၂၀၁၅ ခုႏွစ္အတြက္ ထြက္ရွိမည့္ CIF တန္ဖိုးအေျပာင္းအလဲအား ေစာင့္ၾကည့္ေနမႈမ်ားရွိေနကာ ကားေစ်းကြက္ေအး

၂၀၁၅ ခုႏွစ္အတြက္ ထြက္ရွိမည့္ CIF တန္ဖိုးအေျပာင္းအလဲအား ေစာင့္ၾကည့္ေနမႈမ်ားရွိေနကာ ေလလံသို႔မွာယူမႈႏွင့္ ျပည္တြင္းအေရာင္းအ၀ယ္တြင္ အနည္းငယ္ေအးေနေၾကာင္း ကားေလလံကုမၸဏီပိုင္ရွင္ တစ္ဦးက ေျပာၾကားခဲ့သည္။ ၂၀၁၅ ခုႏွစ္တြင္ စလစ္ကပ္ကားမ်ားအား ၂၀၀၃ ေမာ္ဒယ္မွစတင္ တင္သြင္းခြင့္ရ မည္ျဖစ္ၿပီး အခြန္ႏႈန္းထားေလ်ာ့ေပါ့ေပးေတာ့မည္မဟုတ္သျဖင့္ အဆိုပါစလစ္ကပ္ကားမ်ား၏ CIF တန္ဖိုးအား လည္း စိတ္၀င္တစားေစာင့္ၾကည့္ေနၾကေၾကာင္း သိရသည္။

“လာမယ့္ႏွစ္မွာ ၂၀၀၃ ကစသြင္းရမယ္၊ အခြန္ကလည္းတေျပးညီေကာက္မယ္ဆိုရင္ ဒီစလစ္ကပ္ကား ေတြရဲ႕ CIF တန္ဖိုးက စိတ္၀င္စားစရာပဲ။ Free Permit နဲ႔သြင္းရမယ့္ Belta က သိန္း ၁၃၀ ေလာက္က်ၿပီး Wish လိုကားကို စလစ္ကပ္ရင္လည္း သိန္း ၁၃၀ ပဲဆိုရင္ လူေတြကစလစ္ကပ္ကားကိုပဲ၀ယ္ၾကလိမ့္မယ္။ စလစ္ကပ္ကားကိုေစ်းေလ်ာ့မွပဲရမယ္။ ဒါမွ Balance ညီမယ္” ဟု ရွင္းျပခဲ့သည္။

စလစ္ကပ္ကားမ်ားအား ၂၀၀၃ မွစတင္ တင္သြင္းရပါက Crown အမ်ိဳးအစားမွာနံပါတ္တစ္၀ယ္ယူမႈ ရွိလာနိုင္ကာ Free Permit အား ၂၀၁၁ ေမာ္ဒယ္မွစသြင္းခြင့္ရလွ်င္ 1.3 အင္ဂ်င္ပါ၀ါကားမ်ားေရာင္းအား ေကာင္းနုိင္ေၾကာင္း ေမွ်ာ္မွန္းထားသည္ဟု အဆိုပါပုဂၢိဳလ္ကသံုးသပ္ျပသည္။

၁၉၉၉-၂၀၀၀ ေမာ္ဒယ္ကို ျပည္တြင္း၌အႀကိဳက္မ်ားေသာ Parado,Pajero,Surf တို႔ကားမ်ား မွာယူမႈ ေပ်ာက္သြားနိုင္ကာ ေရာက္ရွိၿပီးသား ၁၉၉၉-၂၀၀၀ ေမာ္ဒယ္ဒီဇယ္ကားမ်ားကိုသာ ၀ယ္ယူႏိုင္ေၾကာင္းသိရ သည္။ ၂၀၀၃ ေမာ္ဒယ္ဖိုး၀ွီးကားမ်ားမွာ ဓါတ္ဆီကားမ်ားျဖစ္သျဖင့္ ပံုေျပာင္း၍ေစ်းကြာသျဖင့္ အႀကိဳက္နည္းႏုိင္ ေၾကာင္းသိရသည္။

“ေလာေလာဆယ္အမွာေတြရပ္ထားတယ္။ လာမယ့္ႏွစ္ Free Permit ကို ၂၀၁၁ ကစသြင္းရင္ 1.3 ပဲ အ၀ယ္လိုက္ႏိုင္တယ္။ ေမာ္ဒယ္ျမင့္ေတာ့ ေစ်းမလိုက္ႏိုင္ဘူး ။ စလစ္ကပ္မယ္ဆိုရင္ ၂၀၀၃ ကစေတာ့ Crown လုိကားက အႀကိဳက္မ်ားလာႏိုင္တယ္။ အခု CIF အေျပာင္းအလဲကို ေစာင့္ၾကည့္ေနတယ္ထင္တာပဲ။ ဒါေပမယ့္ ထူးထူးျခားျခားႀကီးေတာ့ မေျပာင္းလဲလိုက္ဘူူး” ဟု ကားမ်ားအား ျပည္တြင္း၌ လက္ကားျဖန္႔ခ်ိေပးေနသည့္ ကုမၸဏီဒါရိုက္တာတစ္ဦးက ေျပာျပခဲ့သည္။

Ref : Auto World Journal မွကူးယူေဖၚျပသည္။



Unicode Version

၂ဝ၁၅ ခုနှစ်အတွက် ထွက်ရှိမည့် CIF တန်ဖိုးအပြောင်းအလဲအား စောင့်ကြည့်နေမှုများရှိနေကာ လေလံသို့မှာယူမှုနှင့် ပြည်တွင်းအရောင်းအဝယ်တွင် အနည်းငယ်အေးနေကြောင်း ကားလေလံကုမ္ပဏီပိုင်ရှင် တစ်ဦးက ပြောကြားခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် စလစ်ကပ်ကားများအား ၂ဝဝ၃ မော်ဒယ်မှစတင် တင်သွင်းခွင့်ရ မည်ဖြစ်ပြီး အခွန်နှုန်းထားလျော့ပေါ့ပေးတော့မည်မဟုတ်သဖြင့် အဆိုပါစလစ်ကပ်ကားများ၏ CIF တန်ဖိုးအား လည်း စိတ်ဝင်တစားစောင့်ကြည့်နေကြကြောင်း သိရသည်။

“လာမယ့်နှစ်မှာ ၂ဝဝ၃ ကစသွင်းရမယ်၊ အခွန်ကလည်းတပြေးညီကောက်မယ်ဆိုရင် ဒီစလစ်ကပ်ကား တွေရဲ့ CIF တန်ဖိုးက စိတ်ဝင်စားစရာပဲ။ Free Permit နဲ့သွင်းရမယ့် Belta က သိန်း ၁၃ဝ လောက်ကျပြီး Wish လိုကားကို စလစ်ကပ်ရင်လည်း သိန်း ၁၃ဝ ပဲဆိုရင် လူတွေကစလစ်ကပ်ကားကိုပဲဝယ်ကြလိမ့်မယ်။ စလစ်ကပ်ကားကိုစျေးလျော့မှပဲရမယ်။ ဒါမှ Balance ညီမယ်” ဟု ရှင်းပြခဲ့သည်။

စလစ်ကပ်ကားများအား ၂ဝဝ၃ မှစတင် တင်သွင်းရပါက Crown အမျိုးအစားမှာနံပါတ်တစ်ဝယ်ယူမှု ရှိလာနိုင်ကာ Free Permit အား ၂ဝ၁၁ မော်ဒယ်မှစသွင်းခွင့်ရလျှင် 1.3 အင်ဂျင်ပါဝါကားများရောင်းအား ကောင်းနိုင်ကြောင်း မျှော်မှန်းထားသည်ဟု အဆိုပါပုဂ္ဂိုလ်ကသုံးသပ်ပြသည်။

၁၉၉၉-၂ဝဝဝ မော်ဒယ်ကို ပြည်တွင်း၌အကြိုက်များသော Parado,Pajero,Surf တို့ကားများ မှာယူမှု ပျောက်သွားနိုင်ကာ ရောက်ရှိပြီးသား ၁၉၉၉-၂ဝဝဝ မော်ဒယ်ဒီဇယ်ကားများကိုသာ ဝယ်ယူနိုင်ကြောင်းသိရ သည်။ ၂ဝဝ၃ မော်ဒယ်ဖိုးဝှီးကားများမှာ ဓါတ်ဆီကားများဖြစ်သဖြင့် ပုံပြောင်း၍စျေးကွာသဖြင့် အကြိုက်နည်းနိုင် ကြောင်းသိရသည်။

“လောလောဆယ်အမှာတွေရပ်ထားတယ်။ လာမယ့်နှစ် Free Permit ကို ၂ဝ၁၁ ကစသွင်းရင် 1.3 ပဲ အဝယ်လိုက်နိုင်တယ်။ မော်ဒယ်မြင့်တော့ စျေးမလိုက်နိုင်ဘူး ။ စလစ်ကပ်မယ်ဆိုရင် ၂ဝဝ၃ ကစတော့ Crown လိုကားက အကြိုက်များလာနိုင်တယ်။ အခု CIF အပြောင်းအလဲကို စောင့်ကြည့်နေတယ်ထင်တာပဲ။ ဒါပေမယ့် ထူးထူးခြားခြားကြီးတော့ မပြောင်းလဲလိုက်ဘူး” ဟု ကားများအား ပြည်တွင်း၌ လက်ကားဖြန့်ချိပေးနေသည့် ကုမ္ပဏီဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်။

Ref : Auto World Journal မှကူးယူဖေါ်ပြသည်။

Latest News

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »

Uber က ေစ်းႏႈန္းပိုုသက္သာသည့္ စနစ္သစ္ကိုု...

Picture1 150x150

Zawgyi Version Uber ကုမၸဏီသည္ ေစ်းပိုုသက္သာၿပီး ကားမေခၚခင္ ေစ်းႏႈန္းအတိအက်ႀကိဳသိႏုုိင္သည့္ စနစ္သစ္ကိုု ရန္ကုုန္ၿမိဳ႕တြင္ ႏုုိဝင္ဘာလ...

Read more »