fb-pageview-tracker
ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊ လူကူးမ်ဥ္းက်ားမွ လမ္းမကူးသူမ်ားႏွင့္္ လမ္းစည္းကမ္းေဖာက္ဖ်က္သူမ်ားကို ဒဏ္ေၾကးေကာက္ခံခဲ့ျခင္းမရွိဘဲ ပညာေပးအစီအစဥ္သာ ေဆာင္ရြက္ခဲ့ဟုဆို


Zawgyi Version

ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္ ကင္းရွင္းေရးေကာင္စီကေနျပီး ကုန္းေက်ာ္တံတားကေန လမ္းျဖတ္မကူးသူေတြ၊ လူကူးမ်ဥ္းက်ားကေန လမ္းျဖတ္မကူးသူေတြနဲ႔ လမ္းစည္းကမ္းေဖာက္ဖ်က္သူေတြကို ပညာေပးအစီအစဥ္ေတြ လုပ္ေဆာင္ေနပါတယ္။ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းမေထာင့္၊ ကုန္းေက်ာ္တံတားေအာက္မွာ ယာဥ္ထိန္းရဲ အရာရွိေတြနဲ႔ ယာဥ္ထိန္းရဲေမေတြက လမ္းအသံုးျပဳသူေတြကို ကုုန္းေက်ာ္တံတားကေန လမ္းျဖတ္ကူးဖို႔၊ လူကူးမ်ဥ္းက်ားကေန လမ္းျဖတ္ကူးဖို႔ေတြကို loud speaker ေတြနဲ႔ သတိေပးေဆာင္ရြက္ေနပါတယ္။ သတိေပးေနတဲ့ႀကားကေန စည္းကမ္းေဖာက္သူေတြကိုေတာ့ တာဝန္က်ယာဥ္ထိန္းအရာရွိမ်ားက ေခတၱေခၚယူၿပီး ရဲမႉးဦးမ်ိဳးေအာင္ျမင့္က လမ္းစည္းကမ္း ပညာေပးစကားေတြကို ေျပာခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ လမ္းစည္းကမ္းေဖာက္ဖ်က္သူေတြကို  နာမည္စာရင္းမွတ္ၿပီး ပညာေပးလက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝေပးေနတာေတြ႕ရပါတယ္။

“ပညာေပးအစီအစဥ္ကို ေမလ ၁၄ ရက္ေန႔ကစၿပီး ေဆာက္ရြက္ခဲ့တာပါ။ အရင္ကလည္း မၾကာခဏေဆာင္ရြက္ခဲ့ပါတယ္။ လမ္းစည္းကမ္းေဖာက္ဖ်က္သူေတြကို ပညာေပးစကား ေျပာၾကားသြားမွာပါ။ အေရးယူတာ၊ ဒဏ္ရိုက္တာေတြေတာ့ မရွိပါဘူး။ ကြ်န္ေတာ္တို႔လိုခ်င္တာ ဒဏ္ေၾကးမဟုတ္ပါဘူး။ စည္းကမ္းရွိတာပဲ လိုခ်င္တာပါ။” လို႔ လမ္းစည္းကမ္းေဖာက္ဖ်က္သူေတြကို အေရးယူျခင္း၊ ဒဏ္ေၾကးေပးေဆာင္ျခင္းေတြနဲ႔ပတ္သက္ၿပီး ရဲမႉးဦးမ်ိဳးေအာင္ျမင့္က ေျဖၾကားခဲ့ပါတယ္။

လမ္းစည္းကမ္းနဲ႔ပတ္သက္ၿပီး ပညာေပးအစီအစဥ္ေတြကို ရန္ကုန္ၿမိဳ႕ရဲ့ ကုန္းေက်ာ္တံတားရွိတဲ့ေနရာေတြနဲ႔ လူအသြားအလာမ်ားတဲ့ေနရာေတြမွာ ဆက္လက္ေဆာင္ရြက္သြားမယ္လို႔လည္္း သိရပါတယ္။

Zing


Unicode Version

ရန်ကုန်မြို့ ဆူးလေလမ်းမနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ ကုန်းကျော်တံတားတွေမှာ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကနေပြီး ကုန်းကျော်တံတားကနေ လမ်းဖြတ်မကူးသူတွေ၊ လူကူးမျဉ်းကျားကနေ လမ်းဖြတ်မကူးသူတွေနဲ့ လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို ပညာပေးအစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။ ဆူးလေလမ်းမနဲ့ အနော်ရထာလမ်းမထောင့်၊ ကုန်းကျော်တံတားအောက်မှာ ယာဉ်ထိန်းရဲ အရာရှိတွေနဲ့ ယာဉ်ထိန်းရဲမေတွေက လမ်းအသုံးပြုသူတွေကို ကုန်းကျော်တံတားကနေ လမ်းဖြတ်ကူးဖို့၊ လူကူးမျဉ်းကျားကနေ လမ်းဖြတ်ကူးဖို့တွေကို loud speaker တွေနဲ့ သတိပေးဆောင်ရွက်နေပါတယ်။ သတိပေးနေတဲ့ကြားကနေ စည်းကမ်းဖောက်သူတွေကိုတော့ တာဝန်ကျယာဉ်ထိန်းအရာရှိများက ခေတ္တခေါ်ယူပြီး ရဲမှူးဦးမျိုးအောင်မြင့်က လမ်းစည်းကမ်း ပညာပေးစကားတွေကို ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို  နာမည်စာရင်းမှတ်ပြီး ပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေတာတွေ့ရပါတယ်။

“ပညာပေးအစီအစဉ်ကို မေလ ၁၄ ရက်နေ့ကစပြီး ဆောက်ရွက်ခဲ့တာပါ။ အရင်ကလည်း မကြာခဏဆောင်ရွက်ခဲ့ပါတယ်။ လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို ပညာပေးစကား ပြောကြားသွားမှာပါ။ အရေးယူတာ၊ ဒဏ်ရိုက်တာတွေတော့ မရှိပါဘူး။ ကျွန်တော်တို့လိုချင်တာ ဒဏ်ကြေးမဟုတ်ပါဘူး။ စည်းကမ်းရှိတာပဲ လိုချင်တာပါ။” လို့ လမ်းစည်းကမ်းဖောက်ဖျက်သူတွေကို အရေးယူခြင်း၊ ဒဏ်ကြေးပေးဆောင်ခြင်းတွေနဲ့ပတ်သက်ပြီး ရဲမှူးဦးမျိုးအောင်မြင့်က ဖြေကြားခဲ့ပါတယ်။

လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေကို ရန်ကုန်မြို့ရဲ့ ကုန်းကျော်တံတားရှိတဲ့နေရာတွေနဲ့ လူအသွားအလာများတဲ့နေရာတွေမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Zing

Latest News

ရူးသြပ္ဖြယ္ရာ မဟားတရားပါဝါေတြနဲ႕ ၁၉-၂၀...

Zawgyi Version စြမ္းေဆာင္ရည္ အစြန္းဆုံးနဲ႕ sport ကားေတြဟာ ေမာ္ေတာ္ကားထုတ္လုပ္မႈနယ္ပယ္ကို အရွိန္အဟုန္နဲ႕ တိုးခ်ဲ႕ေနတာပါ။...

Read more »

ေမာ္ေတာ္ယာဥ္မ်ား ယာဥ္စည္းကမ္းေဖာက္ဖ်က္ခဲ့မႈ...

Zawgyi Version ျမန္မာႏိုင္ငံအတြင္းရွိ ယာဥ္မ်ားအားလံုးကို မည္သည့္တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္၊ ေနရာမ်ားတြင္မဆို...

Read more »

ကား ဘက္ထရီအားသြင္းစနစ္ႏွင့္ ျပႆနာမ်ား

Zawgyi Version ဟုိးတေလာေလးက က်ေနာ့္ေဘာ္ဒါတစ္ေယာက္ သူ႕ကားေလးနဲ႕ နယ္ကုိ ခရီးထြက္တယ္ဗ်။ ခရီးထြက္ေနတုန္း ကားရဲ့ ဒုိင္ခြက္ထဲမွာ battery...

Read more »

၂၀၁၉ ခုႏွစ္၊ ဇူလိုင္လအတြင္း...

Zawgyi Version ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္...

Read more »

Toyota HIACE commuter 2019 (Local)

Zawgyi Version အန္စာတုံးေတြမ်ိဳးဆက္ေျပာင္းပါျပီ။ ဆ႒မေျမာက္ မ်ိဳးဆက္မွာေတာ့ Toyota ရဲ့ HIACE အသစ္ဟာ အရင္ ပုံေဟာင္းရဲ့...

Read more »