တစ္ပါတ္အတြင္း ကားေလာကသတင္း

ဒီတစ္ပါတ္အတြင္း ကားေလာက၏ သတင္းမ်ားကို စုေပါင္းတင္ျပလုိက္ပါတယ္။

သတင္းထူးမ်ားမွာေတာ့:


  • သီရိလကၤာ ေမာ္ေတာ္ယာဥ္ကုမၸဏီ ၁၉ ခု ပူးေပါင္း၍ ျမန္မာတြင္အေရာင္းျပခန္းဖြင့္မည္

  • TATA NANO အဌားယာဥ္ (၇၅)သိန္းျဖင့္ ေရာင္းမည္

  • ကားနံပါတ္ထုတ္ေပးမႈျမန္ဆန္ျခင္းက ေစ်းက်ရန္အေၾကာင္းတစ္ခုျဖစ္ေန

  • ကနဦးမွတ္ပုံတင္ေၾကးေပးသြင္းျပီး ႏွစ္ပတ္အၾကာ မွတ္ပုံတင္စာအုပ္ႏွင့္ ယာဥ္သက္ေသခံလက္မွတ္(အဝုိင္း)ထုတ္ေပးမည္

  • ရန္ကုန္ျမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈျပႆနာကို ေျဖရွင္းရန္  ဥပေဒ ေရးဆြဲျပ႒ာန္းမည္

news_this_week

သီရိလကၤာေမာ္ေတာ္ယာဥ္ကုမၸဏီ ၁၉ခု ပူးေပါင္း၍ျမန္မာတြင္အေရာင္းျပခန္းဖြင့္မည္

သီရိလကၤာႏုိင္ငံမွ ေမာ္ေတာ္ယာဥ္ေရာင္းခ်သည့္ကုမၸဏီ (၁၉)ခု ပူးေပါင္း၍ Siam International အမည္ျဖင့္ ေမာ္ေတာ္ယာဥ္အေရာင္းျပခန္း ဖြင့္လွစ္စီစဥ္ထားေၾကာင္းသိရွိရသည္။

အဆိုပါအေရာင္းျပခန္းကို ရန္ကုန္ျမိဳ႕ တြင္ဖြင့္လွစ္ကာ ဂ်ပန္ႏုိင္ငံမွ ေမာ္ေတာ္ယာဥ္အစီး (၂၀၀)ခန္႔ေရာင္း ခ်ရန္စီစဥ္ထားေႀကာင္းသီရိလကၤာ ေမာ္ေတာ္ယာဥ္တင္သြင္းေရာင္းခ်သူမ်ားအသင္း ဥကၠဌ Indika Sampath Merenchige ကေျပာႀကားသည္။

သီရိလကၤာေမာ္ေတာ္ယာဥ္ တင္သြင္းေရာင္းခ်သူမ်ား အသင္းအႀကီးအကဲမ်ား ျမန္မာႏုိင္ငံသို႔လာေရာက္ေလ့လာ ခဲ့ၿပီး ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးရာတြင္ အဆင္ေျပေသာေၾကာင့္ ယခုကဲ့သို႔အေရာင္းျပခန္း ဖြင့္လွစ္ႏိုင္ျခင္းျဖစ္ေႀကာင္း သိရွိရသည္။

Ref: The Voice Daily

 

TATA NANO အငွားယာဥ္ (၇၅)သိန္းျဖင့္ စတင္ေရာင္းခ်

အိႏၵိယႏုိင္ငံထုတ္ TATA NANO ရာသက္ပန္အငွားယာဥ္မ်ား(AA၊BB)ကို က်ပ္(၇၅)သိန္းျဖင့္ ေမလ ၁၀ ရက္ေန႔က စတင္ေရာင္းခ်ေနေၾကာင္း အဆိုပါေမာ္ေတာ္ ယာဥ္မ်ားကိုတစ္ဦးတည္းကိုယ္စားလွယ္အျဖစ္ တင္သြင္းေရာင္းခ်ေနသည့္ Apex Greatest Investment မွတာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္မွာ အင္ဂ်င္ပါဝါ ၆၀၀ စီစီရွိသျဖင့္ စက္သံုးဆီသံုးစြဲမႈသက္သာကာ အသစ္ျဖစ္ေသာေႀကာင့္ မိသားစုစီးနင္းရန္ဝယ္ယူရျခင္းျဖစ္ေႀကာင္း AA၊BBနံပါတ္ျဖင့္ ကိုယ္တိုင္ဝယ္ယူစီးနင္းသူတစ္ဦးကေျပာႀကား သည္။

TATA ၏ အဆိုပါကားမ်ားကို Lwinand Swan Motor ကုမၸဏီ၊ကန္ေတာ္ကေလးလမ္းႏွင့္ ဗုိလ္မင္းေခါင္လမ္းဆိုင္၊တိရစာၦန္ဥယ်ာဥ္ ေတာင္ဘက္ဝင္ေပါက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္၊မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ႏွင့္ Aung Motor ကုမၸဏီ ၇မိုင္၊ျပည္လမ္း၊လႈိင္ၿမိဳ႕နယ္တြင္ စတင္ေရာင္းခ်မည္ျဖစ္ေၾကာင္း ယင္းကုမၸဏီထံမွသိရသည္။

Ref: The Voice Daily

 

ကားနံပါတ္ ထုတ္ေပးမႈ ျမန္ဆန္ျခင္းက ေစ်းက်ရန္ အေၾကာင္းတခု ျဖစ္ေန

ျပည္ပမွ တင္သြင္းေနသည့္ ေမာ္ေတာ္ယာဥ္မ်ား အတြက္ ကုန္လမ္း သယ္ယူပို႔ေဆာင္ေရး ဦးစီးဌာန (ကညန)မွ နံပါတ္မ်ား ထုတ္ေပးမႈ ျမန္ဆန္ျခင္းက ကားေစ်းႏႈန္းမ်ား က်ရန္ အေၾကာင္းအခ်က္ တခု ျဖစ္ေနေၾကာင္းကား ဝယ္ေရာင္းမ်ားထံမွ သိရသည္။လက္တေလာတြင္ ေက်ာင္းဖြင့္ရာသီ နီးလာသျဖင့္ ကားေစ်းကြက္ အနည္းငယ္ ဦးျပန္ေမာ့လာေၾကာင္း မင္းရဲေက်ာ္စြာ ယာဥ္ေရာင္းဝယ္ေရး စခန္းမွ ကားပြဲစားမ်ားက ဆိုသည္။

ေမလ ၂၀ ရက္တြင္ အေရာင္းအဝယ္ ျဖစ္ခဲ့ေသာ ကားေစ်းႏႈန္းမ်ားမွာ ပရိုေဘာက္- (၂၀၀၇ ေမာ္ဒယ္)ကို က်ပ္ သိန္း ၁၁၀ ဝန္းက်င္၊ ဟြန္ဒါဖစ္(၂၀၀၇ ေမာ္ဒယ္)ကို က်ပ္ ၁၀၅ သိ္န္း ဝန္းက်င္၊ ပစ္ကပ္(မီနီပစ္ကပ္) ဒိုင္ဟတ္စု - ဂ်ပန္ကုမၸဏိီထုတ္ကို က်ပ္ ၅၅ သိန္း၊ ေအဒီဘင္-(၂၀၀၇ ေမာ္ဒယ္)ကို က်ပ္ သိန္း ၁၀၀ ဝန္းက်င္၊ ဗက္တာ(၂၀၀၇ ေမာ္ဒယ္)ကို က်ပ္ ၁၂၅ သိန္း ဝန္းက်င္တို႔ျဖင့္ အေရာင္းအဝယ္ ျဖစ္ခဲ့ေၾကာင္း သိရသည္။

Ref: Mazzima news in Burmese.

 

ကနဦး မွတ္ပံုတင္ေၾကး ေပးသြင္းၿပီး ႏွစ္ပတ္အၾကာ မွတ္ပံုတင္စာအုပ္ႏွင့္ ယာဥ္သက္ေသခံလက္မွတ္(အ၀ိုင္း) ထုတ္ေပးမည္ 

ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတြင္ ေမ ၁၅ ရက္မွစ၍ ကနဦး မွတ္ပံုတင္ေၾကး ေပးသြင္းၿပီး ႏွစ္ပတ္အၾကာ၌ မွတ္ပံုတင္ စာအုပ္(ကမ-၃)ႏွင့္ ယာဥ္သက္ ေသခံလက္မွတ္(အ၀ိုင္း)ကို ထုတ္ေပးမည္ျဖစ္ေၾကာင္း သတင္းထုတ္ ျပန္ခဲ့သည္။

ယခင္က ယာဥ္မွတ္ပံုတင္ေၾကး ေပးသြင္းၿပီး ၂၁ ရက္ၾကာမွ မွတ္ပံုတင္စာအုပ္ႏွင့္ ယာဥ္သက္ ေသခံလက္မွတ္တို႔ကို ထုတ္ေပးခဲ့ေသာ္လည္း ယခုအခါ လုပ္ငန္းစဥ္မ်ား ျမန္ဆန္ေအာင္ ႀကိဳးပမ္း ေဆာင္ရြက္ခဲ့ေသာေၾကာင့္ ယာဥ္ တစ္စီးလွ်င္ ၁၄ ရက္အတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္ေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။

ျမင္သာ က.ည.န႐ံုး၌ ကိုယ္ ပိုင္ယာဥ္မ်ားအတြက္ ယာဥ္မွတ္ပံု တင္စာအုပ္ႏွင့္ ယာဥ္သက္ေသခံ လက္မွတ္ကို ႏွစ္ပတ္အၾကာတြင္ ထုတ္ေပးမည္ျဖစ္သလို ရြာသာႀကီး ႐ံုးခြဲတြင္လည္း အငွားယာဥ္ႏွင့္ ကုန္တင္ယာဥ္မ်ားအတြက္ စာအုပ္ ႏွင့္အ၀ိုင္းကို ငါးရက္အၾကာ၌ ထုတ္ေပးမည္ ျဖစ္ေၾကာင္း သိရွိ ရသည္။

Ref: Auto mobile

 

ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈ ျပႆနာကို ေျဖရွင္းရန္ ဥပေဒ ေရးဆြဲျပ႒ာန္းမည္

ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာပိတ္ဆို႔မႈ ျပႆနာကို ထိေရာက္စြာ ေျဖရွင္းႏိုင္ရန္ ဥပေဒတစ္ရပ္ ေရးဆြဲျပ႒ာန္းမည္ျဖစ္ၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အာဏာပိုင္ အဖြဲ႔မွ သိရသည္။ရန္ကုန္တုိင္း ေဒသႀကီးအတြင္း ယာဥ္ေၾကာပိတ္ဆို႔မႈ ျပႆနာမ်ားကုိ ေျဖရွင္းရန္ အဖြဲ႔၀င္ ၁၀ ဦးပါ၀င္ေသာ ရန္ကုန္ၿမိဳ႕ေတာ္ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အာဏာပိုင္အဖြဲ႕အား ဇန္န၀ါရီလအတြင္း စတင္ဖဲြ႕စည္း ခဲ့ေသာ္လည္း ေမ ၁၄ ရက္တြင္ အဖြဲ႕၀င္ ကုိးဦးျဖင့္ ျပန္လည္ဖြဲ႕စည္းခဲ့သည္။

အဆိုပါ အဖြဲ႔အေနျဖင့္ အမ်ားျပည္သူ ေန႔စဥ္သြားလာသည့္ ကုန္းလမ္း၊ ရထားလမ္း၊ ေရယာဥ္ႏွင့္ ပို႔ေဆာင္ေရး လုပ္ငန္းမ်ား အဆင္ေျပေရး စီမံခန္႔ခြဲရန္၊ ယာဥ္က်ပ္တည္းမႈ၊ ယာဥ္တုိက္မႈ စသည့္သြားလာေရးဆိုင္ရာ ျပႆနာမ်ား ေျဖရွင္းရန္၊ ႏိုင္ငံတကာမွ နည္းပညာႏွင့္ အေထာက္အပံ့မ်ား ရယူၿပီး သမၼတထံ တင္ျပ၍ ခြင့္ျပဳခ်က္ ရယူရန္၊ ရန္ကုန္ၿမိဳ႕တြင္း သြားလာသည့္ ယာဥ္မ်ားကုိ ႀကီးၾကပ္ရန္ စသည့္အခ်က္မ်ား ပါ၀င္ေသာ လုပ္ငန္းစဥ္ ၁၂ ခုအား ေဆာင္ရြက္ရမည္ ျဖစ္သည္။

Ref: Eleven Media Group



Unicode Version

ဒီတစ်ပါတ်အတွင်း ကားလောက၏ သတင်းများကို စုပေါင်းတင်ပြလိုက်ပါတယ်။

သတင်းထူးများမှာတော့:


  • သီရိလင်္ကာ မော်တော်ယာဉ်ကုမ္ပဏီ ၁၉ ခု ပူးပေါင်း၍ မြန်မာတွင်အရောင်းပြခန်းဖွင့်မည်

  • TATA NANO အဌားယာဉ် (၇၅)သိန်းဖြင့် ရောင်းမည်

  • ကားနံပါတ်ထုတ်ပေးမှုမြန်ဆန်ခြင်းက စျေးကျရန်အကြောင်းတစ်ခုဖြစ်နေ

  • ကနဦးမှတ်ပုံတင်ကြေးပေးသွင်းပြီး နှစ်ပတ်အကြာ မှတ်ပုံတင်စာအုပ်နှင့် ယာဉ်သက်သေခံလက်မှတ်(အဝိုင်း)ထုတ်ပေးမည်

  • ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်  ဥပဒေ ရေးဆွဲပြဌာန်းမည်

news_this_week

သီရိလင်္ကာမော်တော်ယာဉ်ကုမ္ပဏီ ၁၉ခု ပူးပေါင်း၍မြန်မာတွင်အရောင်းပြခန်းဖွင့်မည်

သီရိလင်္ကာနိုင်ငံမှ မော်တော်ယာဉ်ရောင်းချသည့်ကုမ္ပဏီ (၁၉)ခု ပူးပေါင်း၍ Siam International အမည်ဖြင့် မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်စီစဉ်ထားကြောင်းသိရှိရသည်။

အဆိုပါအရောင်းပြခန်းကို ရန်ကုန်မြို့ တွင်ဖွင့်လှစ်ကာ ဂျပန်နိုင်ငံမှ မော်တော်ယာဉ်အစီး (၂ဝဝ)ခန့်ရောင်း ချရန်စီစဉ်ထားကြောင်းသီရိလင်္ကာ မော်တော်ယာဉ်တင်သွင်းရောင်းချသူများအသင်း ဥက္ကဌ Indika Sampath Merenchige ကပြောကြားသည်။

သီရိလင်္ကာမော်တော်ယာဉ် တင်သွင်းရောင်းချသူများ အသင်းအကြီးအကဲများ မြန်မာနိုင်ငံသို့လာရောက်လေ့လာ ခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေသောကြောင့် ယခုကဲ့သို့အရောင်းပြခန်း ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Ref: The Voice Daily

 

TATA NANO အငှားယာဉ် (၇၅)သိန်းဖြင့် စတင်ရောင်းချ

အိန္ဒိယနိုင်ငံထုတ် TATA NANO ရာသက်ပန်အငှားယာဉ်များ(AA၊BB)ကို ကျပ်(၇၅)သိန်းဖြင့် မေလ ၁ဝ ရက်နေ့က စတင်ရောင်းချနေကြောင်း အဆိုပါမော်တော် ယာဉ်များကိုတစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းရောင်းချနေသည့် Apex Greatest Investment မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ မော်တော်ယာဉ်မှာ အင်ဂျင်ပါဝါ ၆ဝဝ စီစီရှိသဖြင့် စက်သုံးဆီသုံးစွဲမှုသက်သာကာ အသစ်ဖြစ်သောကြောင့် မိသားစုစီးနင်းရန်ဝယ်ယူရခြင်းဖြစ်ကြောင်း AA၊BBနံပါတ်ဖြင့် ကိုယ်တိုင်ဝယ်ယူစီးနင်းသူတစ်ဦးကပြောကြား သည်။

TATA ၏ အဆိုပါကားများကို Lwinand Swan Motor ကုမ္ပဏီ၊ကန်တော်ကလေးလမ်းနှင့် ဗိုလ်မင်းခေါင်လမ်းဆိုင်၊တိရစ္ဆာန်ဥယျာဉ် တောင်ဘက်ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်၊မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် Aung Motor ကုမ္ပဏီ ၇မိုင်၊ပြည်လမ်း၊လှိုင်မြို့နယ်တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှသိရသည်။

Ref: The Voice Daily

 

ကားနံပါတ် ထုတ်ပေးမှု မြန်ဆန်ခြင်းက စျေးကျရန် အကြောင်းတခု ဖြစ်နေ

ပြည်ပမှ တင်သွင်းနေသည့် မော်တော်ယာဉ်များ အတွက် ကုန်လမ်း သယ်ယူပို့ဆောင်ရေး ဦးစီးဌာန (ကညန)မှ နံပါတ်များ ထုတ်ပေးမှု မြန်ဆန်ခြင်းက ကားစျေးနှုန်းများ ကျရန် အကြောင်းအချက် တခု ဖြစ်နေကြောင်းကား ဝယ်ရောင်းများထံမှ သိရသည်။လက်တလောတွင် ကျောင်းဖွင့်ရာသီ နီးလာသဖြင့် ကားစျေးကွက် အနည်းငယ် ဦးပြန်မော့လာကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားပွဲစားများက ဆိုသည်။

မေလ ၂ဝ ရက်တွင် အရောင်းအဝယ် ဖြစ်ခဲ့သော ကားစျေးနှုန်းများမှာ ပရိုဘောက်- (၂ဝဝ၇ မော်ဒယ်)ကို ကျပ် သိန်း ၁၁ဝ ဝန်းကျင်၊ ဟွန်ဒါဖစ်(၂ဝဝ၇ မော်ဒယ်)ကို ကျပ် ၁ဝ၅ သိ်န်း ဝန်းကျင်၊ ပစ်ကပ်(မီနီပစ်ကပ်) ဒိုင်ဟတ်စု - ဂျပန်ကုမ္ပဏိီထုတ်ကို ကျပ် ၅၅ သိန်း၊ အေဒီဘင်-(၂ဝဝ၇ မော်ဒယ်)ကို ကျပ် သိန်း ၁ဝဝ ဝန်းကျင်၊ ဗက်တာ(၂ဝဝ၇ မော်ဒယ်)ကို ကျပ် ၁၂၅ သိန်း ဝန်းကျင်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

Ref: Mazzima news in Burmese.

 

ကနဦး မှတ်ပုံတင်ကြေး ပေးသွင်းပြီး နှစ်ပတ်အကြာ မှတ်ပုံတင်စာအုပ်နှင့် ယာဉ်သက်သေခံလက်မှတ်(အဝိုင်း) ထုတ်ပေးမည် 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မေ ၁၅ ရက်မှစ၍ ကနဦး မှတ်ပုံတင်ကြေး ပေးသွင်းပြီး နှစ်ပတ်အကြာ၌ မှတ်ပုံတင် စာအုပ်(ကမ-၃)နှင့် ယာဉ်သက် သေခံလက်မှတ်(အဝိုင်း)ကို ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။

ယခင်က ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းပြီး ၂၁ ရက်ကြာမှ မှတ်ပုံတင်စာအုပ်နှင့် ယာဉ်သက် သေခံလက်မှတ်တို့ကို ထုတ်ပေးခဲ့သော်လည်း ယခုအခါ လုပ်ငန်းစဉ်များ မြန်ဆန်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သောကြောင့် ယာဉ် တစ်စီးလျှင် ၁၄ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြင်သာ က.ည.နရုံး၌ ကိုယ် ပိုင်ယာဉ်များအတွက် ယာဉ်မှတ်ပုံ တင်စာအုပ်နှင့် ယာဉ်သက်သေခံ လက်မှတ်ကို နှစ်ပတ်အကြာတွင် ထုတ်ပေးမည်ဖြစ်သလို ရွာသာကြီး ရုံးခွဲတွင်လည်း အငှားယာဉ်နှင့် ကုန်တင်ယာဉ်များအတွက် စာအုပ် နှင့်အဝိုင်းကို ငါးရက်အကြာ၌ ထုတ်ပေးမည် ဖြစ်ကြောင်း သိရှိ ရသည်။

Ref: Auto mobile

 

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန် ဥပဒေ ရေးဆွဲပြဌာန်းမည်

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းမည်ဖြစ်ကြာင်း ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ သိရသည်။ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများကို ဖြေရှင်းရန် အဖွဲ့ဝင် ၁ဝ ဦးပါဝင်သော ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အား ဇန်နဝါရီလအတွင်း စတင်ဖွဲ့စည်း ခဲ့သော်လည်း မေ ၁၄ ရက်တွင် အဖွဲ့ဝင် ကိုးဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့အနေဖြင့် အများပြည်သူ နေ့စဉ်သွားလာသည့် ကုန်းလမ်း၊ ရထားလမ်း၊ ရေယာဉ်နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေရေး စီမံခန့်ခွဲရန်၊ ယာဉ်ကျပ်တည်းမှု၊ ယာဉ်တိုက်မှု စသည့်သွားလာရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းရန်၊ နိုင်ငံတကာမှ နည်းပညာနှင့် အထောက်အပံ့များ ရယူပြီး သမ္မတထံ တင်ပြ၍ ခွင့်ပြုချက် ရယူရန်၊ ရန်ကုန်မြို့တွင်း သွားလာသည့် ယာဉ်များကို ကြီးကြပ်ရန် စသည့်အချက်များ ပါဝင်သော လုပ်ငန်းစဉ် ၁၂ ခုအား ဆောင်ရွက်ရမည် ဖြစ်သည်။

Ref: Eleven Media Group

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »