fb-pageview-tracker
Free Permit ျဖင့္ ေမာ္ေတာ္ယာဥ္တင္သြင္းမႈအား အေကာင္းဆံုးနည္းလမ္းျဖစ္ရန္ ၀ိုင္း၀န္းအေျဖရွာဆဲျဖစ္ ေၾကာင္းသိရ

Free Permit ျဖင့္တင္သြင္းလာေသာ ေမာ္ေတာ္ယာဥ္မ်ားအား ထိန္းခ်ဳပ္ကန္႔သတ္ရန္အတြက္ အေကာင္းဆံုးနည္းလမ္းျဖစ္ေစရန္ ၀ိုင္း၀န္းအေျဖရွာဆဲျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီး ဌာနမွ တာ၀န္ရွိသူတစ္ဦးကေျပာျပခဲ့သည္။ ရန္ကုန္ၿမိဳ႕တြင္း ယာဥ္ေၾကာၾကပ္တည္းမႈမ်ားေၾကာင့္ Free Permit ျဖင့္ ေမာ္ေတာ္ယာဥ္တင္သြင္းျခင္းအား ထိန္းခ်ဳပ္ကန္႔သတ္ရန္ ေထာက္ျပမႈမ်ားရွိေသာ္လည္း တစ္တိုင္းျပည္လံုး အားျဖင့္မူ ေမာ္ေတာ္ယာဥ္မ်ားလိုအပ္ေနေသးေၾကာင္းသိရသည္။

ထို႔အတြက္ Free Permit ျဖင့္ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္အား လုံး၀ပိတ္သိမ္းမႈမျပဳလုပ္သည့္တိုင္ ေအာင္ အျခားနည္းလမ္းျဖင့္ထိန္းခ်ဳပ္ကန္႔သတ္ပါက ေမာ္ေတာ္ယာဥ္တင္သြင္းမႈ အနည္းငယ္ေလ်ာ့က်သြားႏိုင္ ေၾကာင္း Car Sales Center ပိုင္ရွင္တစ္ဦးက ေျပာသည္။

“ကၽြန္ေတာ္ၾကားတာေတာ့ လာမယ့္ႏွစ္ Free Permit နဲ႔ သြင္းတဲ့အခါ အခုလက္ရွိပံုစံျဖစ္တဲ့ ၁၈ ႏွစ္ ျပည့္ၿပီးသူတိုင္း Bank Account ဖြင့္ၿပီး ကားတစ္စီးတင္သြင္းႏိုင္တယ္ဆိုတာမ်ိဳးမဟုတ္ေတာ့ဘဲနဲ႔ အိမ္ေထာင္စု သန္းေကာင္စာရင္းတစ္ခုကို ကားတစ္စီးႏႈန္းပဲတင္သြင္းခြင့္ျပဳမလားေပါ့၊ ေျပာရရင္အိမ္လိပ္စာတစ္ခုကို ကားတစ္စီးႏႈန္းေပါ့၊ အဲ့လုိဆိုရင္ေတာ့ Free Permit နဲ႔သြင္းတာကိုပိတ္တာလည္း မဟုတ္ေတာ့ဘူး၊ လူတိုင္း လည္း မသြင္းရေတာ့ နည္းနည္းေတာ့ေလ်ာ့သြားမယ္ထင္တယ္၊ ေနာက္ရန္ကုန္တိုင္းေဒသႀကီးအတြက္ သြင္း တဲ့ (1300 CC ) ကားေတြကို ကညန အခြန္အျပည့္တိုးေကာက္ခ်င္လည္းေကာက္ႏိုင္တယ္၊ ေသေတာ့မေသခ်ာ ေပမယ့္ ဒါေတြက Free Permit တင္သြင္းခြင့္ကို တစ္နည္းတစ္ဖံုထိန္းခ်ဳပ္ကန္႔သတ္ရာေရာက္တာေပါ့” ဟု ရွင္း ျပသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန မွ တာ၀န္ရွိသူတစ္ဦးက “မေသခ်ာေသးပါဘူး၊ အထက္ကလည္း ဘာမွၫႊန္ၾကားထားတာမရွိေသးပါဘူး၊ ဒါေပမယ့္ ဒီ Free Permit နဲ႔ ပတ္သတ္လို႔က ေခါင္း စဥ္ေတြအမ်ားႀကီးနဲ႔ ၀ိုင္း၀န္းေဆြးေႏြး အေျဖရွာေနၾကဆဲပါ၊ ခုနေျပာတဲ့အခ်က္အလက္ေတြက ေျပာရရင္ေဆြး ေႏြးတဲ့အစီအစဥ္ထဲမွာကို ပါမလာေသးပါဘူး” ဟု ေျပာၾကားခဲ့သည္။

Cerdit: Auto World Journal

 



Unicode Version

Free Permit ဖြင့်တင်သွင်းလာသော မော်တော်ယာဉ်များအား ထိန်းချုပ်ကန့်သတ်ရန်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်စေရန် ဝိုင်းဝန်းအဖြေရှာဆဲဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။ ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းမှုများကြောင့် Free Permit ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းအား ထိန်းချုပ်ကန့်သတ်ရန် ထောက်ပြမှုများရှိသော်လည်း တစ်တိုင်းပြည်လုံး အားဖြင့်မူ မော်တော်ယာဉ်များလိုအပ်နေသေးကြောင်းသိရသည်။

ထို့အတွက် Free Permit ဖြင့်မော်တော်ယာဉ်တင်သွင်းခွင့်အား လုံးဝပိတ်သိမ်းမှုမပြုလုပ်သည့်တိုင် အောင် အခြားနည်းလမ်းဖြင့်ထိန်းချုပ်ကန့်သတ်ပါက မော်တော်ယာဉ်တင်သွင်းမှု အနည်းငယ်လျော့ကျသွားနိုင် ကြောင်း Car Sales Center ပိုင်ရှင်တစ်ဦးက ပြောသည်။

“ကျွန်တော်ကြားတာတော့ လာမယ့်နှစ် Free Permit နဲ့ သွင်းတဲ့အခါ အခုလက်ရှိပုံစံဖြစ်တဲ့ ၁၈ နှစ် ပြည့်ပြီးသူတိုင်း Bank Account ဖွင့်ပြီး ကားတစ်စီးတင်သွင်းနိုင်တယ်ဆိုတာမျိုးမဟုတ်တော့ဘဲနဲ့ အိမ်ထောင်စု သန်းကောင်စာရင်းတစ်ခုကို ကားတစ်စီးနှုန်းပဲတင်သွင်းခွင့်ပြုမလားပေါ့၊ ပြောရရင်အိမ်လိပ်စာတစ်ခုကို ကားတစ်စီးနှုန်းပေါ့၊ အဲ့လိုဆိုရင်တော့ Free Permit နဲ့သွင်းတာကိုပိတ်တာလည်း မဟုတ်တော့ဘူး၊ လူတိုင်း လည်း မသွင်းရတော့ နည်းနည်းတော့လျော့သွားမယ်ထင်တယ်၊ နောက်ရန်ကုန်တိုင်းဒေသကြီးအတွက် သွင်း တဲ့ (1300 CC ) ကားတွေကို ကညန အခွန်အပြည့်တိုးကောက်ချင်လည်းကောက်နိုင်တယ်၊ သေတော့မသေချာ ပေမယ့် ဒါတွေက Free Permit တင်သွင်းခွင့်ကို တစ်နည်းတစ်ဖုံထိန်းချုပ်ကန့်သတ်ရာရောက်တာပေါ့” ဟု ရှင်း ပြသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက “မသေချာသေးပါဘူး၊ အထက်ကလည်း ဘာမှညွှန်ကြားထားတာမရှိသေးပါဘူး၊ ဒါပေမယ့် ဒီ Free Permit နဲ့ ပတ်သတ်လို့က ခေါင်း စဉ်တွေအများကြီးနဲ့ ဝိုင်းဝန်းဆွေးနွေး အဖြေရှာနေကြဆဲပါ၊ ခုနပြောတဲ့အချက်အလက်တွေက ပြောရရင်ဆွေး နွေးတဲ့အစီအစဉ်ထဲမှာကို ပါမလာသေးပါဘူး” ဟု ပြောကြားခဲ့သည်။

Cerdit: Auto World Journal

 

Latest News

Delivery van အုပ္စု D ပါကားမ်ား...

Update news 1 150x150

Zawgyi Version နယ္စပ္ကတင္သြင္းထားေသာ delivery van အုပ္စု D ပါကားမ်ား CIF တန္ဖိုးအစား ကားတင္သြင္းရန္ေလ်ွာက္ထားခဲ့သည့္ လိုင္စင္ပါေစ်းအတိုင္း...

Read more »

ယာဥ္စီးခ ထည့္သြင္းမႈမ႐ွိ၍ ယာဥ္စီးခေပးေခ်မႈ...

Bus 150x150

Zawgyi Version ရန္ကုန္တိုင္းေဒသၾကီးတြင္ ေျပးဆြဲေပးေနလ်ွက္႐ွိေသာ Power Eleven ကုမၸဏီမွ ခရီးသည္တင္ YBS အမွတ္ ၂၁ ယာဥ္လိုင္းတြင္...

Read more »

စီးတီးတကၠစီမွတ္ပံုတင္ မျပဳလုပ္ထားသည့္ ကားမ်ား...

Img 2414 copy 150x150

Zawgyi Version ရန္ကုန္ၿမိဳ႕တြင္ေမာင္းႏွင္ေနေသာ စီးတီးတကၠစီမွတ္ပံုတင္ လာေရာက္ မျပဳလုပ္ထားသည့္ ကားမ်ားကိုု ကညနစာရင္းမ်ားႏွင့္...

Read more »

မူေသအမွတ္ရယူ၍ ယာဥ္စစ္ေဆးထားၿပီး...

Breaking news 1 150x150

Zawgyi Version ကေနဦး မွတ္ပံုုတင္ယာဥ္မ်ား မူေသအမွတ္ရယူကာ ယာဥ္စစ္ေဆးထားၿပီး ႏိုင္ငံေတာ္ေပးသြင္းရမည္ ့အခေငြမ်ား မေပးသြင္းဘဲ...

Read more »

ျပည္တြင္းထုတ္ SKDႏွင့္ CKD စနစ္္ကားမ်ား...

Breaking news 150x150

Zawgyi Version SKD ႏွင့္ CKD စနစ္ျဖင့္ တင္သြင္းၿပီး ျပည္တြင္း၌ တပ္ဆင္ထုတ္လုပ္သည့္ ေမာ္ေတာ္ယာဥ္မ်ားကို ရန္ကုန္လိုင္စင္ YVQC စနစ္တြင္...

Read more »