဉ် မတော် တဆမှုတွေ ဖြစ်လာနိုင်တယ်၊ လမ်းအသုံးပြုသူတွေကို ထိခိုက်စေနိုင်တယ်၊ ပြီးတော့ အုပ်စုဖွဲ့ပြီး ရာဇဝတ်မှုကျူး လွန်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါတွေကို ကြိုတင် ကာကွယ်မှု ပြုလုပ်ပြီး တားဆီးသွားမှာဖြစ်ပါတယ်”ဟု ‘အမှတ်(၆) ယာဉ်ထိန်းရဲတပ် ခွဲဖွဲ့မှူးရုံး’မှ ရဲအုပ်ဝင်းလွင်ကဆိုသည်။ ပြိုင်ကားယှဉ်ပြိုင်မောင်းနှင်မှု များအားရွေ့လျား စနစ်ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်သွားခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး စစ်ဆေးဖမ်းဆီးရရှိသည့် ယာဉ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။


 

Ref : Automobile

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...

Read more »