fb-pageview-tracker
လုပ္ငန္းသုံးယာဥ္ ၂ တန္​ႏွင္​့အထက္​ (က) လုပ္​ငန္​းလိုင္​စင္ယာဥ္​မ်ားအားလံုး GPS စနစ္​၊ အလံုးစံုအာမခံ တပ္ဆင္လုပ္ေဆာင္ထားမွ ယာဥ္​စစ္​ျခင္​း​ေဆာင္​ရြက္​​ေပးမည္​


Zawgyi Version

ရန္​ကုန္​တိုင္​း​အတြင္​း ​ေမာင္းနွင္​​သြားလာ​​ေန​ေသာ ၂ တန္ႏွင္​့အ​ထက္​ (က) လုပ္​ငန္​းလိုင္​စင္ ျပဳလုပ္​မည္​့ ယာဥ္​မ်ားအားလံုးကို ရန္​ကုန္​တိုင္​း​ေဒသၾကီး အစိုးရအဖြဲ႔က GPS စနစ္​၊ အလံုးစံုအာမခံ မျဖစ္​မ​ေနလုပ္ေဆာင္တပ္ဆင္ထားရန္​ၫႊန္​ၾကားထား​ေၾကာင္​း ကုန္​းလမ္​းပို႔​ေဆာင္​​ေရး ၫႊန္​ၾကားမွုဦးစီးဌာနမွ သိရသည္။

၂ တန္​ႏွင္​့အထက္​ယာဥ္​မ်ားကို GPS စနစ္​မ်ားႏွင့္ အလံုးစံုအာမခံ လုပ္ေဆာင္တပ္ဆင္ထားရွိမွ လုပ္​ငန္​းလိုင္​စင္ျပဳလုပ္​​ေပးသြားမည္ျဖစ္​ရာ ယာဥ္​မွတ္​ပံုတင္​ျပဳလုပ္​​ေပးျခင္​း၊ ယာဥ္​သက္​တမ္​းတိုးလုပ္​ငန္​းမ်ား လာ​ေရာက္​​ေဆာင္​ရြက္​ရာတြင္​ ​သတ္မွတ္ထားသည့္​​​ ေမာ္​​ေတာ္​ယာဥ္​ အလံုးစံုအာမခံႏွင့္ GPS စနစ္​မ်ား လုပ္ေဆာင္တပ္​ဆင္​ထားရန္ ​လိုအပ္မည္ျဖစ္​​ေၾကာင္​း သိရသည္​။

"ရန္​ကုန္​တိုင္​းမွာ ၂ တန္​နဲ႔ အထက္​ (က) လုပ္​ငန္​းလိုင္​စင္ ျပဳလုပ္​တဲ့ ကား​ေတြအားလံုး အလံုးစံုအာမခံ နဲ႔ GPS စနစ္​ မျဖစ္​မ​ေန လုပ္ေဆာင္တပ္​ဆင္ထားဖို႔ သတ္​မွတ္​ထားပါတယ္​။ ရန္​ကုန္​တိုင္​းအစိုးရကလည္​း ၫႊန္​ၾကားထားျပီးသားပါ။ ဒါ​ေတြပါမွ ယာဥ္​စစ္​တာလုပ္​ျပီး လုပ္​ငန္​းလိုင္​စင္လုပ္​လို႔ရမွာပါ" ဟု ကုန္​းလမ္​းပို႔​ေဆာင္​​ေရး ၫႊန္​ၾကားမွုဦးစီးဌာနမွ တာဝန္​ရွိသူတစ္​ဦးက ​ေျပာၾကားခဲ့သည္​။

လုပ္​ငန္​းသံုး​ ၂ တန္​ႏွင္​့အထက္​ ေမာ္​​ေတာ္​ယာဥ္​မ်ား (က) လုပ္​ငန္​းလိုင္​စင္ လုပ္​​ေဆာင္​မည္​့ကားမ်ားကို အလံုးစံုအာမခံလုပ္​​ေဆာင္​ျခင္းႏွင့္ GPS စနစ္​မ်ားတပ္ဆင္ျခင္းတို႕ကို မိမိတို႕အစီအစဥ္​ျဖင္​့လုပ္​​ေဆာင္​ႏိုင္​ရာ သတ္​မွတ္​မိုင္​ႏွုန္​းထက္​ ​ေက်ာ္​လြန္​​ေမာင္​းႏွင္​​ေသာယာဥ္​မ်ားကို GPS စနစ္​မွတဆင္​့ ထိန္​းခ်ဳပ္​မွုမ်ားလုပ္​​ေဆာင္​သြားမည္ ျဖစ္​သည္ဟုလည္းသိရသည္။


Unicode Version

ရန်ကုန်တိုင်းအတွင်း မောင်းနှင်သွားလာနေသော ၂ တန်နှင့်အထက် (က) လုပ်ငန်းလိုင်စင် ပြုလုပ်မည့် ယာဉ်များအားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က GPS စနစ်၊ အလုံးစုံအာမခံ မဖြစ်မနေလုပ်ဆောင်တပ်ဆင်ထားရန်ညွှန်ကြားထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂ တန်နှင့်အထက်ယာဉ်များကို GPS စနစ်များနှင့် အလုံးစုံအာမခံ လုပ်ဆောင်တပ်ဆင်ထားရှိမှ လုပ်ငန်းလိုင်စင်ပြုလုပ်ပေးသွားမည်ဖြစ်ရာ ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ ယာဉ်သက်တမ်းတိုးလုပ်ငန်းများ လာရောက်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် မော်တော်ယာဉ် အလုံးစုံအာမခံနှင့် GPS စနစ်များ လုပ်ဆောင်တပ်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်တိုင်းမှာ ၂ တန်နဲ့ အထက် (က) လုပ်ငန်းလိုင်စင် ပြုလုပ်တဲ့ ကားတွေအားလုံး အလုံးစုံအာမခံ နဲ့ GPS စနစ် မဖြစ်မနေ လုပ်ဆောင်တပ်ဆင်ထားဖို့ သတ်မှတ်ထားပါတယ်။ ရန်ကုန်တိုင်းအစိုးရကလည်း ညွှန်ကြားထားပြီးသားပါ။ ဒါတွေပါမှ ယာဉ်စစ်တာလုပ်ပြီး လုပ်ငန်းလိုင်စင်လုပ်လို့ရမှာပါ" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လုပ်ငန်းသုံး ၂ တန်နှင့်အထက် မော်တော်ယာဉ်များ (က) လုပ်ငန်းလိုင်စင် လုပ်ဆောင်မည့်ကားများကို အလုံးစုံအာမခံလုပ်ဆောင်ခြင်းနှင့် GPS စနစ်များတပ်ဆင်ခြင်းတို့ကို မိမိတို့အစီအစဉ်ဖြင့်လုပ်ဆောင်နိုင်ရာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သောယာဉ်များကို GPS စနစ်မှတဆင့် ထိန်းချုပ်မှုများလုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်းသိရသည်။

Latest News

ျမန္မာႏိုင္ငံမွာ စက္ရုံလာေရာက္တည္ေဆာက္ေတာ့မယ့္...

Zawgyi Version မန္မာႏိုင္ငံမွာ ေရာင္းအားအေကာင္းဆုံး ဂ်ပန္ ေမာ္တာ ေကာ္ပေရးရွင္းျဖစ္တဲ့ Toyota Motor Corp. ဟာ ျမန္မာႏိုင္ငံမွာ...

Read more »

Mazda Myanmar ရဲ့ Knockout Deal Road Show...

Zawgyi Version Mazda Myanmar ရဲ့ Knockout Deal Road Show ပြဲကို Junction City မွာ ေမလ (၂၃) ရက္ေန႔ကေနျပီး (၂၆)...

Read more »

ယာဥ္​အမည္​​​ေျပာင္​းခြန္​ေကာက္​ခံျခင္​းကို...

​ Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​​ေျပာင္​းခြန္​ ​ေကာက္​ခံျခင္​းကို ​ေလ်ွာ႔​ခ်​ေကာက္​ခံရန္​ ​ေဆြး​ေႏြးထားမႈ မရွိ​ေသးဘဲ ယခုအတိုင္​းသာ...

Read more »

ကားေရွ႕မီးၾကီးနဲ႕ ဝါယာေရွာ့ အႏၱရာယ္

Zawgyi Version အမ်ိဳးသမီး တစ္ဦးေမာင္းတဲ့ Honda Fit ကားေလးတစ္စီး ကားေရွ႕မီးၾကီး တစ္ဖက္မလာလုိ႕ဆုိျပီး က်ေနာ္တုိ႕ကားဝပ္ေရွာ့ ကုိ ေရာက္လာတယ္။...

Read more »

အာမခံထားေသာ ကားတစ္စီး မေတာ္တဆမႈျဖစ္ပြားလ်င္ ......

Zawgyi Version ယာဥ္ေၾကာေတြပိတ္ဆို႔ၿပီး ကားအစီးေရေတြမ်ားျပားလြန္းလွတဲ့ ရန္ကုန္ၿမိဳ႕ရဲ့လမ္းမေတြေပၚမွာ ယာဥ္မေတာ္တဆမႈဆိုတာ...

Read more »