တစ္ပါတ္အတြင္း ကားေလာကသတင္း

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့:


  • တကၠစီစလစ္အတြက္ Suzuki R- မ်ားအဝယ္လိုက္ေန

  • ဝယ္လိုအားမ်ားေသာ Mini Truck မ်ားေစ်းႏႈန္းအနည္းငယ္ျမင့္တက္ေန

  • ေက်ာင္းႀကိဳ/ပို႔ကားအျဖစ္ အသံုးျပဳရန္ Mini Bus မ်ားအဝယ္လိုက္

  • ခရီးသည္တင္ယာဥ္အဂၤါရပ္ႏွင့္ ကိုက္ညီမႈမရွိေသာ ျမိဳ႕တြင္းခရီးသည္တင္ယာဥ္မ်ားအား မ.ထ.သ မွသတိေပးစာပို႔မည္

  • ျမန္မာမီနီဆလြန္းကားမ်ား အရစ္က်စနစ္ျဖင့္ ႏုိင္ငံဝန္ထမ္းမ်ားအားေရာင္းခ်ေပးရန္ အစီအစဥ္ရွိဟုဆို

  • Taxi မ်ားကို မ.ထ.သ(ဗဟို)မွႀကီးၾကပ္မည္ဆိုျခင္းမွာ ျပည္သူလူထုသယ္ယူပို႔ေဆာင္ေရးအခန္းက႑ကို ျမင့္တင့္ေပးျခင္းသာျဖစ္

  • ျမိဳ႕ျပသယ္ယူပို႔ေဆာင္ေရးအတြက္ ခရီးသြားလာမႈဆိုင္ရာစစ္တမ္းေကာက္ယူမည္

  • လမ္းေဘးကားပါကင္သည္မ်ား လိုက္လံသိမ္းဆည္း/

  • ေအာင္မဂၤလာ အေဝးေျပးကားဝင္းအသစ္ ၾသဂုတ္လအတြင္းဖြင့္လွစ္ႏုိင္ေတာ့မည္

  • ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးျခင္း နယ္လွည္ၿပီးျပဳလုပ္ေပးမည္

  • ယာဥ္ေၾကာမပိတ္ဆို႔ေရးအတြက္ အေနာ္ရထာလမ္းေပၚရွိ လမ္း(၃၀)မွတ္တိုင္ဖ်က္သိမ္း

  • ဘီးခြန္ေဆာင္ျခင္းကို ဇြန္လမွစတင္၍ ကြင္းဆင္းေဆာင္ရြက္ေပးမည္/


news_this_week

တကၠစီစလစ္အတြက္ Suzuki R- မ်ား အဝယ္လိုက္ေန


တကၠစီစလစ္အတြက္ Suzuki R- ကားမ်ား အဝယ္လိုက္ေနေၾကာင္း ကားဝယ္/ေရာင္းမ်ားထံမွသိရွိရသည္။ ယာဥ္အို၊ယာဥ္ေဟာင္းဝယ္ေရာင္းမ်ားအေနျဖင့္ ယခင္ ရန္ကုန္ ကညန ရုံးတြင္ Suzuki R- ကားမ်ားကို အပ္ႏွံ ခြင့္မျပဳဟူသည့္အထင္ျဖင့္ နယ္ျမိဳ႕မ်ားသို႔ဆင္းကာ နံပါတ္အနီေျပာင္းျပီး တကၠစီစလစ္ထုတ္ယူခဲ့ၾကသည္။သို႔ ေသာ္စက္မႈဇုံထုတ္ကားမ်ားမွလဲြျပီး မည္သည့္ကားမဆိုအပ္ႏွံပါက တကၠစီစလစ္ထုတ္ေပးမည္ ဆိုေသာၾကာင့္ Suzuki R- ကားမ်ားသည္လည္း ယခင္ ကထက္ အဝယ္ လိုက္ေနေၾကာင္း သိရွိရသည္။

Ref:Auto mobile

 

ဝယ္လိုအားမ်ားေသာ Mini Truck မ်ား ေစ်းႏႈန္းအနည္းငယ္ ျမင့္တက္ေန


ေစ်းႏႈန္းသက္သာေသာ လုပ္ငန္းသုံးယာဥ္မ်ားျဖစ္သည့္ Mini Truck မ်ားသည္ ဝယ္လိုအားျမင့္မားမႈေၾကာင့္ ေစ်းႏႈန္းအနည္းငယ္ျမင့္တက္ေနေၾကာင္း ကားဝယ္/ေရာင္းမ်ားမွတဆင့္ သိရသည္။ျပည္တြင္းေစ်းကြက္အတြင္း တြင္ Mini Truck မ်ား ဝယ္လိုအားျမင့္တက္ေနျပီး ဧျပီလမတိုင္ခင္က Suzuki Carry Truck သည္ သိန္း(၆၀) ဝန္းက်င္ ေပါက္ေစ်းရွိခဲ့ေသာ္လည္း ယခုရက္ပိုင္းအတြင္းတြင္ (၆၅)သိန္းအထိ ေစ်းႏႈန္းျမင့္တက္သြားခဲ့သည္။ အလားတူ Daihatsu ၊ Mitsubishi ၊ Honda ၊ Subaru ၊ Mazada Carry Truck မ်ားလည္း ယခုရက္ပိုင္းအ တြင္း ေစ်းႏႈန္းျမင့္တက္သြားခဲ့ေၾကာင္း သိရွိရသည္။

Ref:Auto mobile

 

ေက်ာင္းႀကိဳ/ပို႔ကားအျဖစ္ အသံုးျပဳရန္ Mini Bus မ်ား အဝယ္လိုက္


ေက်ာင္းႀကိဳ/ပို႔ကားအျဖစ္ အသုံးျပဳရန္အတြက္ Mini Bus ကားမ်ားအဝယ္လိုက္ေနျပီး အေရာင္း အဝယ္ သြက္လ်က္ရွိေၾကာင္း General Arr Mann Thit မွ တာဝန္ရွိသူတစ္ဦးကေျပာၾကားသည္။ေက်ာင္းႀကိဳ/ပို႔ ေျပးဆြဲေနေသာ ယာဥ္ပိုင္ရွင္အခ်ိဳ႕သည္ ယခင္ကေျပးဆြဲလ်က္ရွိသည္ Light Truck မ်ားေနရာတြင္ Mini Bus ကားမ်ားျဖင့္ အစားထိုးေျပးဆြဲႏုိင္ရန္အတြက္ ယခုကဲ့သို႔ဝယ္ယူမႈမ်ားရွိလာေၾကာင္း အဆိုပါကားေစ်းကြက္အ တြင္းမွသိရသည္။

Ref: Auto mobile

 

ခရီးသည္တင္ယာဥ္ အဂၤါရပ္ႏွင့္ ကိုက္ညီမႈမရွိ ေသာ ျမိဳ႕တြင္းခရီးသည္တင္ယာဥ္မ်ားအား မ.ထ.သ မွ သတိေပးစာေပးပို႔မည္


အမ်ားျပည္သူစီးနင္းလိုက္ပါႏုိင္သည့္ ခရီးသည္တင္အဂၤါရပ္ႏွင့္ကိုက္ညီမႈမရွိေသာ ျမိဳ႕တြင္းခရီးသည္တင္ယာဥ္ မ်ားအား မ.ထ.သ(ဗဟို)မွ သတိေပး စာေပးပို႔သြား မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။ျမိဳ႕တြင္းေျပးဆြဲလ်က္ရွိ သည့္ခရီးသည္တင္ယာဥ္မ်ားတြင္ ယာဥ္ဖြဲ႔စည္းပံုသတ္မွတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီမႈမရွိျခင္း၊ၾကံ႕ခိုင္မႈ အားနည္း ၍ အမ်ားျပည္သူလိုက္ပါစီးနင္းရန္ မသင့္ေတာ္ေသာယာဥ္မ်ားအား မ.ထ.သ(ဗဟို)မွသတိေပး အေၾကာင္းၾကား စာေပးပို႔၍ ျပဳျပင္ျခင္း၊အစားထိုး လဲလွယ္ျခင္း မ်ား ျပဳလုပ္ေစမည္ျဖစ္ေၾကာင္း မ.ထ.သ(ဗဟို)မွဥကၠဌဦးလွေအာင္ ကေျပာၾကားသည္။

Ref:Auto mobile

 

ျမန္မာမီနီဆလြန္းကားမ်ား အရစ္က်စနစ္ျဖင့္ ႏုိင္ငံဝန္ထမ္းမ်ားအား ေရာင္းခ်ေပးရန္ အစီအစဥ္ရွိဟုဆို


စက္မႈဝန္ႀကီးဌာနမွ ေရာင္းခ်ေပးလ်က္ရွိေသာ ျမန္မာမီနီကားမ်ားကို ႏုိင္ငံဝန္ထမ္းမ်ားအား အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးရန္အစီအစဥ္ရွိေသာ္လည္း အေကာင္အထည္မေဖာ္ျဖစ္ေသးေၾကာင္း၊ပထမဦးစြာ ၎ကားမ်ား၏ ေစ်းႏႈန္းတန္ဘိုးကိုခ်ေပးျပီးမွသာလွ်င္ အစီအစဥ္အားျပဳလုပ္ႏုိင္ဖြယ္ရွိေၾကာင္း ေနျပည္ေတာ္ရွိစက္မႈဝန္ၾကီး ဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။ေရာင္းခ်ခဲ့မည္ဆိုပါကလည္း အျပင္လူမ်ားအားေရာင္းခ်မည္မ ဟုတ္ပဲ ႏုိင္ငံဝန္ထမ္းမ်ားကိုသာ ပထမဦးစားေပးေရာင္းခ်ေပးႏုိင္ဖြယ္ရွိျပီး ယခုအခ်ိန္တြင္ ျမန္မာမီနီကားမ်ား ကိုက်ပ္(၇၅)သိန္းျဖင့္ ေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရွိရသည္။

Ref: Auto World

 

Taxi မ်ားကို မ.ထ.သ(ဗဟို)မွႀကီးၾကပ္မည္ဆို ျခင္းမွာ ျပည္သူလူထု သယ္ယူပို႔ေဆာင္ေရးအ ခန္းက႑ကို ျမင့္တင္ျခင္းသာျဖစ္


ျမိဳ႕တြင္းေျပးဆြဲေနေသာ Taxi ယာဥ္မ်ားကို မ.ထ.သ(ဗဟို)မွႀကီးၾကပ္မည္ဆိုျခင္းမွာ ျပည္သူလူထု၏ သယ္ယူပို႔ ေဆာင္ေရးအခန္းက႑ကို ျမင့္တင္ရန္အတြက္သာျဖစ္ေၾကာင္း မ.ထ.သ ဥကၠဌ ဦးလွေအာင္ ကေျပာသည္။ Taxi မ်ားအေနျဖင့္ မ.ထ.သ မွႀကီးၾကပ္မည္ဆိုေသာေၾကာင့္ ေမးခြန္းမ်ားထြက္ေပၚလာျပီး Taxi ယာဥ္ေမာင္း မ်ားကေမးျမန္းမႈမ်ားရွိေၾကာင္း သိရွိရသည္။စည္းကမ္းပိုင္းဆိုင္ရာႏွင့္ ျပည္သူလူထု၏ ႀကံဳေတြ႕ေနရေသာ အခက္အခဲမ်ားကို ေျဖရွင္းေပးရန္အတြက္သာျဖစ္ျပီး Taxi ယာဥ္ေမာင္းမ်ားအေနျဖင့္ စိတ္ပူပန္စရာမလို ေၾကာင္း ဦးလွေအာင္ကေျပာသည္။Taxi ယာဥ္အသံုးျပဳသူမ်ားႏွင့္ ေမာင္းႏွင္ေသာ ယာဥ္ေမာင္းမ်ားအား စည္းကမ္း စနစ္တက်ရွိေစရန္ ႏွင့္ ျပည္သူလူထု သယ္ေဆာင္ေသာစနစ္ ဖြံ႕ျဖိဳးတိုးတက္ေစရန္ ဝိုင္းဝန္းလုပ္ ေဆာင္ရန္သာျဖစ္ေၾကာင္း သိရွိရသည္။

Ref: Auto World

 

ျမိဳ႕ျပသယ္ယူပို႔ေဆာင္ေရးအတြက္ ခရီးသြား လာမႈဆိုင္ရာစစ္တမ္းေကာက္ယူမည္


ရန္ကုန္ျမိဳ႕ေတာ္ စည္ပင္သာယာနယ္နမိတ္အတြင္းရွိ အိမ္ေထာင္စု တစ္ေသာင္းႏွစ္ေထာင္ေက်ာ္ဆီမွ ခရီးသြား လာမႈဆိုင္ရာႏွင့္ပတ္သက္ေသာ စစ္တမ္းမ်ားေကာက္ယူသြားမည္ဟု JICA ေလ့လာေရးအဖြဲ႔မွ သိရွိရသည္။

ထိုသို႔စစ္တမ္းေကာက္ယူျခင္းကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔ႏွင့္ JICA တို႔ပူးေပါင္းစီစဥ္ေနသည့္ မဟာရန္ ကုန္ျမိဳ႕ျပသယ္ယူပိုေဆာင္ေရး စီမံကိန္းကို ေဆာင္ရြက္ရန္အတြက္ ေကာက္ယူျခင္းျဖစ္ေၾကာင္း သိရွိရသည္။ စစ္တမ္းေကာက္ယူျခင္းကို ဇြန္လတြင္စတင္ျပီး ၾသဂုတ္လအထိ ျဖစ္သည္။

Ref: Auto World

 

လမ္းေဘး ကားပါကင္ဦးသည္မ်ား လိုက္လံ သိမ္းဆည္း


ရန္ကုန္တိုင္းေဒသႀကီးအတြင္း ဌာနဆိုင္ရာမ်ားေရွ႕၊ကုမၸဏီရုံးခန္းမ်ားေရွ႕၊လူေနအိမ္မ်ားေရွ႕ တြင္ကားပါကင္ဦးမႈမ်ားအား မျပဳလုပ္ရန္ေၾကညာျပီး တစ္လျပည့္ျပီးေနာက္ (၁၇.၅.၁၃)ရက္ေန႔တြင္ စတင္အေကာင္အထည္ေဖာ္ သိမ္းဆည္းေနေၾကာင္းသိရွိရသည္။

Ref: Auto World

 

ေအာင္မဂၤလာ အေဝးေျပးကားဝင္းအသစ္ ၾသဂုတ္လအတြင္း ဖြင့္လွစ္ႏုိင္ေတာ့မည္


တစ္ေနရာစီျပန႔္က်ဲေနေသာ ေအာင္မဂၤလာ အေဝးေျပးကားဝင္းကို တစ္ေနရာတည္းမွာ ျပန္လည္စုစည္းကာ အဆင့္ျမင့္အေဆာက္အအုံမ်ားအတြင္းတြင္ အေဝးေျပး ကားမ်ား ဆိုက္ေရာက္စနစ္သစ္၊ ထြက္ခြာစနစ္သစ္ ႏွစ္ခုကို ႏုိင္ငံတကာေလဆိပ္မ်ားႏွင့္ မီးရထားဘူတာရုံမ်ားတြင္ က်င့္သံုးေနေသာ စနစ္မ်ားအတိုင္း စတင္အ သုံးျပဳမည္ဟုသိရွိရသည္။ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ေအာင္မဂၤလာအေဂးေျပးယာဥ္ရပ္နားစခန္းအတြင္းတြင္ ပထမအစီအစဥ္အရ ေခာတ္မီအဆင့္ျမင့္ Arrival Terminal အေဆာက္အအုံကို(Myint&Paing)ကုမၸဏီလီမိ တက္ႏွင့္အက်ိဳးတူပူးေပါင္းေဆာက္လုပ္ခဲ့ရာ ယခုအခါတြင္ ၿပီးစီးမႈရာခိုင္ႏႈန္းမွာ (၆၀)ရာခိုင္ႏႈန္း အထိၿပီး စီး ေနၿပီျဖစ္ေသာေၾကာင့္ အဆိုပါကားဝင္းအား ၾသဂုတ္လအတြင္းဖြင့္လွစ္ႏုိင္ရန္ ေမွ်ာ္မွန္းထားေၾကာင္း စခန္း တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္မ်ားအရ သိရွိရသည္။

Ref: Auto World

 

ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးျခင္း နယ္လွည့္ၿပီးျပဳလုပ္ေပးမည္


ယာဥ္ေမာင္းလိုင္စင္မ်ားသက္တမ္းတိုးမႈကို နယ္ေတြမွာလွည့္လည္ေဆာင္ရြက္ေပးသြားမွာျဖစ္ေၾကာင္း သိရွိရသည္။အဆိုပါကိစၥရပ္အား ရထားပို႔ေဆာင္ေရးဝန္ႀကီးဌာန၊ကုန္လမ္းညြန္ၾကားမႈဦးစီးဌာနအေနျဖင့္ ေမာ္ေတာ္ယာဥ္၊ဆိုင္ကယ္မ်ား၏ သက္တမ္းတိုးမႈမ်ားကိုနယ္ေတြမွာလွည့္လည္ေဆာင္ ရြက္ေပးသြား မွာျဖစ္ေၾကာင္းသိရွိ ရသည္။ ဤကဲ့သို႔ေဆာင္ရြက္ရာတြင္ ျပည္နယ္ႏွင့္တိုင္း(၁၂)ခုကိုအဓိကထားကာ လုပ္ေဆာင္ေပးသြားမွာျဖစ္ေၾကာင္းကို သိရွိရသည္။အဆိုပါလိုင္စင္သက္တမ္းတိုးျခင္းကို ဇြန္လထဲတြင္ ကြင္းဆင္းေဆာင္ရြက္ေပးသြားျဖစ္ၿပီး သက္တမ္းတိုးလိုသူမ်ားအေနျဖင့္ လိုအပ္တဲ့စာရြက္စာတမ္းမ်ားကို ျပဳလုပ္ထားရန္လိုအပ္ေၾကာင္း သိရွိရသည္။

Ref: Auto World

 

ယာဥ္ေၾကာမပိတ္ဆို႔ေရးအတြက္ အေနာ္ရထာလမ္းေပၚရွွိ လမ္း(၃၀)မွတ္တုိင္ ဖ်က္သိမ္း


ဆူးေလမီးပြိဳင့္ႏွင့္ ကပ္လ်က္ရွိေသာ အေနာ္ရထာလမ္းေပၚရွိ လမ္း(၃၀)မွတ္တိုင္အား ကုန္ေစ်းတန္းမွတ္တိုင္သို႔ ေျပာင္းေရႊ႕ထားေၾကာင္းသိရွိရသည္။လမ္း(၃၀) မွတ္တိုင္သည္ ဘားလမ္းႏွင့္ကုန္ေစ်းတန္းမွတ္တိုင္တို႔ၾကားတြင္ တည္ရွိျပီးယခုကဲ့သို႔ေျပာင္းေရႊ႕ရျခင္းမွာယာဥ္ေၾကာပိတ္ဆို႔မႈမ်ားေလ်ာ့ခ်ေရးအတြက္ျဖစ္ေၾကာင္း သိရွိရသည္။မွတ္တိုင္မဟုတ္ေသာေနရာမ်ားတြင္ ယာဥ္လိုင္းမ်ားရပ္နားပါက ယာဥ္စည္းကမ္း၊လမ္းစည္းကမ္းအရ ဥပေဒႏွင့္ အညီအေရးယူမႈမ်ားျပဳလုပ္လ်က္ ရွိေၾကာင္း သိရွိရသည္။

Ref: Auto World

 

ဘီးခြန္ေဆာင္ျခင္းကို ဇြန္လမွစတင္၍ ကြင္းဆင္းေဆာင္ရြက္ေပးမည္


ႏွစ္စဥ္ ဇန္နဝါရီလမွ ေမလအတြင္းဘီးခြန္ေဆာင္ရာတြင္ လာေရာက္ေပးေဆာင္သူနည္းပါးေသာေၾကာင့္ေမလ ကုန္ပိုင္းတြင္ေရွာင္တခင္ကြင္းဆင္းေဆာင္ရြက္ေပးလ်က္ရွိရာ ယခုႏွစ္တြင္ဇြန္လမွစတင္ကာ လုပ္ေဆာင္ေပး သြားမွာျဖစ္ေၾကာင္း ဒုဦးစီးမႈးဦးသန္းတင္ကေျပာသည္။မတ္လကုန္ေနာက္ပိုင္းတြင္ ေပးေဆာင္ပါက ဒဏ္ေၾကး ေပးေဆာင္ရမည္ဆိုေသာ္လည္း အသစ္တင္သြင္းလာေသာ ေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ မ်ားအား က.ည.န တြင္မွတ္ပုံတင္ၿပီး ႏွစ္လအတြင္း လာေရာက္ဘီးခြန္ေဆာင္ပါက ရက္လြန္ဒဏ္ေၾကးကင္းလြတ္ခြင့္ေပး ထားေၾကာင္းသိရွိရသည္။

Ref: Auto World

 

 

 



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:


  • တက္ကစီစလစ်အတွက် Suzuki R- များအဝယ်လိုက်နေ

  • ဝယ်လိုအားများသော Mini Truck များစျေးနှုန်းအနည်းငယ်မြင့်တက်နေ

  • ကျောင်းကြို/ပို့ကားအဖြစ် အသုံးပြုရန် Mini Bus များအဝယ်လိုက်

  • ခရီးသည်တင်ယာဉ်အင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိသော မြို့တွင်းခရီးသည်တင်ယာဉ်များအား မ.ထ.သ မှသတိပေးစာပို့မည်

  • မြန်မာမီနီဆလွန်းကားများ အရစ်ကျစနစ်ဖြင့် နိုင်ငံဝန်ထမ်းများအားရောင်းချပေးရန် အစီအစဉ်ရှိဟုဆို

  • Taxi များကို မ.ထ.သ(ဗဟို)မှကြီးကြပ်မည်ဆိုခြင်းမှာ ပြည်သူလူထုသယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍကို မြင့်တင့်ပေးခြင်းသာဖြစ်

  • မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် ခရီးသွားလာမှုဆိုင်ရာစစ်တမ်းကောက်ယူမည်

  • လမ်းဘေးကားပါကင်သည်များ လိုက်လံသိမ်းဆည်း/

  • အောင်မင်္ဂလာ အဝေးပြေးကားဝင်းအသစ် သြဂုတ်လအတွင်းဖွင့်လှစ်နိုင်တော့မည်

  • ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း နယ်လှည်ပြီးပြုလုပ်ပေးမည်

  • ယာဉ်ကြောမပိတ်ဆို့ရေးအတွက် အနော်ရထာလမ်းပေါ်ရှိ လမ်း(၃ဝ)မှတ်တိုင်ဖျက်သိမ်း

  • ဘီးခွန်ဆောင်ခြင်းကို ဇွန်လမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးမည်/


news_this_week

တက္ကစီစလစ်အတွက် Suzuki R- များ အဝယ်လိုက်နေ


တက္ကစီစလစ်အတွက် Suzuki R- ကားများ အဝယ်လိုက်နေကြောင်း ကားဝယ်/ရောင်းများထံမှသိရှိရသည်။ ယာဉ်အို၊ယာဉ်ဟောင်းဝယ်ရောင်းများအနေဖြင့် ယခင် ရန်ကုန် ကညန ရုံးတွင် Suzuki R- ကားများကို အပ်နှံ ခွင့်မပြုဟူသည့်အထင်ဖြင့် နယ်မြို့များသို့ဆင်းကာ နံပါတ်အနီပြောင်းပြီး တက္ကစီစလစ်ထုတ်ယူခဲ့ကြသည်။သို့ သော်စက်မှုဇုံထုတ်ကားများမှလွဲပြီး မည်သည့်ကားမဆိုအပ်နှံပါက တက္ကစီစလစ်ထုတ်ပေးမည် ဆိုသောကြာင့် Suzuki R- ကားများသည်လည်း ယခင် ကထက် အဝယ် လိုက်နေကြောင်း သိရှိရသည်။

Ref:Auto mobile

 

ဝယ်လိုအားများသော Mini Truck များ စျေးနှုန်းအနည်းငယ် မြင့်တက်နေ


စျေးနှုန်းသက်သာသော လုပ်ငန်းသုံးယာဉ်များဖြစ်သည့် Mini Truck များသည် ဝယ်လိုအားမြင့်မားမှုကြောင့် စျေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်း ကားဝယ်/ရောင်းများမှတဆင့် သိရသည်။ပြည်တွင်းစျေးကွက်အတွင်း တွင် Mini Truck များ ဝယ်လိုအားမြင့်တက်နေပြီး ဧပြီလမတိုင်ခင်က Suzuki Carry Truck သည် သိန်း(၆ဝ) ဝန်းကျင် ပေါက်စျေးရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်းတွင် (၆၅)သိန်းအထိ စျေးနှုန်းမြင့်တက်သွားခဲ့သည်။ အလားတူ Daihatsu ၊ Mitsubishi ၊ Honda ၊ Subaru ၊ Mazada Carry Truck များလည်း ယခုရက်ပိုင်းအ တွင်း စျေးနှုန်းမြင့်တက်သွားခဲ့ကြောင်း သိရှိရသည်။

Ref:Auto mobile

 

ကျောင်းကြို/ပို့ကားအဖြစ် အသုံးပြုရန် Mini Bus များ အဝယ်လိုက်


ကျောင်းကြို/ပို့ကားအဖြစ် အသုံးပြုရန်အတွက် Mini Bus ကားများအဝယ်လိုက်နေပြီး အရောင်း အဝယ် သွက်လျက်ရှိကြောင်း General Arr Mann Thit မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ကျောင်းကြို/ပို့ ပြေးဆွဲနေသော ယာဉ်ပိုင်ရှင်အချို့သည် ယခင်ကပြေးဆွဲလျက်ရှိသည် Light Truck များနေရာတွင် Mini Bus ကားများဖြင့် အစားထိုးပြေးဆွဲနိုင်ရန်အတွက် ယခုကဲ့သို့ဝယ်ယူမှုများရှိလာကြောင်း အဆိုပါကားစျေးကွက်အ တွင်းမှသိရသည်။

Ref: Auto mobile

 

ခရီးသည်တင်ယာဉ် အင်္ဂါရပ်နှင့် ကိုက်ညီမှုမရှိ သော မြို့တွင်းခရီးသည်တင်ယာဉ်များအား မ.ထ.သ မှ သတိပေးစာပေးပို့မည်


အများပြည်သူစီးနင်းလိုက်ပါနိုင်သည့် ခရီးသည်တင်အင်္ဂါရပ်နှင့်ကိုက်ညီမှုမရှိသော မြို့တွင်းခရီးသည်တင်ယာဉ် များအား မ.ထ.သ(ဗဟို)မှ သတိပေး စာပေးပို့သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။မြို့တွင်းပြေးဆွဲလျက်ရှိ သည့်ခရီးသည်တင်ယာဉ်များတွင် ယာဉ်ဖွဲ့စည်းပုံသတ်မှတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိခြင်း၊ကြံ့ခိုင်မှု အားနည်း ၍ အများပြည်သူလိုက်ပါစီးနင်းရန် မသင့်တော်သောယာဉ်များအား မ.ထ.သ(ဗဟို)မှသတိပေး အကြောင်းကြား စာပေးပို့၍ ပြုပြင်ခြင်း၊အစားထိုး လဲလှယ်ခြင်း များ ပြုလုပ်စေမည်ဖြစ်ကြောင်း မ.ထ.သ(ဗဟို)မှဥက္ကဌဦးလှအောင် ကပြောကြားသည်။

Ref:Auto mobile

 

မြန်မာမီနီဆလွန်းကားများ အရစ်ကျစနစ်ဖြင့် နိုင်ငံဝန်ထမ်းများအား ရောင်းချပေးရန် အစီအစဉ်ရှိဟုဆို


စက်မှုဝန်ကြီးဌာနမှ ရောင်းချပေးလျက်ရှိသော မြန်မာမီနီကားများကို နိုင်ငံဝန်ထမ်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်အစီအစဉ်ရှိသော်လည်း အကောင်အထည်မဖော်ဖြစ်သေးကြောင်း၊ပထမဦးစွာ ၎င်းကားများ၏ စျေးနှုန်းတန်ဘိုးကိုချပေးပြီးမှသာလျှင် အစီအစဉ်အားပြုလုပ်နိုင်ဖွယ်ရှိကြောင်း နေပြည်တော်ရှိစက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ရောင်းချခဲ့မည်ဆိုပါကလည်း အပြင်လူများအားရောင်းချမည်မ ဟုတ်ပဲ နိုင်ငံဝန်ထမ်းများကိုသာ ပထမဦးစားပေးရောင်းချပေးနိုင်ဖွယ်ရှိပြီး ယခုအချိန်တွင် မြန်မာမီနီကားများ ကိုကျပ်(၇၅)သိန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

Ref: Auto World

 

Taxi များကို မ.ထ.သ(ဗဟို)မှကြီးကြပ်မည်ဆို ခြင်းမှာ ပြည်သူလူထု သယ်ယူပို့ဆောင်ရေးအ ခန်းကဏ္ဍကို မြင့်တင်ခြင်းသာဖြစ်


မြို့တွင်းပြေးဆွဲနေသော Taxi ယာဉ်များကို မ.ထ.သ(ဗဟို)မှကြီးကြပ်မည်ဆိုခြင်းမှာ ပြည်သူလူထု၏ သယ်ယူပို့ ဆောင်ရေးအခန်းကဏ္ဍကို မြင့်တင်ရန်အတွက်သာဖြစ်ကြောင်း မ.ထ.သ ဥက္ကဌ ဦးလှအောင် ကပြောသည်။ Taxi များအနေဖြင့် မ.ထ.သ မှကြီးကြပ်မည်ဆိုသောကြောင့် မေးခွန်းများထွက်ပေါ်လာပြီး Taxi ယာဉ်မောင်း များကမေးမြန်းမှုများရှိကြောင်း သိရှိရသည်။စည်းကမ်းပိုင်းဆိုင်ရာနှင့် ပြည်သူလူထု၏ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးရန်အတွက်သာဖြစ်ပြီး Taxi ယာဉ်မောင်းများအနေဖြင့် စိတ်ပူပန်စရာမလို ကြောင်း ဦးလှအောင်ကပြောသည်။Taxi ယာဉ်အသုံးပြုသူများနှင့် မောင်းနှင်သော ယာဉ်မောင်းများအား စည်းကမ်း စနစ်တကျရှိစေရန် နှင့် ပြည်သူလူထု သယ်ဆောင်သောစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ဝိုင်းဝန်းလုပ် ဆောင်ရန်သာဖြစ်ကြောင်း သိရှိရသည်။

Ref: Auto World

 

မြို့ပြသယ်ယူပို့ဆောင်ရေးအတွက် ခရီးသွား လာမှုဆိုင်ရာစစ်တမ်းကောက်ယူမည်


ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ အိမ်ထောင်စု တစ်သောင်းနှစ်ထောင်ကျော်ဆီမှ ခရီးသွား လာမှုဆိုင်ရာနှင့်ပတ်သက်သော စစ်တမ်းများကောက်ယူသွားမည်ဟု JICA လေ့လာရေးအဖွဲ့မှ သိရှိရသည်။

ထိုသို့စစ်တမ်းကောက်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် JICA တို့ပူးပေါင်းစီစဉ်နေသည့် မဟာရန် ကုန်မြို့ပြသယ်ယူပိုဆောင်ရေး စီမံကိန်းကို ဆောင်ရွက်ရန်အတွက် ကောက်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်တမ်းကောက်ယူခြင်းကို ဇွန်လတွင်စတင်ပြီး သြဂုတ်လအထိ ဖြစ်သည်။

Ref: Auto World

 

လမ်းဘေး ကားပါကင်ဦးသည်များ လိုက်လံ သိမ်းဆည်း


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာများရှေ့၊ကုမ္ပဏီရုံးခန်းများရှေ့၊လူနေအိမ်များရှေ့ တွင်ကားပါကင်ဦးမှုများအား မပြုလုပ်ရန်ကြေညာပြီး တစ်လပြည့်ပြီးနောက် (၁၇.၅.၁၃)ရက်နေ့တွင် စတင်အကောင်အထည်ဖော် သိမ်းဆည်းနေကြောင်းသိရှိရသည်။

Ref: Auto World

 

အောင်မင်္ဂလာ အဝေးပြေးကားဝင်းအသစ် သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်တော့မည်


တစ်နေရာစီပြန့်ကျဲနေသော အောင်မင်္ဂလာ အဝေးပြေးကားဝင်းကို တစ်နေရာတည်းမှာ ပြန်လည်စုစည်းကာ အဆင့်မြင့်အဆောက်အအုံများအတွင်းတွင် အဝေးပြေး ကားများ ဆိုက်ရောက်စနစ်သစ်၊ ထွက်ခွာစနစ်သစ် နှစ်ခုကို နိုင်ငံတကာလေဆိပ်များနှင့် မီးရထားဘူတာရုံများတွင် ကျင့်သုံးနေသော စနစ်များအတိုင်း စတင်အ သုံးပြုမည်ဟုသိရှိရသည်။ရန်ကုန်မြို့တော်စည်ပင်က အောင်မင်္ဂလာအဂေးပြေးယာဉ်ရပ်နားစခန်းအတွင်းတွင် ပထမအစီအစဉ်အရ ခောတ်မီအဆင့်မြင့် Arrival Terminal အဆောက်အအုံကို(Myint&Paing)ကုမ္ပဏီလီမိ တက်နှင့်အကျိုးတူပူးပေါင်းဆောက်လုပ်ခဲ့ရာ ယခုအခါတွင် ပြီးစီးမှုရာခိုင်နှုန်းမှာ (၆ဝ)ရာခိုင်နှုန်း အထိပြီး စီး နေပြီဖြစ်သောကြောင့် အဆိုပါကားဝင်းအား သြဂုတ်လအတွင်းဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း စခန်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရှိရသည်။

Ref: Auto World

 

ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း နယ်လှည့်ပြီးပြုလုပ်ပေးမည်


ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးမှုကို နယ်တွေမှာလှည့်လည်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။အဆိုပါကိစ္စရပ်အား ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ကုန်လမ်းညွန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်၊ဆိုင်ကယ်များ၏ သက်တမ်းတိုးမှုများကိုနယ်တွေမှာလှည့်လည်ဆောင် ရွက်ပေးသွား မှာဖြစ်ကြောင်းသိရှိ ရသည်။ ဤကဲ့သို့ဆောင်ရွက်ရာတွင် ပြည်နယ်နှင့်တိုင်း(၁၂)ခုကိုအဓိကထားကာ လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်းကို သိရှိရသည်။အဆိုပါလိုင်စင်သက်တမ်းတိုးခြင်းကို ဇွန်လထဲတွင် ကွင်းဆင်းဆောင်ရွက်ပေးသွားဖြစ်ပြီး သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်တဲ့စာရွက်စာတမ်းများကို ပြုလုပ်ထားရန်လိုအပ်ကြောင်း သိရှိရသည်။

Ref: Auto World

 

ယာဉ်ကြောမပိတ်ဆို့ရေးအတွက် အနော်ရထာလမ်းပေါ်ရှိ လမ်း(၃ဝ)မှတ်တိုင် ဖျက်သိမ်း


ဆူးလေမီးပွိုင့်နှင့် ကပ်လျက်ရှိသော အနော်ရထာလမ်းပေါ်ရှိ လမ်း(၃ဝ)မှတ်တိုင်အား ကုန်စျေးတန်းမှတ်တိုင်သို့ ပြောင်းရွှေ့ထားကြောင်းသိရှိရသည်။လမ်း(၃ဝ) မှတ်တိုင်သည် ဘားလမ်းနှင့်ကုန်စျေးတန်းမှတ်တိုင်တို့ကြားတွင် တည်ရှိပြီးယခုကဲ့သို့ပြောင်းရွှေ့ရခြင်းမှာယာဉ်ကြောပိတ်ဆို့မှုများလျော့ချရေးအတွက်ဖြစ်ကြောင်း သိရှိရသည်။မှတ်တိုင်မဟုတ်သောနေရာများတွင် ယာဉ်လိုင်းများရပ်နားပါက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအရ ဥပဒေနှင့် အညီအရေးယူမှုများပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

Ref: Auto World

 

ဘီးခွန်ဆောင်ခြင်းကို ဇွန်လမှစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးမည်


နှစ်စဉ် ဇန်နဝါရီလမှ မေလအတွင်းဘီးခွန်ဆောင်ရာတွင် လာရောက်ပေးဆောင်သူနည်းပါးသောကြောင့်မေလ ကုန်ပိုင်းတွင်ရှောင်တခင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်တွင်ဇွန်လမှစတင်ကာ လုပ်ဆောင်ပေး သွားမှာဖြစ်ကြောင်း ဒုဦးစီးမှုးဦးသန်းတင်ကပြောသည်။မတ်လကုန်နောက်ပိုင်းတွင် ပေးဆောင်ပါက ဒဏ်ကြေး ပေးဆောင်ရမည်ဆိုသော်လည်း အသစ်တင်သွင်းလာသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် များအား က.ည.န တွင်မှတ်ပုံတင်ပြီး နှစ်လအတွင်း လာရောက်ဘီးခွန်ဆောင်ပါက ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ပေး ထားကြောင်းသိရှိရသည်။

Ref: Auto World

 

 

 

Latest News

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »

The Pizza Company မွ သိန္း၅၀၀တန္ဖိုးရွိ...

Pizza 150x150

Zawgyi Version The Pizza Company သည္ ႏွစ္သစ္ကူးကာလ အေရာင္းျမင့္တင္သည့္အေနျဖင့္ The Pizza Company ဆုိင္ခြဲ တိုင္းတြင္တြင္ ၂၉၀၀၀ က်ပ္ဖိုး...

Read more »

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »