၂၀၁၅ ခုနှစ်မတ်လအထိသာ ၂၀၁၄ ခုနှစ်၏ မော်တော်ယာဉ်တင်သွင်းမှုနှုန်းထားအတိုင်း လျှော့ပေါ့မည်ဖြစ်သဖြင့် ပါမစ်ကြိုတင်လျှောက်ထားမှုများပြား
Unicode Version
၂ဝ၁၄ ခုနှစ်တွင် စလစ်ကပ်ကားများအား အခွန်လျှော့ပေါ့ပေးသော်လည်း ၂ဝ၁၅ ခုနှစ်တွင် Free Permit တင်သွင်းသောကားများနှင့်တန်းတူ အခွန်ကောက်ခံသွားမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်မတ်လအထိသာ ၂ဝ၁၄ ခုနှစ် အခွန်နှုန်းထားအတိုင်း ခံစားခွင့်ပေးထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
၂ဝ၁၄ ခုနှစ်အတွင်းအပ်နှံပြီး စလစ်ကပ်၍တင်သွင်းသောကားများမှာ ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် က.ည.န ၌ နံပါတ်နှိုက်၍ လိုင်စင်ရယူပြီးသားဖြစ်ရမည် ဖြစ်ကြောင်းသိရသည်။ ထို့အတွက်နှစ်ကုန်ချိန်နီး လာသည်နှင့်အမျှ ၂ဝ၁၄ ခုနှစ်အခွန်နှုန်းထားအတိုင်း ရရှိရန် ပါမစ်ကြိုတင်လျှောက်ထားမှု များလာကြောင်းသိရ သည်။ ဆိပ်ကမ်းတွင်ရောက်ရှိနေသော ကားများအား ဇုန်ကားဟောင်းစလစ်ဖြင့် ကပ်၍ဝယ်ယူမှုများလာခြင်း ကြောင့် ဇုန်ကားဟောငး်စျေးမှာ ကျပ်သိန်း ၄ဝ နီးပါးသို့ ပြန်လည်စျေးတက်လာကြောင်းသိရသည်။
နှစ်နှစ်ဆယ်သက်တမ်းပြည့်ပြီးသည့် ကားဟောင်းများမှာ ဇုန်ကားစလစ်စျေးနှင့်တန်းတူဖြစ်ပြီး အခွန် လျော့ပေါ့မှုတူသဖြင့် ဝယ်လိုအားနည်းနေကြောင်းသိရသည်။ အဆိုပါကားများမှာ ဇုန်ကားများနည်းတူ အခွန် လျော့ပေါ့မှု ၂ဝ ရာခိုင်နှုန်းရရှိပြီး ၂ဝ၁၅ ခုနှစ်အတွင်းသို့ရောက်ရှိပါက အခွန်အပြည့်ဆောင်ရမည်ဖြစ်ကြောင်းသိ ရသည်။သို့သော်လည်း အဆိုပါသက်တမ်းပြည့်ပြီးသည့်ကားများတွင် ကောင်းမွန်သောကားများရှိသဖြင့် ယာဉ် ပိုင်ရှင်များမှ မအပ်နှံလိုကြောင်းသိရသည်။ အခွန်နှုန်းထား ၂ဝ ရာခိုင်နှုန်းသာ လျော့ပေါ့ရရှိခြင်း၊ ကောင်းစွာအ သုံးပြုနိုင်သေးသည့် အခြေအနေတွင်ရှိခြင်းတို့ကြောင့် မအပ်နှံသော်လည်း လာမည့်သုံးလေးလအတွင်း အခွန်အပြည့်ကောက်ခံမှု စတင်တော့မည်ဖြစ်ရာ သက်တမ်းပြည့်ပြီးသည့် ကားဟောင်းပိုင်ရှင်များမှာ အနာ ဘက်တွင်သာရှိကြောင်း အဆိုပါပုဂ္ဂိုလ်ကရှင်းပြခဲ့သည်။
Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။
Latest News
Mazda Myanmar က All New Mazda CX 9 ကားကိုု...
Mazda cx9 150x150
Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...
Read more »
ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...
Latest news1 13 150x150
Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...
Read more »
မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...
For news 150x150
Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...
Read more »
(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...
Latest news1 13 150x150
Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...
Read more »
အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...
Latest news1 12 150x150
Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...
Read more »