ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှု မြင်သာရှိ က.ည.န ရုံး၌သာ လက်ခံဦးမည်


Kya-Nya-Na


 

Ref: Auto World



Unicode Version

ဇန်နဝါရီလ နောက်ဆုံး ပတ်ထဲ၌ ယာဉ်အို၊ ယာဉ်ဟောင်း များအပ်နှံမှုအား ဒညင်းကုန်းနှင့် သန်လျင်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး မြင်သာ က.ည.န ရုံးသို့ မေးမြန်းခဲ့ရာ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ကုန်း လမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောပြခဲ့သည်။

Kya-Nya-Na

မြင်သာ က.ည.န ရုံးတွင် ယာဉ်အို၊ ယာဉ်ဟောင်းများ ဆက်လက် အပ်နှံနေပြီး နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လည်းပြောင်း ရွှေ့ရန် ညွှန်ကြားထားခြင်း မရှိကြောင်း သိရသည်။ ကျွန်တော်တို့ ပြောင်းရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒီမြင်သာမှာပဲ ဆက်လက်ပြီး ယာဉ်အို၊ ယာဉ်ဟောင်းတွေ အပ်နှံနေပါတယ်။ နေပြည်တော်ကနေ ညွှန်ကြားထားတာ၊ ထုတ် ပြန်ထားတာလည်း မရှိသေးပါဘူး။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒအသစ် ကလည်း ဘယ်အချိန်မှ ထုတ်ပြန်မယ် ဆိုတာ မခန့်မှန်းနိုင် သေးဘူးလို့ အဆိုပါ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုမူဝါဒ အသစ်မှာလည်း  ထွက်ပေါ်လာခြင်း မရှိသေးဘဲ က.ည.န မှ သန်လျင်သို့ ပြောင်းရွှေ့မည် ဟူသော သတင်းအား ယာဉ်အပ်နှံသူများမှ စိတ်ဝင်စား လျက်ရှိကြောင်း သိရသည်။ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခြင်း၊ ကနဦး မှတ်ပုံတင်ခြင်း နှင့်နံပါတ်ပြား ထုတ်ပေးခြင်းများကို က.ည.န ရုံးတွင် ဆက်လက်ပြုလုပ် ပေးနေကြောင်း သိရသည်။

 

Ref: Auto World

Latest News

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »

အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...

Read more »

စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...

Latest news1 12 150x150

Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...

Read more »