ခေတ်မီ မီးငြှိမ်းသတ်စနစ်များ ပါဝင်သည့် တရုတ်နိုင်ငံထုတ် မီးသတ်ယာဉ်များ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခွဲဝေမှုများ ပြုလုပ်

ခေတ်မီ မီးငြှိမ်းသတ်နည်းစနစ်များ ပါဝင်သည့် တရုတ်နိုင်ငံထုတ် မီးသတ်ယာဉ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခွဲဝေမှုများ ပြုလုပ်နေကြောင်း ‘ပြည်ထဲရေးဝန် ကြီးဌာန၊ မီးသတ်ဦးစီးဌာန’မှ သတင်းရရှိသည်။

            412148-pn-fire-truck
အဆိုပါ ခေတ်မီ မီးငြှိမ်းသတ်စနစ်များ ပါဝင်သည့် တရုတ်နိုင်ငံထုတ် မီးသတ်ယာဉ်များကို တိုင်းဒေသအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခွဲ ဝေမှုများ ပြုလုပ်နေပြီး ခွဲဝေသည့် မီးသတ်ကားများမှာ အစီးရေ ၂၂၂ စီးရှိကြောင်း သိရသည်။ “အခုခွဲဝေပေးတဲ့ ကားအမျိုးအစားက ဒေါင်ဖန်း မီးငြှိမ်းသတ်ယာဉ် ဖြစ်ပါ တယ်၊ အဲဒီကားတွေက အင်ဂျင်ပါဝါကောင်းပြီး ရေဂါလန် ရှစ်ရာဆံ့တဲ့ တိုင်ကီပါတယ်၊ Pressure Pump ကောင်းတဲ့အတွက် ဆီမီးလောင်တဲ့အခါ ငြှိမ်းသတ်နိုင်တဲ့ Foam လို့ခေါ်တဲ့ အမြှုပ်မီး သတ်ဆေးရည်လည်းပါလို့ မီးလောင်တဲ့အခါမှာ လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် ငြှိမ်းသတ်နိုင်မယ်လို့ ထင်ပါတယ်” ဟု မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း ဒေါင်ဖန်း မီးငြှိမ်းသတ် ယာဉ် ၂၂၂ စီးကို တိုင်းဒေသကြီး ပြည်နယ်များတွင် ရှိသော မီးသတ်စခန်းများကို ဖွဲ့စည်းပုံသတ်မှတ် ချက်တွေနှင့် ဦးစားပေးဖြန့်ဝေလျက်ရှိကာ ရန်ကုန် ၂၅ စီး၊ မန္တလေး ၂၅ စီး၊ မကွေး အစီးနှစ်ဆယ်၊ စစ်ကိုင်း ၂၅ စီး၊ ပဲခူး အစီး နှစ်ဆယ်၊ ရခိုင် ရှစ်စီး၊ ချင်းသုံးစီးနှင့် နေပြည် တော် အပါအ၀င် မြို့အလိုက်ယာဉ်များ ခွဲဝေပေးလျက်ရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်ခွဲဝေပေးလျက်ရှိကြောင်း သိရသည်။


 

Ref: Automobile

Latest News

ကညနနှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်းကို...

Car exchange auto yangon ka nya na 150x150

ကညန နှစ်လဲ​ယာဉ်​စစ်​​ဆေးခြင်း လုပ်​ငန်း ပုဂ္ဂလိကအား သတ်​မှတ်​ချက်​နဲ့အညီ ​လုပ်​ကိုင်​ခွင့်​ပြုသွားမည်​ဖြစ်​​တယ်လို့...

Read more »

ယနေ့ (၂၃.၃.၂၀၁၇) အတွက်...

Weeklyupdate23317 150x150

စလစ်ဈေး- ၁၁၃ သိန်းဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း လျှင် ၁၂၂၁.၇ ကျပ်) ကညန နောက်ဆုံးရောက်ရှိနံပါတ်...

Read more »

သင်္ကြန်​ကာလအ​ဝေး​ပြေးယာဉ်​လိုင်းများယာဉ်​စီးခတိ...

Thingyan 150x150

 မဟာသင်္ကြန်​ကာလအတွင်း ​နေရပ်​ပြန်​မည့်​ ခရီးသွားပြည်​သူများအဆင်​​ပြေစွာ သွားလာနိုင်​ရန်​နှင့်​ယခင်​နှစ်​များထက်​ ခရီးသွားလာရာတွင်...

Read more »

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ...

Delivery van 150x150

Delivery Van ကားများနှင့်​ နိဗ္ဗာန်​ယာဉ်​ကားများ မှတ်​ပုံတင်​ထုတ်​​ပေးရာတွင်​ လူစီးယာဉ်​အဖြစ်​အသုံးပြုခွင့်​မရှိ​ကြောင်း...

Read more »

ဧပြီ ၁...

Toll fees 150x150

ရန်​ကုန်​မြို့သန်​လျှင်​မြို့နယ်​ရှိ ခရမ်း၊​ကျောက်​တန်း၊သုံးခွ မြို့နယ်​များသို့ ဆက်​သွယ်​တန်းထား​သော သန်​လျှင်​တံတားအမှတ်​( ၁)လာမည့်​...

Read more »
Download Android App