ကမ္ဘာ့အဆန်းသစ်ဆုံး ကားအမျိုးအစားများကို ပထမဆုံးအကြိမ်မိတ်ဆက်ပြသမည်
Credit: MotoExpo
www.carsdb.com
No. 1 Car Site in Myanmar
Unicode Version
ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်မယ့် ကားပြပွဲမှာ ဆန်းသစ်တဲ့အမြင်ဒီဇိုင်းတွေနဲ့ မောင်းသူမဲ့ယာဉ်တွေကို ပြသသွားမှာ ဖြစ်တယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တေ်ာကTokyo Big Sight convention hall မှာ အောက်တိုဘာလ(၃ဝ)ရက်နေ့ကနေ့အစပြုပြီး အဲ့ဒီကားပြပွဲကိုပြုလုပ်သွားမှာပါ။ ပြသမဲ့ကားအမျိုးအစားတွေမှာတော့ကားအိတ်ဇောဓာတ်ငွေ့ထုတ်လွှတ်မှု မရှိတဲ့ယာဉ်အမျိုးအစားတွေပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီကားပြပွဲမှာ ကမ္ဘာတစ်ဝှမ်းက ကားကုမ္ပဏီပေါင်း (၁၆ဝ)က လာရောက်ပြသမှာ ဖြစ်ပေမဲ့ အများစုကတော့ ဂျပန်နိုင်ငံက ကားကုမ္ပဏီတွေ အများဆုံးပါဝင်တယ်လို့ လည်းသိရှိရပါတယ်။/
အဲ့ဒီပြပွဲမှာ ပါဝင်ပြသမဲ့ကားတွေထဲမှာ ဟွန်ဒါကားကုမ္ပဏီက ထုတ်လုပ်တဲ့ fuel cell ယာဉ်အမျိုးအစားလည်းပါဝင်ပါတယ်။ အဲ့ဒီမော်တော်ယာဉ်ကတော့ လောင်စာဆီသိုလှောင်ရုံအတွင်းမှာ ဟိုက်ဒရိုဂျင်နဲ့ လေထဲက အောက်ဆီဂျင်ကို သိုလှောင်ထားပြီး ကားအိတ်ဇောဓာတ်ငွေ့ထုတ်လွှတ်မှု မရှိဘဲ ရေကိုသာ ထုတ်လွှတ်ပေးတဲ့ယာဉ်ဖြစ်ပါတယ်။ အဲ့ဒီယာဉ်ရဲ့ အမည်ကိုတော့ ပြပွဲအတွင်းမှာ ထုတ်ပြန်ကြေညာသွားမှာ ပါ။လောင်စာဆီသိုလှောင်ရုံအတွင်း အပြည့် သိုလှောင်ထား မယ်ဆိုရင် မိုင်ပေါင်း (၄၃ဝ)ကျော်ကို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်ပြသမဲ့ယာဉ်အမျိုးအစားတစ်ခုကတော့ မိုဘိုင်းဖုန်းတွေကို နှစ်သက်သဘောကျတဲ့လူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာတဲ့မော်တော်ယာဉ်ပါ။ကားရဲ့အတွင်းပိုင်းကိုတော့ ကွန်ပျူတာမျက်နှာပြင်လို ပြုလုပ်ထားပါတယ်။ အဲ့ဒီကားဟာ မောင်းသူမဲ့ယာဉ် အမျိုးအစားဖြစ်ပြီး ကားအတွင်းဖန်တီးထုတ်လုပ်ထားတဲ့ ကွန်ပျူတာမျက်နှာပြင်မှာ လူမှုကွန်ရက်အသုံးပြုမှုတွေ၊ mail စစ်ဆေးတာတွေနဲ့ အင်တာနက်အသုံးပြုမှုတွေကို လုပ်ဆောင်နိုင်တဲ့ယာဉ်အမျိုးအစား ဖြစ်ပါတယ်။
နောက်ထပ်ယာဉ်အမျိုးအစားတစ်ခုကတော့ ရိုးရှင်းပြီး ကီရိုဘီစက်ရုပ်အသေးစားပုံစံ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီယာဉ်ဟာ လူတစ်ဦးသာ လိုက်ပါစီးနင်းနိုင်မှာဖြစ်ပြီး ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ လည်းတိုယိုတာ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ အဲ့ဒီယာဉ်ကိုတော့ အပျော်တမ်းမောင်းနှင်ဖို့ ထုတ်လုပ်ထားတာပါ။ဒါ့အပြင် (၃)ယောက် လိုက်ပါစီးနင်းနိုင်ပြီး လောင်စာဆီကန်၊ အိတ်ဇောဓာတ်ငွေ့လွှတ်တဲ့ပိုက်စတဲ့ အစိတ်အပိုင်းတွေကို ကားရဲ့ အပြင်ဘက် အမြင်ကနေ ဖျောက်ထားတဲ့ကားကိုမိတ်ဆက်ပြသမှာပါ။အဲ့ကားကတော့ လမ်းတွေပေါ်မှာ မောင်းနှင်ရတာ ပိုမိုအဆင်ပြေစေအောင်ဖန်တီးထားတယ်လို့သိရပါတယ်။ တိုယိုတာအနေနဲ့ အဲ့ဒီကားကို စျေးကွက်အတွင်း ရောင်းချသွားဖို့ အစီအစဉ်မရှိသေးဘူး။ အဲ့ဒီပြပွဲမှာကမ္ဘာ့အဆန်းသစ်ဆုံးကားအမ်ျိုးအစား (၄၂)စီး ပါဝင်မှာဖြစ်ပြီး အဲ့ဒီယာဉ်အမျိုးအစားတွေကို ပထမဆုံးအကြိမ်မိတ်ဆက်ပြသခြင်းဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Credit: MotoExpo
www.carsdb.com
No. 1 Car Site in Myanmar
Latest News
Without ကားများကို RFID စနစ်​အသုံးပြု၍...
Latest news1 13 150x150
Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...
Read more »
Mazda Myanmar က All New Mazda CX 9 ကားကို...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »