၂၀၀၃ မော်ဒယ်မှ စတင်တင်သွင်းရပါက ရေပန်းစားသည့်ကားများ မြင်တွေ့ရမှုနည်းပါးနိုင်


လာမည့်နှစ်တွင် မော်ဒယ်သက်တမ်း ၃ နှစ်အထိတိုးမြှင့်ပြီး ၂၀၀၃ မော်ဒယ်များကို တင်သွင်းခွင့်ရပါက CIF တန်ဖိုးမလျော့လျှင် ယခုနှစ်ပိုင်းအတွင်း ပေါ်ပြူလာဖြစ်သည့်ကားများ မြင်တွေ့ရမှုနည်းပါးသွားနိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။






Unicode Version

၂ဝ၁၅ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုအတွက် ၂ဝဝ၃ မော်ဒယ်မှ ၂ဝဝ၉ မော်ဒယ်အထိ တင်သွင်းခွင့်ရပြီး Free Permit တင်သွင်းခြင်းတွင် ၂ဝ၁ဝ မှ ၂ဝ၁၅ ထိတင်သွင်းခွင့်ရဖွယ်ရှိကြောင်း ကား  Show Room ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။ယခု ၂ဝ၁၄ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းလဲလှယ်မှုအတွက် ၂ဝဝဝ မော်ဒယ်မှ ၂ဝဝ၈ မော်ဒယ်အထိတင်သွင်းခွင့် ရရှိထားကြောင်းသိရသည်။

လာမည့်နှစ်တွင် မော်ဒယ်သက်တမ်း ၃ နှစ်အထိတိုးမြှင့်ပြီး ၂ဝဝ၃ မော်ဒယ်များကို တင်သွင်းခွင့်ရပါက CIF တန်ဖိုးမလျော့လျှင် ယခုနှစ်ပိုင်းအတွင်း ပေါ်ပြူလာဖြစ်သည့်ကားများ မြင်တွေ့ရမှုနည်းပါးသွားနိုင်ကြောင်း အဆိုပါပုဂိ္ဂုလ်က ရှင်းပြသည်။

“အခန့်မသင့်ရင် လာမည့်နှစ်မှာစလစ်ကပ်ကားတွေ  ၂ဝဝ၃-၂ဝ၁ဝ အထိ တင်သွင်းရမယ်လို့ဖြစ်သွား နိုင်တယ်။ မော်ဒယ်က ၃ နှစ်မြင့်သွားတဲ့အတွက် တန်ဖိုးမြင့်သွားမယ်။ CIF မချရင်တော့ အခုအစီးများပြီးပေါ်ပြူ လာဖြစ်နေတဲ့ ကားတွေပျောက်သွားနိုင်တယ်။မော်ဒယ်ကမြင့်မယ်၊ CIF ကိုလည်းချမယ်ဆိုရင်တော့ စီးရတဲ့သူ တွေအတွက်အဆင်ပြေတာပေါ့” ဟုရှင်းပြသည်။

RAV 4၊ Kluger ကဲ့သို့ကားများအား စီးနင်းမှုများလာနိုင်ဖွယ်ရှိပြီး ၂ဝဝ၂ ခုနှစ်မှထွက်သော Alphard ကဲ့သို့ကားများမှာ ၂ဝဝ၃ မော်ဒယ်အတွက် CIF ဈေးနှုန်းသင့်တင့်ပါကအစီးများလာနိုင်ကြောင်းသုံးသပ်ပြသည်။ လုပ်ငန်းသုံး Taxi ယာဉ်များအဖြစ် အများဆုံးအသုံးပြုသည့် Caldina ဖင်ကောက်ကဲ့သို့ကားများမှာ ၂ဝဝ၂ မော် ဒယ်အထိသာလေးပါရှိသဖြင့် ၂ဝဝ၃ မော်ဒယ်ဆိုပါက အကြိုက်နည်းသွားနိုင်ကြောင်းသိရသည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »