MyanmarCarsDB ၏ သတင္းထုတ္ျပန္ ေၾကျငာခ်က္

ကြ်န္ေတာ္တုိ႕ MyanmarCarsDB ကို ဇန္နဝါရီလ ၄ရက္ေန႕မွစတင္ခဲ့ရာ ယခု ႏွစ္လအေက်ာ္တြင္ ကြ်န္ေတာ္တုိ႕၏ လုပ္ငန္း အေၾကာင္းကို The Voice Journal, Myanmar Times, မဇၩိမ အစရွိတဲ့ သတင္းဌာနမ်ားမွ သတင္းျဖင့္ ေဖာ္ျပျခင္းကို ခံရပါတယ္။

သို႕ပါျငား MyanmarCarsDB လုပ္ငန္းသေဘာ သဘာဝကို အတိအလင္း ရွင္းျပခြင့္မရွိခဲ့ပါ။ ထုိ႕ေၾကာင့္ သတင္းဌာနမ်ားမွာ ကြ်န္ေတာ္တုိ႕၏ လုပ္ငန္းေၾကာင့္ ေနာင္တစ္ခ်ိန္တြင္ ကားအက်ိဳးေဆာင္မ်ား၊ အက်ိဳးေဆာင္လုပ္ငန္းမ်ားတြင္ ဝယ္သူ ေရာင္းသူမ်ား လုိေတာ့မည္မဟုတ္ေတာ့ေၾကာင္း ေဖာ္ျပခဲ့ၾကပါသည္။

ထုိသတင္းမ်ား၏ အျမင္အရ ဆုိလွ်င္ ကားဝယ္သူ၊ ေရာင္းသူမ်ားမွာ ကြ်န္ေတာ္တုိ႕၏ MyanmarCarsDB ကိုသံုးကာ အက်ိဳးေဆာင္မလုိပဲ၊ ကိုယ္တုိင္ ေရာင္းႏုိင္ ဝယ္ႏုိင္မည္ၾကမည္ျဖစ္ရာ ေနာက္ေနာင္တြင္ အက်ိဳးေဆာင္မ်ားကို ေစ်းကြက္မွာ လုိအပ္မႈ မရွိေတာ့ဟု သံုးသပ္ၾကျခင္းျဖစ္ပါသည္။

ထို အျမင္မွာ မွားသည္ မွန္သည္ ကြ်န္ေတာ္တုိ႕ ကိုယ္တုိင္ မသိႏုိင္ပါ။ သုိ႕ေသာ္ ပိုင္ရွင္ႏွင့္ ဝယ္သူကိုယ္တုိင္ တုိက္ရုိက္ ကားဝယ္ျခင္း ေရာင္းျခင္းမ်ား၏ လုိအပ္ခ်က္မ်ား ျဖစ္သည့္ စာရြက္စာတမ္းမ်ား၊ လုပ္ငန္းေဆာင္တာမ်ားကို ကားေရာင္းသူ ဝယ္သူကိုယ္တုိင္ လုပ္ကုိင္ရမည္ကို သတိျပဳရပါမည္။ ယခုအခ်ိန္တြင္ အခ်ိန္ႏွင့္အမွ်ေျပာင္းလဲေနေသာ ထုိသုိ႕ လုပ္ငန္းစဥ္မ်ားကို ကားဝယ္သူ၊ ေရာင္းသူမ်ား အေနႏွင့္ အစစအရာရာ သိရွိရမည္ျဖစ္ပါသည္။

ထုိသုိ႕ေသာလုပ္ငန္းေဆာင္တာမ်ား၊ စာရြက္စာတမ္းမ်ားကို လုိက္လံစံုစမ္းႏုိင္ေသာ ကားဝယ္သူ၊ ေရာင္းသူမ်ားရွိသကဲ့သို႕၊ ထုိထုိ ရုံးကိစၥမ်ားအတြက္ အခ်ိန္မေပးႏုိင္ မစံုစမ္းႏုိင္သူမ်ားလည္းရွိၾကပါသည္။ မုန္႕ဟင္းခါးခ်က္တက္ၾက သူအမ်ားအျပားရွိေသာ္လည္း၊ ဆုိင္မွာဝယ္စားၾကသူမ်ား ပိုမ်ားသကဲ့သုိ႕ တကယ္သိရွိနားလည္ေသာ အက်ိဳးေဆာင္မ်ား၏ အကူအညီကို အက်ိဳးေဆာင္ခေပးကာ အစအဆံုး အၿပီးအစီးလုပ္ေပးမည္ကို ၾကည္ျဖဴစြာ လက္ခံမည့္ ေရာင္းသူ၊ ဝယ္သူမ်ား အမ်ားအျပားပင္ ရွိလိမ့္ဦးမည္ဟု ကြ်န္ေတာ္တုိ႕ယံုၾကည္ပါသည္။

အမွန္အတုိင္းဆုိရလွ်င္ MyanmarCarsDB ၏ လုပ္ငန္းသဘာဝသည္ ယခုတုိးတက္လာသည့္ ျမန္မာ့ကားေစ်းကြက္အေျခအေနအရ ေရာင္းသူျဖစ္ေစ၊ ဝယ္သူျဖစ္ေစ၊ ကား Import/Export လုပ္သူမ်ားျဖစ္ေစ၊ အက်ိဳးေဆာင္မ်ားျဖစ္ေစ၊ မည္သူမဆို အက်ိဳးရွိေစရန္ ရည္ရြယ္ပါသည္။


  • ကားေရာင္းသူ (သုိ႕) အက်ိဳးေဆာင္အေနႏွင့္ တစ္ေနကုန္ ဝိုင္းတြင္ထုိင္ကာ အလုပ္မျဖစ္ျဖစ္ရျခင္း၏ လုပ္ငန္းေႏွးေကြးမႈကို ေျဖရွင္းကာ မိနစ္ပိုင္းတြင္း မိမိအဆင္ေျပသည့္ အခ်ိန္တြင္ ေရာင္းလုိသည့္ ကားအေၾကာင္း ေၾကာ္ျငာတစ္ခုတင္ရုံႏွင့္ စိတ္ဝင္စားသူမ်ားကို ထိေရာက္ေစရန္၊

  • ကားဝယ္သူအေနႏွင့္လည္း ဝိုင္းတြင္းမွ ကားေပါင္းမ်ားစြာကို ေနပူက်ဲတဲ တစ္ေနကုန္လုိက္ၾကည့္ကာ အပင္ပန္းခံရျခင္းကို ေျဖရွင္းကာ မိမိအဆင္ေျပရာေနရာမွေန ႀကိဳက္ႏွစ္သက္ရာ ကားမ်ားကို တၿပိဳင္တည္း ၾကည့္ႏုိင္ကာ ေရြးခ်ယ္ႏုိင္ေစရန္ စသည့္ ရည္ရြယ္ခ်က္မ်ားသာရွိပါသည္။


အျခားႏုိင္ငံမ်ားတြင္ MyanmarCarsDB ကဲ့သို႔ေသာ ဝန္ေဆာင္မွဳေပးသည့္ web portal မ်ားတြင္က်ယ္စြာ အသံုးျပဳေနၾကၿပီးျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံတြင္မူ ယခုမွ စတင္ႏိုင္ခဲ့ျခင္းျဖစ္ပါသည္။

ေရာင္းသူႏွင့္ ဝယ္သူၾကား အင္တာနက္မွခ်ိတ္ဆက္ၿပီး အေရာင္းအဝယ္ ျပဳလုပ္ျခင္းအားျဖင့္ အခ်ိန္ကုန္ လူပင္ပန္း သက္သာေစသည့္အျပင္ ပြင့္လင္းျမင္သာသည့္ ေစ်းကြက္ စီးပြားေရး စနစ္တစ္ခုကို ျမွင့္တင္ေပးႏိုင္မွာျဖစ္ပါသည္။

ထုိ႕ေၾကာင့္ တုိက္ရုိက္ေရာင္းၾကသည္ ျဖစ္ေစ၊ အက်ိဳးေဆာင္မွ တစ္ဆင့္ေရာင္းၾကသည္ျဖစ္ေစ၊ မည္သူမဆုိ ေရာင္းဝယ္ေရးလုပ္ရာတြင္ ပိုမိုအလုပ္တြင္ေစေရးသည္သာ MyanmarCarsDB ၏ အဓိကရည္ရြယ္ခ်က္ျဖစ္ပါသည္။


  • မည္သုိ႕ေၾကာင့္ အက်ိဳးေဆာင္မ်ားကို ေပ်ာက္သြားေစခ်င္သည္ဟု သုံးသပ္ၾကသနည္း။

  • ကြ်န္ေတာ္တုိ႕၏ လုပ္ငန္းအား အက်ိဳးေဆာင္မ်ားအေနႏွင့္ မည္သုိ႕ျမင္ပါသနည္းကို ကြ်န္ေတာ္တုိ႕ကိုယ္တုိင္ သိရွိႏုိင္ရန္ႏွင့္ အျခားေသာ သတင္းဖတ္ေနသူမ်ားလည္း သိရွိႏုိင္ေစရန္ Comment တြင္ဝင္ေရာက္ေဆြးေႏြးၾကပါရန္ ကားပိုင္ရွင္မ်ား၊ ကားဝယ္လုိသူမ်ား၊ အက်ိဳးေဆာင္မ်ားကို ဖိတ္ေခၚလုိက္ပါသည္။




Unicode Version

ကျွန်တော်တို့ MyanmarCarsDB ကို ဇန်နဝါရီလ ၄ရက်နေ့မှစတင်ခဲ့ရာ ယခု နှစ်လအကျော်တွင် ကျွန်တော်တို့၏ လုပ်ငန်း အကြောင်းကို The Voice Journal, Myanmar Times, မဇ္စျိမ အစရှိတဲ့ သတင်းဌာနများမှ သတင်းဖြင့် ဖော်ပြခြင်းကို ခံရပါတယ်။

သို့ပါငြား MyanmarCarsDB လုပ်ငန်းသဘော သဘာဝကို အတိအလင်း ရှင်းပြခွင့်မရှိခဲ့ပါ။ ထို့ကြောင့် သတင်းဌာနများမှာ ကျွန်တော်တို့၏ လုပ်ငန်းကြောင့် နောင်တစ်ချိန်တွင် ကားအကျိုးဆောင်များ၊ အကျိုးဆောင်လုပ်ငန်းများတွင် ဝယ်သူ ရောင်းသူများ လိုတော့မည်မဟုတ်တော့ကြောင်း ဖော်ပြခဲ့ကြပါသည်။

ထိုသတင်းများ၏ အမြင်အရ ဆိုလျှင် ကားဝယ်သူ၊ ရောင်းသူများမှာ ကျွန်တော်တို့၏ MyanmarCarsDB ကိုသုံးကာ အကျိုးဆောင်မလိုပဲ၊ ကိုယ်တိုင် ရောင်းနိုင် ဝယ်နိုင်မည်ကြမည်ဖြစ်ရာ နောက်နောင်တွင် အကျိုးဆောင်များကို စျေးကွက်မှာ လိုအပ်မှု မရှိတော့ဟု သုံးသပ်ကြခြင်းဖြစ်ပါသည်။

ထို အမြင်မှာ မှားသည် မှန်သည် ကျွန်တော်တို့ ကိုယ်တိုင် မသိနိုင်ပါ။ သို့သော် ပိုင်ရှင်နှင့် ဝယ်သူကိုယ်တိုင် တိုက်ရိုက် ကားဝယ်ခြင်း ရောင်းခြင်းများ၏ လိုအပ်ချက်များ ဖြစ်သည့် စာရွက်စာတမ်းများ၊ လုပ်ငန်းဆောင်တာများကို ကားရောင်းသူ ဝယ်သူကိုယ်တိုင် လုပ်ကိုင်ရမည်ကို သတိပြုရပါမည်။ ယခုအချိန်တွင် အချိန်နှင့်အမျှပြောင်းလဲနေသော ထိုသို့ လုပ်ငန်းစဉ်များကို ကားဝယ်သူ၊ ရောင်းသူများ အနေနှင့် အစစအရာရာ သိရှိရမည်ဖြစ်ပါသည်။

ထိုသို့သောလုပ်ငန်းဆောင်တာများ၊ စာရွက်စာတမ်းများကို လိုက်လံစုံစမ်းနိုင်သော ကားဝယ်သူ၊ ရောင်းသူများရှိသကဲ့သို့၊ ထိုထို ရုံးကိစ္စများအတွက် အချိန်မပေးနိုင် မစုံစမ်းနိုင်သူများလည်းရှိကြပါသည်။ မုန့်ဟင်းခါးချက်တက်ကြ သူအများအပြားရှိသော်လည်း၊ ဆိုင်မှာဝယ်စားကြသူများ ပိုများသကဲ့သို့ တကယ်သိရှိနားလည်သော အကျိုးဆောင်များ၏ အကူအညီကို အကျိုးဆောင်ခပေးကာ အစအဆုံး အပြီးအစီးလုပ်ပေးမည်ကို ကြည်ဖြူစွာ လက်ခံမည့် ရောင်းသူ၊ ဝယ်သူများ အများအပြားပင် ရှိလိမ့်ဦးမည်ဟု ကျွန်တော်တို့ယုံကြည်ပါသည်။

အမှန်အတိုင်းဆိုရလျှင် MyanmarCarsDB ၏ လုပ်ငန်းသဘာဝသည် ယခုတိုးတက်လာသည့် မြန်မာ့ကားစျေးကွက်အခြေအနေအရ ရောင်းသူဖြစ်စေ၊ ဝယ်သူဖြစ်စေ၊ ကား Import/Export လုပ်သူများဖြစ်စေ၊ အကျိုးဆောင်များဖြစ်စေ၊ မည်သူမဆို အကျိုးရှိစေရန် ရည်ရွယ်ပါသည်။


  • ကားရောင်းသူ (သို့) အကျိုးဆောင်အနေနှင့် တစ်နေကုန် ဝိုင်းတွင်ထိုင်ကာ အလုပ်မဖြစ်ဖြစ်ရခြင်း၏ လုပ်ငန်းနှေးကွေးမှုကို ဖြေရှင်းကာ မိနစ်ပိုင်းတွင်း မိမိအဆင်ပြေသည့် အချိန်တွင် ရောင်းလိုသည့် ကားအကြောင်း ကြော်ငြာတစ်ခုတင်ရုံနှင့် စိတ်ဝင်စားသူများကို ထိရောက်စေရန်၊

  • ကားဝယ်သူအနေနှင့်လည်း ဝိုင်းတွင်းမှ ကားပေါင်းများစွာကို နေပူကျဲတဲ တစ်နေကုန်လိုက်ကြည့်ကာ အပင်ပန်းခံရခြင်းကို ဖြေရှင်းကာ မိမိအဆင်ပြေရာနေရာမှနေ ကြိုက်နှစ်သက်ရာ ကားများကို တပြိုင်တည်း ကြည့်နိုင်ကာ ရွေးချယ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များသာရှိပါသည်။


အခြားနိုင်ငံများတွင် MyanmarCarsDB ကဲ့သို့သော ဝန်ဆောင်မှုပေးသည့် web portal များတွင်ကျယ်စွာ အသုံးပြုနေကြပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ယခုမှ စတင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ရောင်းသူနှင့် ဝယ်သူကြား အင်တာနက်မှချိတ်ဆက်ပြီး အရောင်းအဝယ် ပြုလုပ်ခြင်းအားဖြင့် အချိန်ကုန် လူပင်ပန်း သက်သာစေသည့်အပြင် ပွင့်လင်းမြင်သာသည့် စျေးကွက် စီးပွားရေး စနစ်တစ်ခုကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါသည်။

ထို့ကြောင့် တိုက်ရိုက်ရောင်းကြသည် ဖြစ်စေ၊ အကျိုးဆောင်မှ တစ်ဆင့်ရောင်းကြသည်ဖြစ်စေ၊ မည်သူမဆို ရောင်းဝယ်ရေးလုပ်ရာတွင် ပိုမိုအလုပ်တွင်စေရေးသည်သာ MyanmarCarsDB ၏ အဓိကရည်ရွယ်ချက်ဖြစ်ပါသည်။


  • မည်သို့ကြောင့် အကျိုးဆောင်များကို ပျောက်သွားစေချင်သည်ဟု သုံးသပ်ကြသနည်း။

  • ကျွန်တော်တို့၏ လုပ်ငန်းအား အကျိုးဆောင်များအနေနှင့် မည်သို့မြင်ပါသနည်းကို ကျွန်တော်တို့ကိုယ်တိုင် သိရှိနိုင်ရန်နှင့် အခြားသော သတင်းဖတ်နေသူများလည်း သိရှိနိုင်စေရန် Comment တွင်ဝင်ရောက်ဆွေးနွေးကြပါရန် ကားပိုင်ရှင်များ၊ ကားဝယ်လိုသူများ၊ အကျိုးဆောင်များကို ဖိတ်ခေါ်လိုက်ပါသည်။


Latest News

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည္​့ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »

Uber က ေစ်းႏႈန္းပိုုသက္သာသည့္ စနစ္သစ္ကိုု...

Picture1 150x150

Zawgyi Version Uber ကုမၸဏီသည္ ေစ်းပိုုသက္သာၿပီး ကားမေခၚခင္ ေစ်းႏႈန္းအတိအက်ႀကိဳသိႏုုိင္သည့္ စနစ္သစ္ကိုု ရန္ကုုန္ၿမိဳ႕တြင္ ႏုုိဝင္ဘာလ...

Read more »

ျမန္မာႏုုိင္ငံက ၂၀၁၈ ၌ ASEAN MRA တြင္...

Img 0809 150x150

Zawgyi Version ျမန္မာႏုုိင္ငံသည္ လာမည့္ ၂၀၁၈ ၌ အာဆီယံ ေမာ္ေတာ္ယာဥ္ထုုတ္ကုုန္ပစၥည္းမ်ား အျပန္အလွန္ အသိအမွတ္ျပဳေရး အစီအစဥ္(MRA) တြင္...

Read more »

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »