fb-pageview-tracker
Honda Civic အသစ္ သုံးသပ္ခ်က္ (International)


Zawgyi Version

လုံေလာက္တဲ့ အက်ယ္အဝန္း၊ လန္းဆန္းတက္ၾကြတဲ့ပုံစံနဲ႕ Honda Civic အသစ္ကေတာ့ အထင္ၾကီးေလာက္စရာ သက္ေသာင့္သက္သာ စီးနင္းေမာင္းႏွင္ႏိုင္မယ့္ ကားမ်ိဳးပါ။ အထူးသျဖင့္ မိသားစုစီးအတြက္ေပါ့။ သူ႕လိုမ်ိဳး တျခားမွာ ရွာရခက္ပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ခန္းမွာစီးနင္းမယ့္ အရပ္အေမာင္းေကာင္းသူေတြအတြက္ေတာ့ ေျပာစရာနည္းနည္းရွိေနပါလိမ့္မယ္။

ေဈ းႏႈန္း : $21,880 - $32,241 (ႏုိင္ငံတကာ)

အားသာခ်က္
+ ဒီလိုကားအမ်ိဳးအစားေတြထဲမွာေတာ့ က်ယ္ဝန္းတဲ့ ပစၥည္းတင္ေနာက္ခန္းပါရွိျခင္း
+ ေခ်ာေမြ႕စြာေမာင္းႏွင္ႏုိင္မယ့္ ဓါတ္ဆီအင္ဂ်င္မ်ား တပ္ဆင္ေပးထားျခင္း
+ သက္ေသာင့္သက္သာရွိၿပီး ေမာင္းေပ်ာ္ျခင္း

အားနည္းခ်က္ 
- ဒီဇယ္အင္ဂ်င္ ေရြးခ်ယ္စရာ တစ္မ်ိဳးသာရွိျခင္း
- ေဈ းႏႈန္းသက္သာေသာ models မ်ားတြင္ အေျခခံအဆင့္သာျဖစ္ေနျခင္း
- လူတိုင္းကို ဆြဲေဆာင္ႏုိင္မႈ အားနည္းႏိုင္ျခင္း

သုံးသပ္ခ်က္

မိသားစုစီးနင္းဖို႕အတြက္ လြယ္လြယ္ကူကူေမာင္းႏွင္ႏုိင္မယ့္ ကားမ်ိဳးပါပဲ။ လက္ေတြ႕က်က် ပစၥည္းပစၥယေတြမ်ားမ်ားစားစား ထည့္သြင္းႏိုင္မယ့္ ေနာက္ခန္းလည္း ပါဝင္တယ္။ ပုံစံျခင္းဆင္တဲ့ Vauxhall Astra ထက္ေတာ့ ေဈ းနည္းနည္းပိုမ်ားတယ္။ ဒါေပမယ့္ Civic အသစ္ရဲ့ပုံစံက sport type ပိုဆန္ပါတယ္။ တကယ္လို႕ ပိုျမန္ၿပီး ၿပိဳင္ကားပုံစံမ်ိဳးကိုလိုခ်င္တယ္ဆိုရင္ေတာ့ Honda Civic Type R ကို ျမည္းစမ္းၾကည့္ႏုိင္ပါတယ္။ အတြင္းခန္းမွာသုံးထားတဲ့ ပလတ္စတစ္အသားေတြက ေတာ္ေတာ္ေလးေကာင္းတယ္။ ႏူးညံ့တဲ့ ပလတ္စတစ္ အေကာင္းစားေတြကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ သုံးထားတာေတြ႕ရတယ္။ ေျပာရရင္ Ford Focus ထက္ေတာင္မွ ဒီလိုေနရာမွာ ေဈ းကြက္ကို ဦးေဆာင္မယ့္အေနအထားမွာေတြ႕ရတယ္။ ဒါေပမယ့္ Astra ဒါမွမဟုတ္ VW ရဲ့ Golf ေလာက္ေတာ့ ဇိမ္က်မယ္ မထင္ဘူး။
Civic Type R စီးၿပီး လမ္းမေတြေပၚမွာ အျမန္ေမာင္းေနၾကတဲ့ လူငယ္ေတြေၾကာင့္ေတာ့ အထင္မမွားေစခ်င္ပါဘူး။ ဒီဟာက တကယ့္ကို ေက်ာင္းသုံး၊ ရုံးသုံး သက္ေသာင့္သက္သာရွိၿပီး လက္ေတြ႕က်တဲ့ မိသားစုစီးကားပါ။

ပုံစံ

Honda Civic အသစ္ရဲ့ ရုပ္ထြက္ကေတာ့ ေတာ္ေတာ္ေလး လန္းတယ္။ အထူးသျဖင့္ ၿပိဳင္ကားဆန္ဆန္ ပုံစံမ်ိဳးႏွစ္သက္တဲ့သူေတြအတြက္ေပါ့။ ေနာက္တစ္ခုက အခ်ိဳးပါ။ ကားရဲ့ ခ်ိဳးထားတဲ့ပုံကိုၾကည့္ၿပီးေျပာရမယ္ဆိုရင္ တန္ဖိုးၾကီး ၿပိဳင္ကားေတြေတာ့မပါဘူးေပါ့ေလ။ ဒါေပမယ့္ Honda က ထုတ္လုပ္တဲ့ ကားေတြရဲ့ အခ်ိဳးေတြက ေတာ္ေတာ္ေလး မိုက္တယ္။ ေရွ႕ေလကာမွန္ကေတာ့ ထည့္ေျပာစရာျဖစ္ေလာက္ေအာင္ကို က်ယ္ျပန္႕တယ္လို႕ထင္ရေလာက္တဲ့ အခ်ိဳးမ်ိဳး။
ဟုတ္တယ္။ Honda ကထုတ္တဲ့ ကားေတြရဲ့ အေရွ႕မွန္ကို ခ်ိဳးထားတဲ့ပုံစံက ျမင္ကြင္းကို ရွင္းရွင္းလင္းလင္း က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေစတယ္။ ဒါကေတာ့ ထူးျခားခ်က္ပါပဲ။
ေရွ႕မီးၾကီးနဲ႕ ေနာက္မီးပုံစံေတြကေတာ့ အရမ္းၾကီးထူးျခားေနတာမ်ိဳးမဟုတ္ေပမယ့္ ေခတ္ေတာ့ ေနာက္မက်တာ ေသခ်ာတယ္။
ေသခ်ာတာကေတာ့ ၿပိဳင္ကားေတြလို ဆီစားႏႈန္းသိပ္မမ်ားဘဲနဲ႕ ၿပိဳင္ကားဆန္ဆန္ပုံစံကို မိသားစု ေက်ာင္းသြား၊ ရုံးသြားစီးခ်င္သူေတြအတြက္ေတာ့ Honda Civic အသစ္ဟာ ထိပ္တန္းေရြးခ်ယ္စရာျဖစ္ေနမွာပါ။

အတြင္းခန္း

ဒီေလာက္အရြယ္ကားေတြထဲမွာေတာ့ Honda Civic အသစ္ရဲ့ အတြင္းခန္းပုံစံဟာ ေဈ းကြက္ထဲမွာ ေခတ္ေရွ႕ေျပးတယ္လို႔ဆိုရမယ္။ ဒါေပမယ့္ Civic model ေတြရဲ့ လူစီးေနာက္ခန္းကေတာ့ နည္းနည္းေလး ေျပာစရာျဖစ္ေနတယ္။ သိပ္မက်ယ္ဘူး။
Civic အသစ္ရဲ့ အတြင္းခန္းထဲကို ဝင္လိုက္တဲ့ ခံစားမႈကေတာ့ အခံခြက္ထဲကို အံဝင္ခြင္က်ျဖစ္တဲ့ အရာဝတၳဳတစ္ခု ထည့္လိုက္သလိုမ်ိဳးပါပဲ။ ထုိင္ခုံေတြက နည္းနည္းနိမ့္ၿပီး ခလုတ္ေတြထားတဲ့ေနရာ၊ dashboard ပတ္ပတ္လည္ကေတာ့ နည္းနည္းျမင့္တယ္လို႕ခံစားရတယ္။ ဒါကလည္း SUVs ေတြအေမာင္းမ်ားတဲ့ လူတစ္ေယာက္မွာ ခံစားရမယ့္ ခံစားမႈမ်ိဳး ျဖစ္ပါလိမ့္မယ္။
အစပိုင္း level ေတြျဖစ္တဲ့ S နဲ႕ SE ေတြမွာ ေနာက္ဆုံးေပၚ stereo display ေတြနဲ႕ျဖစ္ေပမယ့္ SR ေတြမွာဆိုရင္ေတာ့ ပိုေကာင္းတဲ့ ခုနစ္လက္မ touchscreen infotainment စနစ္နဲ႕ျဖစ္သြားပါၿပီ။ ၿဂိဳဟ္တုလမ္းညႊန္၊ Android Auto နဲ႕ Apple CarPlay ေတြပါသုံးလို႕ရသြားပါၿပီ။ SR က်မွ ဖုန္းနဲ႕ကား အျပည့္အဝခ်ိတ္ဆက္လို႕ရမယ့္ သေဘာပါ။
တကယ္ေတာ့ Civic အသစ္မွာက SR trim က အလယ္အလတ္တန္းစားပါ။ ဒါေပမယ့္ သားေရသား အုပ္ steering နဲ႕၊ ထိုင္ခုံမွာ ခရီးေဝးကားေမာင္းတဲ့အခါ ခါးဆစ္ကိုအေထာက္အပံ့ျဖစ္ေစျပီး ခ်ိန္ညွိလို႕ရတဲ့ lumbar support နဲ႔ပါ။ ဒါေပမယ့္ သားေရသားထိုင္ခုံလိုခ်င္တယ္ဆိုရင္ေတာ့ ပိုျမင့္တဲ့ EX trim ကိုဝယ္ယူႏုိင္ပါတယ္။
Sport trims ေတြမွာက အတြင္းခန္းမွာ SR နဲ႕သိပ္မကြာေပမယ့္ EX ကစၿပီးေတာ့ ေတာ္ေတာ္ေလး ကြာသြားတယ္။ Resolution ေကာင္းေကာင္း driver display ကေတာ့ model တိုင္းမွာပါဝင္ပါတယ္။ Audi ရဲ့ Virtual Cockpit စနစ္လိုမ်ိဳးေပါ့။ Honda ရဲ့ ဒီ driver display ကတစ္ဆင့္ ဆီစားႏႈန္းကစၿပီး ၿဂိဳဟ္တုလမ္းညႊန္အထိ သတင္းအခ်က္အလက္အမ်ားအျပားကို ၾကည့္လို႕ရတယ္။
Infotainment (သတင္းအခ်က္အလက္နဲ႕ ေဖ်ာ္ေျဖေရး) စနစ္ကို ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ Civic အေဟာင္းေတြက ေခတ္ေတာ္ေတာ္ေနာက္က်သြားပါၿပီ။ အခု Civic အသစ္မွာက ဒီလို ေခတ္မီတဲ့ အသုံးအေဆာင္ေတြအသုံးျပဳႏိုင္တဲ့အျပင္ ေနရာပိုက်ယ္သြားတာကလည္း ေက်းဇူးတင္စရာပါ။

