fb-pageview-tracker
New Toyota C-HR Review (International)

Zawgyi Version

Toyota C-HR အသစ္ သုံးသပ္ခ်က္

ပစၥည္းပစၥယ မ်ားျပားစုံလင္တဲ့ Toyota ရဲ့ မိသားစုစီး small SUV သို႕မဟုတ္ C-HR အသစ္

ေဈးႏႈန္း : $24,565 - $34,549 (ႏိုင္ငံတကာ)

အားသာခ်က္
+ စိတ္ကူးယဥ္ သိပၸံဇာတ္လမ္းေတြထဲက ပုံစံမ်ိဳးျဖင့္ စတိုင္က်လွပျခင္း
+ အဆင့္ျမင့္ ပစၥည္းပစၥယ မ်ားျပားစုံလင္စြာပါရွိျခင္း
+ ေငြကုန္ေၾကးက်သက္သာေစေသာ hybrid အင္ဂ်င္ပါရွိျခင္း

အားနည္းခ်က္
- ဒီဇယ္အင္ဂ်င္ ေရြးခ်ယ္စရာ မပါရွိျခင္း
- အခ်ိဳ႕ေနရာေတြမွာ ေပါေပါပဲပဲပစၥည္းမ်ားအသုံးျပဳထားတယ္လုိ႕ ခံစားရျခင္း
- အျမန္လမ္းမၾကီးေပၚ အရွိန္တင္ေမာင္းႏွင္တဲ့အခ်ိန္မ်ိဳးမွာ အသံအနည္းငယ္က်ယ္တယ္လုိ႕ ခံစားရျခင္း

သုံးသပ္ခ်က္

စိတ္ကူးယဥ္ သိပၸံဇာတ္လမ္းေတြထဲက ပုံစံမ်ိဳးဆိုမွေတာ့ Toyota ရဲ့ C-HR အသစ္က အရမ္းကို ေခတ္ေရွ႕ေျပးျပီး စတိုင္က်လွပေနတာေပါ့။ ဒီ Compact High Rider ဒါမွမဟုတ္ C-HR အသစ္မွာက hybrid အင္ဂ်င္ကိုလည္း ေရြးခ်ယ္ဝယ္ယူႏုိင္တဲ့အတြက္ ေငြကုန္ေၾကးက်သက္သာတဲ့ ေန႕ရက္ေတြကိုလည္း တစ္ပါတည္း ပိုင္ဆိုင္ႏုိင္မယ့္ ပုံစံမ်ိဳး။ ေမာင္းလို႕လည္းေကာင္းပါတယ္။ ဒါေပမယ့္ သူ႕ေလာက္ ရုပ္ထြက္မလန္းေပမယ့္ ပိုျပီးလက္ေတြ႕က်တဲ့ကားေတြ ေဈးကြက္ထဲမွာရွိေနပါတယ္။
တကယ္လို႕ ခင္ဗ်ားဟာ မိသားစုစီး small SUV ကားမ်ိဳးကိုရွာေနတဲ့သူတစ္ေယာက္ဆိုရင္ေတာ့ လူတိုင္းေငးၾကည့္ေလာက္စရာ ဒီ C-HR ကိုဝယ္ယူဖို႕ဆိုတာက ခက္ခဲတဲ့ဆုံးျဖတ္ခ်က္တစ္ခု မဟုတ္ေလာက္ပါဘူး။ လြယ္လြယ္ကူကူေမာင္းႏွင္ႏုိင္ျပီး ကုန္က်စာရိတ္သက္သက္သာသာနဲ႕လည္း အသုံးျပဳလို႕ရေသးတယ္။ ဒါေပမယ့္ အနာဂတ္အတြက္ ပိုေတြးတဲ့သူဆိုရင္ေတာ့......

ပုံစံ

တျခား SUVs ေတြနဲ႕မတူညီတဲ့ Toyota ရဲ့ C-HR ပုံစံကေတာ့ Star Trek ဇာတ္ကားထဲက ယာဥ္ပ်ံေတြနဲ႕ေတာင္မွ ထင္ေယာင္မွားႏိုင္ေလာက္တယ္။ ထူထူထဲထဲ bumper ေတြနဲ႕ ေဘး skirts ေတြက သစ္လြင္တဲ့ စတိုင္တစ္ခုကို ဖန္တီးေနသလိုပါပဲ။ ေနာက္တစ္ခုက ေထာင့္ခၽြန္းေတြအမ်ားၾကီးနဲ႕ အေရွ႕မီးၾကီး၊ ေခါင္မိုးရဲ့ အခုံးပုုံစံသစ္ေတြက အစဥ္အလာ SUVs ေတြထက္စာရင္ ပိုျပီး ေၾကာ့ေၾကာ့ေမာ့ေမာ့နဲ႕ အျမန္ေမာင္းႏိုင္တဲ့ ပုံစံမ်ိဳး ျဖစ္ေစပါတယ္။
အေရွ႕ကေနၾကည့္မယ္ဆိုရင္ ေလကာမွန္ရဲ့အခ်ိဳး၊ အေရွ႕မီးၾကီးေတြရဲ့ပုံစံ၊ bumper ရဲ့ဒီဇိုင္း စတာေတြအားလုံးေပါင္းလိုက္ရင္ တကယ့္ကို ေခတ္ေရွ႕ေျပးပါေပတယ္။ အေနာက္ဘက္မီးခြက္ပုံစံေတြနဲ႕ bumper ဒီဇိုင္းကလည္း ဘယ္ကားမ်ိဳးမွာမဆို မေတြ႕ရေသးတဲ့ လုံးဝ ဒီဇုိင္းအသစ္။
ပုံစံပိုင္းကို အက်ဥ္းခ်ဳပ္ေျပာရမယ္ဆိုရင္ တကယ့္ကို ေခတ္ေရွ႕ေျပးတဲ့ပုံစံျဖစ္တာ ေသခ်ာပါတယ္။

အတြင္းခန္း

 

အတြင္းခန္းထဲကို ဝင္ထိုင္လိုက္တဲ့အခါမွာေတာ့ Toyota C-HR ရဲ့ အတြင္းခန္းဟာ အျပင္လိုပဲ လုံးဝ သစ္လြင္လွပါတယ္။ ထိုင္ခုံ၊ အေရွ႕တံခါးခ်ပ္ေတြနဲ႕ dashboard တစ္ေလွ်ာက္က လိုက္ဖက္ညီတဲ့ ဒီဇိုင္းေတြဟာ အျမင္သက္သက္ပဲေျပာေျပာ ဆြဲေဆာင္အားေကာင္းတာေတာ့ အမွန္ပါပဲ။ အတြင္းခန္းထဲက C-HR ရဲ့ စိန္ကြက္ပုံေဖၚထားတဲ့ ပလက္စတစ္ေတြကလည္း ဘယ္သူ႕ကိုမဆို စိတ္ေက်နပ္မႈေပးစြမ္းေစႏိုင္မွာပါ။ အတြင္းခန္းရဲ့ ဘယ္ေနရာမဆို သားနားျပီး အထိအေတြ႕ေကာင္းမြန္တဲ့ ပလက္စတစ္မ်ားစြာကို အသုံးျပဳထားျခင္းမွာ ဝမ္းနည္းစရာေကာင္းတာတစ္ခုကေတာ့ ရွိလို႕ေနပါတယ္။ Steering ပါပဲ။ သူကေတာ့ မာျပီး ေဈးေပါတဲ့ ပလက္စတစ္မ်ိဳး သုံးထားပုံရတယ္။
Touchscreen ရဲ့အရည္အေသြးက ေကာင္းလွျပီး တုန္႕ျပန္မႈေတြမွာလည္း အေတာ္ေလး ျမန္ဆန္ေပမယ့္ ကိုးရိုးကားရားႏိုင္တဲ့ ပလက္စတစ္ေဘာင္ကိုေတာ့ သိပ္သေဘာမက်လွဘူး။ အနာဂတ္ သိပၸံဇာတ္လမ္းေတြထဲက ပုံစံမ်ိဳးကို ဖန္တီးထားတဲ့အတြင္းခန္းဟာ တခ်ိဳ႕လူေတြအတြက္ေတာ့ ဒီေလာက္ၾကီး ႏွစ္သက္စရာ မေကာင္းလွဘူးလုိ႕ ဆိုေကာင္းဆိုႏုိင္ပါတယ္။ ေနာက္တစ္ခုက ေခတ္လြန္ပုံစံတစ္ခုျဖစ္တဲ့အတိုင္း အသုံးျပဳရာမွာ လြယ္ကူေခ်ာေမြ႕မႈကိုေတာ့ ခ်က္ျခင္းရႏိုင္မွာမဟုတ္ပါဘူး။ အသားက်သြားေအာင္ အခ်ိန္တစ္ခုေပးရမယ့္ပုံစံျဖစ္ေနတာကေတာ့ အမွတ္ေလ်ာ့ခ်င္စရာပါ။ လူငယ္ပိုင္းေတြအတြက္ဆိုရင္ေတာ့ အေကာင္းဘက္ပိုမ်ားတဲ့ ဆုံးျဖတ္ခ်က္မ်ိဳး ခ်မွတ္ႏုိင္ပါလိမ့္မယ္။
ေသခ်ာတာကေတာ့ C-HR ရဲ့အတြင္းခန္းဟာ ေရွ႕ထုိင္ခုံမွာ ေမာင္းႏွင္စီးနင္းမယ့္သူေတြအတြက္ လင္းလက္ေတာင္ပေနမွာျဖစ္ေပမယ့္ အေနာက္ခုံေတြမွာ လုိက္ပါစီးနင္းမယ့္သူေတြအတြက္ေတာ့ မဲေမွာင္က်ဥ္းေျမာင္းေနမွာပါပဲ။

လက္ေတြ႕က်က်

Toyota C-HR ဟာ VW ရဲ့ Tiguan ေလာက္ေတာ့ မက်ယ္ဘူးလို႕ေျပာလို႕ရပါတယ္။ အေရွ႕ဘက္ထုိင္ခုံေတြကေတာ့ အရြယ္ေရာက္ျပီး ဘယ္လိုအရြယ္အစားရွိတဲ့ လူမ်ိဳးမဆို အဆင္ေျပႏုိင္ေလာက္တဲ့အထိ က်ယ္ဝန္းေပမယ့္ အေနာက္ခန္းထိုင္ခုံေနရာကေတာ့ က်ဥ္းတယ္လို႕ေျပာရမွာမွာပဲ။ ေနကာပါေပမယ့္ ေသးငယ္တဲ့ အေနာက္မွန္ေတြ၊ ေစာက္နက္နက္ဆင္းသြားတဲ့ အမိုးရဲ့ပုံစံေတြဟာ အေနာက္ထုိင္ခုံေနရာကို ေသးက်ဥ္းသြားေစတဲ့ တရားခံေတြပါ။ ေနာက္ျပီး တျခား SUVs ေတြနဲ႕ႏႈိင္းယွဥ္မယ္ဆိုရင္ ပိုျပီးလည္း ေမွာင္သလို ခံစားရပါေသးတယ္။ Boot ကလည္း အရြယ္တူ SUVs ေတြနဲ႕ ႏႈိင္းယွဥ္မယ္ဆိုရင္ အားလုံးနီးပါးထက္ ပိုျပီးေနရာလြတ္ ရွားပါးတာကေတာ့ အမွန္ပါပဲ။
ေသးငယ္တဲ့ မွန္ျပတင္းေပါက္ေတြက အျပင္ကိုၾကည့္ဖို႕အတြက္ နည္းနည္းခက္ခဲႏုိင္ပါတယ္။ ဒါေပမယ့္ parking sensors ေတြကေတာ့ အရွိန္ေလ်ာ့တုံးေတြကိုပါျပသေပးႏိုင္တဲ့အတြက္ သက္သာရာရေစႏုိင္ပါလိမ့္မယ္။ Steering က ေပါ့ေပ့ါပါးပါးရွိတဲ့အတြက္ ျမိဳ႕တြင္းလမ္းၾကပ္ၾကပ္ေတြမွာ သာသာယာယာေမာင္းႏွင္ႏုိင္ျပီး suspension ေတြကလည္း ေတာ္ေတာ္ေလးေကာင္းေတာ့ ေတာ္ရုံ ခ်ိဳင့္ေတြ၊ ဂမူေတြေလာက္ကို မႈစရာမလိုပါဘူး။

ေမာင္းႏွင္မႈ

လက္ေတြ႕ေမာင္းႏွင္ၾကည့္ရာမွာေတာ့ အရွိန္ျမင့္ေမာင္းတဲ့အခ်ိန္ နားထဲကိုတိုးဝင္လာတဲ့ ေလသံနဲ႕ တာယာၾကိတ္သံေတြေၾကာင့္ Peugeot 3008 ကိုေမာင္းၾကည့္ရတာေလာက္ေတာ့ ဇိမ္မက်တာ အမွန္ပါ။ ဒါေပမယ့္ အေကြ႕အေကာက္မ်ားတဲ့လမ္းေတြမွာေတာ့ Toyota ရဲ့ C-HR ဟာ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ေခ်ာေမြ႕ပါတယ္။
ေမာင္းႏွင္တဲ့အခ်ိန္ လိုက္ပါတဲ့ခရီးသည္ေတြအတြက္ ကိုင္စရာ လက္ကိုင္ေတြ အမ်ားၾကီးပါတဲ့အျပင္ ထုိင္ခုံရဲ့ ပုံစံကလည္း ထိုင္တဲ့သူနဲ႕ အံဝင္ခြင္က်ေအာင္ ျပဳလုပ္ေပးထားတဲ့အတြက္ ေတာ္ရုံကားမူးတဲ့သူေတြပါ မူးေမာ္ျခင္းမရွိ စီးႏိုင္ေလာက္ပါတယ္။
Toyota ရဲ့ 1.2-litre turbo အင္ဂ်င္ေရာ၊ 1.8-litre hybrid အင္ဂ်င္ေရာ ႏွစ္မ်ိဳးစလုံးဟာ ဘယ္ဟာမွ sport type မဆန္လွပါဘူး။ ဒါေပမယ့္ ေမာင္းႏွင္ရာမွာ လက္သင့္ခံႏုိင္ေလာက္ေအာင္ ေခ်ာေမြ႕တဲ့အျပင္ ဆီစားႏႈန္းကလည္း ေတာ္ေတာ္ေလးကို သက္သာပါတယ္။ Hybrid model အတြက္ဆိုရင္ ပုံမွန္တပ္ဆင္ေပးတဲ့ CVT automatic gearbox ကိုေတာ့ သိပ္မၾကိဳက္္လွဘူး။ ခပ္ျပင္းျပင္းအရွိန္ျမွင့္တဲ့အခါမ်ိဳးမွာ စီစီညံညံျဖစ္ေစတဲ့ gearbox မ်ိဳးေပါ့။ ဒါေပမယ့္ 1.2-litre အင္ဂ်င္နဲ႕ manual gearbox ကေတာ့ ေတာ္ေတာ္ေလးကို ေမာင္းလို႕ေကာင္းတယ္။ ေဈးကလည္း ပိုသက္သာပါေသးတယ္။

ပါဝင္ေသာအခ်က္အလက္မ်ား

Toyota C-HR မွာက Icon ၊ Design ၊ Excel နဲ႕ Dynamic ဆိုျပီး model ၄ မ်ိဳးရွိပါတယ္။

