နည်းပညာအမြင့်တွေနဲ့ ပွဲထုတ်ကြေငြာလိုက်တဲ့ Audi A3 2015 မော်ဒယ်

MyanmarCarsDB ရဲ့ ဧည့်ပရိတ်သတ်များမှာ ကားနဲ့ပက်သက်ပြီး အနည်းနဲ့ အများ ဆိုသလို စိတ်ဝင်စားကြသူတွေ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ မြန်မာကား ဈေးကွက် မှာ ဂျပန် ကုမ္ပဏီ ရဲ့ကားတွေပဲ ကြီးစိုးနေတာမှန်ပေမယ့် ပြည်တွင်းကြိုက်အမြင့်ကား အများစုဟာ အမေရိကန် ကား ဈေးကွက် အတွက်ရည်ရွယ်ထုတ်လုပ်တဲ့ ဂျပန်ကားတွေ ပဲဖြစ်ပါတယ်။ ဥပမာ Harrier ကိုပဲကြည့်ပါ။ အကြမ်း အား ဖြင့် သုံးသပ်ရင် ပြည်တွင်း အမြင့်ကားဈေးကွက်ဟာ အမေရိကန်ဈေးကွက်ဝင်ကားတွေဖြစ်တယ်ဆိုတာ လက်ရှိ MyanmarCarsDB မှာအရောင်းအ၀ယ်ဖြစ်နေတဲ့ ကားတွေကိုကြည့်ရင် ငြင်းလို့မရပါဘူး။ MyanmarCarsDB ၏မိတ်ဆွေများအတွက် အယ်ဒီတာအဖွဲ့ မှရွေးချယ်လိုက်တာကတော့ အမေရိကန်ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ၂၀၁၅ မော်ဒယ် Audi A3 ပဲဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီ က Audi ဖြစ်ပြီး ဂျာမဏီနိုင်ငံ အခြေစိုက်ဖြစ်ပါတယ်။ ၂၀၁၅ Audi A3 မှာပါဝင်တဲ့ Feature တွေက သင့်ကို ဘ၀င်ခိုက်စေရဲ့လားဆိုတာ ဖတ်ရှုရင်းပဲသုံးသပ်ရအောင်။

Audi_A3_01_610x457-500x374

အဆိုပါ အသစ်မိတ်ဆက်မယ့် A3 ကတော့ ပုံမှန်အမေရိကန်ကြိုက် ကားတွေနဲ့ ကွဲပြားလိမ့်မယ်လို့ ဝေဖန်သူတွေက သုံးသပ်ကြပါတယ်။ ကိုယ်ထည်ကို ယခင် Audi A3 ရဲ့ပုံစံအတိုင်းပဲ တည်ဆောက်ထားပြီး အင်ဂျင်ကို ဒီဇယ် အင်ဂျင် သို့မဟုတ် Turbocharged Gasoline အနေနှင့်နှစ်မျိုးနှစ်စားထုတ်လုပ်သွားမှာဖြစ်ပါတယ်။ A3 Sportback version မှာ လက်ရှိ A3 နှစ်ပိုမိုဆင်တူမည်ဖြစ်ပြီး Hybrid စနစ်မျိုးလည်းပါဝင်မှာဖြစ်ပါတယ်။ ၂၀၁၅ Audi A3 ရဲ့ Sedan Version မှာ အဆင့်မြင့် 2 Litre Engine ပါဝင်မှာဖြစ်တယ်

Audi_A3_03_270x202

Audi A3 ရဲ့ MMI Controller ကို တစ်ဖန်ပိုမိုဆန်းသစ်ပြီး ခလုတ်လေးခုရဲ့ပါဝင်တဲ့ MMI Controller ရဲ့ အလည်က dial ပေါ်မှာ Touch pad ပါထည့်သွင်းပေးထားပါတယ်။ A3 ၏ infotainment system ထဲကို စာလုံးများရိုက်ထည့်ရန်လိုလာခဲ့သော် အဲ့ဒီ့ Touchpad ပေါ်၌ စာလုံးများ ဂဏန်းများကို လက်ညှိုးနှင့်ရေးသားနိုင်မှာဖြစ်ပါတယ်။ ကားရဲ့ Dashboard ထဲမှ motor နှင့်ထွက်လာမယ့် LCD Screen ရဲ့အထူကတော့ ၀.၅ လက်မ အထိ ပဲရှိတာမို့ တော်တော် ပါးတယ်လို့ပြောလို့ရတယ်။

ယခု A3 ဟာဆိုရင် 4G LTE ဆက်သွယ်မှုစနစ်ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဆိုပါ 4G connection မှတစ်ဆင့် Google Earth ကိုသုံးကာ Satellite Imagery ကို ကား၏ Navigation System အတွက်ရယူအသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရတယ်။ လက်ရှိ A6, A7 နဲ့ A8 အမျိုး အစား တွေမှာ 3G အမျိုးအစားကို သာအသုံးပြုကြောင်းသိရတယ်။

Audi_A3_04_270x202

Feature သစ်တစ်ခု အနေနဲ့ အသစ်ထွက်မယ် A3 မှပါဝင်တာကတော့ Application တွေကို တစ်စုတစ်စည်းထည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်တယ်။ (ယခင် Audi ကားအများစုမှာ မပါဝင်သော အားနည်း ချက်လည်းဖြစ်ပါတယ်။ ) လက်ကိုင်ဖုန်းကို ကား၏ WIFI ဖြင့်ချိတ်ဆက်ပြီး အချို့သော App များကို အသံဖြင့်ထိန်းချုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Audi ရဲ့ ကြေငြာမှု အရ အထက်ပါ ဆောဝဲ့အ သုံးချမှုတွေကို အခြားသော ကားတွေမှာလည်း update ပြုလုပ်သွား မယ်လို့သိရတယ်။

Audio ကောင်းကောင်းမှ ကြိုက်သူများအတွက် ကားမှာ ထည့်သွင်းမယ့် အဆင့်မြင့် အသံအတွက်ကို Bang & Olufsen အသံစနစ်ကို အသုံးပြုထားတယ်။

LED headlights, Driver Assitance Features များဖြစ်တဲ့ blind spot monitor နှင့် Adpative Cruise Control တို့လည်းပါဝင်မှာဖြစ်ပါတယ်။

Audi_A3_02_610x457-500x374


A3 မော်ဒယ်ဟာ နောက် တစ်နှစ်လောက်မှ ပေါ်ထွက်လာမှာ ဖြစ်ပေမယ့် စောင့်ဆိုင်းရကျိုးနပ်မှာပါ။ Audi ရဲ့ကားကြီးများမှာပါဝင်တဲ့ နည်းပညာမြင့်တွေကို A3 လို compact မော်ဒယ်တွေအတွက် ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ အဲဒါတွေကြောင့်လည်း A3 မော်ဒယ်ကို ဈေးသက် သက်သာသာနဲ့တော့ ရမယ်လို့ မျှော်လင့်လို့မရပါဘူး။ အသစ်ထွက်ရှိမယ့် Audi A3 ရဲ့ အနိမ့်ဆုံးမော်ဒယ်ကို $ 50,000 လောက်ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။

Phyo Zaw Tun
MyanmarCarsDB

Latest News

အမြန်​လမ်းမ​​ပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်...

Tzh ygn mdy highway5 150x150

Photo Credit အမြန်​လမ်းမ​​ကြီးပေါ်တွင်​ ၃ တန်​အထက် ​နှင့် ၃ တန်​အောက်​ကားများသည် ယာဉ်အန္တရယ်ဖြစ်ပွားမှူ ပိုမိုဖြစ်​​ပေါ်နိုင်​သဖြင့် တစ်​နာရီ...

Read more »

ယာဉ်မောင်းလိုင်စင်အတု...

Download 150x150

Photo Credit to Shwe Myin Thar ​မော်​​တော်​ယာဉ်​ ​မောင်းနှင်​ရာတွင်​ ယာဉ်မောင်းလိုင်စင်အတု ကိုင်​​ဆောင်အသုံးပြုနေသူများကို ​ဇူလိုင်လ...

Read more »

ခရီးသည်​တင်​ အပ်​နှံပြီး လူစီးစလစ်​များ ...

Weekly price 6 27 2017 1 150x150

Photo Credit ရန်​ကုန်​တိုင်း​ဒေသကြီး ခရီးသည်​တင်​ယာဉ်များ ​အပ်​နှံပြီး လူစီးစလစ်များလာ​သော်​လည်း အ​ရောင်းအဝယ်​မလုပ်​ဘဲ...

Read more »

လူတကာချစ်တဲ့ Honda Fit 2017

2017 honda fit 4dr hatchback ex rq oem 4 717 150x150

Honda Fit ဆိုတာ… နိုင်ငံတကာဈေးကွက်မှာ Fit အနေနဲ့ရော Jazz အဖြစ်နဲ့ပါ လူသိများတဲ့ မော်ဒယ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်...

Read more »

ကညနရုံးတွင် ​ဖောက်ထွင်းခံရ​သော ...

Kanyana 150x150

Photo Credit to ရွှေမြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်း ခရိုင်ရုံး (ယာဉ်မှတ်ပုံတင်ဌာန) ဖောက်ထွင်းခံခဲ့ရသည့်​...

Read more »
Download Android App