လက္ေတြ႕က်က်

လက္ေတြ႕က်က်အသုံးခ်မႈနဲ႕ပတ္သက္ျပီး ေျပာရမယ္ဆိုရင္ေတာ့ Honda Civic ဟာ model အေဟာင္းေတြထက္စာရင္ အတြင္းခန္းဟာအေတာ္ေလးကို က်ယ္လာတယ္လို႕ေျပာရမွာပါပဲ။ ကားကို လိုက္ပါစီးနင္းမယ့္သူေတြအတြက္၊ ပစၥည္းထည့္ဖို႕အတြက္ ပိုက်ယ္တဲ့ ေနရာလြတ္ေတြပါတယ္။
အေရွ႕ထုိင္ခုံေတြ ထိုင္တဲ့ေနရာမွာ ထိုင္ခုံေတြက ၾကမ္းခင္းနဲ႕နည္းနည္းပိုကပ္တဲ့အတြက္ အရပ္ေတာ္ေတာ္ျမင့္တဲ့သူေတာင္မွ ေခ်ာင္ေခ်ာင္ခ်ိခ်ိ ထိုင္လို႕ရတယ္။ Honda Civic အသစ္တိုင္းမွာ ေမာင္းသူ ထုိင္ခုံကို ခ်ိန္ညွိဖို႕ electric စနစ္နဲ႕အသုံးျပဳႏုိင္ၿပီး EX က်မွသာ စီးနင္းသူေတြပါ ထိုင္ခုံခ်ိန္ညွိဖို႕ electric စနစ္ကို အသုံးျပဳႏုိင္မွာပါ။ EX trim ဆိုရင္ အေရွ႕ထိုင္ခုံေတြအတြက္ အပူေပးစနစ္ပါဝင္ေပမယ့္ ျမန္မာႏုိင္ငံလို ရာသီဥတုမွာေတာ့ အသုံးဝင္မွာ မဟုတ္ပါဘူး။
ေနာက္ခန္းအက်ယ္ကေတာ့ Civic လိုမ်ိဳး မိသားစုစီး ကားအေသးေလးေတြထဲမွာ အက်ယ္ဆုံးလို႕ေျပာလို႕ရႏိုင္မယ္ထင္တယ္။ ကိန္းဂဏန္းေတြအရ ႏွိင္းယွဥ္မယ္ဆိုရင္ Golf ရဲ့ 380-litre ၊ Astra ရဲ့ 370-litre ေနာက္ခန္းေတြထက္ ပိုမိုဝင္ဆံ့တဲ့ 478-litre ကိုပိုင္ဆုိင္ထားတာပါ။ သူ႔ထက္ၾကီးတာဆိုလို႔ သူတို႔လိုမ်ိဳး ကားအမ်ိဳးအစားေတြထဲမွာဆိုရင္ Skoda Octavia ရဲ့ 590-litre ပဲရွိမယ္ထင္ပါတယ္။ (ေနာက္ခန္းဝင္ဆံ့မႈကို litre နဲ႕ျပေလ့ရွိျပီး 1-litre ကို 1,000 ကုဗစင္တီမီတာရွိပါတယ္)။ လက္ေတြ႕စမ္းသပ္ခ်က္အရဆိုရင္ေတာ့ Honda Civic အသစ္ဟာ ကေလးတြန္းလွည္းအၾကီးနဲ႕ ခရီးေဆာင္ေသတၱာအခ်ိဳ႕ ေကာင္းေကာင္းၾကီး ဝင္ဆံ့ပါတယ္။ တကယ္လို႕ ေနာက္ခုံေတြကို လွန္ခ်ထားလိုက္မယ္ဆိုရင္ေတာ့ ပစၥည္းဝင္ဆံ့မႈက 1,200-litre ေက်ာ္သြားပါလိမ့္မယ္။

 

ေမာင္းႏွင္မႈ

ေမာင္းႏွင္မႈနဲ႕ပတ္သက္ၿပီး ပထမဦးဆုံးေျပာလိုတာကေတာ့ တပ္ဆင္ေပးထားတဲ့ adaptive suspension အေၾကာင္းပါ။ ဒီဘက္ေခတ္ ကားအေကာင္းစား ေတာ္ေတာ္မ်ားမ်ားပါေနၿပီျဖစ္တဲ့ suspension စနစ္ျဖစ္ၿပီး လိုက္ပါစီးနင္းၾကသူေတြအားလုံးကိုလည္း သာသာယာယာျဖစ္ေစမယ့္ စနစ္လည္းျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစရာတစ္ခုကေတာ့ EX models ေတြကမွ စၿပီး တပ္ဆင္ေပးတာပါပဲ။
အင္ဂ်င္အေနနဲ႕ကေတာ့ ေရြးခ်ယ္စရာ ဓါတ္ဆီနဲ႕ ဒီဇယ္အင္ဂ်င္ ၃ မ်ိဳးထဲက ၁ မ်ိဳးကိုေရြးခ်ယ္ရမွာျဖစ္ျပီး Gear box အေနနဲ႕ကေတာ့ manual ဒါမွမဟုတ္ CVT automatic ထဲကၾကိဳက္ရာကို ေရြးခ်ယ္ႏုိင္ပါတယ္။ အသုံးမ်ားမယ့္ 129 hp 1.0-litre ဓါတ္ဆီအင္ဂ်င္ကေတာ့ ၿမိဳ႕ထဲဝန္းက်င္မွာ ေမာင္းႏွင္လို႕ေကာင္းမယ့္ကားမ်ိဳးပါ။ ဆီစားႏႈန္းကေတာ့ 45mpg (Honda ကေတာ့ 55.4mpg လို႕ဆိုထားေပမယ့္) ဝန္းက်င္ရွိမွာပါ။ ေနာက္ထပ္အသုံးမ်ားမယ့္ 182hp 1.5-litre turbo အင္ဂ်င္ကေတာ့ ခရီးပါသြားလို႕ေကာင္းမယ့္ အင္ဂ်င္မ်ိဳးျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ 1.0-litre အင္ဂ်င္ထက္ အမ်ားၾကီးေတာ့ ပိုျမန္မသြားပါဘူး။ 1.0-litre နဲ႕က 0-62mph အတြက္ 10.2 စကၠန္႕အခ်ိန္ယူရျပီး 1.5-litre ဆိုရင္ေတာ့ 8.2 စကၠန္႕ေလာက္ၾကာတဲ့အထိပဲ ပိုျမန္သြားမွာပါ။ ဒါေပမယ့္ ပိုၿပီးေခ်ာေမြ႕သြားမယ္။ ေနာက္ထပ္ေကာင္းတဲ့တစ္ခုက ဆီစားႏႈန္း 44mpg ရေအာင္ ေမာင္းႏွင္ႏုိင္တာပါပဲ။
ဒီဇယ္အင္ဂ်င္ကေတာ့ 1.6-litre ပါ။ 120hp ထြက္ရွိမွာ ျဖစ္ၿပီး အသားကုန္ညွစ္ေမာင္းမယ္ဆိုရင္ေတာ့ 0-62mph ကို 9.8 စကၠန္႕အတြင္း ရေအာင္ေမာင္းႏိုင္ပါလိမ့္မယ္။ ဆီစားႏႈန္းအေနနဲ႕ Honda က ဒီဇယ္အင္ဂ်ယ္အတြက္ 80.7mpg အထိရတယ္လို႕ဆိုထားေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ ဆီစားႏႈန္းပိုမိုႏုိင္ဖြယ္သာရွိတာပါ။
တကယ့္လက္ေတြ႕ေမာင္းႏွင္သူေတြရဲ့ အဆိုအရေတာ့ Honda Civic 2019 ေတြရဲ့ ဓါတ္ဆီအင္ဂ်င္ ျမိဳ႕တြင္းအသုံးျပဳမႈ ဆီစားႏႈန္းဟာ ပ်မ္းမွ် 32.5mpg လို႕ဆိုပါတယ္။ ေမာင္းႏွင္မႈနဲ႕ပတ္သက္ၿပီးေျပာရရင္ေတာ့ ၿမိဳ႕ပတ္လည္ ေမာင္းရတဲ့အခါမ်ိဳးမွာ ေတာ္ေတာ္ေလး ေခ်ာေမြ႕အဆင္ေျပပါတယ္။ ဒါေပမယ့္ blind spot ျဖစ္စရာ နည္းနည္းရွိတာကေတာ့ စိုးရိမ္စရာပါ။ အေရွ႕တံခါးနဲ႕ အေရွ႕မွန္ဆုံတဲ့ေနရာမွာ ျမင္ကြင္းက ဖ်တ္ခနဲ ၾကည့္ရုံေလာက္နဲ႔ ရွင္းလင္းမႈမရွိတာေၾကာင့္ ထည့္ေျပာရတာျဖစ္ပါတယ္။ က်င့္သားရသြားရင္ေတာ့ အဆင္ေျပသြားမယ့္ပုံမ်ိဳးပါ။ အေနာက္ျမင္ကြင္းအတြက္ စိုးရိမ္စရာ နည္းနည္းရွိေပမယ့္ အေရွ႕ျမင္ကြင္းက်ယ္ကေတာ့ တကယ့္ကို ထိပ္တန္းပါပဲ။