Icon

Icon trim မွာေတာ့ 115hp ထြက္တဲ့ 1.2-litre ဓါတ္ဆီအင္ဂ်င္ manual gearbox ရယ္၊ 122hp ထြက္တဲ့ 1.8-litre Hybrid အင္ဂ်င္ Automatic gearbox ရယ္ဆိုျပီးႏွစ္မ်ိဳးေရြးခ်ယ္လို႕ရပါတယ္။ 1.2-litre ဓါတ္ဆီအင္ဂ်င္နဲ႕ဆိုရင္ ဆီစားႏႈန္း 48mpg ရွိျပီး hybrid အင္ဂ်င္ကေတာ့ 74mpg အထိရွိပါတယ္။ ဓါတ္ဆီအင္ဂ်င္ကေတာ့ 0-60 mph ကို ၁၀.၉ စကၠန္႕နဲ႕အရွိန္ျမွင့္တင္ႏိုင္ျပီး Hybrid နဲ႕ဆိုရင္ေတာ့ ၁၁ စကၠန္႕ၾကာျမင့္မွာပါ။
Icon ကေတာ့ ေဈးအနည္းဆုံး trim ပါ။ ဒါေပမယ့္ ၈ လက္မ touchscreen infotainment စနစ္ကိုမွ DAB ဒစ္ဂ်စ္တယ္ ေရဒီယိုနဲ႕၊ bluetooth ဆက္သြယ္ေရးစနစ္နဲ႕။ Dual-zone air-con လည္းပါ ပါေသးတယ္။ အေနာက္ၾကည့္ကင္မရာလည္းပါ ပါေသးတယ္။ ေခြကေတာ့ ၁၇ လက္မ အလြိဳင္းေခြနဲ႕ပါ။ မိုးရြာတဲ့အေပၚ အတိုးအေလ်ာ့အလိုအေလ်ာက္လုပ္ေပးႏုိင္စြမ္းရွိတဲ့ rain-sensing wipers ေတြ ေန႕အခ်ိန္ထြန္းႏိုင္တဲ့ LED မီးေတြကလည္း စံသတ္မွတ္ခ်က္အေနနဲ႕ တပ္ဆင္ေပးထားတာေတြ႕ရပါတယ္။ ျဂိဳဟ္တုလမ္းညႊန္စနစ္ကိုလိုခ်င္ရင္ေတာ့ Design trim ကိုသာဝယ္ယူပါေတာ့။ Apple CarPlay နဲ႕ Android Auto လည္းဒီ trim မပါဝင္ေသးပါဘူး။

Design

Design မွာေတာ့ Icon မွာပါဝင္တဲ့ အင္ဂ်င္ေရြးခ်ယ္မႈႏွစ္ခုအျပင္ 115hp 1.2-litre ဓါတ္ဆီအင္ဂ်င္ကိုမွ AWD နဲ႕ပါ ေရြးခ်ယ္ႏိုင္ပါျပီ။ AWD ပါဝင္တဲ့အတြက္ ဆီစားႏႈန္းကေတာ့ 42mpg ေလာက္ျဖစ္သြားပါလိမ့္မယ့္။ အရွိန္ျမွင့္တင္မႈအေနနဲ႕ကေတာ့ 0-60 mph ကို ၁၁.၄ စကၠန္႕ေလာက္ၾကာျမင့္ပါတယ္။
Design ကေတာ့ အလယ္အလတ္တန္းစား trim ပါ။ Icon ထက္ပိုတဲ့အရာေတြကေတာ့ ျဂိဳဟ္တုလမ္းညႊန္၊ ယာဥ္ေမာင္းသူထုိင္ခုံ အပူေပးစနစ္၊ ယာဥ္ေမာင္းသူထုိင္ခုံ ခါးဆစ္ေထာက္ပံ့ေရးစနစ္ (lumbar support)၊ အတြင္းခန္းဝန္းက်င္တစ္ခုလုံးကို လင္းေစမယ့္ ambient lighting အျပင္ keyless entry ေတြျဖစ္သြားပါျပီ။ ေခြက ၁၈ လက္မ အလြိဳင္းေခြေတြနဲ႕ျဖစ္သြားျပီး အလိုအေလ်ာက္ေခါက္သိမ္းေပးမယ့္ ေနာက္ၾကည့္ေဘးမွန္ေတြနဲ႕ပါ။

Excel

Excel ကေတာ့ အလယ္အလတ္တန္းစား Design ထက္ပိုသာတဲ့ trim ပါ။ အင္ဂ်င္ေရြးခ်ယ္ႏုိင္မႈက အတူတူပါပဲ။ Design ထက္ပိုသာတာကေတာ့ အေရွ႕/အေနာက္ parking sensors ေတြပါဝင္မႈ၊ သားေရထုိင္ခုံအျပည့္မွာမွ အပူေပးစနစ္အျပည့္နဲ႕အျပင္ အတြင္းခန္းအေရာင္ကို အညိဳရင့္ေရာင္နဲ႕ ေငြေရာင္မွိန္မွန္ ႏွစ္မ်ိဳးထဲကတစ္မ်ိဳး ေရြးခ်ယ္ႏုိင္မႈေတြပါ။

Dynamic

C-HR အသစ္မွာေတာ့ Dynamic က အျမင့္ဆုံး trim ပါပဲ။ ပိုသာတာကေတာ့ အနက္ေရာင္ေတာက္ေတာက္ ၁၈ လက္မ အလြိဳင္းေခြေတြရယ္၊ LED အေရွ႕မီးၾကီးေတြရယ္၊ ျပတင္းအားလုံးေနကာပါဝင္တာရယ္၊ ေငြေရာင္နဲ႕ အျပာေရာင္ အတြင္းခန္းေရြးခ်ယ္ႏုိင္မႈရယ္ပါ။
အင္ဂ်င္ေရြးခ်ယ္ႏုိင္မႈကေတာ့ Design တို႕ Excel တို႕နဲ႕ တူတူပါပဲ။

စာေရးသူ : စိုင္းဆိုင္(ရန္ကုန္)
Ref: New Toyota C-HR Review by Mat Watson


Unicode Version

Toyota C-HR အသစ် သုံးသပ်ချက်

ပစ္စည်းပစ္စယ များပြားစုံလင်တဲ့ Toyota ရဲ့ မိသားစုစီး small SUV သို့မဟုတ် C-HR အသစ်

ဈေးနှုန်း : $24,565 - $34,549 (နိုင်ငံတကာ)

အားသာချက်
+ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွေထဲက ပုံစံမျိုးဖြင့် စတိုင်ကျလှပခြင်း
+ အဆင့်မြင့် ပစ္စည်းပစ္စယ များပြားစုံလင်စွာပါရှိခြင်း
+ ငွေကုန်ကြေးကျသက်သာစေသော hybrid အင်ဂျင်ပါရှိခြင်း

အားနည်းချက်
- ဒီဇယ်အင်ဂျင် ရွေးချယ်စရာ မပါရှိခြင်း
- အချို့နေရာတွေမှာ ပေါပေါပဲပဲပစ္စည်းများအသုံးပြုထားတယ်လို့ ခံစားရခြင်း
- အမြန်လမ်းမကြီးပေါ် အရှိန်တင်မောင်းနှင်တဲ့အချိန်မျိုးမှာ အသံအနည်းငယ်ကျယ်တယ်လို့ ခံစားရခြင်း

သုံးသပ်ချက်

စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွေထဲက ပုံစံမျိုးဆိုမှတော့ Toyota ရဲ့ C-HR အသစ်က အရမ်းကို ခေတ်ရှေ့ပြေးပြီး စတိုင်ကျလှပနေတာပေါ့။ ဒီ Compact High Rider ဒါမှမဟုတ် C-HR အသစ်မှာက hybrid အင်ဂျင်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်တဲ့အတွက် ငွေကုန်ကြေးကျသက်သာတဲ့ နေ့ရက်တွေကိုလည်း တစ်ပါတည်း ပိုင်ဆိုင်နိုင်မယ့် ပုံစံမျိုး။ မောင်းလို့လည်းကောင်းပါတယ်။ ဒါပေမယ့် သူ့လောက် ရုပ်ထွက်မလန်းပေမယ့် ပိုပြီးလက်တွေ့ကျတဲ့ကားတွေ ဈေးကွက်ထဲမှာရှိနေပါတယ်။
တကယ်လို့ ခင်ဗျားဟာ မိသားစုစီး small SUV ကားမျိုးကိုရှာနေတဲ့သူတစ်ယောက်ဆိုရင်တော့ လူတိုင်းငေးကြည့်လောက်စရာ ဒီ C-HR ကိုဝယ်ယူဖို့ဆိုတာက ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု မဟုတ်လောက်ပါဘူး။ လွယ်လွယ်ကူကူမောင်းနှင်နိုင်ပြီး ကုန်ကျစာရိတ်သက်သက်သာသာနဲ့လည်း အသုံးပြုလို့ရသေးတယ်။ ဒါပေမယ့် အနာဂတ်အတွက် ပိုတွေးတဲ့သူဆိုရင်တော့......

ပုံစံ

တခြား SUVs တွေနဲ့မတူညီတဲ့ Toyota ရဲ့ C-HR ပုံစံကတော့ Star Trek ဇာတ်ကားထဲက ယာဉ်ပျံတွေနဲ့တောင်မှ ထင်ယောင်မှားနိုင်လောက်တယ်။ ထူထူထဲထဲ bumper တွေနဲ့ ဘေး skirts တွေက သစ်လွင်တဲ့ စတိုင်တစ်ခုကို ဖန်တီးနေသလိုပါပဲ။ နောက်တစ်ခုက ထောင့်ချွန်းတွေအများကြီးနဲ့ အရှေ့မီးကြီး၊ ခေါင်မိုးရဲ့ အခုံးပုံစံသစ်တွေက အစဉ်အလာ SUVs တွေထက်စာရင် ပိုပြီး ကြော့ကြော့မော့မော့နဲ့ အမြန်မောင်းနိုင်တဲ့ ပုံစံမျိုး ဖြစ်စေပါတယ်။
အရှေ့ကနေကြည့်မယ်ဆိုရင် လေကာမှန်ရဲ့အချိုး၊ အရှေ့မီးကြီးတွေရဲ့ပုံစံ၊ bumper ရဲ့ဒီဇိုင်း စတာတွေအားလုံးပေါင်းလိုက်ရင် တကယ့်ကို ခေတ်ရှေ့ပြေးပါပေတယ်။ အနောက်ဘက်မီးခွက်ပုံစံတွေနဲ့ bumper ဒီဇိုင်းကလည်း ဘယ်ကားမျိုးမှာမဆို မတွေ့ရသေးတဲ့ လုံးဝ ဒီဇိုင်းအသစ်။
ပုံစံပိုင်းကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် တကယ့်ကို ခေတ်ရှေ့ပြေးတဲ့ပုံစံဖြစ်တာ သေချာပါတယ်။

အတွင်းခန်း

အတွင်းခန်းထဲကို ဝင်ထိုင်လိုက်တဲ့အခါမှာတော့ Toyota C-HR ရဲ့ အတွင်းခန်းဟာ အပြင်လိုပဲ လုံးဝ သစ်လွင်လှပါတယ်။ ထိုင်ခုံ၊ အရှေ့တံခါးချပ်တွေနဲ့ dashboard တစ်လျှောက်က လိုက်ဖက်ညီတဲ့ ဒီဇိုင်းတွေဟာ အမြင်သက်သက်ပဲပြောပြော ဆွဲဆောင်အားကောင်းတာတော့ အမှန်ပါပဲ။ အတွင်းခန်းထဲက C-HR ရဲ့ စိန်ကွက်ပုံဖေါ်ထားတဲ့ ပလက်စတစ်တွေကလည်း ဘယ်သူ့ကိုမဆို စိတ်ကျေနပ်မှုပေးစွမ်းစေနိုင်မှာပါ။ အတွင်းခန်းရဲ့ ဘယ်နေရာမဆို သားနားပြီး အထိအတွေ့ကောင်းမွန်တဲ့ ပလက်စတစ်များစွာကို အသုံးပြုထားခြင်းမှာ ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ ရှိလို့နေပါတယ်။ Steering ပါပဲ။ သူကတော့ မာပြီး ဈေးပေါတဲ့ ပလက်စတစ်မျိုး သုံးထားပုံရတယ်။
Touchscreen ရဲ့အရည်အသွေးက ကောင်းလှပြီး တုန့်ပြန်မှုတွေမှာလည်း အတော်လေး မြန်ဆန်ပေမယ့် ကိုးရိုးကားရားနိုင်တဲ့ ပလက်စတစ်ဘောင်ကိုတော့ သိပ်သဘောမကျလှဘူး။ အနာဂတ် သိပ္ပံဇာတ်လမ်းတွေထဲက ပုံစံမျိုးကို ဖန်တီးထားတဲ့အတွင်းခန်းဟာ တချို့လူတွေအတွက်တော့ ဒီလောက်ကြီး နှစ်သက်စရာ မကောင်းလှဘူးလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ နောက်တစ်ခုက ခေတ်လွန်ပုံစံတစ်ခုဖြစ်တဲ့အတိုင်း အသုံးပြုရာမှာ လွယ်ကူချောမွေ့မှုကိုတော့ ချက်ခြင်းရနိုင်မှာမဟုတ်ပါဘူး။ အသားကျသွားအောင် အချိန်တစ်ခုပေးရမယ့်ပုံစံဖြစ်နေတာကတော့ အမှတ်လျော့ချင်စရာပါ။ လူငယ်ပိုင်းတွေအတွက်ဆိုရင်တော့ အကောင်းဘက်ပိုများတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်နိုင်ပါလိမ့်မယ်။
သေချာတာကတော့ C-HR ရဲ့အတွင်းခန်းဟာ ရှေ့ထိုင်ခုံမှာ မောင်းနှင်စီးနင်းမယ့်သူတွေအတွက် လင်းလက်တောင်ပနေမှာဖြစ်ပေမယ့် အနောက်ခုံတွေမှာ လိုက်ပါစီးနင်းမယ့်သူတွေအတွက်တော့ မဲမှောင်ကျဉ်းမြောင်းနေမှာပါပဲ။

လက်တွေ့ကျကျ

Toyota C-HR ဟာ VW ရဲ့ Tiguan လောက်တော့ မကျယ်ဘူးလို့ပြောလို့ရပါတယ်။ အရှေ့ဘက်ထိုင်ခုံတွေကတော့ အရွယ်ရောက်ပြီး ဘယ်လိုအရွယ်အစားရှိတဲ့ လူမျိုးမဆို အဆင်ပြေနိုင်လောက်တဲ့အထိ ကျယ်ဝန်းပေမယ့် အနောက်ခန်းထိုင်ခုံနေရာကတော့ ကျဉ်းတယ်လို့ပြောရမှာမှာပဲ။ နေကာပါပေမယ့် သေးငယ်တဲ့ အနောက်မှန်တွေ၊ စောက်နက်နက်ဆင်းသွားတဲ့ အမိုးရဲ့ပုံစံတွေဟာ အနောက်ထိုင်ခုံနေရာကို သေးကျဉ်းသွားစေတဲ့ တရားခံတွေပါ။ နောက်ပြီး တခြား SUVs တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ပိုပြီးလည်း မှောင်သလို ခံစားရပါသေးတယ်။ Boot ကလည်း အရွယ်တူ SUVs တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အားလုံးနီးပါးထက် ပိုပြီးနေရာလွတ် ရှားပါးတာကတော့ အမှန်ပါပဲ။
သေးငယ်တဲ့ မှန်ပြတင်းပေါက်တွေက အပြင်ကိုကြည့်ဖို့အတွက် နည်းနည်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် parking sensors တွေကတော့ အရှိန်လျော့တုံးတွေကိုပါပြသပေးနိုင်တဲ့အတွက် သက်သာရာရစေနိုင်ပါလိမ့်မယ်။ Steering က ပေါ့ပေ့ါပါးပါးရှိတဲ့အတွက် မြို့တွင်းလမ်းကြပ်ကြပ်တွေမှာ သာသာယာယာမောင်းနှင်နိုင်ပြီး suspension တွေကလည်း တော်တော်လေးကောင်းတော့ တော်ရုံ ချိုင့်တွေ၊ ဂမူတွေလောက်ကို မှုစရာမလိုပါဘူး။

မောင်းနှင်မှု

လက်တွေ့မောင်းနှင်ကြည့်ရာမှာတော့ အရှိန်မြင့်မောင်းတဲ့အချိန် နားထဲကိုတိုးဝင်လာတဲ့ လေသံနဲ့ တာယာကြိတ်သံတွေကြောင့် Peugeot 3008 ကိုမောင်းကြည့်ရတာလောက်တော့ ဇိမ်မကျတာ အမှန်ပါ။ ဒါပေမယ့် အကွေ့အကောက်များတဲ့လမ်းတွေမှာတော့ Toyota ရဲ့ C-HR ဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ချောမွေ့ပါတယ်။
မောင်းနှင်တဲ့အချိန် လိုက်ပါတဲ့ခရီးသည်တွေအတွက် ကိုင်စရာ လက်ကိုင်တွေ အများကြီးပါတဲ့အပြင် ထိုင်ခုံရဲ့ ပုံစံကလည်း ထိုင်တဲ့သူနဲ့ အံဝင်ခွင်ကျအောင် ပြုလုပ်ပေးထားတဲ့အတွက် တော်ရုံကားမူးတဲ့သူတွေပါ မူးမော်ခြင်းမရှိ စီးနိုင်လောက်ပါတယ်။
Toyota ရဲ့ 1.2-litre turbo အင်ဂျင်ရော၊ 1.8-litre hybrid အင်ဂျင်ရော နှစ်မျိုးစလုံးဟာ ဘယ်ဟာမှ sport type မဆန်လှပါဘူး။ ဒါပေမယ့် မောင်းနှင်ရာမှာ လက်သင့်ခံနိုင်လောက်အောင် ချောမွေ့တဲ့အပြင် ဆီစားနှုန်းကလည်း တော်တော်လေးကို သက်သာပါတယ်။ Hybrid model အတွက်ဆိုရင် ပုံမှန်တပ်ဆင်ပေးတဲ့ CVT automatic gearbox ကိုတော့ သိပ်မကြိုက်လှဘူး။ ခပ်ပြင်းပြင်းအရှိန်မြှင့်တဲ့အခါမျိုးမှာ စီစီညံညံဖြစ်စေတဲ့ gearbox မျိုးပေါ့။ ဒါပေမယ့် 1.2-litre အင်ဂျင်နဲ့ manual gearbox ကတော့ တော်တော်လေးကို မောင်းလို့ကောင်းတယ်။ ဈေးကလည်း ပိုသက်သာပါသေးတယ်။

ပါဝင်သောအချက်အလက်များ

Toyota C-HR မှာက Icon ၊ Design ၊ Excel နဲ့ Dynamic ဆိုပြီး model ၄ မျိုးရှိပါတယ်။

Icon

Icon trim မှာတော့ 115hp ထွက်တဲ့ 1.2-litre ဓါတ်ဆီအင်ဂျင် manual gearbox ရယ်၊ 122hp ထွက်တဲ့ 1.8-litre Hybrid အင်ဂျင် Automatic gearbox ရယ်ဆိုပြီးနှစ်မျိုးရွေးချယ်လို့ရပါတယ်။ 1.2-litre ဓါတ်ဆီအင်ဂျင်နဲ့ဆိုရင် ဆီစားနှုန်း 48mpg ရှိပြီး hybrid အင်ဂျင်ကတော့ 74mpg အထိရှိပါတယ်။ ဓါတ်ဆီအင်ဂျင်ကတော့ 0-60 mph ကို ၁၀.၉ စက္ကန့်နဲ့အရှိန်မြှင့်တင်နိုင်ပြီး Hybrid နဲ့ဆိုရင်တော့ ၁၁ စက္ကန့်ကြာမြင့်မှာပါ။
Icon ကတော့ ဈေးအနည်းဆုံး trim ပါ။ ဒါပေမယ့် ၈ လက်မ touchscreen infotainment စနစ်ကိုမှ DAB ဒစ်ဂျစ်တယ် ရေဒီယိုနဲ့၊ bluetooth ဆက်သွယ်ရေးစနစ်နဲ့။ Dual-zone air-con လည်းပါ ပါသေးတယ်။ အနောက်ကြည့်ကင်မရာလည်းပါ ပါသေးတယ်။ ခွေကတော့ ၁၇ လက်မ အလွိုင်းခွေနဲ့ပါ။ မိုးရွာတဲ့အပေါ် အတိုးအလျော့အလိုအလျောက်လုပ်ပေးနိုင်စွမ်းရှိတဲ့ rain-sensing wipers တွေ နေ့အချိန်ထွန်းနိုင်တဲ့ LED မီးတွေကလည်း စံသတ်မှတ်ချက်အနေနဲ့ တပ်ဆင်ပေးထားတာတွေ့ရပါတယ်။ ဂြိုဟ်တုလမ်းညွှန်စနစ်ကိုလိုချင်ရင်တော့ Design trim ကိုသာဝယ်ယူပါတော့။ Apple CarPlay နဲ့ Android Auto လည်းဒီ trim မပါဝင်သေးပါဘူး။

Design

Design မှာတော့ Icon မှာပါဝင်တဲ့ အင်ဂျင်ရွေးချယ်မှုနှစ်ခုအပြင် 115hp 1.2-litre ဓါတ်ဆီအင်ဂျင်ကိုမှ AWD နဲ့ပါ ရွေးချယ်နိုင်ပါပြီ။ AWD ပါဝင်တဲ့အတွက် ဆီစားနှုန်းကတော့ 42mpg လောက်ဖြစ်သွားပါလိမ့်မယ့်။ အရှိန်မြှင့်တင်မှုအနေနဲ့ကတော့ 0-60 mph ကို ၁၁.၄ စက္ကန့်လောက်ကြာမြင့်ပါတယ်။
Design ကတော့ အလယ်အလတ်တန်းစား trim ပါ။ Icon ထက်ပိုတဲ့အရာတွေကတော့ ဂြိုဟ်တုလမ်းညွှန်၊ ယာဉ်မောင်းသူထိုင်ခုံ အပူပေးစနစ်၊ ယာဉ်မောင်းသူထိုင်ခုံ ခါးဆစ်ထောက်ပံ့ရေးစနစ် (lumbar support)၊ အတွင်းခန်းဝန်းကျင်တစ်ခုလုံးကို လင်းစေမယ့် ambient lighting အပြင် keyless entry တွေဖြစ်သွားပါပြီ။ ခွေက ၁၈ လက်မ အလွိုင်းခွေတွေနဲ့ဖြစ်သွားပြီး အလိုအလျောက်ခေါက်သိမ်းပေးမယ့် နောက်ကြည့်ဘေးမှန်တွေနဲ့ပါ။

Excel

Excel ကတော့ အလယ်အလတ်တန်းစား Design ထက်ပိုသာတဲ့ trim ပါ။ အင်ဂျင်ရွေးချယ်နိုင်မှုက အတူတူပါပဲ။ Design ထက်ပိုသာတာကတော့ အရှေ့/အနောက် parking sensors တွေပါဝင်မှု၊ သားရေထိုင်ခုံအပြည့်မှာမှ အပူပေးစနစ်အပြည့်နဲ့အပြင် အတွင်းခန်းအရောင်ကို အညိုရင့်ရောင်နဲ့ ငွေရောင်မှိန်မှန် နှစ်မျိုးထဲကတစ်မျိုး ရွေးချယ်နိုင်မှုတွေပါ။

Dynamic

C-HR အသစ်မှာတော့ Dynamic က အမြင့်ဆုံး trim ပါပဲ။ ပိုသာတာကတော့ အနက်ရောင်တောက်တောက် ၁၈ လက်မ အလွိုင်းခွေတွေရယ်၊ LED အရှေ့မီးကြီးတွေရယ်၊ ပြတင်းအားလုံးနေကာပါဝင်တာရယ်၊ ငွေရောင်နဲ့ အပြာရောင် အတွင်းခန်းရွေးချယ်နိုင်မှုရယ်ပါ။
အင်ဂျင်ရွေးချယ်နိုင်မှုကတော့ Design တို့ Excel တို့နဲ့ တူတူပါပဲ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: New Toyota C-HR Review by Mat Watson

Latest News

​ေမာ္​္​​ေတာ္​ယာဥ္​အားလံုး...

Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အားလံုး အမည္​​ေျပာင္း​​​​ခြန္​ေပး​ေဆာင္​ျခင္​းကို ကညန မွတ္​ပံုတင္​ျပဳလုပ္​ရာတြင္​...

Read more »

ရန္ကုန္လိုင္စင္ကို စနစ္တစ္ခုျဖင့္ ယခုနွစ္အတြင္း...

Zawgyi Version လိုင္စင္ကို Yangon Vehicle Quota Certificate (YVQC) စနစ္ျဖင့္ တန္ဖိုးသတ္မွတ္၍ ယခုနွစ္အတြင္း ခြင့္ျပဳခ်ထားေပးရန္...

Read more »

Lexus RX 2019 Review (International)

Zawgyi Version တည္ေဆာက္ပုံေကာင္းမြန္ျပီး ေမာင္းႏွင္ရတာ ဇိမ္က်တဲ့ Lexus RX 2019 ကေတာ့ hybrid အင္ဂ်င္နဲ႕ပဲ အေကာင္းဆုံးဝယ္ယူရရွိႏိုင္ပါတယ္။...

Read more »

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »