ယာဥ္ေမာင္းလိုင္စင္မရွိဘဲ စည္းကမ္းမဲ့ ယာဥ္ေမာင္းႏွင္မႈမ်ား ျဖစ္ေပၚေန တရား၀င္ မွတ္ပံုတင္ထားသည့္ ယာဥ္အစီးေရ၏ သံုးပံုႏွစ္ပံုခန္႕ ပမာဏသာ ယာဥ္ေမာင္းလိုင္စင္ ထုတ္ယူထားမႈရွိ


ယာဥ္ေမာင္းလိုင္စင္ မရွိဘဲ စည္းကမ္းမဲ့ ယာဥ္ေမာင္းႏွင္မႈမ်ား ျဖစ္ေပၚလ်က္ရွိၿပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ တရား၀င္မွတ္ပံုတင္ထားသည့္ ယာဥ္အစီးေရ၏ သံုးပံုႏွစ္ ပံုခန္႔ ပမာဏသာ ယာဥ္ေမာင္း လိုင္စင္ ထုတ္ယူထားရွိမႈ ရွိေနေၾကာင္း ‘ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန’၏ ထုတ္ျပန္ထားေသာ စာရင္းမ်ားအရ သိရသည္။download


လက္ရွိ ျပည္တြင္း၌ မွတ္ပံုတင္ထားသည့္ ယာဥ္အစီးေရမွာ ၂၀၁၃ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ ရက္ အထိ စာရင္းမ်ားအရ ယာဥ္အ စီးေရ ၄,၀၁၆,၇၅၇ စီးခန္႔ ရွိေနၿပီး ယာဥ္ေမာင္း လိုင္စင္ထုတ္ယူမႈမွာ ၂,၉၃၁,၅၁၃ ဦးခန္႔သာ ရွိေနေၾကာင္းသိရသည္။ “မွတ္ပံုတင္ယာဥ္အစီးေရထက္ ယာဥ္ေမာင္းလိုင္စင္ထုတ္ယူထားရွိမႈ နည္းေနတဲ့သေဘာ ကေတာ့ လိုင္စင္မရွိဘဲ ေမာင္းေနတာေတြ ရွိေနလို႔ေပါ႔၊ အမ်ားအားျဖင့္ေတာ့ နယ္ေတြမွာပိုမ်ားမယ္၊ နယ္ေတြမွာက ဆိုင္ကယ္ေတြရွိ ၾကၿပီး လိုင္စင္မရွိ၊ အသက္မျပည့္ဘဲ ေမာင္းေန တာမ်ဳိးေတြေၾကာင့္ ျဖစ္တာမ်ားမယ္”ဟု'ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန’မွ ၫႊန္ၾကားေရးမွဴး(ၿငိမ္း) ဦးေအာင္ျမင့္ကဆိုသည္။ ၂၀၀၉ ခုႏွစ္တြင္ ျမန္မာတစ္ႏုိင္ ငံလံုး၌ ေမာ္ေတာ္ယာဥ္ႏွင့္ ဆုိင္ကယ္မ်ား အပါအ၀င္ တရား၀င္ မွတ္ပံုတင္ထားေသာ ေမာ္ေတာ္ယာဥ္အစီးေရ ႏွစ္သန္းခန္႔ရွိခ်ိန္၌ ယာဥ္ေမာင္းလိုင္စင္ ထုတ္ေပးထားမႈမွာ ႏွစ္သန္းေက်ာ္တြင္ရွိ ၿပီး ယခုလက္ရွိအခ်ိန္မွာေတာ့ ယာဥ္ေမာင္းလိုင္စင္ ထုတ္ယူမႈပမာဏမွာ နည္းပါးေနကာ မွတ္ပံုတင္ထားေသာ ယာဥ္အစီးေရပမာဏ မ်ားျပားေနျခင္း ျဖစ္သည္။ ျမန္မာႏုိင္ငံတြင္ ယာဥ္မေတာ္တဆမႈ ျဖစ္ပြားရျခင္းမ်ား၏ အဓိကအေၾကာင္း အရာမ်ားတြင္ ယာဥ္လမ္းေၾကာင္းမ်ား နားလည္မႈမရွိျခင္း၊ ယာဥ္စည္းကမ္း၊ လမ္း စည္းကမ္းအေပၚ အျပည့္အ၀ နားလည္မႈမရွိျခင္း၊ ယာဥ္ေမာင္းသူမ်ား အရည္အခ်င္းျပည့္၀မႈ မရွိ ျခင္းႏွင့္ နီးစပ္ရာမွ ယာဥ္ေမာင္း သင္ၾကားမႈမ်ားေၾကာင့္ ယာဥ္မေတာ္တ ဆမႈမ်ား အမ်ားဆံုးျဖစ္ေပၚေနရာ ယာဥ္ေမာင္းလုိင္စင္ကို စနစ္တက် ထုတ္ယူျခင္း၊ ေပးအပ္ျခင္းမ်ား ျပဳလုပ္ရန္လိုအပ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက သံုးသပ္ၾကသည္။


 

Ref : Automobile



Unicode Version

ယာဉ်မောင်းလိုင်စင် မရှိဘဲ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ၏ သုံးပုံနှစ် ပုံခန့် ပမာဏသာ ယာဉ်မောင်း လိုင်စင် ထုတ်ယူထားရှိမှု ရှိနေကြောင်း ‘ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။download


လက်ရှိ ပြည်တွင်း၌ မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် အထိ စာရင်းများအရ ယာဉ်အ စီးရေ ၄,ဝ၁၆,၇၅၇ စီးခန့် ရှိနေပြီး ယာဉ်မောင်း လိုင်စင်ထုတ်ယူမှုမှာ ၂,၉၃၁,၅၁၃ ဦးခန့်သာ ရှိနေကြောင်းသိရသည်။ “မှတ်ပုံတင်ယာဉ်အစီးရေထက် ယာဉ်မောင်းလိုင်စင်ထုတ်ယူထားရှိမှု နည်းနေတဲ့သဘော ကတော့ လိုင်စင်မရှိဘဲ မောင်းနေတာတွေ ရှိနေလို့ပေါ့၊ အများအားဖြင့်တော့ နယ်တွေမှာပိုများမယ်၊ နယ်တွေမှာက ဆိုင်ကယ်တွေရှိ ကြပြီး လိုင်စင်မရှိ၊ အသက်မပြည့်ဘဲ မောင်းနေ တာမျိုးတွေကြောင့် ဖြစ်တာများမယ်”ဟု'ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန’မှ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအောင်မြင့်ကဆိုသည်။ ၂ဝဝ၉ ခုနှစ်တွင် မြန်မာတစ်နိုင် ငံလုံး၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အပါအဝင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်အစီးရေ နှစ်သန်းခန့်ရှိချိန်၌ ယာဉ်မောင်းလိုင်စင် ထုတ်ပေးထားမှုမှာ နှစ်သန်းကျော်တွင်ရှိ ပြီး ယခုလက်ရှိအချိန်မှာတော့ ယာဉ်မောင်းလိုင်စင် ထုတ်ယူမှုပမာဏမှာ နည်းပါးနေကာ မှတ်ပုံတင်ထားသော ယာဉ်အစီးရေပမာဏ များပြားနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းများ၏ အဓိကအကြောင်း အရာများတွင် ယာဉ်လမ်းကြောင်းများ နားလည်မှုမရှိခြင်း၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းအပေါ် အပြည့်အဝ နားလည်မှုမရှိခြင်း၊ ယာဉ်မောင်းသူများ အရည်အချင်းပြည့်ဝမှု မရှိ ခြင်းနှင့် နီးစပ်ရာမှ ယာဉ်မောင်း သင်ကြားမှုများကြောင့် ယာဉ်မတော်တ ဆမှုများ အများဆုံးဖြစ်ပေါ်နေရာ ယာဉ်မောင်းလိုင်စင်ကို စနစ်တကျ ထုတ်ယူခြင်း၊ ပေးအပ်ခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။


 

Ref : Automobile

Latest News

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »