fb-pageview-tracker
ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈမ်ား လတ္တေလာဝင္ေရာက္လာရန္မရွိေသးဟုဆို


Zawgyi Version

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား လက္တေလာတြင္ ဝင္ေရာက္လာရန္မရွိေသးေၾကာင္း ၂၀၁၉ ေမလ ၁၅ ရက္ေန႔ ေလးေထာင့္ကန္လမ္းရွိ YRTA ရံုးခ်ဳပ္တြင္က်င္းပခဲ့ေသာ အသိေပးရွင္းလင္းျခင္းအစီအစဥ္၌ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ေျပာၾကားခဲ့သည္။

“YRTA ကို ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈအတြက္ စဥ္းစားတဲ့အခါမွာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနနဲ႔ လက္ခံလိုတဲ့အဖြဲ႔ေတြလည္း ရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ရဲ့ ႏိုင္ငံေတာ္အတြင္းမွာလုပ္ကိုင္ေနတဲ့ နိုင္ငံသားလုပ္ငန္းရွင္ေတြနဲ႔ပူးေပါင္းၿပီး လက္ရွိမွာ မိမိတို႔ကိုယ္ပိုင္ကုမၸဏီအေနနဲ႔ ထူေထာင္ၿပီးေဆာင္ရြက္ေနတာျဖစ္ပါတယ္။ ဒီေနရာမွာ ကၽြန္ေတာ္တို႔ဟာ အစစ အရာရာ ေနာက္က်ေနတဲ့အတြက္ ကိုယ့္လူနဲ႔ကိုယ္လုပ္တဲ့အခါ အေရွ႕ကိုေရာက္ပါ့မလားလို႔ ေမးစရာရွိပါတယ္။ ဒီရင္းႏွီးျမွဳပ္ႏွံမႈက႑မွာ ကၽြန္ေတာ္တို႔ရဲ့ ရင္းႏွီးျမွဳပ္ႏွံသူေတြ နည္းပညာရရွိေရးအတြက္ (JICA) နဲ႔ ပူးေပါင္းၿပီး Bus Improvement Project ကို ၃ ႏွစ္ စီမံကိန္းနဲ႔ ပူးေပါင္းအေကာင္အထည္ေဖာ္ေနပါတယ္။ ဒါ့အျပင္ သူတို႔ရဲ့ ကမ္းလွမ္းမႈအသစ္အေနနဲ႔ Volunteer Project၊ AGB Bank၊ Swiss Bank တို႔လို အဖြဲ႕အစည္းေတြရဲ့ နည္းပညာပံ့ပိုးမႈနဲ႔ သြားေနပါတယ္။ ျပည္ပက ကမ္းလွမ္းမႈေတြကေတာ့ ကၽြန္ေတာ္တို႔ဖြင့္မေပးထားတဲ့အတြက္ မရွိေသးပါဘူး။ ဖြင့္မယ္ဆိုရင္ေတာ့ ရွိလာမွာေပါ့။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ႏိုင္ငံသားေတြရဲ့ အက်ိဳးစီးပြားနဲ႔အခြင့္အလမ္းကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနနဲ႔ ၾကည့္ရႈေပးရမယ့္ အေနအထားရွိပါတယ္။” ဟု ဦးလွေအာင္က ေျဖၾကားခဲ့သည္။

"က်ြန္္ေတာ့အယူအဆကိုေျပာရမယ္ဆိုရင္ ျပည္ပရင္းႏွီးျမွဳပ္ႏွံမႈ တကယ္လို႔ဝင္လာခဲ့ရင္၊ ယာဥ္သစ္ႀကီးေတြနဲ႔ လာေရာက္ရင္းႏွီးျမွဳပ္နွံရတဲ့အတြက္ ယာဥ္စီးချမင့္တက္လာမယ္၊ US ၁ ေဒၚလာေလာက္ကို အေျခခံၿပီး ေကာက္ခံတာျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔ႏိုင္ငံသားေတြရဲ့ ဝင္ေငြအတိုင္းအတာနဲ႔ဆို မေပးႏိုင္ဘူး။ ယာဥ္စီးခဆိုတာ ယာဥ္တည္ေထာင္တဲ့သူနဲ႔ စီးနင္းသူတို႔ရဲ့ မွ်ေျခကိုတြက္ရပါတယ္။ မိမိႏိုင္ငံသားေတြရဲ့ အလုပ္အကိုင္အခြင့္အလမ္း၊ ခရီးသြားျပည္သူေတြရဲ့ အေနအထားေတြကို ညီညြတ္မွ်တေအာင္ တြက္ျပီး ေဆာင္ရြက္ေနရတာပါ။” ဟု တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ဆက္လက္ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ ဧျပီလအထိ မွတ္တမ္းမ်ားအရ YRTA တြင္ စုစုေပါင္းယာဥ္အစီးေရ ၆,၃၉၈ စီးရွိရာ ကားေသးမ်ားဖယ္ထုတ္ပါက ၆,၃၀၀ နီးပါးခန္႔က်န္ရွိေနၿပီး လက္ရွိ စီးတီးဘတ္စ္အစီးေရ ၄,၈၇၄ စီးႏွင့္ မီနီဘတ္စ္အစီးေရ ၁,၂၂၅ စီးျဖင့္ ေျပးဆြဲေနသည့္အျပင္ ထပ္မံျဖည့္တင္းမည့္ ကားမ်ားလည္းရွိေနေသးေၾကာင္း YRTA ထံမွသိရသည္။

Zing


Unicode Version

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) သို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ လက်တလောတွင် ဝင်ရောက်လာရန်မရှိသေးကြောင်း ၂၀၁၉ မေလ ၁၅ ရက်နေ့ လေးထောင့်ကန်လမ်းရှိ YRTA ရုံးချုပ်တွင်ကျင်းပခဲ့သော အသိပေးရှင်းလင်းခြင်းအစီအစဉ်၌ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားခဲ့သည်။

“YRTA ကို ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် စဉ်းစားတဲ့အခါမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လက်ခံလိုတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိုင်ငံတော်အတွင်းမှာလုပ်ကိုင်နေတဲ့ နိုင်ငံသားလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး လက်ရှိမှာ မိမိတို့ကိုယ်ပိုင်ကုမ္ပဏီအနေနဲ့ ထူထောင်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ အစစ အရာရာ နောက်ကျနေတဲ့အတွက် ကိုယ့်လူနဲ့ကိုယ်လုပ်တဲ့အခါ အရှေ့ကိုရောက်ပါ့မလားလို့ မေးစရာရှိပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံသူတွေ နည်းပညာရရှိရေးအတွက် (JICA) နဲ့ ပူးပေါင်းပြီး Bus Improvement Project ကို ၃ နှစ် စီမံကိန်းနဲ့ ပူးပေါင်းအကောင်အထည်ဖော်နေပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကမ်းလှမ်းမှုအသစ်အနေနဲ့ Volunteer Project၊ AGB Bank၊ Swiss Bank တို့လို အဖွဲ့အစည်းတွေရဲ့ နည်းပညာပံ့ပိုးမှုနဲ့ သွားနေပါတယ်။ ပြည်ပက ကမ်းလှမ်းမှုတွေကတော့ ကျွန်တော်တို့ဖွင့်မပေးထားတဲ့အတွက် မရှိသေးပါဘူး။ ဖွင့်မယ်ဆိုရင်တော့ ရှိလာမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့အခွင့်အလမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကြည့်ရှုပေးရမယ့် အနေအထားရှိပါတယ်။” ဟု ဦးလှအောင်က ဖြေကြားခဲ့သည်။

"ကျွန်တော့အယူအဆကိုပြောရမယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှု တကယ်လို့ဝင်လာခဲ့ရင်၊ ယာဉ်သစ်ကြီးတွေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံရတဲ့အတွက် ယာဉ်စီးခမြင့်တက်လာမယ်၊ US ၁ ဒေါ်လာလောက်ကို အခြေခံပြီး ကောက်ခံတာဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ဝင်ငွေအတိုင်းအတာနဲ့ဆို မပေးနိုင်ဘူး။ ယာဉ်စီးခဆိုတာ ယာဉ်တည်ထောင်တဲ့သူနဲ့ စီးနင်းသူတို့ရဲ့ မျှခြေကိုတွက်ရပါတယ်။ မိမိနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း၊ ခရီးသွားပြည်သူတွေရဲ့ အနေအထားတွေကို ညီညွတ်မျှတအောင် တွက်ပြီး ဆောင်ရွက်နေရတာပါ။” ဟု တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလအထိ မှတ်တမ်းများအရ YRTA တွင် စုစုပေါင်းယာဉ်အစီးရေ ၆,၃၉၈ စီးရှိရာ ကားသေးများဖယ်ထုတ်ပါက ၆,၃၀၀ နီးပါးခန့်ကျန်ရှိနေပြီး လက်ရှိ စီးတီးဘတ်စ်အစီးရေ ၄,၈၇၄ စီးနှင့် မီနီဘတ်စ်အစီးရေ ၁,၂၂၅ စီးဖြင့် ပြေးဆွဲနေသည့်အပြင် ထပ်မံဖြည့်တင်းမည့် ကားများလည်းရှိနေသေးကြောင်း YRTA ထံမှသိရသည်။

Zing

Latest News

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အစြန္းဆုံးနဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »