ယာဥ္လုိင္း တစ္လုိင္းႏွင့္တစ္လိုင္း ႐ႈပ္ေထြးမႈ မရွိေသာ သီးသန္႔ ယာဥ္လမ္းေၾကာင္းမ်ား ေဖာ္ေဆာင္ေျပးဆြဲႏုိင္ရန္ သက္ဆုိင္ရာသို႔ တင္ျပ


ရန္ကုန္ၿမဳိ႕တြင္း၌ ယာဥ္လုိင္းမ်ား မ်ားျပားမႈရွိေနၿပီး ယာဥ္လိုင္းတစ္လုိင္းႏွင့္တစ္လိုင္း ႐ႈပ္ေထြးလ်က္ရွိေသာေၾကာင့္ ယာဥ္ေၾကာ႐ႈပ္ေထြးမႈမ်ားႏွင့္ က်ပ္တည္းမႈမ်ား ျဖစ္ေပၚ လ်က္ရွိရာ သီးသန႔္ယာဥ္လမ္း ေၾကာင္းမ်ား ေဖာ္ထုတ္ေျပးဆြဲႏုိင္ရန္ သက္ဆုိင္ရာ အစုိးရအဖြဲ႕သို႔ တင္ျပထားေၾကာင္း

brt-500x333

ရန္ကုန္ၿမဳိ႕ျပ သယ္ယူပို႔ေဆာင္ေရး အဖြဲ႕မ်ားႏွင့္ ကြၽမ္းက်င္ ပညာရွင္မ်ား၏ ေျပာၾကားခ်က္မ်ားအရ သိရသည္။“ရန္ကုန္မွာေျပးဆြဲတဲ့ ယာဥ္အစီးေရသာ နည္းတာ၊ ယာဥ္ လိုင္းေတြက လုိင္းေပါင္းသံုးရာေက်ာ္ေတာင္ရွိတယ္၊ ယာဥ္အခ်င္းခ်င္း ခရီးသည္လုတာ၊ ၿပိဳင္ေမာင္းတာေတြရွိတယ္၊ ျပည္လမ္းတစ္ေလွ်ာက္ ေျပးဆြဲေနတဲ့ ယာဥ္လိုင္းေတြ အမ်ားႀကီး ႐ႈပ္ေထြးေနတယ္၊ ဒီလိုမ်ဳိးေတြ လုိင္းေတြမ်ား ေနမယ့္အစား သီးသန္႔လိုင္း တစ္လိုင္းကို ေဖာ္ေဆာင္ၿပီး ယာဥ္ေတြက အဲဒီလိုင္းမွာပဲ ၀င္ေရာက္ေျပး ဆြဲတာမ်ဳိး၊ ယာဥ္လမ္းေၾကာင္း တစ္ခုကို ယာဥ္လိုင္းတစ္ခုတည္း ယာဥ္အစီးေရ မ်ားမ်ားနဲ႔ဆြဲမယ္၊ သံုးမိနစ္ျခား၊ ငါးမိနစ္ျခား တစ္စီး ထြက္မယ္ဆိုရင္ ခရီးသည္အေနနဲ႔လည္း ကားစီး ရတာ အဆင္ေျပသလို ယာဥ္ေၾကာ က်ပ္တာ /႐ႈပ္တာလည္း ေလ်ာ့သြားမယ္၊ ဒါေၾကာင့္ စနစ္ မလုပ္ႏုိင္ခင္ မွာ ဒီလို လမ္းေၾကာင္းေျပာင္းဖုိ႔ တင္ျပတာ၊ ဒါကို ခြင့္ျပဳရင္ေတာ့ ေတာ္ေတာ္ေလးကို အဆင္ေျပမွာပါ”ဟု ‘ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီလီမိတက္’မွ မန္ေနဂ်င္း ဒါ႐ုိက္တာ ဦးမ်ဳိးျမင့္ကေျပာသည္။ ယာဥ္ေၾကာ က်ပ္တည္း႐ႈပ္ေထြး မႈႏွင့္ ပတ္သက္၍ ၂၀၁၃ ခု ႏွစ္တြင္ ဖ်က္သိမ္းခဲ့ေသာ အမ်ား ျပည္သူ သယ္ယူပို႔ေဆာင္ေရးအာဏာပုိင္အဖဲဲြ႕ ဥကၠ႒ ဦးၾကည္သိန္း က “စီမံခန႔္ခြဲမႈ ေကာင္းေကာင္း လုပ္ရ မယ္၊ ဒါ႔ျပင္ဘတ္စ္ကားအခ်င္း ခ်င္း အၿပဳိင္အဆိုင္ ေက်ာ္တက္ ေမာင္းႏွင္တာေတြကို အေရးယူမယ္၊ ဒါမ်ဳိး မျဖစ္သင့္ဘူး၊ ယာဥ္မရပ္ရဆုိတဲ့ ေနရာမွာ ယာဥ္လုံုး၀ကို ရပ္ပိုင္ ခြင့္ မရွိရဘူး၊ စည္းကမ္း တင္းၾကပ္မႈနဲ႔ အားလံုး ပါ၀င္လုိက္နာမယ္၊ ႏုိင္ငံေတာ္အစိုးရကလည္း ကူညီေထာက္ပံမယ္ဆုိရင္ တျဖည္းျဖည္းနဲ႔ အဆင္ေျပလာမွာပါ”ဟု ၎၏ အျမင္ကို ေျပာသည္။ ရန္ုကုန္ၿမဳိ႕တြင္း၌ သယ္ယူပို႔ေဆာင္ေရးအတြက္ ယာဥ္လိုင္း အဖြဲ႕ႀကီး ၁၈ လုိင္းမွ ယာဥ္အစီး ေရ ၅,၆၀၀ ေက်ာ္ျဖင့္ လိုင္းငယ္ေပါင္း သံုးရာေက်ာ္တြင္ ေန႔စဥ္ ေျပးဆြဲလ်က္ရွိၿပီး မ်ားျပားလွေသာ ယာဥ္လိုင္းမ်ားေၾကာင့္ လက္ရွိ ျဖစ္ေပၚေနေသာ ယာဥ္ေၾကာက်ပ္တည္းမႈႏွင့္ ႐ႈပ္ေထြးမႈကိုေျဖရွင္းရန္ မလြယ္ကူေၾကာင္း၊ ယင္း ကို ေျဖရွင္းႏုိင္ပါက အဆင့္ျမင့္ သယ္ယူပို႔ေဆာင္ေရးအျပင္ ႏုိင္ငံတကာကဲ့သို႔ ကတ္စနစ္ျဖင့္ ေငြေပးေခ်မႈကိုလည္း ေအာင္ျမင္စြာ ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း ၿမဳိ႕ျပ သယ္ယူပို႔ေဆာင္ေရး ကြၽမ္းက်င္ပညာရွင္မ်ားက သံုးသပ္သည္။

Ref : Automobile



Unicode Version

ရန်ကုန်မြို့တွင်း၌ ယာဉ်လိုင်းများ များပြားမှုရှိနေပြီး ယာဉ်လိုင်းတစ်လိုင်းနှင့်တစ်လိုင်း ရှုပ်ထွေးလျက်ရှိသောကြောင့် ယာဉ်ကြောရှုပ်ထွေးမှုများနှင့် ကျပ်တည်းမှုများ ဖြစ်ပေါ် လျက်ရှိရာ သီးသန့်ယာဉ်လမ်း ကြောင်းများ ဖော်ထုတ်ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း

brt-500x333

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အဖွဲ့များနှင့် ကျွမ်းကျင် ပညာရှင်များ၏ ပြောကြားချက်များအရ သိရသည်။“ရန်ကုန်မှာပြေးဆွဲတဲ့ ယာဉ်အစီးရေသာ နည်းတာ၊ ယာဉ် လိုင်းတွေက လိုင်းပေါင်းသုံးရာကျော်တောင်ရှိတယ်၊ ယာဉ်အချင်းချင်း ခရီးသည်လုတာ၊ ပြိုင်မောင်းတာတွေရှိတယ်၊ ပြည်လမ်းတစ်လျှောက် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ အများကြီး ရှုပ်ထွေးနေတယ်၊ ဒီလိုမျိုးတွေ လိုင်းတွေများ နေမယ့်အစား သီးသန့်လိုင်း တစ်လိုင်းကို ဖော်ဆောင်ပြီး ယာဉ်တွေက အဲဒီလိုင်းမှာပဲ ဝင်ရောက်ပြေး ဆွဲတာမျိုး၊ ယာဉ်လမ်းကြောင်း တစ်ခုကို ယာဉ်လိုင်းတစ်ခုတည်း ယာဉ်အစီးရေ များများနဲ့ဆွဲမယ်၊ သုံးမိနစ်ခြား၊ ငါးမိနစ်ခြား တစ်စီး ထွက်မယ်ဆိုရင် ခရီးသည်အနေနဲ့လည်း ကားစီး ရတာ အဆင်ပြေသလို ယာဉ်ကြော ကျပ်တာ /ရှုပ်တာလည်း လျော့သွားမယ်၊ ဒါကြောင့် စနစ် မလုပ်နိုင်ခင် မှာ ဒီလို လမ်းကြောင်းပြောင်းဖို့ တင်ပြတာ၊ ဒါကို ခွင့်ပြုရင်တော့ တော်တော်လေးကို အဆင်ပြေမှာပါ”ဟု ‘ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်’မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်ကပြောသည်။ ယာဉ်ကြော ကျပ်တည်းရှုပ်ထွေး မှုနှင့် ပတ်သက်၍ ၂ဝ၁၃ ခု နှစ်တွင် ဖျက်သိမ်းခဲ့သော အများ ပြည်သူ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဥက္ကဌ ဦးကြည်သိန်း က “စီမံခန့်ခွဲမှု ကောင်းကောင်း လုပ်ရ မယ်၊ ဒါ့ပြင်ဘတ်စ်ကားအချင်း ချင်း အပြိုင်အဆိုင် ကျော်တက် မောင်းနှင်တာတွေကို အရေးယူမယ်၊ ဒါမျိုး မဖြစ်သင့်ဘူး၊ ယာဉ်မရပ်ရဆိုတဲ့ နေရာမှာ ယာဉ်လုံးဝကို ရပ်ပိုင် ခွင့် မရှိရဘူး၊ စည်းကမ်း တင်းကြပ်မှုနဲ့ အားလုံး ပါဝင်လိုက်နာမယ်၊ နိုင်ငံတော်အစိုးရကလည်း ကူညီထောက်ပံမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အဆင်ပြေလာမှာပါ”ဟု ၎င်း၏ အမြင်ကို ပြောသည်။ ရန်ုကုန်မြို့တွင်း၌ သယ်ယူပို့ဆောင်ရေးအတွက် ယာဉ်လိုင်း အဖွဲ့ကြီး ၁၈ လိုင်းမှ ယာဉ်အစီး ရေ ၅,၆ဝဝ ကျော်ဖြင့် လိုင်းငယ်ပေါင်း သုံးရာကျော်တွင် နေ့စဉ် ပြေးဆွဲလျက်ရှိပြီး များပြားလှသော ယာဉ်လိုင်းများကြောင့် လက်ရှိ ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှုနှင့် ရှုပ်ထွေးမှုကိုဖြေရှင်းရန် မလွယ်ကူကြောင်း၊ ယင်း ကို ဖြေရှင်းနိုင်ပါက အဆင့်မြင့် သယ်ယူပို့ဆောင်ရေးအပြင် နိုင်ငံတကာကဲ့သို့ ကတ်စနစ်ဖြင့် ငွေပေးချေမှုကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့ပြ သယ်ယူပို့ဆောင်ရေး ကျွမ်းကျင်ပညာရှင်များက သုံးသပ်သည်။

Ref : Automobile

Latest News

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »