တစ္ပတ္အတြင္း ကားေလာကသတင္းမ်ား

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။
သတင္းထူးမ်ားမွာေတာ့ :

news_this_week



  • i-Pay ကတ္ (၆၅၀၀၀၀) ခန္႔ေရာင္းခ် ခဲ့ေသာ္လည္း ေန႔စဥ္အသံုးျပဳသူဦးေရ (၃၄၀၀)ခန္႔သာရွိ



  • ဗိုလ္တေထာင္ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္း အဆင့္ျမႇင့္တင္ တည္ေဆာက္မည္



  • မိုဒယ္ကန္႔သတ္လိုက္သျဖင့္ ယာဥ္လိုင္းပိုင္ရွင္မ်ား ၂၀၀၄ မိုဒယ္အမ်ဳိးအစားယာဥ္မ်ား ႀကိဳတင္မွာယူမႈမ်ားျပဳလုပ္



  • ရန္ကုန္ၿမိဳ႕တြင္း မီးပြိဳင့္ ၁၅၀ေက်ာ္အား ဆင္ဆာစနစ္သံုး မီးပြိဳင့္မ်ား ေျပာင္းလဲတပ္ဆင္မည္



  • ကေလးႏွင့္တမူးတြင္ ဇန္န၀ါရီလ တတိယပတ္အတြင္း လိုင္စင္မဲ့ ကားႏွစ္စီး ထပ္မံဖမ္းဆီးရမိ



  • တုိယိုတာအမွတ္တံဆိပ္ ကမၻာနံပါတ္ ၁ ျဖစ္ေနဆဲ



  • အမ်ိဳးသမီးစပယ္ယာ လိုင္စင္ျပဳလုပ္ထားသူ (၄၀)ဦးခန္႔ရွိလာ



  • တကၠစီပါမစ္မ်ား ရပ္နားထားေသာ္လည္း (1.3) ကားမ်ား ေရာင္းေကာင္း



  • ၂၀၁၄ Green Car နည္းပညာဆု Cadillac ရရွိ



  • ယာဥ္အုိယာဥ္ေဟာင္းအပ္ႏွံမႈ ျမင္သာရွိ က.ည.န ႐ံုး၌သာ လက္ခံဦးမည္



  • ယာဥ္အုိယာဥ္ေဟာင္းလဲလွယ္ေရး မူ၀ါဒသစ္ကို ကားေလာကမွ စိတ္၀င္တစား ေစာင့္ၾကည့္



  • က.ည.န တြင္ အက်ဳိးေဆာင္မ်ားမရွိျခင္းေၾကာင့္ ယာဥ္ပိုင္ရွင္မ်ားပြဲစားဒုကၡပိုမိုခံစားရ



  • Expire Date ေက်ာ္လြန္ ေနသည့္ ကားတာယာမ်ားကို ဆက္လက္တပ္ဆင္ မသံုးသင့္ဟုဆို



  • လာမည့္ ႏွစ္မွစ၍ CIF တန္ဖိုးဇယားကုိ ဌာနဆုိင္ရာမ်ားမွ ေရးဆြဲမည္မဟုတ္ဘဲ လုပ္ငန္းရွင္မ်ား ကုိ တာ၀န္ေပးမည္




i-Pay ကတ္ (၆၅၀၀၀၀) ခန္႔ေရာင္းခ် ခဲ့ေသာ္လည္း ေန႔စဥ္အသံုးျပဳသူဦးေရ (၃၄၀၀)ခန္႔သာရွိ


ရန္ကုန္တိုင္း ေဒသႀကီးတြင္ ခရီးသည္မ်ား စီးနင္းလိုက္ပါသည့္ ေမာ္ေတာ္ယာဥ္မ်ား၊ သေဘာၤမ်ားတြင္ စီးနင္းခအလြယ္တကူ ေပးေဆာင္ႏိုင္ရန္ i-Pay စနစ္ျဖင့္ i-Pay ကဒ္မ်ားကို ေရာင္းခ်ေပးလွ်က္ရွိရာ လက္ရွိအခ်ိန္အထိ i-Pay ကတ္ (၆၅၀၀၀၀) ခန္႔ ေရာင္းခ်မွဳ ရွိခဲ့ေသာ္လည္း ယင္း i-Pay ကဒ္ကို ေန႔စဥ္အသံုးျပဳ သူဦးေရမွာ (၃၄၀၀) ခန္႔သာ ရွိေနေသာေၾကာင္း သိရွိရပါသည္။ ပန္းဆိုးတန္း-ဒလဆိပ္ကမ္း တြင္လည္း i-Pay စနစ္ထားရွိ ေပးထားၿပီး လက္ရွိအခ်ိန္တြင္ ယင္းစနစ္မ်ားကို ေက်ာင္းမ်ားတြင္ အသံုးျပဳႏိုင္ရန္ ေဆာင္ရြက္ေနၿပီး ဒဂံုတကၠသိုလ္ ေက်ာင္းဝင္းအတြင္း ရွိကန္တင္း (၄) ခုတြင္ စတင္ေဆာင္ရြက္ ၿပီးျဖစ္ေၾကာင္း သိရွိရသည္။ လက္ရွိ အခ်ိန္တြင္ i-Pay ကတ္ကို ေန႔စဥ္အသံုးျပဳေနသည့္ ေမာ္ေတာ္ယာဥ္လိုင္းတြင္ (၁၅၀၀) ဦးခန္႔၊ သေဘာၤတြင္ (၁၈၀၀) ဦးခန္႔၊ ကန္တင္းတြင္ (၁၀၀) ဦးခန္႔ အသီးသီး အသံုးျပဳေနၾက ေၾကာင္းလည္း သိရွိရသည္။ i-Pay သံုးသည့္ ျပည္သူမ်ားကို ဝန္ေဆာင္မွဳေပးရန္ i-Pay Station (၉) ခု ၊ i-Pay Bus Stand (၉) ခုတည္ေဆာက္ ေပးထားၿပီး ထပ္မံၿပီး i-Pay Bus Stand (၂၂) ခုကိုတည္ေဆာက္ ေပးသြားမည္ ျဖစ္ေၾကာင္းလည္း သိရွိရပါသည္။ I-Pay ကဒ္ျဖင့္ ေငြေပးေခ်မွဳ ကို (၂၀၁၂) ခုႏွစ္ ဧၿပီ (၂) ရက္ေန႔မွ စတင္ေဆာင္ရြက္ခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီး အတြင္းေျပးဆြဲေသာ ခရီးသည္တင္ ဘတ္စ္ကားမ်ားတြင္ i-Pay စက္တပ္ဆင္ ေပးထားသည္မွာ (၂၀၁၃) ခုႏွစ္၊ ႏိုဝင္ဘာလအထိ ယာဥ္အစီးေရ (၃၃၅) စီး အထိရွိလာ ခဲဲ့ေၾကာင္း သိရွိရပါသည္။
Ref: Auto World

 

ဗိုလ္တေထာင္ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္း အဆင့္ျမႇင့္တင္ တည္ေဆာက္မည္


ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တေထာင္ၿမိဳ႕နယ္အတြင္း တည္ေဆာက္ထားသည့္ ဗိုလ္တေထာင္ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္းအား အဆင့္ျမႇင့္တင္ သြားမည္ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ စီမံေရးရာဌာန’မွ သတင္းရရွိသည္။ အဆိုပါ ေမာ္ေတာ္ယာဥ္ ရပ္နားစခန္းအား ၂၀၁၃ ခုႏွစ္ အေစာပိုင္း ကာလတြင္ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္းအျဖစ္ အသံုးျပဳရန္ အမွတ္ ၆ သေဘၤာ၀င္းေျမေနရာကို ျပဳျပင္အသံုးျပဳခဲ့ၿပီး လက္ရွိ ယင္းေနရာအား ထပ္မံအဆင့္ျမႇင့္တင္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္းသို႔ အဆင့္ျမႇင့္တင္ ေဆာင္ရြက္ရန္ စီစဥ္မႈမ်ားေၾကာင့္ လက္ရွိတြင္ ဗိုလ္တေထာင္ ကုန္ေသတၱာ တင္ယာဥ္ရပ္နားစခန္းမွ ယာဥ္မ်ားအေနျဖင့္ အလံုၿမိဳ႕နယ္ရွိ ကုန္ေသတၱာတင္ယာဥ္ ရပ္နားစခန္းသို႔ သြားေရာက္ကာ ယာဥ္မ်ား ရပ္နားၾကရၿပီး ယာဥ္အမ်ားစုမွာ အလံုယာဥ္ရပ္နားစခန္းသို႔ သြားေရာက္ရပ္နားျခင္းမျပဳဘဲ ဗိုလ္တေထာင္ ယာဥ္ရပ္နား၀င္းအနီးရွိ လမ္းမမ်ား၊ လမ္းသြယ္မ်ား၌ ရပ္နားမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

 

Ref: Auto mobile

 

မိုဒယ္ကန္႔သတ္လိုက္သျဖင့္ ယာဥ္လိုင္းပိုင္ရွင္မ်ား ၂၀၀၄ မိုဒယ္အမ်ဳိးအစားယာဥ္မ်ား ႀကိဳတင္မွာယူမႈမ်ားျပဳလုပ္


ျပည္တြင္းသို႔ ခရီးသည္တင္ယာဥ္ မ်ားတင္သြင္းရာ၌ မိုဒယ္အမ်ဳိးအစား ကန္႔သတ္လိုက္သျဖင့္ ယာဥ္လိုင္းပိုင္ရွင္မ်ားမွ ၂၀၀၄ မိုဒယ္ အမ်ဳိးအစားမ်ား ႀကိဳတင္မွာယူမႈ ျပဳလုပ္ေနေၾကာင္း ယာဥ္လိုင္းပိုင္ရွင္မ်ားထံမွ စံုစမ္းသိရွိရသည္။ ယခုႏွစ္အတြင္း ခရီးသည္ တင္ယာဥ္မ်ားအား ၂၀၀၉ မိုဒယ္ ႏွင့္အထက္ကိုသာ တင္သြင္းခြင့္ျပဳမည္ဟု တိုင္းေဒသႀကီးအစိုးရက သတ္မွတ္ထားၿပီး ယင္းသတ္မွတ္ခ်က္ အသက္၀င္မႈနည္းပါးစဥ္ ကာလအတြင္း ယာဥ္လိုင္းပိုင္ရွင္မ်ား စုေပါင္းကာ လက္ရွိ ခရီးသည္တင္ ယာဥ္အျဖစ္ တင္သြင္းအသံုးျပဳ လ်က္ရွိသည့္ ၂၀၀၄ မိုဒယ္ အမ်ဳိးအစားယာဥ္မ်ားကုိ ႀကိဳတင္မွာယူထားျခင္း ျဖစ္ေၾကာင္း သိရသည္။တိုင္းေဒသႀကီး အစိုးရအဖြဲ႕ အေနျဖင့္လည္း ရန္ကုန္ၿမိဳ႕ သယ္ယူပို႔ေဆာင္ေရးက႑၌ မိုဒယ္ျမင့္ ခရီးသည္တင္ယာဥ္မ်ားျဖင့္ အစားထိုး ေျပးဆြဲေစရန္အတြက္ တင္သြင္းယာဥ္မိုဒယ္ သတ္မွတ္ရျခင္း ျဖစ္ၿပီး ၿမိဳ႕တြင္းခရီးသည္ သယ္ယူပို႔ေဆာင္ေရးက႑၌ ရင္းႏွီးျမႇဳပ္ႏွံသူ ေလ်ာ့နည္းသြား ႏိုင္ေသာေၾကာင့္ လုပ္ငန္းရွင္မ်ားကို ေခၚယူေဆြးေႏြးမႈ ျပဳလုပ္မည္ဟု သိရသည္။

 

Ref:Automobile

 

ရန္ကုန္ၿမိဳ႕တြင္း မီးပြိဳင့္ ၁၅၀ေက်ာ္အား ဆင္ဆာစနစ္သံုး မီးပြိဳင့္မ်ား ေျပာင္းလဲတပ္ဆင္မည္


ရန္ကုန္ၿမိဳ႕တြင္းရွိ အခ်က္ျပ မီးပြိဳင့္ ၁၅၀ ေက်ာ္အား ဆင္ဆာစနစ္သံုး မီးပြိဳင့္မ်ား ေျပာင္းလဲတပ္ဆင္မည္ ျဖစ္ေၾကာင္း ‘ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား)’မွ သတင္း ရရွိသည္။ ယာဥ္ေၾကာက်ပ္တည္းမႈ ရွိေနသည့္ မရမ္းကုန္းၿမိဳ႕နယ္၊ ရွစ္မုိင္လမ္းဆံုတြင္ ခံုးေက်ာ္တံတား တည္ေဆာက္ရန္ စီစဥ္ခဲ့ေသာ္လည္း ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူေပါင္းေဆာင္ရြက္ေရးအဖြဲ႕ (JICA) ၏ အႀကံေပးမႈျဖင့္ ဆင္ဆာ စနစ္သံုးမီးပြိဳင့္ စမ္းသပ္တပ္ဆင္ခဲ့ရာ ယာဥ္ေၾကာ က်ပ္တည္းမႈ ထက္၀က္ခန္႔ ေျဖေလွ်ာ့ႏိုင္သည့္အတြက္ ၿမိဳ႕တြင္းလမ္းဆံုမီးပြိဳင့္ ၁၅၀ ေက်ာ္၌ အဆိုပါ မီးပြိဳင့္ဆင္ဆာစနစ္မ်ား ေျပာင္းလဲတပ္ဆင္ သြားမည္ဟု သိရသည္။
ဆင္ဆာစနစ္သံုး မီးပြိဳင့္တစ္ခုတြင္ ကင္မရာတစ္လံုးပါရွိၿပီး ေရွ႕၊ ေနာက္ယာဥ္ေၾကာ အတြက္ စကၠန္႔ ၉၀ ႏွင့္ ေဘးႏွစ္ဖက္ ယာဥ္ေၾကာ အတြက္ ၄၅ စကၠန္႔ျဖင့္ ပံုမွန္ ထိန္းခ်ဳပ္လ်က္ရွိကာ ယာဥ္လမ္းေၾကာင္းအလိုက္ ယာဥ္ေၾကာ က်ပ္တည္းမႈ အေပၚ မူတည္၍လည္း လမ္းေၾကာင္း အလိုအေလ်ာက္ ထိန္းခ်ဳပ္မႈရွိေၾကာင္း သိရသည္။ ၿမိဳ႕တြင္း လမ္းဆံုမီးပြိဳင့္ ၁၅၀ ေက်ာ္တြင္ တပ္ဆင္မည့္ ဆင္ဆာစနစ္သံုး မီးပြိဳင့္မ်ား၏တန္ဖိုး မ်ားျပားသည့္အတြက္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္မွသာ ေဆာင္ရြက္ႏိုင္မည္ ျဖစ္ၿပီး အဆိုပါမီးပြိဳင့္မ်ား တပ္ဆင္ရန္အတြက္ လက္ရွိ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္ရြက္ေရး ေအဂ်င္စီ(JICA)ႏွင့္ ေဆြးေႏြးညႇိႏိႈင္းမႈမ်ား ျပဳလုပ္လ်က္ ရွိေၾကာင္း သိရသည္။

 

Ref: Auto mobile

 

ကေလးႏွင့္တမူးတြင္ ဇန္န၀ါရီလ တတိယပတ္အတြင္း လိုင္စင္မဲ့ ကားႏွစ္စီး ထပ္မံဖမ္းဆီးရမိ


ကေလးႏွင့္ တမူးၿမိဳ႕တို႔တြင္ ဇန္န ၀ါရီလ တတိယပတ္အတြင္း လိုင္စင္မဲ့ ကားႏွစ္စီးကို ထပ္မံဖမ္းဆီး ရမိခဲ့ေၾကာင္း ‘ယာဥ္ထိန္းရဲတပ္ ဖြဲ႕စုမွဴး႐ံုး(ကေလး)’မွ သိရသည္။
ဇန္န၀ါရီ ၁၆ ရက္က ဗိုလ္ခ်ဳပ္လမ္းႏွင့္ ဘူတာလမ္းဆံုတြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း စစ္ေဆးေဆာင္ရြက္ေနစဥ္ အေရွ႕မွ အေနာက္သို႔ လားလ္ထန္းလ်ံ အာ(သ) ၂၇ ႏွစ္ ေမာင္းႏွင္လာသည့္ ၄ဂ/၇၄၀၁ နံပါတ္ တပ္ဆင္ထားေသာ Honda Fit ခဲေရာင္ ကားတစ္စီးကုိ ရပ္တန္႔စစ္ေဆးရာ ယာဥ္ႏွင့္ပတ္သက္ေသာ သက္ေသခံ စာရြက္စာတမ္းမ်ား ျပသႏိုင္ျခင္း မရွိသျဖင့္ ရဲအုပ္စိုးမိုးေအာင္က တရားဥပေဒအရ အေရးယူေပးပါရန္ ကေလးရဲစခန္းသို႔ တိုင္တန္းခဲ့သည္။ ယခု ဖမ္းဆီးရမိမႈသည္ ကေလးၿမိဳ႕တြင္ ၂၀၁၄ ခုႏွစ္၏ ဒုတိ ယအႀကိမ္ေျမာက္ ဖမ္းဆီးရမိမႈ ျဖစ္ၿပီး ဇန္န၀ါရီ ၁၀ ရက္ကလည္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း စစ္ေဆးရာမွ လိုင္စင္မဲ့ ကားသံုးစီးကို ဖမ္းဆီးရမိခဲ့သည္။ ကေလးၿမိဳ႕တြင္သာမက အိႏၵိယ-ျမန္မာနယ္စပ္ တမူးၿမိဳ႕တြင္လည္း ဇန္န၀ါရီ ၁၇ ရက္က သံုးမိုင္ ရဲကင္းေရွ႕၌ လံုၿခံဳေရး စစ္ေဆးရာမွ Pajero အျဖဴေရာင္ လိုင္စင္မဲ့ကားတစ္စီးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

 

Ref: Auto mobile

 

တုိယိုတာအမွတ္တံဆိပ္ ကမၻာနံပါတ္ ၁ ျဖစ္ေနဆဲ


၂၀၁၃ ခုႏွစ္ ကားေရာင္းအား စာရင္းဇယားမ်ားအရ ဂ်င္နရယ္ေမာ္ေတာ္ႏွင့္ ေဗာက္စ္၀က္ဂြန္ လုပ္ငန္းစုတို႔ကို ေက်ာ္လြန္ၿပီး တိုယိုတာကား ထုတ္လုပ္ေရးက ကမၻာ့နံပါတ္ ၁ ေနရာကို ျပန္လည္ ရယူထားႏိုင္ေၾကာင္း သိရသည္။ ဂ်ပန္ ကားထုတ္လုပ္သူသည္ ကမၻာတစ္၀ွမ္းေရာင္းအား ပမာဏ ၉ ဒသမ ၉၈ သန္း ျဖင့္ ကမၻာ့နံပါတ္ ၁ ကား ထုတ္လုပ္သူေနရာကို ေရာက္လာေသာ္လည္း ကားအစီးေရ ၁၀ သန္းဟူေသာ ပန္းတိုင္ႏွင့္ သီသီကေလး လြဲေခ်ာ္ခဲ့သည္။ တိုယိုတာေနာက္တြင္ ဂ်င္နရယ္ေမာ္ေတာ္က ၉ ဒသမ ၇၁သန္း၊ ေဗာက္စ္၀က္ဂြန္က ၉ ဒသမ ၇ သန္း ျဖင့္ အစဥ္လိုက္ ရွိေနသည္။၂၀၁၁ ခုႏွစ္ ဆူနာမီ သဘာ၀ေဘးေၾကာင့္ ကားထုတ္လုပ္မႈ ထိခိုက္ခဲ့သည္ မွအပ တိုယိုတာသည္ ၂၀၀၈ ခုႏွစ္ကတည္းက ကမၻာ့သရဖူကို ႏွစ္စဥ္ေဆာင္း လာႏိုင္ခဲ့ေသာ ကားထုတ္လုပ္ေရး ျဖစ္သည္။ လာမည့္ ၂၀၁၄ တြင္ အစီးေရ ၁၀ သန္းကို ေက်ာ္လြန္ေအာင္ ေရာင္းခ်မည္ဟု တိုယိုတာက ၎၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ ၂၀၁၃ ခုႏွစ္အတြက္ တိုယိုတာ၏ ေရာင္းအားပမာဏတြင္ လက္ဆပ္စ္၊ ဒိုင္ဟတ္စုႏွင့္ ထရပ္ထုတ္လုပ္သူ ဟီးႏိုးတို႔၏ ေရာင္းအားကိန္း ဂဏန္းကိုပါ ေပါင္းထည့္ထားသည္။ တိုယိုတာကား ၁၀ စီး ေရာင္းခ်လွ်င္ ဟိုက္ဘရစ္ပါ၀င္ႏႈန္းမွာ ၁ စီးထက္ ေက်ာ္လြန္သည္။ တိုယိုတာ၏ ေရာင္းအား အဓိက မွီခိုရာမွာလည္း ၎၏ ျပည္တြင္း ဂ်ပန္ေစ်းကြက္ပင္ ျဖစ္သည္။ ယမန္ႏွစ္က ကားအစီးေရ ၂ ဒသမ ၃ သန္း ေရာင္းခ် ႏိုင္ခဲ့သည္။ ယင္းပမာဏမွာ ၿဗိတိန္၏ ကားသစ္ ေစ်းကြက္တစ္ခုလံုးႏွင့္ ညီမွ်သည္။ ဂ်င္နရယ္ေမာ္ေတာ္၏ နံပါတ္ ၂ ေနရာအတြက္ ခ်က္ဗလက္က အခရာ ျဖစ္သည္။ ယမန္ႏွစ္က ခ်က္ဗလက္ အစီးေရ ၅ သန္းနီးပါး ေရာင္းခ် ႏိုင္ခဲ့သည္။ခ်က္ဗလက္သည္ ၎၏ အိမ္ေစ်းကြက္ အေမရိကတြင္ ေရပန္းအစားဆံုး တံဆိပ္တစ္ခု ျဖစ္သည္။ ဥေရာပေစ်းကြက္ ကိုမူထိုး ေဖာက္ႏိုင္စြမ္း မရွိခဲ့ေပ။ ၂၀၁၅ ဆိုလွ်င္ ခ်က္ဗလက္ကို ဥေရာပေစ်းကြက္ မွအၿပီးတိုင္ ဖယ္ထုတ္ေတာ့မည္ဟု ဂ်င္နရယ္ ေမာ္ေတာ္ ကေျပာေနသည္။ဥေရာပတြင္ ေဗာက္စ္ေဟာႏွင့္ အိုပယ္လ္ တို႔ကိုသာ ဆက္လက္ထား ရွိမည္ျဖစ္သည္။ ေဗာက္စ္၀က္ဂြန္ သည္လည္း ယခင္ကထက္ စာလွ်င္ ယမန္ႏွစ္၌ ေရာင္းအား ၅ ရာခိုင္ႏႈန္း တက္လာသည္။ ေဗာက္စ္၀က္ဂြန္ သီးသန္႔ အစီးေရ ၆ သန္းနီးပါး ေရာင္းရၿပီး ေအာ္ဒီက အစီးေရ ၁ ဒသမ ၆ သန္းရွိခဲ့သည္။ေဗာက္စ္၀က္ဂြန္ကို အမ်ားဆံုးအား ေပးသည္မွာ တ႐ုတ္ေစ်းကြက္ ျဖစ္သည္။ အစီးေရ ၃ ဒသမ ၃ သန္း ရွိခဲ့သည္။ မထင္မွတ္ဘဲ ေရာင္းအား ေကာင္းခဲ့သည္မွာ ေတာင္အေမရိက ေစ်းကြက္ ျဖစ္သည္။ အစီးေရ တစ္သန္းေအာက္ အေရအတြက္ျဖင့္ ေရာင္းခ်ႏိုင္ခဲ့သည္။

 

Ref: Auto World

 

အမ်ိဳးသမီးစပယ္ယာ လိုင္စင္ျပဳလုပ္ထားသူ (၄၀)ဦးခန္႔ရွိလာ


ခရီးသည္တင္ဘတ္စ္ကားမ်ားတြင္ ယာဥ္ေမာင္းအကူအျဖစ္ လိုက္ပါေသာ ယာဥ္ေနာက္လိုက္ စပယ္ယာမ်ားကို စပယ္ယာ လိုင္စင္ျပဳလုပ္ရန္ ညႊန္ၾကားထားရာတြင္ အမ်ိဳးသားအျပင္ အမ်ိဳးသမီးမ်ားပါ စပယ္ယာလိုင္စင္ ျပဳလုပ္ထားသည္မွာ အေယာက္ (၄၀) ဦးခန္႔ ရွိေနၿပီးျဖစ္ေၾကာင္း ကုန္လမ္းပို႔ေဆာင္ေရး ႏွင့္ညႊန္ၾကားမွဳဦးစီးဌာန (ျမင္သာ) စပယ္ယာလိုင္စင္ စိစစ္ေရးဌာနမွ သိရွိရပါသည္။ အမ်ိဳးသမီး စပယ္ယာလိုင္စင္ လာေရာက္ ျပဳလုပ္သူမ်ားအေနျဖင္ ့ယာဥ္စီးကမ္း၊ လမ္းစီးကမ္းမ်ားကို ႏွဳတ္ေျဖ အျပင္ ေရးေျဖေျဖရေၾကာင္း၊ ယင္းတို႔ေအာင္မွသာ အမ်ိဳးသမီး စပယ္ယာလိုင္စင္ ထုတ္ေပးေၾကာင္း သိရွိရသည္။ အမ်ိဳးသမီး စပယ္ယာလိုင္စင္ ျပဳလုပ္ထားသူမ်ားတြင္ နာမည္ႀကီး အေဝးေျပး ယာဥ္လိုင္းမ်ားျဖစ္သည့္ E-Lite ႏွင့္ JJ အေဝးေျပးယာဥ္လိုင္း တို႔မွအမ်ားဆံုး ျပဳလုပ္ထားေၾကာင္း စာရင္းမ်ားအရ သိရွိရသည္။ အမ်ိဳးသမီး စပယ္ယာ လိုင္စင္ကို E-Lite မွ (၁၆) ေယာက္၊ JJ မွ (၁၁) ေယာက္ႏွင့္ ကိုယ္တိုင္လာေရာက္ ေလွ်က္ထားသူႏွင့္ မ.ထ.သ (ဗဟို) မွ ေလွ်က္ထားသူ (၁၂) ေယာက္ စုစုေပါင္း (၃၉) ေယာက္ရွိေနၿပီျဖစ္ေၾကာင္းသိရွိရသည္။ အေဝးေျပးယာဥ္မ်ားတြင္ လိုက္ပါေသာ Bus မယ္မ်ားသည္ ေၾကာ္ျငာ႐ံု၊ ေနရာခ်ထား႐ံုျဖင့္ အမ်ိဳးသီးစပယ္ယာ လိုင္စင္ ေလွ်က္ထားရန္မလိုဘဲ မ.ထ.သ (အေဝးေျပး) ထံတြင္ ယာဥ္ေပၚလိုက္ပါခြင့္ ရယူ႐ံုျဖင့္ လိုက္ပါႏိုင္ေၾကာင္း သိရွိရသည္။ အမ်ိဳးသမီး ပယ္ယာလိုင္စင္ ေလွ်ာက္ထားသူမ်ားအေနျဖင့္ မွတ္ပံုတင္ မိတၱဴ၊ ဓာတ္ပံု (၃) ပံုလိုအပ္ၿပီး တစ္ႀကိမ္ေျဖဆိုပါက (၁၀၀) က်ပ္ ေပးသြင္းရေၾကာင္းသိရသည္။ ေျဖဆိုမွဳေအာင္ျမင္သူမ်ားကို အမ်ိဳးသမီးစပယ္ယာ လိုင္စင္ထုတ္ေပးၿပီး လိုင္စင္သက္တမ္းမွာ (၅) ႏွစ္ျဖစ္ေၾကာင္း သိရွိရသည္။

 

Ref: Auto World

 

တကၠစီပါမစ္မ်ား ရပ္နားထားေသာ္လည္း (1.3) ကားမ်ား ေရာင္းေကာင္း


(၁.၃) ကားမ်ားအား ကား Show-room မ်ားမွ အာ႐ံုစိုက္မႈနည္းပါးလာကာ (၁.၅) ႏွင့္ (၁.၈) အင္ဂ်င္ပါ၀ါကားမ်ား ဘက္သုိ႔ ေျခလွမ္းစိပ္လာသျဖင့္ ေလလံ တြင္ (၁.၃) ကားမ်ား ၀ယ္ယူရန္ ေစ်းႏႈန္း မ်ားမွာ အသင့္ေတာ္ဆံုးျဖစ္ေနေၾကာင္း ကား Sales Centre ပုိင္ရွင္တစ္ဦးက ေျပာျပခဲ့သည္။ ေလလံတြင္ (၁.၃) ကားအေရအတြက္ မ်ားေနကာ ျပည္တြင္း ၌ ရန္ကုန္တိုင္းေဒသႀကီးအတြက္ တကၠစီ ပါမစ္မ်ား ရပ္နားထားေသာ္လည္း (၁.၃) ကားမ်ား ေရာင္းေကာင္းေၾကာင္း သိ ရသည္။ တကၠစီအတြက္ ၀ယ္ေနၾကတယ္။ Probox နဲ႔ Succeed က ေရာင္းရတယ္။ အခု(၁.၃) ေတြက ေလလံမွာ၀ယ္လို႔ေကာင္း ေနတယ္။ ေစ်းကပံုမွန္ျဖစ္ေနတာ။ အရင္ က ကားေကာင္းရင္ ေကာင္းသလို ယန္း (၄၊ ၅) ေသာင္းေလာက္ပုိေပးရတယ္။ ဂ်ပန္ မွာ ယာဥ္သက္တမ္း (၅) ႏွစ္ဆိုေတာ့ေလလံ မွာ (၁.၃) တင္တာ အေရအတြက္အမ်ား ခ်ည္းပဲလုိ႔ ရွင္းျပသည္။ တကၠစီျပဳလုပ္ရန္ (၁.၃) မ်ား ဆက္ လက္အ၀ယ္လိုက္ေနၿပီး AD Van မွာ(၈၅၊ ၉၀) သိန္းၾကားရွိေန၍ Probox မွာ (၁၀၀) ႏွင့္ (၁၀၂) သိန္းၾကားရွိကာ Probox ကား ပုိ၍ လူႀကိဳက္မ်ားေနေၾကာင္းသိရသည္။ (၁.၅) ကားမ်ားအား C.I.F တန္ဖိုးခ်ေပး လိုက္သျဖင့္ လူအမ်ားမွ ထုိကားမ်ားဘက္ သုိ႔ စိတ္၀င္စားမႈမ်ားကာ (၁.၃)ကားမ်ား ေလလံတြင္ ေစ်းႏႈန္းမ်ားတန္းသြားျခင္းျဖစ္ ေၾကာင္းသိရသည္။

Ref: Auto World

 

၂၀၁၄ Green Car နည္းပညာဆု Cadillac ရရွိ


ကားကုမၸဏီ တစ္ခုျဖစ္သည့္ Cadillac သည္ ၿပိဳင္ဘက္ ကားအမွတ္ တံဆိပ္မ်ားကို ေက်ာ္ျဖတ္ကာ The Green Car ဂ်ာနယ္မွ ေပးအပ္ခ်ီးျမႇင့္ေသာ ၂၀၁၄ Green Car နည္းပညာဆုကုိ လက္ခံရရွိခဲ့ေၾကာင္း ဇန္န၀ါရီ ၂၆ ရက္က ‘USA Today’ သတင္းစာမ်က္ႏွာ၌ ေဖာ္ျပခဲ့သည္။ Cadillac ကုမၸဏီအတြက္ Green Car Technology Award ကို ၎တို႔ကုမၸဏီထုတ္ Plug-in ဇိမ္ခံကား အမ်ဳိးအစားသစ္ Cadillac ELR က ဆြတ္ခူးေပးခဲ့ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ရက္သတၱပတ္က ၀ါရွင္တန္ ကားျပပြဲ၌ ေပးအပ္ခဲ့ျခင္းျဖစ္သည္။တြ႕ေနက် လွ်ပ္စစ္အသံုးျပဳေမာင္းႏွင္မႈ စြမ္းေဆာင္ရည္စနစ္ကို ပိုၿပီးစိတ္၀င္စားမႈရွိေအာင္ ေပါင္းစပ္ေပးႏိုင္တဲ့ Cadillac ရဲ႕ နည္းပညာက ပါးပါးနပ္နပ္ ေပၚထြက္လာတာျဖစ္ၿပီး ကားေမာင္းႏွင္မႈ အေတြ႕အႀကံဳမွာ ႐ႈေထာင့္သစ္ တစ္ခုကို ျဖည့္စြက္ေပးပါတယ္”ဟု ဆုေရြးခ်ယ္ ေပးအပ္ခဲ့သည့္ The Green ဂ်ာနယ္ အယ္ဒီတာႏွင့္ ထုတ္ေ၀သူ Ron Cogan ကေျပာၾကားခဲ့သည္။ Hybrid ႏွင့္ လွ်ပ္စစ္ကားမ်ား၌ ေတြ႔ရေသာ Regenerative Braking System အမ်ားစု ကဲ့သို႔ပင္ Cadillac ELR ၏ လွ်ပ္စစ္မိုတာမွာ ကုန္ဆံုးသြားသည့္ စြမ္းအင္ကို ဘရိတ္နင္းထားခ်ိန္တြင္ ျပန္လည္ရယူ၍ ဘက္ထရီကို အားျဖည့္ေပးႏိုင္ေသာ္လည္း အျခားစနစ္မ်ားႏွင့္ ကြဲျပားျခားနားသည့္ အခ်က္မွာ ယာဥ္ေမာင္းသူအေနျဖင့္ ယင္းသို ေလွာင္ထားသည့္ စြမ္းအင္ကို စတီယာရင္တြင္ ပါရွိသည့္ ခလုတ္မ်ားႏွိပ္ကာ အသံုးျပဳ ႏိုင္ေစျခင္း ျဖစ္သည္။ Plug-in ကားအမ်ဳိးအစား Cadillac ELR သည္ ယခုဆုကုိ ၿပိဳင္ဘက္ အမွတ္တံဆိပ္မ်ား ျဖစ္သည့္ Acura ၊ Audi ၊ BMW ၊ Ford ၊ Honda ၊ Hyundai ၊ Mazda ၊ Porsche ႏွင့္ Ram တို႔၏ နည္းပညာမ်ားအား ေက်ာ္ျဖတ္ကာ ရရွိခဲ့ျခင္းျဖစ္သည္။
Ref: Automobile

 

ယာဥ္အုိယာဥ္ေဟာင္းအပ္ႏွံမႈ ျမင္သာရွိ က.ည.န ႐ံုး၌သာ လက္ခံဦးမည္


ဇန္န၀ါရီလ ေနာက္ဆံုး ပတ္ထဲ၌ ယာဥ္အုိ၊ ယာဥ္ေဟာင္းမ်ား အပ္ႏွံမႈအား ဒညင္းကုန္းႏွင့္ သန္လ်င္သုိ႔ ေျပာင္းေရႊ႕မည္ဟု သတင္းထြက္ေပၚခဲ့ၿပီး ျမင္သာ က.ည.န ႐ံုးသို႔ ေမးျမန္းခဲ့ရာ ေျပာင္းေရႊ႕မည္ မဟုတ္ေၾကာင္း ကုန္းလမ္းပုိ႔ေဆာင္ေရး ႏွင့္ၫႊန္ၾကားမ ႈဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦး ေျပာျပခဲ့သည္။ျမင္သာ က.ည.န ႐ံုးတြင္ ယာဥ္အုိ၊ ယာဥ္ေဟာင္းမ်ား ဆက္လက္ အပ္ႏွံေနၿပီး ေနျပည္ေတာ္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနမွ လည္းေျပာင္းေရႊ႕ရန္ ၫႊန္ၾကားထားျခင္း မရွိေၾကာင္း သိရသည္။ ကြၽန္ေတာ္တုိ႔ ေျပာင္းရမယ္ဆိုတာ မဟုတ္ပါဘူး။ ဒီျမင္သာမွာပဲ ဆက္လက္ၿပီး ယာဥ္အုိ၊ ယာဥ္ေဟာင္းေတြ အပ္ႏွံေနပါတယ္။ ေနျပည္ေတာ္ကေန ၫႊန္ၾကားထားတာ၊ ထုတ္ျပန္ထားတာလည္း မရွိေသးပါဘူး။ ယာဥ္အုိ၊ ယာဥ္ေဟာင္း အပ္ႏွံမႈ မူ၀ါဒအသစ္ကလည္း ဘယ္အခ်ိန္မွ ထုတ္ျပန္မယ္ဆိုတာ မခန္႔မွန္းႏိုင္ ေသးဘူးလို႔ အဆိုပါ တာ၀န္ရွိသူမွ ေျပာၾကားခဲ့သည္။ ယာဥ္အုိ၊ ယာဥ္ေဟာင္း အပ္ႏွံမႈမူ၀ါဒ အသစ္မွာလည္း ထြက္ေပၚလာျခင္း မရွိေသးဘဲ က.ည.န မွ သန္လ်င္သို႔ ေျပာင္းေရႊ႔ မည္ဟူေသာ သတင္းအား ယာဥ္အပ္ႏွံသူမ်ားမွ စိတ္၀င္စားလ်က္ ရွိေၾကာင္း သိရသည္။ယာဥ္အုိ၊ ယာဥ္ေဟာင္း အပ္ႏွံျခင္း၊ ကနဦးမွတ္ပံုတင္ျခင္းႏွင့္ နံပါတ္ျပား ထုတ္ေပးျခင္းမ်ားကုိ က.ည.န ႐ံုးတြင္ ဆက္လက္ျပဳလုပ္ ေပးေနေၾကာင္း သိရသည္။

 

Ref: Auto World

 

ယာဥ္အုိယာဥ္ေဟာင္းလဲလွယ္ေရး မူ၀ါဒသစ္ကို ကားေလာကမွ စိတ္၀င္တစား ေစာင့္ၾကည့္


(၂၀၁၄) တြင္ သက္တမ္းအလုိက္ အပ္ႏွံမႈျဖင့္ ေဆာင္ရြက္မည္္ဆိုေသာ ယာဥ္၊ အုိယာဥ္ေဟာင္း လဲလွယ္ေရး မူ၀ါဒမွာ တိက်စြာ ထြက္ရွိလာျခင္း မရွိသျဖင့္ ကားေလာက အတြင္းမွ စိတ္၀င္တစားျဖင့္ ေစာင့္ၾကည့္ ေနေၾကာင္း သိရသည္။ ထုတ္လုပ္သည့္ ခုႏွစ္မွ ႏွစ္ (၂၀) အတြင္းရွိ ယာဥ္ေဟာင္းမ်ား အပ္ႏွံႏိုင္ရၿပီး အကၡရာတန္း အလုိက္ျဖင့္သာ အပ္ႏွံမႈ လက္ခံႏုိင္သည္ ဟူေသာ သတင္းမ်ားလည္း ထြက္လာကာ (၁က) အကၡရာျဖင့္ စတင္ႏိုင္ေၾကာင္းလည္း သံုးသပ္ေနၾကသည္။ အကယ္၍ ႏွစ္ (၂၀) သက္တမ္းရွိ ယာဥ္ေဟာင္းမ်ား အပ္ႏွံမႈျဖင့္ လုပ္ပါက အကၡရာတန္းမ်ားအား အပုိင္းလုိက္ျဖင့္ အပ္ခြင့္ေပးပါက အဆင္ေျပႏုိင္ေၾကာင္း ကားလုပ္ငန္းရွင္ တစ္ဦးက ေျပာျပခဲ့သည္။ စဖြင့္ရင္ေတာင္ (၁က) နဲ႔ လာႏိုင္ေပမယ့္ ႏွစ္ (၂၀) သက္တမ္း ရွိတဲ့ ယာဥ္အုိ၊ ယာဥ္ေဟာင္း လို႔ေျပာတဲ့ အတြက္ (၉၃-၉၄) ခုႏွစ္ေအာက္ ကားေတြ ထည့္တြက္ရမွာပဲ။ (၁က) အကၡရာတစ္ခုတည္း မဟုတ္ဘဲ ဥပမာ (၁က) ကေန (၅က) ထိ အပုိင္းလိုက္ ေပးတာမ်ဳိးေပါ့။ အဲ့ဒါဆိုရင္ ပိုအဆင္ေျပမယ္။ ေနာက္ၿပီး ဒီလို သက္တမ္းအလိုက္ အပ္ႏွံခြင့္ေပးမယ္လို႔ တရား၀င္ ေၾကညာထားတဲ့ အတြက္ အကၡရာတန္းနဲ႔ မသြားႏိုင္ေလာက္ဘူး ထင္တယ္။ အဲ့လိုသာလုပ္ရင္ ဘာမွေၾကညာ ေနစရာ မလုိဘူးေလ။ (အ) ၿပီး (၁က) ပဲ လက္ခံ႐ံုပဲေပါ့လုိ႔ ရွင္းျပသည္။

 

Ref: Auto World

 

က.ည.န တြင္ အက်ဳိးေဆာင္မ်ားမရွိျခင္းေၾကာင့္ ယာဥ္ပိုင္ရွင္မ်ားပြဲစားဒုကၡပိုမိုခံစားရ


ယခင္က ယာဥ္ပုိင္ရွင္မ်ား ကုန္းလမ္းပုိ႔ေဆာင္ေရးႏွင့္ ၫႊန္ၾကား မႈဦးစီးဌာန (ျမင္သာ) သို႔ လာေရာက္ ၍ လုပ္ငန္းေဆာင္ရြက္ရာတြင္ က.ည.န မွ တရား၀င္ ခန္႔အပ္ထားေသာ အက်ဳိးေဆာင္မ်ား သီးသန္႔ရွိသည့္ အတြက္ ပြဲစားမ်ားျဖင့္ ျပဳလုပ္ရန္မလုိဘဲ အခ်ိန္ကုန္သက္သာခဲ့သည္။ ယခု အခါတြင္ အက်ဳိးေဆာင္မ်ား မထားရွိ ေတာ့သည့္ အတြက္ ျပင္ပပြဲစားတို႔၏ ဒုကၡကို ပုိမိုခံစားလာရေၾကာင္း သိရွိရသည္။ က.ည.န (ျမင္သာ) တြင္ ယာဥ္ပုိင္ရွင္မ်ားသည္ လုပ္ငန္းမ်ားေဆာင္ ရြက္ရာတြင္ အခ်ိန္ကုန္သက္သာမႈ ရွိေစရန္ ယခင္က အက်ဳိးေဆာင္မ်ား ျဖင့္ေဆာင္ရြက္ခဲ့ၾကရာ အဆင္ေျပခဲ့ေသာ္လည္း ယခုအခါတြင္ အခ်ိန္ကုန္ သက္သာေစရန္ ျပင္ပပြဲစား မ်ားျဖင့္ လုပ္ကုိင္ရာ၌ စာရြက္စာတမ္း မွားယြင္းျခင္း၊ ေငြေၾကးပုိမိုေတာင္းခံျခင္း တို႔ေၾကာင့္ အခက္အခဲျဖစ္ေနၿပီး တရား၀င္ အက်ဳိးေဆာင္မ်ား ျပန္လည္ဖြဲ႔ စည္းေပးေစလိုေၾကာင္း ယာဥ္ပုိင္ရွင္မ်ားထံမွ သိရွိရသည္။ သို႔ေသာ္ က.ည.န (ျမင္သာ) တြင္ယခင္က အက်ဳိးေဆာင္မ်ား သီး သန္႔ထားရွိေပးျခင္း ရွိေသာ္လည္း ယခုအခါတြင္ ယင္းအက်ဳိးေဆာင္မ်ား ကုိ၀န္ထမ္းျဖင့္ ေျပာင္းလဲခန္႔အပ္ခဲ့သည့္ အတြက္ အက်ဳိးေဆာင္မ်ား ျပန္လည္ခန္႔အပ္ရန္ အစီအစဥ္မရွိေၾကာင္း က.ည.န (ျမင္သာ) မွ တာ၀န္ရွိသူတစ္ဦးထံမွ သိရွိရသည္။ ထုိ႔အျပင္ ယခုအခါတြင္ ယာဥ္ပုိင္ရွင္မ်ားအေနျဖင့္ လုပ္ငန္းေဆာင္ ရြက္ရာတြင္ ပြဲစားမ်ားျဖင့္ မျပဳလုပ္ရန္ အရွိန္ျမႇင့္ ေဆာင္ရြက္ေနၿပီး ယာဥ္ပုိင္ရွင္မ်ား လုပ္ငန္းေဆာင္ရြက္ရာတြင္ လြယ္ကူေစရန္ အဆင့္ဆင့္ ေဆာင္ရြက္ေပးထားေၾကာင္း ၎မွ ဆက္လက္ ေျပာၾကားခဲ့သည္။ ယင္း ကိစၥႏွင့္ ပတ္သက္၍ ပြဲစားလုပ္သက္ (၁၅) ႏွစ္ေက်ာ္ ၾကာျမင့္ၿပီျဖစ္ေသာ ပြဲစားတစ္ဦးမွလည္း ပြဲစားေကာင္းမ်ား ရွိေၾကာင္း၊ ၀ါရင့္ပြဲစားမ်ားသည္ ထုိကဲ့သုိ႔ ျပဳလုပ္ျခင္းမ်ဳိး လံုး၀မရွိေသာ္လည္း တစ္ႀကိမ္တစ္ခါ ၀င္ေရာက္ လုပ္ကုိင္သူမ်ားသည္ ေငြတန္ဖိုးမ်ားပါက လိမ္ညာမႈမ်ား ျပဳလုပ္တတ္ေၾကာင္း၊ သို႔ေသာ္လည္း မရွိသေလာက္ ရွားေၾကာင္း ေျပာၾကားခဲ့သည္။

 

Ref: Auto World

 

Expire Date ေက်ာ္လြန္ ေနသည့္ ကားတာယာမ်ားကို ဆက္လက္တပ္ဆင္ မသံုးသင့္ဟုဆို


Expire Date ေက်ာ္လြန္ေနသည့္ ကားတာယာမ်ားကို ဆက္လက္ တပ္ဆင္ အသံုးျပဳပါက အႏၲရာယ္ ႀကီးမားေၾကာင္း ‘Myanmar Motor Corporate မွ Engineer ဦးဆန္းဦးက ေျပာသည္။ လက္ရိွအခ်ိန္တြင္ ျမန္မာႏိုင္ငံအတြင္းသို႔ ျပည္ပမွ တင္သြင္းလာေသာ တစ္ပတ္ရစ္ကားမ်ား ၀င္ေရာက္လ်က္ရိွရာ ထိုကားမ်ားတြင္ ပါရိွသည့္ တာယာမ်ား၏ Expire Date ကို စစ္ေဆးၿပီးမွသာ အသံုးျပဳသင့္ေၾကာင္း သိရသည္။ ထို႔အတူ လက္ရိွ ျမန္မာႏိုင္ငံအတြင္း အသံုးျပဳလ်က္ရိွသည့္ ကားမ်ား၏ တာယာမ်ား မွာလည္း Expire Date ပါရိွၿပီး တာယာသက္တမ္း အတြင္းသာ အသံုးျပဳသင့္သလို ေမာ္ေတာ္ကား တာယာတစ္လံုး၏ သက္တမ္းမွာ အမ်ားဆံုး ႏွစ္ႏွစ္ဆယ္ အတြင္းသာ အသံုးျပဳသင့္ေၾကာင္း သိရသည္။  တာယာတစ္လံုးရဲ႕ သက္တမ္းက လြန္ေရာကြၽံေရာ ၂ ႏွစ္ပဲ သံုးသင့္တယ္၊ ကားတာယာေတြ မွာလည္း အစားအေသာက္၊ အသံုးအေဆာင္ ပစၥည္းေတြလို Expire Date ဆိုတာ ပါရိွတယ္၊ အဓိက ကေတာ့ ျပည္ပက တင္သြင္းလာတဲ့ ကားေတြမွာပါတဲ့ တာယာေတြပဲ၊ ျမန္မာႏိုင္ငံကို ေရာက္လာခ်ိန္မွာ တာယာေတြရဲ႕ ပန္းေတြက ေကာင္းေသးတယ္ဆိုၿပီး ျမန္မာလူမ်ဳိးပီပီ ႏွေျမာၿပီး သံုးၾကတယ္၊ ႏွေျမာၿပီးသံုးတာက ကုန္က်စရိတ္ သက္သာ သြားတာပဲရိွတယ္၊ အႏၲရာယ္ အမ်ားႀကီးရိွတယ္၊ ကားတစ္စီးက အင္ဂ်င္သံမွန္ေန႐ံုနဲ႔ မၿပီးဘူး၊ တာယာေတြရဲ႕ အစိတ္အပိုင္းက ပိုၿပီး အဓိကၾကတယ္၊ ဟိုင္းေ၀းသြားၿပီး တာယာ မေကာင္းလို႔ လမ္းေခ်ာ္တာ၊ ဘီးေပါက္တာေတြ မျဖစ္ရေအာင္ တာယာရဲ႕ ေဘးမွာပါတဲ့ ၫႊန္းဆိုခ်က္ေတြ၊ Expire Date ေတြကို ဂ႐ုစိုက္ သင့္ပါတယ္”ဟု Myanmar Motor Corporate မွ Chief Engineer ဦးဆန္းဦးက ေျပာသည္။ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနအေနျဖင့္လည္း ျပည္တြင္း၌ အသံုးျပဳေနေသာ ကားတာယာမ်ားကို အရည္အေသြး ျပည့္မီေစရန္ အတြက္ လိုင္စင္ေလွ်ာက္ထားကာ တင္သြင္းေစခဲ့ၿပီး စံခ်ိန္စံၫႊန္းႏွင့္အညီ ေဆာင္ရြက္လ်က္ ရိွေၾကာင္း တာယာတင္သြင္း ေရာင္းခ်သူမ်ားထံမွ သိရသည္။

 

Ref: Automobile

 

လာမည့္ ႏွစ္မွစ၍ CIF တန္ဖိုးဇယားကုိ ဌာနဆုိင္ရာမ်ားမွ ေရးဆြဲမည္မဟုတ္ဘဲ လုပ္ငန္းရွင္မ်ား ကုိ တာ၀န္ေပးမည္


လာမည့္ႏွစ္မွစ၍ CIF တန္ဖိုးဇယားကုိ ေမာ္ေတာ္ယာဥ္တင္သြင္းမႈဆုိင္ရာ ၀န္ႀကီးဌာနမ်ားမွ ေရးဆြဲေတာ့မည္ မဟုတ္ဘဲ လုပ္ငန္းရွင္မ်ားကုိ တာ၀န္ေပးအပ္မည္ ျဖစ္ေၾကာင္း ‘အေကာက္ခြန္ဦးစီးဌာန’မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ ယခင္ႏွစ္မ်ားက CIF တန္ဖုိး မ်ားေရးဆြဲရာ၌ အဖြဲ႕၀င္ မ်ားျဖစ္သည့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၊ အေကာက္ခြန္ ဦးစီးဌာန၊ ကုန္း လမ္းပုိ႔ေဆာင္ေရး ၫႊန္ၾကားေရး ဦးစီးဌာနတုိ႔ ပူးေပါင္းေရးဆြဲခဲ့ရာ အခ်ဳိ႕ကားမ်ားမွာ ျဖစ္သင့္ ျဖစ္ထုိက္သည့္ တန္ဖုိးထက္ ေလ်ာ့နည္းၿပီး အခ်ဳိ႕ကားမ်ားမွာ တန္ဖုိးမ်ား မ်ားေနေသာေၾကာင့္ ေ၀ဖန္မႈမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရသည္။ သုိ႔ ျဖစ္၍ လာမည့္ႏွစ္မ်ားမွစ၍ CIF တန္ဖုိး ေရးဆြဲရာ၌ အစုိးရဌာနမ်ားမွ မေရးဆြဲေတာ့ဘဲ လုပ္ငန္း ရွင္မ်ားကုိ တာ၀န္ေပးအပ္ ေရးဆြဲ ေစမည္ ျဖစ္ေၾကာင္း သိရသည္။  CIF တန္ဖုိး ေရးဆြဲျခင္းႏွင့္ ပတ္သက္၍ အေကာက္ခြန္ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက “အရင္က CIF တန္ဖုိးကုိ ဌာနဆုိင္ရာေတြျဖစ္တဲ့ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၊ အေကာက္ခြန္ဦးစီးဌာန၊ ကုန္းလမ္း ပုိ႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတုိ႔ ပူးေပါင္းၿပီး တန္ဖုိးေတြ သတ္မွတ္ခဲ့တဲ့အေပၚမွာ ကုန္သည္ေတြရဲ႕ ေ၀ဖန္မႈေတြကုိ ခံခဲ့ရပါတယ္၊ ဆရာတုိ႔လုပ္ထားတဲ့ ေစ်းႏႈန္းေတြက တခ်ဳိ႕ကားေတြမွာ မ်ားတယ္၊ တခ်ဳိ႕ကားေတြမွာ နည္းတယ္၊ တခ်ဳိ႕ကားေတြကုိ ဆြဲခ်ေပးပါ၊ တခ်ဳိ႕ကားေတြကုိေတာ့ ေစ်းတင္ေပးပါဆုိၿပီး ေစာဒက တက္ၾကပါတယ္၊ ဒါေၾကာင့္ လာမယ့္ႏွစ္ကစၿပီး လုပ္ငန္းရွင္ေတြကုိ ေရးဆြဲခုိင္းမွာျဖစ္ၿပီး အဲဒီအေပၚမွာပဲ အတည္ျပဳသတ္မွတ္ေပးမွာ ျဖစ္ပါတယ္”ဟု ဆုိခဲ့သည္။ ထုိကိစၥႏွင့္ပတ္သက္၍ ကားအေရာင္းစင္တာပုိင္ရွင္ တစ္ဦးကလည္း “လာမယ့္ႏွစ္မွာ CIF တန္ဖုိးကုိ ဇြန္၊ ဇူလုိင္လကတည္းက ေရးဆြဲဖုိ႔ စီစဥ္ထားပါတယ္၊ အရင္ႏွစ္ေတြလုိ ႏွစ္ကုန္ခါနီးမွ ေရးဆြဲမယ္ဆုိရင္ ေအာက္တုိဘာ၊ ႏုိ၀င္ဘာ၊ ဒီဇင္ဘာလေတြမွာ အေရာင္းအ၀ယ္ေတြ ရပ္ဆုိင္းသြားမွာ ျဖစ္ပါတယ္၊ ႀကိဳတင္ေရးဆြဲၿပီး ေၾကညာမယ္ဆုိရင္ အေရာင္းအ၀ယ္ မရပ္ဆုိင္းဘဲ ပုံမွန္အတုိင္း လည္ပတ္ေနမွာ ျဖစ္ပါတယ္၊ ေနာက္ၿပီး CIF တန္ဖုိးကုိ တစ္ႏွစ္နဲ႔ တစ္ႏွစ္ အမ်ားႀကီး ေျပာင္းလဲလုိ႔မရပါဘူး၊ ၃ ရာခုိင္ႏႈန္း၊ ၅ ရာခုိင္ႏႈန္းေလာက္ပဲ ပုံမွန္ ေျပာင္းလဲမယ္ဆုိရင္ တစ္ႏွစ္နဲ႔ တစ္ႏွစ္ ေစ်းႏႈန္းကြာဟခ်က္လည္း ရွိမွာ မဟုတ္ေတာ့ပါဘူး”ဟု ေျပာၾကား ခဲ့သည္။

 

Ref: Automobile

 



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။
သတင်းထူးများမှာတော့ :

news_this_week



  • i-Pay ကတ် (၆၅ဝဝဝဝ) ခန့်ရောင်းချ ခဲ့သော်လည်း နေ့စဉ်အသုံးပြုသူဦးရေ (၃၄ဝဝ)ခန့်သာရှိ



  • ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်မည်



  • မိုဒယ်ကန့်သတ်လိုက်သဖြင့် ယာဉ်လိုင်းပိုင်ရှင်များ ၂ဝဝ၄ မိုဒယ်အမျိုးအစားယာဉ်များ ကြိုတင်မှာယူမှုများပြုလုပ်



  • ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅ဝကျော်အား ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်မည်



  • ကလေးနှင့်တမူးတွင် ဇန်နဝါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီး ထပ်မံဖမ်းဆီးရမိ



  • တိုယိုတာအမှတ်တံဆိပ် ကမ္ဘာနံပါတ် ၁ ဖြစ်နေဆဲ



  • အမျိုးသမီးစပယ်ယာ လိုင်စင်ပြုလုပ်ထားသူ (၄ဝ)ဦးခန့်ရှိလာ



  • တက္ကစီပါမစ်များ ရပ်နားထားသော်လည်း (1.3) ကားများ ရောင်းကောင်း



  • ၂ဝ၁၄ Green Car နည်းပညာဆု Cadillac ရရှိ



  • ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု မြင်သာရှိ က.ည.န ရုံး၌သာ လက်ခံဦးမည်



  • ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး မူဝါဒသစ်ကို ကားလောကမှ စိတ်ဝင်တစား စောင့်ကြည့်



  • က.ည.န တွင် အကျိုးဆောင်များမရှိခြင်းကြောင့် ယာဉ်ပိုင်ရှင်များပွဲစားဒုက္ခပိုမိုခံစားရ



  • Expire Date ကျော်လွန် နေသည့် ကားတာယာများကို ဆက်လက်တပ်ဆင် မသုံးသင့်ဟုဆို



  • လာမည့် နှစ်မှစ၍ CIF တန်ဖိုးဇယားကို ဌာနဆိုင်ရာများမှ ရေးဆွဲမည်မဟုတ်ဘဲ လုပ်ငန်းရှင်များ ကို တာဝန်ပေးမည်




i-Pay ကတ် (၆၅ဝဝဝဝ) ခန့်ရောင်းချ ခဲ့သော်လည်း နေ့စဉ်အသုံးပြုသူဦးရေ (၃၄ဝဝ)ခန့်သာရှိ


ရန်ကုန်တိုင်း ဒေသကြီးတွင် ခရီးသည်များ စီးနင်းလိုက်ပါသည့် မော်တော်ယာဉ်များ၊ သဘေင်္ာများတွင် စီးနင်းခအလွယ်တကူ ပေးဆောင်နိုင်ရန် i-Pay စနစ်ဖြင့် i-Pay ကဒ်များကို ရောင်းချပေးလျှက်ရှိရာ လက်ရှိအချိန်အထိ i-Pay ကတ် (၆၅ဝဝဝဝ) ခန့် ရောင်းချမှု ရှိခဲ့သော်လည်း ယင်း i-Pay ကဒ်ကို နေ့စဉ်အသုံးပြု သူဦးရေမှာ (၃၄ဝဝ) ခန့်သာ ရှိနေသောကြောင်း သိရှိရပါသည်။ ပန်းဆိုးတန်း-ဒလဆိပ်ကမ်း တွင်လည်း i-Pay စနစ်ထားရှိ ပေးထားပြီး လက်ရှိအချိန်တွင် ယင်းစနစ်များကို ကျောင်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်နေပြီး ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ရှိကန်တင်း (၄) ခုတွင် စတင်ဆောင်ရွက် ပြီးဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ အချိန်တွင် i-Pay ကတ်ကို နေ့စဉ်အသုံးပြုနေသည့် မော်တော်ယာဉ်လိုင်းတွင် (၁၅ဝဝ) ဦးခန့်၊ သဘေင်္ာတွင် (၁၈ဝဝ) ဦးခန့်၊ ကန်တင်းတွင် (၁ဝဝ) ဦးခန့် အသီးသီး အသုံးပြုနေကြ ကြောင်းလည်း သိရှိရသည်။ i-Pay သုံးသည့် ပြည်သူများကို ဝန်ဆောင်မှုပေးရန် i-Pay Station (၉) ခု ၊ i-Pay Bus Stand (၉) ခုတည်ဆောက် ပေးထားပြီး ထပ်မံပြီး i-Pay Bus Stand (၂၂) ခုကိုတည်ဆောက် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ I-Pay ကဒ်ဖြင့် ငွေပေးချေမှု ကို (၂ဝ၁၂) ခုနှစ် ဧပြီ (၂) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းပြေးဆွဲသော ခရီးသည်တင် ဘတ်စ်ကားများတွင် i-Pay စက်တပ်ဆင် ပေးထားသည်မှာ (၂ဝ၁၃) ခုနှစ်၊ နိုဝင်ဘာလအထိ ယာဉ်အစီးရေ (၃၃၅) စီး အထိရှိလာ ခဲ့ကြောင်း သိရှိရပါသည်။
Ref: Auto World

 

ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်း အဆင့်မြှင့်တင် တည်ဆောက်မည်


ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်အတွင်း တည်ဆောက်ထားသည့် ဗိုလ်တထောင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအား အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန’မှ သတင်းရရှိသည်။ အဆိုပါ မော်တော်ယာဉ် ရပ်နားစခန်းအား ၂ဝ၁၃ ခုနှစ် အစောပိုင်း ကာလတွင် ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းအဖြစ် အသုံးပြုရန် အမှတ် ၆ သင်္ဘောဝင်းမြေနေရာကို ပြုပြင်အသုံးပြုခဲ့ပြီး လက်ရှိ ယင်းနေရာအား ထပ်မံအဆင့်မြှင့်တင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ အဆင့်မြှင့်တင် ဆောင်ရွက်ရန် စီစဉ်မှုများကြောင့် လက်ရှိတွင် ဗိုလ်တထောင် ကုန်သေတ္တာ တင်ယာဉ်ရပ်နားစခန်းမှ ယာဉ်များအနေဖြင့် အလုံမြို့နယ်ရှိ ကုန်သေတ္တာတင်ယာဉ် ရပ်နားစခန်းသို့ သွားရောက်ကာ ယာဉ်များ ရပ်နားကြရပြီး ယာဉ်အများစုမှာ အလုံယာဉ်ရပ်နားစခန်းသို့ သွားရောက်ရပ်နားခြင်းမပြုဘဲ ဗိုလ်တထောင် ယာဉ်ရပ်နားဝင်းအနီးရှိ လမ်းမများ၊ လမ်းသွယ်များ၌ ရပ်နားမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Ref: Auto mobile

 

မိုဒယ်ကန့်သတ်လိုက်သဖြင့် ယာဉ်လိုင်းပိုင်ရှင်များ ၂ဝဝ၄ မိုဒယ်အမျိုးအစားယာဉ်များ ကြိုတင်မှာယူမှုများပြုလုပ်


ပြည်တွင်းသို့ ခရီးသည်တင်ယာဉ် များတင်သွင်းရာ၌ မိုဒယ်အမျိုးအစား ကန့်သတ်လိုက်သဖြင့် ယာဉ်လိုင်းပိုင်ရှင်များမှ ၂ဝဝ၄ မိုဒယ် အမျိုးအစားများ ကြိုတင်မှာယူမှု ပြုလုပ်နေကြောင်း ယာဉ်လိုင်းပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။ ယခုနှစ်အတွင်း ခရီးသည် တင်ယာဉ်များအား ၂ဝဝ၉ မိုဒယ် နှင့်အထက်ကိုသာ တင်သွင်းခွင့်ပြုမည်ဟု တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက် အသက်ဝင်မှုနည်းပါးစဉ် ကာလအတွင်း ယာဉ်လိုင်းပိုင်ရှင်များ စုပေါင်းကာ လက်ရှိ ခရီးသည်တင် ယာဉ်အဖြစ် တင်သွင်းအသုံးပြု လျက်ရှိသည့် ၂ဝဝ၄ မိုဒယ် အမျိုးအစားယာဉ်များကို ကြိုတင်မှာယူထားခြင်း ဖြစ်ကြောင်း သိရသည်။တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ မိုဒယ်မြင့် ခရီးသည်တင်ယာဉ်များဖြင့် အစားထိုး ပြေးဆွဲစေရန်အတွက် တင်သွင်းယာဉ်မိုဒယ် သတ်မှတ်ရခြင်း ဖြစ်ပြီး မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသူ လျော့နည်းသွား နိုင်သောကြောင့် လုပ်ငန်းရှင်များကို ခေါ်ယူဆွေးနွေးမှု ပြုလုပ်မည်ဟု သိရသည်။

 

Ref:Automobile

 

ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅ဝကျော်အား ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်မည်


ရန်ကုန်မြို့တွင်းရှိ အချက်ပြ မီးပွိုင့် ၁၅ဝ ကျော်အား ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)’မှ သတင်း ရရှိသည်။ ယာဉ်ကြောကျပ်တည်းမှု ရှိနေသည့် မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်လမ်းဆုံတွင် ခုံးကျော်တံတား တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ၏ အကြံပေးမှုဖြင့် ဆင်ဆာ စနစ်သုံးမီးပွိုင့် စမ်းသပ်တပ်ဆင်ခဲ့ရာ ယာဉ်ကြော ကျပ်တည်းမှု ထက်ဝက်ခန့် ဖြေလျှော့နိုင်သည့်အတွက် မြို့တွင်းလမ်းဆုံမီးပွိုင့် ၁၅ဝ ကျော်၌ အဆိုပါ မီးပွိုင့်ဆင်ဆာစနစ်များ ပြောင်းလဲတပ်ဆင် သွားမည်ဟု သိရသည်။
ဆင်ဆာစနစ်သုံး မီးပွိုင့်တစ်ခုတွင် ကင်မရာတစ်လုံးပါရှိပြီး ရှေ့၊ နောက်ယာဉ်ကြော အတွက် စက္ကန့် ၉ဝ နှင့် ဘေးနှစ်ဖက် ယာဉ်ကြော အတွက် ၄၅ စက္ကန့်ဖြင့် ပုံမှန် ထိန်းချုပ်လျက်ရှိကာ ယာဉ်လမ်းကြောင်းအလိုက် ယာဉ်ကြော ကျပ်တည်းမှု အပေါ် မူတည်၍လည်း လမ်းကြောင်း အလိုအလျောက် ထိန်းချုပ်မှုရှိကြောင်း သိရသည်။ မြို့တွင်း လမ်းဆုံမီးပွိုင့် ၁၅ဝ ကျော်တွင် တပ်ဆင်မည့် ဆင်ဆာစနစ်သုံး မီးပွိုင့်များ၏တန်ဖိုး များပြားသည့်အတွက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှသာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အဆိုပါမီးပွိုင့်များ တပ်ဆင်ရန်အတွက် လက်ရှိ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

 

Ref: Auto mobile

 

ကလေးနှင့်တမူးတွင် ဇန်နဝါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီး ထပ်မံဖမ်းဆီးရမိ


ကလေးနှင့် တမူးမြို့တို့တွင် ဇန်န ဝါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း ‘ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှူးရုံး(ကလေး)’မှ သိရသည်။
ဇန်နဝါရီ ၁၆ ရက်က ဗိုလ်ချုပ်လမ်းနှင့် ဘူတာလမ်းဆုံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်နေစဉ် အရှေ့မှ အနောက်သို့ လားလ်ထန်းလျံ အာ(သ) ၂၇ နှစ် မောင်းနှင်လာသည့် ၄ဂ/၇၄ဝ၁ နံပါတ် တပ်ဆင်ထားသော Honda Fit ခဲရောင် ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော သက်သေခံ စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိသဖြင့် ရဲအုပ်စိုးမိုးအောင်က တရားဥပဒေအရ အရေးယူပေးပါရန် ကလေးရဲစခန်းသို့ တိုင်တန်းခဲ့သည်။ ယခု ဖမ်းဆီးရမိမှုသည် ကလေးမြို့တွင် ၂ဝ၁၄ ခုနှစ်၏ ဒုတိ ယအကြိမ်မြောက် ဖမ်းဆီးရမိမှု ဖြစ်ပြီး ဇန်နဝါရီ ၁ဝ ရက်ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရာမှ လိုင်စင်မဲ့ ကားသုံးစီးကို ဖမ်းဆီးရမိခဲ့သည်။ ကလေးမြို့တွင်သာမက အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင်လည်း ဇန်နဝါရီ ၁၇ ရက်က သုံးမိုင် ရဲကင်းရှေ့၌ လုံခြုံရေး စစ်ဆေးရာမှ Pajero အဖြူရောင် လိုင်စင်မဲ့ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

Ref: Auto mobile

 

တိုယိုတာအမှတ်တံဆိပ် ကမ္ဘာနံပါတ် ၁ ဖြစ်နေဆဲ


၂ဝ၁၃ ခုနှစ် ကားရောင်းအား စာရင်းဇယားများအရ ဂျင်နရယ်မော်တော်နှင့် ဗောက်စ်ဝက်ဂွန် လုပ်ငန်းစုတို့ကို ကျော်လွန်ပြီး တိုယိုတာကား ထုတ်လုပ်ရေးက ကမ္ဘာ့နံပါတ် ၁ နေရာကို ပြန်လည် ရယူထားနိုင်ကြောင်း သိရသည်။ ဂျပန် ကားထုတ်လုပ်သူသည် ကမ္ဘာတစ်ဝှမ်းရောင်းအား ပမာဏ ၉ ဒသမ ၉၈ သန်း ဖြင့် ကမ္ဘာ့နံပါတ် ၁ ကား ထုတ်လုပ်သူနေရာကို ရောက်လာသော်လည်း ကားအစီးရေ ၁ဝ သန်းဟူသော ပန်းတိုင်နှင့် သီသီကလေး လွဲချော်ခဲ့သည်။ တိုယိုတာနောက်တွင် ဂျင်နရယ်မော်တော်က ၉ ဒသမ ၇၁သန်း၊ ဗောက်စ်ဝက်ဂွန်က ၉ ဒသမ ၇ သန်း ဖြင့် အစဉ်လိုက် ရှိနေသည်။၂ဝ၁၁ ခုနှစ် ဆူနာမီ သဘာဝဘေးကြောင့် ကားထုတ်လုပ်မှု ထိခိုက်ခဲ့သည် မှအပ တိုယိုတာသည် ၂ဝဝ၈ ခုနှစ်ကတည်းက ကမ္ဘာ့သရဖူကို နှစ်စဉ်ဆောင်း လာနိုင်ခဲ့သော ကားထုတ်လုပ်ရေး ဖြစ်သည်။ လာမည့် ၂ဝ၁၄ တွင် အစီးရေ ၁ဝ သန်းကို ကျော်လွန်အောင် ရောင်းချမည်ဟု တိုယိုတာက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂ဝ၁၃ ခုနှစ်အတွက် တိုယိုတာ၏ ရောင်းအားပမာဏတွင် လက်ဆပ်စ်၊ ဒိုင်ဟတ်စုနှင့် ထရပ်ထုတ်လုပ်သူ ဟီးနိုးတို့၏ ရောင်းအားကိန်း ဂဏန်းကိုပါ ပေါင်းထည့်ထားသည်။ တိုယိုတာကား ၁ဝ စီး ရောင်းချလျှင် ဟိုက်ဘရစ်ပါဝင်နှုန်းမှာ ၁ စီးထက် ကျော်လွန်သည်။ တိုယိုတာ၏ ရောင်းအား အဓိက မှီခိုရာမှာလည်း ၎င်း၏ ပြည်တွင်း ဂျပန်စျေးကွက်ပင် ဖြစ်သည်။ ယမန်နှစ်က ကားအစီးရေ ၂ ဒသမ ၃ သန်း ရောင်းချ နိုင်ခဲ့သည်။ ယင်းပမာဏမှာ ဗြိတိန်၏ ကားသစ် စျေးကွက်တစ်ခုလုံးနှင့် ညီမျှသည်။ ဂျင်နရယ်မော်တော်၏ နံပါတ် ၂ နေရာအတွက် ချက်ဗလက်က အခရာ ဖြစ်သည်။ ယမန်နှစ်က ချက်ဗလက် အစီးရေ ၅ သန်းနီးပါး ရောင်းချ နိုင်ခဲ့သည်။ချက်ဗလက်သည် ၎င်း၏ အိမ်စျေးကွက် အမေရိကတွင် ရေပန်းအစားဆုံး တံဆိပ်တစ်ခု ဖြစ်သည်။ ဥရောပစျေးကွက် ကိုမူထိုး ဖောက်နိုင်စွမ်း မရှိခဲ့ပေ။ ၂ဝ၁၅ ဆိုလျှင် ချက်ဗလက်ကို ဥရောပစျေးကွက် မှအပြီးတိုင် ဖယ်ထုတ်တော့မည်ဟု ဂျင်နရယ် မော်တော် ကပြောနေသည်။ဥရောပတွင် ဗောက်စ်ဟောနှင့် အိုပယ်လ် တို့ကိုသာ ဆက်လက်ထား ရှိမည်ဖြစ်သည်။ ဗောက်စ်ဝက်ဂွန် သည်လည်း ယခင်ကထက် စာလျှင် ယမန်နှစ်၌ ရောင်းအား ၅ ရာခိုင်နှုန်း တက်လာသည်။ ဗောက်စ်ဝက်ဂွန် သီးသန့် အစီးရေ ၆ သန်းနီးပါး ရောင်းရပြီး အော်ဒီက အစီးရေ ၁ ဒသမ ၆ သန်းရှိခဲ့သည်။ဗောက်စ်ဝက်ဂွန်ကို အများဆုံးအား ပေးသည်မှာ တရုတ်စျေးကွက် ဖြစ်သည်။ အစီးရေ ၃ ဒသမ ၃ သန်း ရှိခဲ့သည်။ မထင်မှတ်ဘဲ ရောင်းအား ကောင်းခဲ့သည်မှာ တောင်အမေရိက စျေးကွက် ဖြစ်သည်။ အစီးရေ တစ်သန်းအောက် အရေအတွက်ဖြင့် ရောင်းချနိုင်ခဲ့သည်။

 

Ref: Auto World

 

အမျိုးသမီးစပယ်ယာ လိုင်စင်ပြုလုပ်ထားသူ (၄ဝ)ဦးခန့်ရှိလာ


ခရီးသည်တင်ဘတ်စ်ကားများတွင် ယာဉ်မောင်းအကူအဖြစ် လိုက်ပါသော ယာဉ်နောက်လိုက် စပယ်ယာများကို စပယ်ယာ လိုင်စင်ပြုလုပ်ရန် ညွှန်ကြားထားရာတွင် အမျိုးသားအပြင် အမျိုးသမီးများပါ စပယ်ယာလိုင်စင် ပြုလုပ်ထားသည်မှာ အယောက် (၄ဝ) ဦးခန့် ရှိနေပြီးဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမှုဦးစီးဌာန (မြင်သာ) စပယ်ယာလိုင်စင် စိစစ်ရေးဌာနမှ သိရှိရပါသည်။ အမျိုးသမီး စပယ်ယာလိုင်စင် လာရောက် ပြုလုပ်သူများအနေဖြင် ့ယာဉ်စီးကမ်း၊ လမ်းစီးကမ်းများကို နှုတ်ဖြေ အပြင် ရေးဖြေဖြေရကြောင်း၊ ယင်းတို့အောင်မှသာ အမျိုးသမီး စပယ်ယာလိုင်စင် ထုတ်ပေးကြောင်း သိရှိရသည်။ အမျိုးသမီး စပယ်ယာလိုင်စင် ပြုလုပ်ထားသူများတွင် နာမည်ကြီး အဝေးပြေး ယာဉ်လိုင်းများဖြစ်သည့် E-Lite နှင့် JJ အဝေးပြေးယာဉ်လိုင်း တို့မှအများဆုံး ပြုလုပ်ထားကြောင်း စာရင်းများအရ သိရှိရသည်။ အမျိုးသမီး စပယ်ယာ လိုင်စင်ကို E-Lite မှ (၁၆) ယောက်၊ JJ မှ (၁၁) ယောက်နှင့် ကိုယ်တိုင်လာရောက် လျှေက်ထားသူနှင့် မ.ထ.သ (ဗဟို) မှ လျှေက်ထားသူ (၁၂) ယောက် စုစုပေါင်း (၃၉) ယောက်ရှိနေပြီဖြစ်ကြောင်းသိရှိရသည်။ အဝေးပြေးယာဉ်များတွင် လိုက်ပါသော Bus မယ်များသည် ကြော်ငြာရုံ၊ နေရာချထားရုံဖြင့် အမျိုးသီးစပယ်ယာ လိုင်စင် လျှေက်ထားရန်မလိုဘဲ မ.ထ.သ (အဝေးပြေး) ထံတွင် ယာဉ်ပေါ်လိုက်ပါခွင့် ရယူရုံဖြင့် လိုက်ပါနိုင်ကြောင်း သိရှိရသည်။ အမျိုးသမီး ပယ်ယာလိုင်စင် လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင် မိတ္တူ၊ ဓာတ်ပုံ (၃) ပုံလိုအပ်ပြီး တစ်ကြိမ်ဖြေဆိုပါက (၁ဝဝ) ကျပ် ပေးသွင်းရကြောင်းသိရသည်။ ဖြေဆိုမှုအောင်မြင်သူများကို အမျိုးသမီးစပယ်ယာ လိုင်စင်ထုတ်ပေးပြီး လိုင်စင်သက်တမ်းမှာ (၅) နှစ်ဖြစ်ကြောင်း သိရှိရသည်။

 

Ref: Auto World

 

တက္ကစီပါမစ်များ ရပ်နားထားသော်လည်း (1.3) ကားများ ရောင်းကောင်း


(၁.၃) ကားများအား ကား Show-room များမှ အာရုံစိုက်မှုနည်းပါးလာကာ (၁.၅) နှင့် (၁.၈) အင်ဂျင်ပါဝါကားများ ဘက်သို့ ခြေလှမ်းစိပ်လာသဖြင့် လေလံ တွင် (၁.၃) ကားများ ဝယ်ယူရန် စျေးနှုန်း များမှာ အသင့်တော်ဆုံးဖြစ်နေကြောင်း ကား Sales Centre ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။ လေလံတွင် (၁.၃) ကားအရေအတွက် များနေကာ ပြည်တွင်း ၌ ရန်ကုန်တိုင်းဒေသကြီးအတွက် တက္ကစီ ပါမစ်များ ရပ်နားထားသော်လည်း (၁.၃) ကားများ ရောင်းကောင်းကြောင်း သိ ရသည်။ တက္ကစီအတွက် ဝယ်နေကြတယ်။ Probox နဲ့ Succeed က ရောင်းရတယ်။ အခု(၁.၃) တွေက လေလံမှာဝယ်လို့ကောင်း နေတယ်။ စျေးကပုံမှန်ဖြစ်နေတာ။ အရင် က ကားကောင်းရင် ကောင်းသလို ယန်း (၄၊ ၅) သောင်းလောက်ပိုပေးရတယ်။ ဂျပန် မှာ ယာဉ်သက်တမ်း (၅) နှစ်ဆိုတော့လေလံ မှာ (၁.၃) တင်တာ အရေအတွက်အများ ချည်းပဲလို့ ရှင်းပြသည်။ တက္ကစီပြုလုပ်ရန် (၁.၃) များ ဆက် လက်အဝယ်လိုက်နေပြီး AD Van မှာ(၈၅၊ ၉ဝ) သိန်းကြားရှိနေ၍ Probox မှာ (၁ဝဝ) နှင့် (၁ဝ၂) သိန်းကြားရှိကာ Probox ကား ပို၍ လူကြိုက်များနေကြောင်းသိရသည်။ (၁.၅) ကားများအား C.I.F တန်ဖိုးချပေး လိုက်သဖြင့် လူအများမှ ထိုကားများဘက် သို့ စိတ်ဝင်စားမှုများကာ (၁.၃)ကားများ လေလံတွင် စျေးနှုန်းများတန်းသွားခြင်းဖြစ် ကြောင်းသိရသည်။

Ref: Auto World

 

၂ဝ၁၄ Green Car နည်းပညာဆု Cadillac ရရှိ


ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Cadillac သည် ပြိုင်ဘက် ကားအမှတ် တံဆိပ်များကို ကျော်ဖြတ်ကာ The Green Car ဂျာနယ်မှ ပေးအပ်ချီးမြှင့်သော ၂ဝ၁၄ Green Car နည်းပညာဆုကို လက်ခံရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်က ‘USA Today’ သတင်းစာမျက်နှာ၌ ဖော်ပြခဲ့သည်။ Cadillac ကုမ္ပဏီအတွက် Green Car Technology Award ကို ၎င်းတို့ကုမ္ပဏီထုတ် Plug-in ဇိမ်ခံကား အမျိုးအစားသစ် Cadillac ELR က ဆွတ်ခူးပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က ဝါရှင်တန် ကားပြပွဲ၌ ပေးအပ်ခဲ့ခြင်းဖြစ်သည်။တွ့နေကျ လျှပ်စစ်အသုံးပြုမောင်းနှင်မှု စွမ်းဆောင်ရည်စနစ်ကို ပိုပြီးစိတ်ဝင်စားမှုရှိအောင် ပေါင်းစပ်ပေးနိုင်တဲ့ Cadillac ရဲ့ နည်းပညာက ပါးပါးနပ်နပ် ပေါ်ထွက်လာတာဖြစ်ပြီး ကားမောင်းနှင်မှု အတွေ့အကြုံမှာ ရှုထောင့်သစ် တစ်ခုကို ဖြည့်စွက်ပေးပါတယ်”ဟု ဆုရွေးချယ် ပေးအပ်ခဲ့သည့် The Green ဂျာနယ် အယ်ဒီတာနှင့် ထုတ်ဝေသူ Ron Cogan ကပြောကြားခဲ့သည်။ Hybrid နှင့် လျှပ်စစ်ကားများ၌ တွေ့ရသော Regenerative Braking System အများစု ကဲ့သို့ပင် Cadillac ELR ၏ လျှပ်စစ်မိုတာမှာ ကုန်ဆုံးသွားသည့် စွမ်းအင်ကို ဘရိတ်နင်းထားချိန်တွင် ပြန်လည်ရယူ၍ ဘက်ထရီကို အားဖြည့်ပေးနိုင်သော်လည်း အခြားစနစ်များနှင့် ကွဲပြားခြားနားသည့် အချက်မှာ ယာဉ်မောင်းသူအနေဖြင့် ယင်းသို လှောင်ထားသည့် စွမ်းအင်ကို စတီယာရင်တွင် ပါရှိသည့် ခလုတ်များနှိပ်ကာ အသုံးပြု နိုင်စေခြင်း ဖြစ်သည်။ Plug-in ကားအမျိုးအစား Cadillac ELR သည် ယခုဆုကို ပြိုင်ဘက် အမှတ်တံဆိပ်များ ဖြစ်သည့် Acura ၊ Audi ၊ BMW ၊ Ford ၊ Honda ၊ Hyundai ၊ Mazda ၊ Porsche နှင့် Ram တို့၏ နည်းပညာများအား ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။
Ref: Automobile

 

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု မြင်သာရှိ က.ည.န ရုံး၌သာ လက်ခံဦးမည်


ဇန်နဝါရီလ နောက်ဆုံး ပတ်ထဲ၌ ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံမှုအား ဒညင်းကုန်းနှင့် သန်လျင်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး မြင်သာ က.ည.န ရုံးသို့ မေးမြန်းခဲ့ရာ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး နှင့်ညွှန်ကြားမ ှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောပြခဲ့သည်။မြင်သာ က.ည.န ရုံးတွင် ယာဉ်အို၊ ယာဉ်ဟောင်းများ ဆက်လက် အပ်နှံနေပြီး နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လည်းပြောင်းရွှေ့ရန် ညွှန်ကြားထားခြင်း မရှိကြောင်း သိရသည်။ ကျွန်တော်တို့ ပြောင်းရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒီမြင်သာမှာပဲ ဆက်လက်ပြီး ယာဉ်အို၊ ယာဉ်ဟောင်းတွေ အပ်နှံနေပါတယ်။ နေပြည်တော်ကနေ ညွှန်ကြားထားတာ၊ ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒအသစ်ကလည်း ဘယ်အချိန်မှ ထုတ်ပြန်မယ်ဆိုတာ မခန့်မှန်းနိုင် သေးဘူးလို့ အဆိုပါ တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုမူဝါဒ အသစ်မှာလည်း ထွက်ပေါ်လာခြင်း မရှိသေးဘဲ က.ည.န မှ သန်လျင်သို့ ပြောင်းရွှေ့ မည်ဟူသော သတင်းအား ယာဉ်အပ်နှံသူများမှ စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခြင်း၊ ကနဦးမှတ်ပုံတင်ခြင်းနှင့် နံပါတ်ပြား ထုတ်ပေးခြင်းများကို က.ည.န ရုံးတွင် ဆက်လက်ပြုလုပ် ပေးနေကြောင်း သိရသည်။

 

Ref: Auto World

 

ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး မူဝါဒသစ်ကို ကားလောကမှ စိတ်ဝင်တစား စောင့်ကြည့်


(၂ဝ၁၄) တွင် သက်တမ်းအလိုက် အပ်နှံမှုဖြင့် ဆောင်ရွက်မည်ဆိုသော ယာဉ်၊ အိုယာဉ်ဟောင်း လဲလှယ်ရေး မူဝါဒမှာ တိကျစွာ ထွက်ရှိလာခြင်း မရှိသဖြင့် ကားလောက အတွင်းမှ စိတ်ဝင်တစားဖြင့် စောင့်ကြည့် နေကြောင်း သိရသည်။ ထုတ်လုပ်သည့် ခုနှစ်မှ နှစ် (၂ဝ) အတွင်းရှိ ယာဉ်ဟောင်းများ အပ်နှံနိုင်ရပြီး အက္ခရာတန်း အလိုက်ဖြင့်သာ အပ်နှံမှု လက်ခံနိုင်သည် ဟူသော သတင်းများလည်း ထွက်လာကာ (၁က) အက္ခရာဖြင့် စတင်နိုင်ကြောင်းလည်း သုံးသပ်နေကြသည်။ အကယ်၍ နှစ် (၂ဝ) သက်တမ်းရှိ ယာဉ်ဟောင်းများ အပ်နှံမှုဖြင့် လုပ်ပါက အက္ခရာတန်းများအား အပိုင်းလိုက်ဖြင့် အပ်ခွင့်ပေးပါက အဆင်ပြေနိုင်ကြောင်း ကားလုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။ စဖွင့်ရင်တောင် (၁က) နဲ့ လာနိုင်ပေမယ့် နှစ် (၂ဝ) သက်တမ်း ရှိတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း လို့ပြောတဲ့ အတွက် (၉၃-၉၄) ခုနှစ်အောက် ကားတွေ ထည့်တွက်ရမှာပဲ။ (၁က) အက္ခရာတစ်ခုတည်း မဟုတ်ဘဲ ဥပမာ (၁က) ကနေ (၅က) ထိ အပိုင်းလိုက် ပေးတာမျိုးပေါ့။ အဲ့ဒါဆိုရင် ပိုအဆင်ပြေမယ်။ နောက်ပြီး ဒီလို သက်တမ်းအလိုက် အပ်နှံခွင့်ပေးမယ်လို့ တရားဝင် ကြေညာထားတဲ့ အတွက် အက္ခရာတန်းနဲ့ မသွားနိုင်လောက်ဘူး ထင်တယ်။ အဲ့လိုသာလုပ်ရင် ဘာမှကြေညာ နေစရာ မလိုဘူးလေ။ (အ) ပြီး (၁က) ပဲ လက်ခံရုံပဲပေါ့လို့ ရှင်းပြသည်။

 

Ref: Auto World

 

က.ည.န တွင် အကျိုးဆောင်များမရှိခြင်းကြောင့် ယာဉ်ပိုင်ရှင်များပွဲစားဒုက္ခပိုမိုခံစားရ


ယခင်က ယာဉ်ပိုင်ရှင်များ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြား မှုဦးစီးဌာန (မြင်သာ) သို့ လာရောက် ၍ လုပ်ငန်းဆောင်ရွက်ရာတွင် က.ည.န မှ တရားဝင် ခန့်အပ်ထားသော အကျိုးဆောင်များ သီးသန့်ရှိသည့် အတွက် ပွဲစားများဖြင့် ပြုလုပ်ရန်မလိုဘဲ အချိန်ကုန်သက်သာခဲ့သည်။ ယခု အခါတွင် အကျိုးဆောင်များ မထားရှိ တော့သည့် အတွက် ပြင်ပပွဲစားတို့၏ ဒုက္ခကို ပိုမိုခံစားလာရကြောင်း သိရှိရသည်။ က.ည.န (မြင်သာ) တွင် ယာဉ်ပိုင်ရှင်များသည် လုပ်ငန်းများဆောင် ရွက်ရာတွင် အချိန်ကုန်သက်သာမှု ရှိစေရန် ယခင်က အကျိုးဆောင်များ ဖြင့်ဆောင်ရွက်ခဲ့ကြရာ အဆင်ပြေခဲ့သော်လည်း ယခုအခါတွင် အချိန်ကုန် သက်သာစေရန် ပြင်ပပွဲစား များဖြင့် လုပ်ကိုင်ရာ၌ စာရွက်စာတမ်း မှားယွင်းခြင်း၊ ငွေကြေးပိုမိုတောင်းခံခြင်း တို့ကြောင့် အခက်အခဲဖြစ်နေပြီး တရားဝင် အကျိုးဆောင်များ ပြန်လည်ဖွဲ့ စည်းပေးစေလိုကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရှိရသည်။ သို့သော် က.ည.န (မြင်သာ) တွင်ယခင်က အကျိုးဆောင်များ သီး သန့်ထားရှိပေးခြင်း ရှိသော်လည်း ယခုအခါတွင် ယင်းအကျိုးဆောင်များ ကိုဝန်ထမ်းဖြင့် ပြောင်းလဲခန့်အပ်ခဲ့သည့် အတွက် အကျိုးဆောင်များ ပြန်လည်ခန့်အပ်ရန် အစီအစဉ်မရှိကြောင်း က.ည.န (မြင်သာ) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ ထို့အပြင် ယခုအခါတွင် ယာဉ်ပိုင်ရှင်များအနေဖြင့် လုပ်ငန်းဆောင် ရွက်ရာတွင် ပွဲစားများဖြင့် မပြုလုပ်ရန် အရှိန်မြှင့် ဆောင်ရွက်နေပြီး ယာဉ်ပိုင်ရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန် အဆင့်ဆင့် ဆောင်ရွက်ပေးထားကြောင်း ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ပွဲစားလုပ်သက် (၁၅) နှစ်ကျော် ကြာမြင့်ပြီဖြစ်သော ပွဲစားတစ်ဦးမှလည်း ပွဲစားကောင်းများ ရှိကြောင်း၊ ဝါရင့်ပွဲစားများသည် ထိုကဲ့သို့ ပြုလုပ်ခြင်းမျိုး လုံးဝမရှိသော်လည်း တစ်ကြိမ်တစ်ခါ ဝင်ရောက် လုပ်ကိုင်သူများသည် ငွေတန်ဖိုးများပါက လိမ်ညာမှုများ ပြုလုပ်တတ်ကြောင်း၊ သို့သော်လည်း မရှိသလောက် ရှားကြောင်း ပြောကြားခဲ့သည်။

 

Ref: Auto World

 

Expire Date ကျော်လွန် နေသည့် ကားတာယာများကို ဆက်လက်တပ်ဆင် မသုံးသင့်ဟုဆို


Expire Date ကျော်လွန်နေသည့် ကားတာယာများကို ဆက်လက် တပ်ဆင် အသုံးပြုပါက အနၲရာယ် ကြီးမားကြောင်း ‘Myanmar Motor Corporate မှ Engineer ဦးဆန်းဦးက ပြောသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ တင်သွင်းလာသော တစ်ပတ်ရစ်ကားများ ဝင်ရောက်လျက်ရှိရာ ထိုကားများတွင် ပါရှိသည့် တာယာများ၏ Expire Date ကို စစ်ဆေးပြီးမှသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့အတူ လက်ရှိ မြန်မာနိုင်ငံအတွင်း အသုံးပြုလျက်ရှိသည့် ကားများ၏ တာယာများ မှာလည်း Expire Date ပါရှိပြီး တာယာသက်တမ်း အတွင်းသာ အသုံးပြုသင့်သလို မော်တော်ကား တာယာတစ်လုံး၏ သက်တမ်းမှာ အများဆုံး နှစ်နှစ်ဆယ် အတွင်းသာ အသုံးပြုသင့်ကြောင်း သိရသည်။  တာယာတစ်လုံးရဲ့ သက်တမ်းက လွန်ရောကျွံရော ၂ နှစ်ပဲ သုံးသင့်တယ်၊ ကားတာယာတွေ မှာလည်း အစားအသောက်၊ အသုံးအဆောင် ပစ္စည်းတွေလို Expire Date ဆိုတာ ပါရှိတယ်၊ အဓိက ကတော့ ပြည်ပက တင်သွင်းလာတဲ့ ကားတွေမှာပါတဲ့ တာယာတွေပဲ၊ မြန်မာနိုင်ငံကို ရောက်လာချိန်မှာ တာယာတွေရဲ့ ပန်းတွေက ကောင်းသေးတယ်ဆိုပြီး မြန်မာလူမျိုးပီပီ နှမြောပြီး သုံးကြတယ်၊ နှမြောပြီးသုံးတာက ကုန်ကျစရိတ် သက်သာ သွားတာပဲရှိတယ်၊ အနၲရာယ် အများကြီးရှိတယ်၊ ကားတစ်စီးက အင်ဂျင်သံမှန်နေရုံနဲ့ မပြီးဘူး၊ တာယာတွေရဲ့ အစိတ်အပိုင်းက ပိုပြီး အဓိကကြတယ်၊ ဟိုင်းဝေးသွားပြီး တာယာ မကောင်းလို့ လမ်းချော်တာ၊ ဘီးပေါက်တာတွေ မဖြစ်ရအောင် တာယာရဲ့ ဘေးမှာပါတဲ့ ညွှန်းဆိုချက်တွေ၊ Expire Date တွေကို ဂရုစိုက် သင့်ပါတယ်”ဟု Myanmar Motor Corporate မှ Chief Engineer ဦးဆန်းဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်တွင်း၌ အသုံးပြုနေသော ကားတာယာများကို အရည်အသွေး ပြည့်မီစေရန် အတွက် လိုင်စင်လျှောက်ထားကာ တင်သွင်းစေခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း တာယာတင်သွင်း ရောင်းချသူများထံမှ သိရသည်။

 

Ref: Automobile

 

လာမည့် နှစ်မှစ၍ CIF တန်ဖိုးဇယားကို ဌာနဆိုင်ရာများမှ ရေးဆွဲမည်မဟုတ်ဘဲ လုပ်ငန်းရှင်များ ကို တာဝန်ပေးမည်


လာမည့်နှစ်မှစ၍ CIF တန်ဖိုးဇယားကို မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ဝန်ကြီးဌာနများမှ ရေးဆွဲတော့မည် မဟုတ်ဘဲ လုပ်ငန်းရှင်များကို တာဝန်ပေးအပ်မည် ဖြစ်ကြောင်း ‘အကောက်ခွန်ဦးစီးဌာန’မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်နှစ်များက CIF တန်ဖိုး များရေးဆွဲရာ၌ အဖွဲ့ဝင် များဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်း လမ်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲခဲ့ရာ အချို့ကားများမှာ ဖြစ်သင့် ဖြစ်ထိုက်သည့် တန်ဖိုးထက် လျော့နည်းပြီး အချို့ကားများမှာ တန်ဖိုးများ များနေသောကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သို့ ဖြစ်၍ လာမည့်နှစ်များမှစ၍ CIF တန်ဖိုး ရေးဆွဲရာ၌ အစိုးရဌာနများမှ မရေးဆွဲတော့ဘဲ လုပ်ငန်း ရှင်များကို တာဝန်ပေးအပ် ရေးဆွဲ စေမည် ဖြစ်ကြောင်း သိရသည်။  CIF တန်ဖိုး ရေးဆွဲခြင်းနှင့် ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အရင်က CIF တန်ဖိုးကို ဌာနဆိုင်ရာတွေဖြစ်တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး တန်ဖိုးတွေ သတ်မှတ်ခဲ့တဲ့အပေါ်မှာ ကုန်သည်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်၊ ဆရာတို့လုပ်ထားတဲ့ စျေးနှုန်းတွေက တချို့ကားတွေမှာ များတယ်၊ တချို့ကားတွေမှာ နည်းတယ်၊ တချို့ကားတွေကို ဆွဲချပေးပါ၊ တချို့ကားတွေကိုတော့ စျေးတင်ပေးပါဆိုပြီး စောဒက တက်ကြပါတယ်၊ ဒါကြောင့် လာမယ့်နှစ်ကစပြီး လုပ်ငန်းရှင်တွေကို ရေးဆွဲခိုင်းမှာဖြစ်ပြီး အဲဒီအပေါ်မှာပဲ အတည်ပြုသတ်မှတ်ပေးမှာ ဖြစ်ပါတယ်”ဟု ဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကားအရောင်းစင်တာပိုင်ရှင် တစ်ဦးကလည်း “လာမယ့်နှစ်မှာ CIF တန်ဖိုးကို ဇွန်၊ ဇူလိုင်လကတည်းက ရေးဆွဲဖို့ စီစဉ်ထားပါတယ်၊ အရင်နှစ်တွေလို နှစ်ကုန်ခါနီးမှ ရေးဆွဲမယ်ဆိုရင် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်၊ ကြိုတင်ရေးဆွဲပြီး ကြေညာမယ်ဆိုရင် အရောင်းအဝယ် မရပ်ဆိုင်းဘဲ ပုံမှန်အတိုင်း လည်ပတ်နေမှာ ဖြစ်ပါတယ်၊ နောက်ပြီး CIF တန်ဖိုးကို တစ်နှစ်နဲ့ တစ်နှစ် အများကြီး ပြောင်းလဲလို့မရပါဘူး၊ ၃ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းလောက်ပဲ ပုံမှန် ပြောင်းလဲမယ်ဆိုရင် တစ်နှစ်နဲ့ တစ်နှစ် စျေးနှုန်းကွာဟချက်လည်း ရှိမှာ မဟုတ်တော့ပါဘူး”ဟု ပြောကြား ခဲ့သည်။

 

Ref: Automobile

 

Latest News

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »

Uber က ေစ်းႏႈန္းပိုုသက္သာသည့္ စနစ္သစ္ကိုု...

Picture1 150x150

Zawgyi Version Uber ကုမၸဏီသည္ ေစ်းပိုုသက္သာၿပီး ကားမေခၚခင္ ေစ်းႏႈန္းအတိအက်ႀကိဳသိႏုုိင္သည့္ စနစ္သစ္ကိုု ရန္ကုုန္ၿမိဳ႕တြင္ ႏုုိဝင္ဘာလ...

Read more »

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »