သတ္မွတ္ေမာ္ဒယ္ထက္တစ္ႏွစ္ႏွိမ့္ကာ သြင္းမိသည့္ကားမ်ား ဒဏ္ေငြေဆာင္စရာမလို။

ေမာ္ေတာ္ယာဥ္ တင္သြင္းျခင္းဆိုင္ရာ ၾကီးၾကပ္မႈ ေကာ္မတီမွ ၂/၂၀၁၂ အစည္းအေ၀းတြင္ေဆြးေႏြးတိုင္ပင္ကာ တစ္ႏွစ္ႏွိမ္႕ကာ တင္သြင္းလာမိသည့္ကားမ်ားအားအေကာက္ခြန္ ဦးစီးဌာနမွ ဒဏ္ေၾကးမတပ္ရိုက္ဘဲ ကင္းလြတ္ခြင့္ၿပဳရန္ ဆံုးျဖတ္ခ်က္ခ်လိုက္ေၾကာင္း ၾကားသိရသည္။ မည္သည့္ လိုင္စင္ပါမစ္နဲ႕ မဆို တင္သြင္းတဲ့သူအားလံုးကို ဒီ ဒဏ္ေၾကးမွ ကင္းလြတ္ခြင့္ၿပဳလိုက္ျခင္းျဖစ္သည္ဟု တာ၀န္ရွိသူမ်ားကေျပာၾကားသည္။ ယခုအခါ ဒဏ္ေၾကးမရႇိေတာ့သလို ေနာင္တြင္ ဒီလိုကြဲလြဲမႈမ်ဳိးမျဖစ္ေအာင္ လုိင္စင္ ထုတ္ေပးသည့္အခ်ိန္တြင္ ဥပမာ ၂၀၀၀ ခုႏႇစ္လို႔ လာၿပီးေလ်ာက္ထားသည့္သူေတြကို ၂၀၀၀/၂၀၀၁ လို႔ တစ္ခါတည္း ၿပင္ေပးလိုက္ေၾကာင္းလည္းသိရွိရသည္။

ကြ်န္ေတာ္တို႕ MyanmarCarsDB မွ ယခင္အပတ္ကလွ်င္ ထိုသတင္းကို ေဖာ္ျပခဲ့ၿပီး ေတြ႕ၾကံဳခံစားရသည့္ကားတင္သြင္းသူမ်ား၏ ဒုကၡကိုလဲ ထပ္ေဆာင္းတင္ျပခဲ့ပါသည္။ ထို႕အတြက္ ယခုသတင္းကို MyanmarCarsDB မွ ၀မ္းေျမာက္၀မ္းသာၾကိဳဆိုၿပီး ကားသြင္းသူမ်ားကိုယ္စားေက်းဇူးတင္ရွိပါသည္။ သို႕ေသာ္လည္း ယခင္ဒဏ္ေၾကးေဆာင္ထားသူမ်ားအတြက္ Refund ျပန္ရမည္ေလာဆိုသည့္ ေမးခြန္းကို မသိရွိရေသးပါ။

ကားတင္သြင္းသူ၊ ဒဏ္ေၾကးေၾကာင့္ေရွ႕ဆက္မရသူ သေဘာၤသားတစ္ဦးကေတာ့ အခုလိုေျပာၾကားသြားပါတယ္။

''ကြၽန္ေတာ့္ မိသားစုလည္း အခုမႇ သက္ျပင္းခ်ႏိုင္ေတာ့တယ္။ ကြၽန္ေတာ္လည္း လိုတဲ့ေငြဘယ္မႇာရႇာၿပီး ဘယ္လိုလုပ္ေရြးရမလဲ၊ မေရြးရင္လည္း မိသားစု စုေဆာင္းထားတာ ကုန္ၿပီဆိုၿပီး ေတာ္ေတာ့္ကိုစိတ္ ဒုကၡေရာက္ေနတာ။ အခုသတင္း ၾကားလိုက္တာ ေတာ္ေတာ္ေလးကို စိတ္သက္သာသြားတယ္။ ဒီလို အမ်ားျပည္သူက လြဲတယ္လို႔ထင္တဲ့ စနစ္ေတြ၊ ျပင္ဆင္သင့္ပါတယ္လို႔ ေျပာခဲ့၊ တင္ျပခဲ့တာေတြကို အခုလို အေလးထား လုပ္ေပးတာမ်ဳိးကို ၾကားရတာနဲ႔ ေက်းဇူးတင္ပါတယ္'' ဟု ကားေဟာင္းအပ္ကာ ျပည္ပမႇ ကားျပန္လည္တင္သြင္းထားသူတစ္ ဦးကေျပာျပခဲ့သည္။
ကိုးကား| Eleven Media Group



Unicode Version

မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ ၂/၂ဝ၁၂ အစည်းအဝေးတွင်ဆွေးနွေးတိုင်ပင်ကာ တစ်နှစ်နှိမ့်ကာ တင်သွင်းလာမိသည့်ကားများအားအကောက်ခွန် ဦးစီးဌာနမှ ဒဏ်ကြေးမတပ်ရိုက်ဘဲ ကင်းလွတ်ခွင့်ပြုရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ကြားသိရသည်။ မည်သည့် လိုင်စင်ပါမစ်နဲ့ မဆို တင်သွင်းတဲ့သူအားလုံးကို ဒီ ဒဏ်ကြေးမှ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောကြားသည်။ ယခုအခါ ဒဏ်ကြေးမရှိတော့သလို နောင်တွင် ဒီလိုကွဲလွဲမှုမျိုးမဖြစ်အောင် လိုင်စင် ထုတ်ပေးသည့်အချိန်တွင် ဥပမာ ၂ဝဝဝ ခုနှစ်လို့ လာပြီးလျောက်ထားသည့်သူတွေကို ၂ဝဝဝ/၂ဝဝ၁ လို့ တစ်ခါတည်း ပြင်ပေးလိုက်ကြောင်းလည်းသိရှိရသည်။

ကျွန်တော်တို့ MyanmarCarsDB မှ ယခင်အပတ်ကလျှင် ထိုသတင်းကို ဖော်ပြခဲ့ပြီး တွေ့ကြုံခံစားရသည့်ကားတင်သွင်းသူများ၏ ဒုက္ခကိုလဲ ထပ်ဆောင်းတင်ပြခဲ့ပါသည်။ ထို့အတွက် ယခုသတင်းကို MyanmarCarsDB မှ ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ကားသွင်းသူများကိုယ်စားကျေးဇူးတင်ရှိပါသည်။ သို့သော်လည်း ယခင်ဒဏ်ကြေးဆောင်ထားသူများအတွက် Refund ပြန်ရမည်လောဆိုသည့် မေးခွန်းကို မသိရှိရသေးပါ။

ကားတင်သွင်းသူ၊ ဒဏ်ကြေးကြောင့်ရှေ့ဆက်မရသူ သဘေင်္ာသားတစ်ဦးကတော့ အခုလိုပြောကြားသွားပါတယ်။

''ကျွန်တော့် မိသားစုလည်း အခုမှ သက်ပြင်းချနိုင်တော့တယ်။ ကျွန်တော်လည်း လိုတဲ့ငွေဘယ်မှာရှာပြီး ဘယ်လိုလုပ်ရွေးရမလဲ၊ မရွေးရင်လည်း မိသားစု စုဆောင်းထားတာ ကုန်ပြီဆိုပြီး တော်တော့်ကိုစိတ် ဒုက္ခရောက်နေတာ။ အခုသတင်း ကြားလိုက်တာ တော်တော်လေးကို စိတ်သက်သာသွားတယ်။ ဒီလို အများပြည်သူက လွဲတယ်လို့ထင်တဲ့ စနစ်တွေ၊ ပြင်ဆင်သင့်ပါတယ်လို့ ပြောခဲ့၊ တင်ပြခဲ့တာတွေကို အခုလို အလေးထား လုပ်ပေးတာမျိုးကို ကြားရတာနဲ့ ကျေးဇူးတင်ပါတယ်'' ဟု ကားဟောင်းအပ်ကာ ပြည်ပမှ ကားပြန်လည်တင်သွင်းထားသူတစ် ဦးကပြောပြခဲ့သည်။
ကိုးကား| Eleven Media Group

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »