ကညန နံပါတ်ပြား အသုံးပြုခြင်း မရှိသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်ပိတ်မည်




Ref: Eleven Media Group



Unicode Version

စတေကာကပ် မောင်းနှင်နေသည့် မော်တော်ယာဉ်များနှင့် က.ည.န မှတရားဝင် ထုတ်ပေးထားသော ယာဉ်နံပါတ်ပြား တပ်ဆင် အသုံးပြုခြင်း မရှိဘဲ မိမိအစီအစဉ်ဖြင့် ဖန်တီးထားသော နံပါတ်ပြားများ အသုံးပြုပြီး မောင်းနှင်သွားလာနေသော ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ်ပိတ်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးကျော်ထွေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

[caption id=attachment_387589 align=alignnone width=500]A A worker polishes a Ford during an event...A worker polishes a Ford during an event by US carmaker Ford in Yangon on April 30, 2013. US carmaker Ford announced plans on April 30 to enter into the Myanmar market as sanctions have eased following democratic reforms in 2012. AFP PHOTO/ Soe Than WINSoe Than WIN/AFP/Getty Images[/caption]

စည်းကမ်းချိုးဖောက်သူများ အလွန်များပြားလာတဲ့အတွက် အခုလို အရေးယူရတာ ပြောကြားခဲ့ပါတယ်။ အခု စီမံချက်ဒဏ်ငွေဆိုတာ မရှိတော့ဘူး။ မော်တော်ယာဉ် နည်းဥပဒေအရ ဒဏ်ငွေ ကျပ်၁၅ဝဝ ကနေ ၂ဝဝဝ ထိပဲ ပေးဆောင်ရတယ်။ အဲ့ဒီတော့ ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ စည်းကမ်းပိုင်းကို လိုက်နာမှု အားနည်းလာတယ်။ စည်းကမ်းဖောက် ပြီးတော့ ဒဏ်ငွေ ကျပ် ၁၅ဝဝ ကို လွယ်လွယ် ကူကူပေးဆောင်လာကြတယ်။ ဒါကြောင့် စည်းကမ်းတွေ လိုက်နာဖို့ စတေကာကပ်ပြီး မောင်းတဲ့ ယာဉ်မောင်းတွေနဲ့ ကားနံပါတ်ကို ဒီဇိုင်းလုပ်ပြီး မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို အနည်းဆုံး ယာဉ်မောင်း လိုင်စင်ခြောက်လကနေ တစ်နှစ်ထိ ပိတ်သိမ်းအရေးယူသွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှပြောကြားခဲ့ပါတယ်။

Ref: Eleven Media Group

Latest News

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »

အ​ကောက်​ခွန်​ ဒဏ်​​ကြေးများ နိုင်​ငံဘဏ္ဍသို့...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ပြည်​ပနိုင်ငံ​မှ တင်​သွင်းလာသည့်​ ​မော်​​တော်​ယာဉ်​များအား ​ကောက်​ခံ​ရရှိ​နေသည့် အ​ကောက်​ခွန်​ဒဏ်​​ကြေးများကို...

Read more »

စည်းကမ်းပျက်​ ​ ယာဉ်​များကို online complaint...

Latest news1 12 150x150

Zawgyi Version စည်းကမ်းမဲ့ ​မောင်းနှင်​​သော ယာဉ်​များ online complaint စင်​တာထံ တိုင်​ကြားမှု ၁သောင်း ၈ထောင် ​ကျော်​အထိ...

Read more »