အခ်က္အလက္မ်ာ

Trim ကေတာ့ နည္းနည္းမ်ားပါတယ္။ ပုံမွန္အားျဖင့္ အေျခခံ S နဲ႕ SE ၊ SR ၊ Sport Line ၊ Sport ၊ EX ၊ Sport Plus နဲ႕ Prestige ဆိုျပီးရွိေပမယ့္ ဒီေနရာမွာေတာ့ အေျခခံအဆင့္ S အေၾကာင္းကို ထည့္မေျပာေတာ့ဘူး။

SE

S trim အေၾကာင္းကို ထည့္မေျပာတဲ့အေၾကာင္းကေတာ့ S နဲ႕ SE က သိပ္ကြာျခားမႈမရွိလုိ႕ပါ။ Lane-departure warning ၊ traffic sign recognition (လမ္းအခ်က္ျပ ဆိုင္းဘုတ္မ်ားကို သိရွိသတိေပးႏုိင္ေသာစနစ္) ၊ adaptive cruise control နဲ႕ automatic emergency brake ေတြကေတာ့ ေဘးအႏၱရယ္ကင္းရွင္းေရး ကရိယာေတြနဲ႕ S ေရာ SE မွာပါ တပ္ဆင္ေပးထားပါတယ္။ S နဲ႕ SE အဓိက ကြာျခားခ်က္ကေတာ့ ဇိမ္ခံပစၥည္းအနည္းငယ္ပါပဲ။ DAB ဒီဂ်စ္တယ္ ေရဒီယို၊ Bluetooth ဆက္သြယ္ေရး၊ Air-con ၊ steering မွာတပ္ဆင္ေပးထားတဲ့ ထိန္းခ်ဳပ္ခလုတ္ေတြနဲ႕ ၁၆ လက္မ အလြိဳင္းေခြနဲ႕ဘီးကေတာ့ စံသတ္မွတ္ခ်က္အေနနဲ႕ အားလုံးမွာ တပ္ဆင္ေပးထားပါတယ္။

SR

SR မွာဆိုရင္ေတာ့ S ေတြ SE ေတြထက္ ပိုမိုတဲ့ အဂၤါရပ္ေတြပါဝင္လာပါၿပီ။ Apple CarPlay ဒါမွမဟုတ္ Android Auto အျပင္ infotainment screen ေပၚမွာ smartphone တစ္လုံးအတိုင္းအသုံးျပဳႏုိင္မယ့္ smartphone mirroring၊ ၿဂိဳဟ္တုလမ္းညႊန္စနစ္၊ အေနာက္ၾကည့္ကင္မရာ၊ သားေရသား အုပ္ လက္ကိုင္ေခြ၊ အေနာက္ေနကာမွန္ေတြအျပင္ ၁၇ လက္မ အလြိဳင္းေခြဘီးျဖစ္သြားပါၿပီ။ Automatic emergency brake ၊ traffic recognition ၊ active cruise control ၊ lane-departure warning နဲ႕ ၇ လက္မ touchscreen infotainment စနစ္ေတြကေတာ့ စံအေနနဲ႕ပါဝင္ျပီးသားပါ။

Sport Line

Honda Civic အသစ္ရဲ့ Sport Line trim မွာေတာ့ ကားရဲ့အျပင္ပိုင္းအေရာင္ေရြးခ်ယ္မႈအသစ္အျပင္ dual-zone air-con ၊ adaptive cruise control တို႕အျပင္ တစ္ပါတည္း တပ္ဆင္ေပးထားတဲ့ ၿဂိဳဟ္တုလမ္းညႊန္နဲ႕ပါ။ Apple Car Play နဲ႕ Android Auto တို႕သုံးဖို႕ infotainment မ်က္ႏွာျပင္ကလည္း ၇ လက္မနဲ႕ပါပဲ။

Sport

Honda Civic အသစ္ရဲ့ sport model အျပင္ပိုင္းမွာေတာ့ ပိုၿပီး မာန္အျပည့္နဲ႕ပုံစံမ်ိဳးေရြးခ်ယ္စရာ ရွိလာပါၿပီ။ Exhaust ႏွစ္လုံးပါတာကိုလည္း ေရြးခ်ယ္လို႔ရပါၿပီ။ က်န္တာေတြကေတာ့ သူ႔ထက္နိမ့္တဲ့ trim ေတြမွာ ပါတာအားလုံးပါဝင္ၿပီး ထူးျခားခ်က္အေနနဲ႕ သတၳဳ pedals ေတြ၊ အေရွ႕အေနာက္ ပါကင္ sensors ေတြ ပါဝင္လာမွာပါ။

EX

EX ကေတာ့ ေဈ းႏႈန္းနည္းနည္းပိုေပးလိုက္ရုံနဲ႕ရရွိႏိုင္မယ့္ အဆင့္ျမင့္ trim တစ္ခုျဖစ္ပါတယ္။ က်န္တဲ့ trim ေတြမွာ speakers ၈ လုံးသာပါဝင္ေပမယ့္ EX မွာေတာ့ ၁၁ လုံးပါ။ အပူေပး သားေရထုိင္ခုံနဲ႔ပါ။ ခရီးေဝးေတြေမာင္းႏွင္တဲ့အခါမွာ ခါးဆစ္ပိုင္းကို အေထာက္အကူေပးမယ့္ lumbar support ကိုလည္း အေရွ႕ထိုင္ခုံႏွစ္လံုးစလုံးမွာ ရရွိႏုိင္ပါၿပီ။ Panoramic glass roof နဲ႕ျဖစ္ၿပီး phone ေတြအတြက္ wireless charging စနစ္ တပ္ဆင္ေပးထားတာေတြ႕ရပါတယ္။ အေကာင္းဆုံးတစ္ခုကေတာ့ adaptive suspension ပါရွိျခင္းပါပဲ။ ျဖစ္ႏုိင္သေလာက္ အားလုံး သက္ေသာင့္သက္သာျဖစ္ေစမယ့္ ပါရွိမႈပါ။

Sport Plus

Sport version နဲ႕ EX version ေပါင္းစပ္မႈလို႕ အလြယ္မွတ္လို႕ရပါတယ္။

Prestige

Prestige ကေတာ့ ထိပ္ဆုံး trim ပါ။ သားေရအျပည့္ ထုိင္ခုံေတြ၊ အေသးစိတ္ျပဳလုပ္ထားတဲ့ သတၳဳေဘာင္နဲ႕ ၇ လက္မ infotainment မ်က္ႏွာျပင္၊ တစ္ပါတည္းပါရွိတဲ့ ၿဂိဳဟ္တုလမ္းညႊန္၊ smartphone mirroring စတာေတြကေတာ့ ေျပာေနစရာကိုမလိုေတာ့ပါဘူး။ ၿပီးျပည့္စုံမႈအရွိဆံုး trim တစ္ခုျဖစ္ၿပီး ျပႆနာကေတာ့ ေဈးႏႈန္းနည္းနည္းၾကီးတာပါပဲ။

#CarsDB #Article #CarReviews #International
စာေရးသူ : စိုင္းဆိုင္ (ရန္ကုန္)
Ref : New Honda Civic Review by Mat Watson


Unicode Version

လုံလောက်တဲ့ အကျယ်အဝန်း၊ လန်းဆန်းတက်ကြွတဲ့ပုံစံနဲ့ Honda Civic အသစ်ကတော့ အထင်ကြီးလောက်စရာ သက်သောင့်သက်သာ စီးနင်းမောင်းနှင်နိုင်မယ့် ကားမျိုးပါ။ အထူးသဖြင့် မိသားစုစီးအတွက်ပေါ့။ သူ့လိုမျိုး တခြားမှာ ရှာရခက်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ခန်းမှာစီးနင်းမယ့် အရပ်အမောင်းကောင်းသူတွေအတွက်တော့ ပြောစရာနည်းနည်းရှိနေပါလိမ့်မယ်။

ဈေ းနှုန်း : $21,880 - $32,241 (နိုင်ငံတကာ)

အားသာချက်
+ ဒီလိုကားအမျိုးအစားတွေထဲမှာတော့ ကျယ်ဝန်းတဲ့ ပစ္စည်းတင်နောက်ခန်းပါရှိခြင်း
+ ချောမွေ့စွာမောင်းနှင်နိုင်မယ့် ဓါတ်ဆီအင်ဂျင်များ တပ်ဆင်ပေးထားခြင်း
+ သက်သောင့်သက်သာရှိပြီး မောင်းပျော်ခြင်း

အားနည်းချက် 
- ဒီဇယ်အင်ဂျင် ရွေးချယ်စရာ တစ်မျိုးသာရှိခြင်း
- ဈေ းနှုန်းသက်သာသော models များတွင် အခြေခံအဆင့်သာဖြစ်နေခြင်း
- လူတိုင်းကို ဆွဲဆောင်နိုင်မှု အားနည်းနိုင်ခြင်း

သုံးသပ်ချက်

မိသားစုစီးနင်းဖို့အတွက် လွယ်လွယ်ကူကူမောင်းနှင်နိုင်မယ့် ကားမျိုးပါပဲ။ လက်တွေ့ကျကျ ပစ္စည်းပစ္စယတွေများများစားစား ထည့်သွင်းနိုင်မယ့် နောက်ခန်းလည်း ပါဝင်တယ်။ ပုံစံခြင်းဆင်တဲ့ Vauxhall Astra ထက်တော့ ဈေ းနည်းနည်းပိုများတယ်။ ဒါပေမယ့် Civic အသစ်ရဲ့ပုံစံက sport type ပိုဆန်ပါတယ်။ တကယ်လို့ ပိုမြန်ပြီး ပြိုင်ကားပုံစံမျိုးကိုလိုချင်တယ်ဆိုရင်တော့ Honda Civic Type R ကို မြည်းစမ်းကြည့်နိုင်ပါတယ်။ အတွင်းခန်းမှာသုံးထားတဲ့ ပလတ်စတစ်အသားတွေက တော်တော်လေးကောင်းတယ်။ နူးညံ့တဲ့ ပလတ်စတစ် အကောင်းစားတွေကို နေရာတော်တော်များများမှာ သုံးထားတာတွေ့ရတယ်။ ပြောရရင် Ford Focus ထက်တောင်မှ ဒီလိုနေရာမှာ ဈေ းကွက်ကို ဦးဆောင်မယ့်အနေအထားမှာတွေ့ရတယ်။ ဒါပေမယ့် Astra ဒါမှမဟုတ် VW ရဲ့ Golf လောက်တော့ ဇိမ်ကျမယ် မထင်ဘူး။
Civic Type R စီးပြီး လမ်းမတွေပေါ်မှာ အမြန်မောင်းနေကြတဲ့ လူငယ်တွေကြောင့်တော့ အထင်မမှားစေချင်ပါဘူး။ ဒီဟာက တကယ့်ကို ကျောင်းသုံး၊ ရုံးသုံး သက်သောင့်သက်သာရှိပြီး လက်တွေ့ကျတဲ့ မိသားစုစီးကားပါ။

ပုံစံ

Honda Civic အသစ်ရဲ့ ရုပ်ထွက်ကတော့ တော်တော်လေး လန်းတယ်။ အထူးသဖြင့် ပြိုင်ကားဆန်ဆန် ပုံစံမျိုးနှစ်သက်တဲ့သူတွေအတွက်ပေါ့။ နောက်တစ်ခုက အချိုးပါ။ ကားရဲ့ ချိုးထားတဲ့ပုံကိုကြည့်ပြီးပြောရမယ်ဆိုရင် တန်ဖိုးကြီး ပြိုင်ကားတွေတော့မပါဘူးပေါ့လေ။ ဒါပေမယ့် Honda က ထုတ်လုပ်တဲ့ ကားတွေရဲ့ အချိုးတွေက တော်တော်လေး မိုက်တယ်။ ရှေ့လေကာမှန်ကတော့ ထည့်ပြောစရာဖြစ်လောက်အောင်ကို ကျယ်ပြန့်တယ်လို့ထင်ရလောက်တဲ့ အချိုးမျိုး။
ဟုတ်တယ်။ Honda ကထုတ်တဲ့ ကားတွေရဲ့ အရှေ့မှန်ကို ချိုးထားတဲ့ပုံစံက မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတယ်။ ဒါကတော့ ထူးခြားချက်ပါပဲ။
ရှေ့မီးကြီးနဲ့ နောက်မီးပုံစံတွေကတော့ အရမ်းကြီးထူးခြားနေတာမျိုးမဟုတ်ပေမယ့် ခေတ်တော့ နောက်မကျတာ သေချာတယ်။
သေချာတာကတော့ ပြိုင်ကားတွေလို ဆီစားနှုန်းသိပ်မများဘဲနဲ့ ပြိုင်ကားဆန်ဆန်ပုံစံကို မိသားစု ကျောင်းသွား၊ ရုံးသွားစီးချင်သူတွေအတွက်တော့ Honda Civic အသစ်ဟာ ထိပ်တန်းရွေးချယ်စရာဖြစ်နေမှာပါ။

အတွင်းခန်း

ဒီလောက်အရွယ်ကားတွေထဲမှာတော့ Honda Civic အသစ်ရဲ့ အတွင်းခန်းပုံစံဟာ ဈေ းကွက်ထဲမှာ ခေတ်ရှေ့ပြေးတယ်လို့ဆိုရမယ်။ ဒါပေမယ့် Civic model တွေရဲ့ လူစီးနောက်ခန်းကတော့ နည်းနည်းလေး ပြောစရာဖြစ်နေတယ်။ သိပ်မကျယ်ဘူး။
Civic အသစ်ရဲ့ အတွင်းခန်းထဲကို ဝင်လိုက်တဲ့ ခံစားမှုကတော့ အခံခွက်ထဲကို အံဝင်ခွင်ကျဖြစ်တဲ့ အရာဝတ္ထုတစ်ခု ထည့်လိုက်သလိုမျိုးပါပဲ။ ထိုင်ခုံတွေက နည်းနည်းနိမ့်ပြီး ခလုတ်တွေထားတဲ့နေရာ၊ dashboard ပတ်ပတ်လည်ကတော့ နည်းနည်းမြင့်တယ်လို့ခံစားရတယ်။ ဒါကလည်း SUVs တွေအမောင်းများတဲ့ လူတစ်ယောက်မှာ ခံစားရမယ့် ခံစားမှုမျိုး ဖြစ်ပါလိမ့်မယ်။
အစပိုင်း level တွေဖြစ်တဲ့ S နဲ့ SE တွေမှာ နောက်ဆုံးပေါ် stereo display တွေနဲ့ဖြစ်ပေမယ့် SR တွေမှာဆိုရင်တော့ ပိုကောင်းတဲ့ ခုနစ်လက်မ touchscreen infotainment စနစ်နဲ့ဖြစ်သွားပါပြီ။ ဂြိုဟ်တုလမ်းညွှန်၊ Android Auto နဲ့ Apple CarPlay တွေပါသုံးလို့ရသွားပါပြီ။ SR ကျမှ ဖုန်းနဲ့ကား အပြည့်အဝချိတ်ဆက်လို့ရမယ့် သဘောပါ။
တကယ်တော့ Civic အသစ်မှာက SR trim က အလယ်အလတ်တန်းစားပါ။ ဒါပေမယ့် သားရေသား အုပ် steering နဲ့၊ ထိုင်ခုံမှာ ခရီးဝေးကားမောင်းတဲ့အခါ ခါးဆစ်ကိုအထောက်အပံ့ဖြစ်စေပြီး ချိန်ညှိလို့ရတဲ့ lumbar support နဲ့ပါ။ ဒါပေမယ့် သားရေသားထိုင်ခုံလိုချင်တယ်ဆိုရင်တော့ ပိုမြင့်တဲ့ EX trim ကိုဝယ်ယူနိုင်ပါတယ်။
Sport trims တွေမှာက အတွင်းခန်းမှာ SR နဲ့သိပ်မကွာပေမယ့် EX ကစပြီးတော့ တော်တော်လေး ကွာသွားတယ်။ Resolution ကောင်းကောင်း driver display ကတော့ model တိုင်းမှာပါဝင်ပါတယ်။ Audi ရဲ့ Virtual Cockpit စနစ်လိုမျိုးပေါ့။ Honda ရဲ့ ဒီ driver display ကတစ်ဆင့် ဆီစားနှုန်းကစပြီး ဂြိုဟ်တုလမ်းညွှန်အထိ သတင်းအချက်အလက်အများအပြားကို ကြည့်လို့ရတယ်။
Infotainment (သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေး) စနစ်ကို ယှဉ်ကြည့်မယ်ဆိုရင်တော့ Civic အဟောင်းတွေက ခေတ်တော်တော်နောက်ကျသွားပါပြီ။ အခု Civic အသစ်မှာက ဒီလို ခေတ်မီတဲ့ အသုံးအဆောင်တွေအသုံးပြုနိုင်တဲ့အပြင် နေရာပိုကျယ်သွားတာကလည်း ကျေးဇူးတင်စရာပါ။

လက်တွေ့ကျကျ

လက်တွေ့ကျကျအသုံးချမှုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ Honda Civic ဟာ model အဟောင်းတွေထက်စာရင် အတွင်းခန်းဟာအတော်လေးကို ကျယ်လာတယ်လို့ပြောရမှာပါပဲ။ ကားကို လိုက်ပါစီးနင်းမယ့်သူတွေအတွက်၊ ပစ္စည်းထည့်ဖို့အတွက် ပိုကျယ်တဲ့ နေရာလွတ်တွေပါတယ်။
အရှေ့ထိုင်ခုံတွေ ထိုင်တဲ့နေရာမှာ ထိုင်ခုံတွေက ကြမ်းခင်းနဲ့နည်းနည်းပိုကပ်တဲ့အတွက် အရပ်တော်တော်မြင့်တဲ့သူတောင်မှ ချောင်ချောင်ချိချိ ထိုင်လို့ရတယ်။ Honda Civic အသစ်တိုင်းမှာ မောင်းသူ ထိုင်ခုံကို ချိန်ညှိဖို့ electric စနစ်နဲ့အသုံးပြုနိုင်ပြီး EX ကျမှသာ စီးနင်းသူတွေပါ ထိုင်ခုံချိန်ညှိဖို့ electric စနစ်ကို အသုံးပြုနိုင်မှာပါ။ EX trim ဆိုရင် အရှေ့ထိုင်ခုံတွေအတွက် အပူပေးစနစ်ပါဝင်ပေမယ့် မြန်မာနိုင်ငံလို ရာသီဥတုမှာတော့ အသုံးဝင်မှာ မဟုတ်ပါဘူး။
နောက်ခန်းအကျယ်ကတော့ Civic လိုမျိုး မိသားစုစီး ကားအသေးလေးတွေထဲမှာ အကျယ်ဆုံးလို့ပြောလို့ရနိုင်မယ်ထင်တယ်။ ကိန်းဂဏန်းတွေအရ နှိင်းယှဉ်မယ်ဆိုရင် Golf ရဲ့ 380-litre ၊ Astra ရဲ့ 370-litre နောက်ခန်းတွေထက် ပိုမိုဝင်ဆံ့တဲ့ 478-litre ကိုပိုင်ဆိုင်ထားတာပါ။ သူ့ထက်ကြီးတာဆိုလို့ သူတို့လိုမျိုး ကားအမျိုးအစားတွေထဲမှာဆိုရင် Skoda Octavia ရဲ့ 590-litre ပဲရှိမယ်ထင်ပါတယ်။ (နောက်ခန်းဝင်ဆံ့မှုကို litre နဲ့ပြလေ့ရှိပြီး 1-litre ကို 1,000 ကုဗစင်တီမီတာရှိပါတယ်)။ လက်တွေ့စမ်းသပ်ချက်အရဆိုရင်တော့ Honda Civic အသစ်ဟာ ကလေးတွန်းလှည်းအကြီးနဲ့ ခရီးဆောင်သေတ္တာအချို့ ကောင်းကောင်းကြီး ဝင်ဆံ့ပါတယ်။ တကယ်လို့ နောက်ခုံတွေကို လှန်ချထားလိုက်မယ်ဆိုရင်တော့ ပစ္စည်းဝင်ဆံ့မှုက 1,200-litre ကျော်သွားပါလိမ့်မယ်။

 

မောင်းနှင်မှု

မောင်းနှင်မှုနဲ့ပတ်သက်ပြီး ပထမဦးဆုံးပြောလိုတာကတော့ တပ်ဆင်ပေးထားတဲ့ adaptive suspension အကြောင်းပါ။ ဒီဘက်ခေတ် ကားအကောင်းစား တော်တော်များများပါနေပြီဖြစ်တဲ့ suspension စနစ်ဖြစ်ပြီး လိုက်ပါစီးနင်းကြသူတွေအားလုံးကိုလည်း သာသာယာယာဖြစ်စေမယ့် စနစ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ EX models တွေကမှ စပြီး တပ်ဆင်ပေးတာပါပဲ။
အင်ဂျင်အနေနဲ့ကတော့ ရွေးချယ်စရာ ဓါတ်ဆီနဲ့ ဒီဇယ်အင်ဂျင် ၃ မျိုးထဲက ၁ မျိုးကိုရွေးချယ်ရမှာဖြစ်ပြီး Gear box အနေနဲ့ကတော့ manual ဒါမှမဟုတ် CVT automatic ထဲကကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ အသုံးများမယ့် 129 hp 1.0-litre ဓါတ်ဆီအင်ဂျင်ကတော့ မြို့ထဲဝန်းကျင်မှာ မောင်းနှင်လို့ကောင်းမယ့်ကားမျိုးပါ။ ဆီစားနှုန်းကတော့ 45mpg (Honda ကတော့ 55.4mpg လို့ဆိုထားပေမယ့်) ဝန်းကျင်ရှိမှာပါ။ နောက်ထပ်အသုံးများမယ့် 182hp 1.5-litre turbo အင်ဂျင်ကတော့ ခရီးပါသွားလို့ကောင်းမယ့် အင်ဂျင်မျိုးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် 1.0-litre အင်ဂျင်ထက် အများကြီးတော့ ပိုမြန်မသွားပါဘူး။ 1.0-litre နဲ့က 0-62mph အတွက် 10.2 စက္ကန့်အချိန်ယူရပြီး 1.5-litre ဆိုရင်တော့ 8.2 စက္ကန့်လောက်ကြာတဲ့အထိပဲ ပိုမြန်သွားမှာပါ။ ဒါပေမယ့် ပိုပြီးချောမွေ့သွားမယ်။ နောက်ထပ်ကောင်းတဲ့တစ်ခုက ဆီစားနှုန်း 44mpg ရအောင် မောင်းနှင်နိုင်တာပါပဲ။
ဒီဇယ်အင်ဂျင်ကတော့ 1.6-litre ပါ။ 120hp ထွက်ရှိမှာ ဖြစ်ပြီး အသားကုန်ညှစ်မောင်းမယ်ဆိုရင်တော့ 0-62mph ကို 9.8 စက္ကန့်အတွင်း ရအောင်မောင်းနိုင်ပါလိမ့်မယ်။ ဆီစားနှုန်းအနေနဲ့ Honda က ဒီဇယ်အင်ဂျယ်အတွက် 80.7mpg အထိရတယ်လို့ဆိုထားပေမယ့် တကယ့်လက်တွေ့မှာတော့ ဆီစားနှုန်းပိုမိုနိုင်ဖွယ်သာရှိတာပါ။
တကယ့်လက်တွေ့မောင်းနှင်သူတွေရဲ့ အဆိုအရတော့ Honda Civic 2019 တွေရဲ့ ဓါတ်ဆီအင်ဂျင် မြို့တွင်းအသုံးပြုမှု ဆီစားနှုန်းဟာ ပျမ်းမျှ 32.5mpg လို့ဆိုပါတယ်။ မောင်းနှင်မှုနဲ့ပတ်သက်ပြီးပြောရရင်တော့ မြို့ပတ်လည် မောင်းရတဲ့အခါမျိုးမှာ တော်တော်လေး ချောမွေ့အဆင်ပြေပါတယ်။ ဒါပေမယ့် blind spot ဖြစ်စရာ နည်းနည်းရှိတာကတော့ စိုးရိမ်စရာပါ။ အရှေ့တံခါးနဲ့ အရှေ့မှန်ဆုံတဲ့နေရာမှာ မြင်ကွင်းက ဖျတ်ခနဲ ကြည့်ရုံလောက်နဲ့ ရှင်းလင်းမှုမရှိတာကြောင့် ထည့်ပြောရတာဖြစ်ပါတယ်။ ကျင့်သားရသွားရင်တော့ အဆင်ပြေသွားမယ့်ပုံမျိုးပါ။ အနောက်မြင်ကွင်းအတွက် စိုးရိမ်စရာ နည်းနည်းရှိပေမယ့် အရှေ့မြင်ကွင်းကျယ်ကတော့ တကယ့်ကို ထိပ်တန်းပါပဲ။

အချက်အလက်မျာ

Trim ကတော့ နည်းနည်းများပါတယ်။ ပုံမှန်အားဖြင့် အခြေခံ S နဲ့ SE ၊ SR ၊ Sport Line ၊ Sport ၊ EX ၊ Sport Plus နဲ့ Prestige ဆိုပြီးရှိပေမယ့် ဒီနေရာမှာတော့ အခြေခံအဆင့် S အကြောင်းကို ထည့်မပြောတော့ဘူး။

SE

S trim အကြောင်းကို ထည့်မပြောတဲ့အကြောင်းကတော့ S နဲ့ SE က သိပ်ကွာခြားမှုမရှိလို့ပါ။ Lane-departure warning ၊ traffic sign recognition (လမ်းအချက်ပြ ဆိုင်းဘုတ်များကို သိရှိသတိပေးနိုင်သောစနစ်) ၊ adaptive cruise control နဲ့ automatic emergency brake တွေကတော့ ဘေးအန္တရယ်ကင်းရှင်းရေး ကရိယာတွေနဲ့ S ရော SE မှာပါ တပ်ဆင်ပေးထားပါတယ်။ S နဲ့ SE အဓိက ကွာခြားချက်ကတော့ ဇိမ်ခံပစ္စည်းအနည်းငယ်ပါပဲ။ DAB ဒီဂျစ်တယ် ရေဒီယို၊ Bluetooth ဆက်သွယ်ရေး၊ Air-con ၊ steering မှာတပ်ဆင်ပေးထားတဲ့ ထိန်းချုပ်ခလုတ်တွေနဲ့ ၁၆ လက်မ အလွိုင်းခွေနဲ့ဘီးကတော့ စံသတ်မှတ်ချက်အနေနဲ့ အားလုံးမှာ တပ်ဆင်ပေးထားပါတယ်။

SR

SR မှာဆိုရင်တော့ S တွေ SE တွေထက် ပိုမိုတဲ့ အင်္ဂါရပ်တွေပါဝင်လာပါပြီ။ Apple CarPlay ဒါမှမဟုတ် Android Auto အပြင် infotainment screen ပေါ်မှာ smartphone တစ်လုံးအတိုင်းအသုံးပြုနိုင်မယ့် smartphone mirroring၊ ဂြိုဟ်တုလမ်းညွှန်စနစ်၊ အနောက်ကြည့်ကင်မရာ၊ သားရေသား အုပ် လက်ကိုင်ခွေ၊ အနောက်နေကာမှန်တွေအပြင် ၁၇ လက်မ အလွိုင်းခွေဘီးဖြစ်သွားပါပြီ။ Automatic emergency brake ၊ traffic recognition ၊ active cruise control ၊ lane-departure warning နဲ့ ၇ လက်မ touchscreen infotainment စနစ်တွေကတော့ စံအနေနဲ့ပါဝင်ပြီးသားပါ။

Sport Line

Honda Civic အသစ်ရဲ့ Sport Line trim မှာတော့ ကားရဲ့အပြင်ပိုင်းအရောင်ရွေးချယ်မှုအသစ်အပြင် dual-zone air-con ၊ adaptive cruise control တို့အပြင် တစ်ပါတည်း တပ်ဆင်ပေးထားတဲ့ ဂြိုဟ်တုလမ်းညွှန်နဲ့ပါ။ Apple Car Play နဲ့ Android Auto တို့သုံးဖို့ infotainment မျက်နှာပြင်ကလည်း ၇ လက်မနဲ့ပါပဲ။

Sport

Honda Civic အသစ်ရဲ့ sport model အပြင်ပိုင်းမှာတော့ ပိုပြီး မာန်အပြည့်နဲ့ပုံစံမျိုးရွေးချယ်စရာ ရှိလာပါပြီ။ Exhaust နှစ်လုံးပါတာကိုလည်း ရွေးချယ်လို့ရပါပြီ။ ကျန်တာတွေကတော့ သူ့ထက်နိမ့်တဲ့ trim တွေမှာ ပါတာအားလုံးပါဝင်ပြီး ထူးခြားချက်အနေနဲ့ သတ္ထု pedals တွေ၊ အရှေ့အနောက် ပါကင် sensors တွေ ပါဝင်လာမှာပါ။

EX

EX ကတော့ ဈေ းနှုန်းနည်းနည်းပိုပေးလိုက်ရုံနဲ့ရရှိနိုင်မယ့် အဆင့်မြင့် trim တစ်ခုဖြစ်ပါတယ်။ ကျန်တဲ့ trim တွေမှာ speakers ၈ လုံးသာပါဝင်ပေမယ့် EX မှာတော့ ၁၁ လုံးပါ။ အပူပေး သားရေထိုင်ခုံနဲ့ပါ။ ခရီးဝေးတွေမောင်းနှင်တဲ့အခါမှာ ခါးဆစ်ပိုင်းကို အထောက်အကူပေးမယ့် lumbar support ကိုလည်း အရှေ့ထိုင်ခုံနှစ်လုံးစလုံးမှာ ရရှိနိုင်ပါပြီ။ Panoramic glass roof နဲ့ဖြစ်ပြီး phone တွေအတွက် wireless charging စနစ် တပ်ဆင်ပေးထားတာတွေ့ရပါတယ်။ အကောင်းဆုံးတစ်ခုကတော့ adaptive suspension ပါရှိခြင်းပါပဲ။ ဖြစ်နိုင်သလောက် အားလုံး သက်သောင့်သက်သာဖြစ်စေမယ့် ပါရှိမှုပါ။

Sport Plus

Sport version နဲ့ EX version ပေါင်းစပ်မှုလို့ အလွယ်မှတ်လို့ရပါတယ်။

Prestige

Prestige ကတော့ ထိပ်ဆုံး trim ပါ။ သားရေအပြည့် ထိုင်ခုံတွေ၊ အသေးစိတ်ပြုလုပ်ထားတဲ့ သတ္ထုဘောင်နဲ့ ၇ လက်မ infotainment မျက်နှာပြင်၊ တစ်ပါတည်းပါရှိတဲ့ ဂြိုဟ်တုလမ်းညွှန်၊ smartphone mirroring စတာတွေကတော့ ပြောနေစရာကိုမလိုတော့ပါဘူး။ ပြီးပြည့်စုံမှုအရှိဆုံး trim တစ်ခုဖြစ်ပြီး ပြဿနာကတော့ ဈေးနှုန်းနည်းနည်းကြီးတာပါပဲ။

#CarsDB #Article #CarReviews #International
စာရေးသူ : စိုင်းဆိုင် (ရန်ကုန်)
Ref : New Honda Civic Review by Mat Watson

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »