မိုဒယ္ကန္႔သတ္ လိုက္သျဖင့္ ယာဥ္လိုင္းပိုင္ရွင္မ်ား ၂၀၀၄ မိုဒယ္ အမ်ဳိးအစားယာဥ္မ်ား ႀကိဳတင္မွာ ယူမႈမ်ားျပဳလုပ္

ျပည္တြင္းသို႔ ခရီးသည္ တင္ယာဥ္မ်ား တင္သြင္းရာ၌ မိုဒယ္အမ်ဳိးအစား ကန္႔သတ္လိုက္သျဖင့္ ယာဥ္လိုင္းပိုင္ရွင္မ်ားမွ ၂၀၀၄ မိုဒယ္ အမ်ဳိးအစားမ်ား ႀကိဳတင္မွာယူမႈ ျပဳလုပ္ေနေၾကာင္း ယာဥ္လိုင္း ပိုင္ရွင္မ်ားထံမွ စံုစမ္းသိရွိရသည္။

2014-Toyota-Corolla-S-frontယခုႏွစ္အတြင္း ခရီးသည္ တင္ယာဥ္မ်ားအား ၂၀၀၉ မိုဒယ္ ႏွင့္အထက္ကိုသာ တင္သြင္းခြင့္ ျပဳမည္ဟု တိုင္းေဒသႀကီးအစိုးရက သတ္မွတ္ထားၿပီး ယင္းသတ္မွတ္ခ်က္ အသက္၀င္မႈ နည္းပါးစဥ္ ကာလအတြင္း ယာဥ္လိုင္းပိုင္ရွင္မ်ား စုေပါင္းကာ လက္ရွိ ခရီးသည္တင္ ယာဥ္အျဖစ္ တင္သြင္း အသံုးျပဳလ်က္ရွိသည့္ ၂၀၀၄ မိုဒယ္ အမ်ဳိးအစား ယာဥ္မ်ားကုိ ႀကိဳတင္မွာ ယူထားျခင္း ျဖစ္ေၾကာင္း သိရသည္။ “အသစ္ သတ္မွတ္လိုက္တဲ့ မိုဒယ္ကန္႔ သတ္ခ်က္နဲ႔ တင္သြင္းရမယ္ဆိုရင္ ယာဥ္အစီးေရ တိုးခ်ဲ႔ဖို႔က မျဖစ္ႏိုင္ပါဘူး၊ မိုဒယ္ျမင့္တာနဲ႔အမွ် ေစ်းကလည္းႀကီးမွာ ျဖစ္ပါတယ္”ဟု မထသ ၃၁ ယာဥ္လိုင္း ပိုင္ရွင္ ဦးကိုကိုႏိုင္က ေျပာသည္။ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ အေန ျဖင့္လည္း ရန္ကုန္ၿမိဳ႕ သယ္ယူပို႔ေဆာင္ေရးက႑၌ မိုဒယ္ျမင့္ ခရီးသည္တင္ယာဥ္မ်ားျဖင့္ အစားထိုး ေျပးဆြဲေစရန္ အတြက္ တင္သြင္းယာဥ္မိုဒယ္ သတ္မွတ္ရ ျခင္းျဖစ္ၿပီး ၿမိဳ႕တြင္းခရီးသည္ သယ္ယူပို႔ေဆာင္ေရးက႑၌ ရင္းႏွီးျမႇဳပ္ႏွံသူ ေလ်ာ့နည္း သြားႏုိင္ေသာေၾကာင့္ လုပ္ငန္းရွင္မ်ားကို ေခၚယူေဆြးေႏြးမႈ ျပဳလုပ္မည္ဟု သိရသည္။ “ယာဥ္ပိုင္ရွင္ေတြ အေနနဲ႔ကေတာ့ ၂၀၀၉ မိုဒယ္ အထက္ဆိုရင္ ယာဥ္သစ္သြင္းႏိုင္မွာ မဟုတ္ဘူး၊ ဒါဆိုရင္ ခရီးသည္ သယ္ယူပို႔ေဆာင္ေရးမွာ ရင္းႏွီးမယ့္သူ ေလ်ာ့ၿပီး ကားအစီးေရ နည္းလာမယ္၊ သြားလာတဲ့အခါမွာလည္း အခုလိုပဲ ခရီးသည္ေတြ အဆင္မေျပမႈေတြ ႀကံဳလာႏိုင္တယ္၊ ဒါေၾကာင့္ ႏိုင္ငံဖြံ႕ၿဖိဳးဖို႔ အတြက္ သတ္မွတ္ခ်က္ေတြ ထုတ္ျပန္သလို လုပ္ငန္းရွင္ေတြကိုလည္း ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ခ်င္လာေအာင္ လမ္းေတြေတာ့ ဖြင့္ထား ေပးသင့္ပါတယ္”ဟု ‘မထသ (ၿမိဳ႕တြင္း)’မွ ဌာနခြဲမွဴး ဦး၀င္းေဇာ္က ေျပာသည္။

 

Ref: Automobile



Unicode Version

ပြည်တွင်းသို့ ခရီးသည် တင်ယာဉ်များ တင်သွင်းရာ၌ မိုဒယ်အမျိုးအစား ကန့်သတ်လိုက်သဖြင့် ယာဉ်လိုင်းပိုင်ရှင်များမှ ၂ဝဝ၄ မိုဒယ် အမျိုးအစားများ ကြိုတင်မှာယူမှု ပြုလုပ်နေကြောင်း ယာဉ်လိုင်း ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

2014-Toyota-Corolla-S-frontယခုနှစ်အတွင်း ခရီးသည် တင်ယာဉ်များအား ၂ဝဝ၉ မိုဒယ် နှင့်အထက်ကိုသာ တင်သွင်းခွင့် ပြုမည်ဟု တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက် အသက်ဝင်မှု နည်းပါးစဉ် ကာလအတွင်း ယာဉ်လိုင်းပိုင်ရှင်များ စုပေါင်းကာ လက်ရှိ ခရီးသည်တင် ယာဉ်အဖြစ် တင်သွင်း အသုံးပြုလျက်ရှိသည့် ၂ဝဝ၄ မိုဒယ် အမျိုးအစား ယာဉ်များကို ကြိုတင်မှာ ယူထားခြင်း ဖြစ်ကြောင်း သိရသည်။ “အသစ် သတ်မှတ်လိုက်တဲ့ မိုဒယ်ကန့် သတ်ချက်နဲ့ တင်သွင်းရမယ်ဆိုရင် ယာဉ်အစီးရေ တိုးချဲ့ဖို့က မဖြစ်နိုင်ပါဘူး၊ မိုဒယ်မြင့်တာနဲ့အမျှ စျေးကလည်းကြီးမှာ ဖြစ်ပါတယ်”ဟု မထသ ၃၁ ယာဉ်လိုင်း ပိုင်ရှင် ဦးကိုကိုနိုင်က ပြောသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေ ဖြင့်လည်း ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ မိုဒယ်မြင့် ခရီးသည်တင်ယာဉ်များဖြင့် အစားထိုး ပြေးဆွဲစေရန် အတွက် တင်သွင်းယာဉ်မိုဒယ် သတ်မှတ်ရ ခြင်းဖြစ်ပြီး မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသူ လျော့နည်း သွားနိုင်သောကြောင့် လုပ်ငန်းရှင်များကို ခေါ်ယူဆွေးနွေးမှု ပြုလုပ်မည်ဟု သိရသည်။ “ယာဉ်ပိုင်ရှင်တွေ အနေနဲ့ကတော့ ၂ဝဝ၉ မိုဒယ် အထက်ဆိုရင် ယာဉ်သစ်သွင်းနိုင်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ခရီးသည် သယ်ယူပို့ဆောင်ရေးမှာ ရင်းနှီးမယ့်သူ လျော့ပြီး ကားအစီးရေ နည်းလာမယ်၊ သွားလာတဲ့အခါမှာလည်း အခုလိုပဲ ခရီးသည်တွေ အဆင်မပြေမှုတွေ ကြုံလာနိုင်တယ်၊ ဒါကြောင့် နိုင်ငံဖွံ့ဖြိုးဖို့ အတွက် သတ်မှတ်ချက်တွေ ထုတ်ပြန်သလို လုပ်ငန်းရှင်တွေကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်လာအောင် လမ်းတွေတော့ ဖွင့်ထား ပေးသင့်ပါတယ်”ဟု ‘မထသ (မြို့တွင်း)’မှ ဌာနခွဲမှူး ဦးဝင်းဇော်က ပြောသည်။

 

Ref: Automobile

Latest News

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »