ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ကားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကြောင့် အရည်ကြို စလစ်ကပ်ကားများ ၈၆သိန်းအထိ ဈေးမြင့်တက်လာ
slit
ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိသည့် free ပါမစ်ကားများအား ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်သည့်အတွက် အရည်ကြိုစလစ်ကပ်ကားများ ၈၆သိန်းအထိ ဈေးမြင့်တက်လာကြောင်း မော်တော်ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။
အရည်ကြိုစလစ်ကပ်ကားများသည် ဈေးကွက်တွင် အရောင်းအဝယ် ပိုမိုဖြစ်လာပြီး ဈေးနှုန်းမှာလည်း ပိုမိုမြင့်တက်လာခြင်းကြောင့် အပ်ကားအရောင်းအဝယ် ဈေးကွက်မှာ ပိုမိုကောင်းမွန်လာနေသည်။
ခေတ်သစ်
Unicode Version
slit
ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိသည့် free ပါမစ်ကားများအား ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်သည့်အတွက် အရည်ကြိုစလစ်ကပ်ကားများ ၈၆သိန်းအထိ စျေးမြင့်တက်လာကြောင်း မော်တော်ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။
လာမည့်ဇွန်လ တစ်ရက်မှစ၍ ဝင်ငွေရလမ်းမဖော်ပြနိုင်လျှင် free ပါမစ်ဖြင့်တင်သွင်းလာသည့်ကားများကို ကြိုတင်ဝင်ငွေခွန် ၁၅ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ ထိုသို့ ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိသည့် ကားများအား ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရာတွင် အရည်ကြိုစလစ်ကပ်ကားများ မပါဝင်သည့်အတွက် စျေးနှုန်း မြင့်တက်လာကြောင်းသိရသည်။
“ ဇွန်လတစ်ရက်ကစပြီး ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ကားတွေကို ၁၅ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်တဲ့အတွက် ဝင်ငွေခွန်ပေးစရာမလိုတဲ့ အရည်ကြို စလစ်ကပ်ကားတွေရဲ့ စျေးနှုန်းကတော့ ၈၆ သိန်းထိတောင်မှ စျေးမြင့်တက်လာပါတယ်။ အရင်က အရည်ကြို စလစ်ကပ်ကားတစ်စီးကို ၈၂ ၊ ၈၃သိန်းဝန်းကျင်သာရှိပါတယ်။ ဒီလို အခွန်ကောက်လိုက်တဲ့အတွက် စလစ်ကားစျေးမြင့်တက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် စျေးကွက်ထဲမှာ စလစ်ကပ်ကားကလည်း မရှိသလောက်နည်းပါးနေပြီး စလစ်တစ်စောင်ကို လိုက်ဝယ်ဖို့ မလွယ်ကူတော့ပါဘူး။ နောက်ပိုင်းဆို စလစ်စျေးနှုန်းက ဒီထက်ပိုပြီး စျေးမြင့်လာဖို့ပဲရှိပါတယ်” ဟု စလစ်ဝယ်ရောင်း လုပ်ကိုင်နေသူများကပြောသည်။
အရည်ကြိုစလစ်ကပ်ကားများသည် စျေးကွက်တွင် အရောင်းအဝယ် ပိုမိုဖြစ်လာပြီး စျေးနှုန်းမှာလည်း ပိုမိုမြင့်တက်လာခြင်းကြောင့် အပ်ကားအရောင်းအဝယ် စျေးကွက်မှာ ပိုမိုကောင်းမွန်လာနေသည်။
ယာဉ်အို ယာဉ်ဟောင်း အပ်နှံပြီးသည့် စာရင်းများမှာ ၂ဝ၁၆ခုနှစ်တွင် ၁၈ဝ၉ စီး အပ်နှံမှုရှိခဲ့ကြောင်းသိရသည်။
ခေတ်သစ်
Latest News
မြန်မာနိုင်ငံက ၂၀၁၈ ၌ ASEAN MRA တွင်...
Img 0809 150x150
Zawgyi Version မြန်မာနိုင်ငံသည် လာမည့် ၂၀၁၈ ၌ အာဆီယံ မော်တော်ယာဉ်ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်(MRA) တွင်...
Read more »
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »
The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...
Pizza 150x150
Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...
Read more »
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »