အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ ထပ္မံေခၚယူမည့္ အကၡရာအား ပုိင္ရွင္မ်ား စိတ္၀င္တစား ေစာင့္ၾကည့္ေန


ရန္ကုန္တိုင္းေဒသႀကီးအတြင္း အပ္ႏွံဆဲျဖစ္သည့္ ‘လ၊သ၊အ’အပ္ကားမ်ား ရွားပါးလာျခင္းေၾကာင့္ ထပ္မံေခၚယူမည့္ အကၡရာအား ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ စိတ္၀င္ တစား ေစာင့္ၾကည့္ေနရေၾကာင္း ကား၀ယ္/ေရာင္းမ်ားထံမွ သိရသည္။ 388483


လက္ရွိအခ်ိန္တြင္ အပ္ႏွံဆဲ ‘အ’အကၡရာကားမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အစီးေရ ၄,၇၅၀ ရွိရာ ေဖေဖာ္၀ါရီ ၁၀ ရက္တြင္ အစီးေရ ၄,၁၀၇ စီး အပ္ႏွံၿပီးစီးခဲ့ၿပီး ျဖစ္သည္။ ထုိ႔အတူ အပ္ႏွံရန္က်န္ရွိသည့္ ‘လ’ အကၡရာကားမ်ားမွာ အပ္ႏွံရန္ ၄,၀၅၄ စီး ရွိသည့္အနက္ ေဖေဖာ္၀ါရီ ၁၀ ရက္အထိ အစီးေရ ၃,၉၃၅ စီး အပ္ႏွံခဲ့ၿပီး ‘သ’ အကၡရာ ကားမ်ားမွာ အပ္ႏွံရန္ အစီးေရ ၄,၇၀၀ ရွိသည့္အနက္ နယ္ကားမ်ားအပါ အ၀င္ ၄,၇၁၅ စီးအပ္ႏွံၿပီး ျဖစ္ေၾကာင္း သိရသည္။ Chery QQ3 ကားမ်ားအပ္ႏွံမႈတြင္ ေဖေဖာ္၀ါရီ ၁၀ ရက္အထိ အစီးေရ ၂၃၁ စီး အပ္ႏွံၿပီးစီးခဲ့ၿပီး အကၡရာစံုမွ ေန႔စဥ္ ကားအစီးေရ ေျခာက္ဆယ္၀န္းက်င္ခန္႔ လာေရာက္အပ္ႏွံလ်က္ ရွိေၾကာင္း ‘ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈဌာန’မွ သိရသည္။ “ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈက အရင္ရက္ေတြက ထက္စာရင္ အခုရက္ပုိင္းမွာ အပ္ႏွံမႈ ျပန္မ်ားလာတာ ေတြ႕ရတယ္၊ အပ္ႏွံဖို႔ က်န္ရွိတဲ့ အကၡရာ ကားေတြလည္း လာေရာက္ အပ္ႏွံၾကပါတယ္၊ အပ္ႏွံမႈစာရင္း အရ အပ္ႏွံမယ့္ကားေတြကလည္း အနည္းငယ္ပဲရွိေတာ့တယ္၊ ေနာက္ထပ္ အပ္ႏွံခြင့္ျပဳ မယ့္ အကၡရာ ကေတာ့ အကၡရာအစဥ္လိုက္ပဲ ေခၚမလား၊ ယာဥ္သက္တမ္းအလုိက္ပဲ ေခၚမလားဆိုတာ မသိရေသးပါဘူး၊ ႐ုံးခ်ဳပ္က ညႊန္ၾကားခ်က္လည္း မလာေသးတဲ့ အတြက္ေျပာလို႔ မရဘူး၊ ညႊန္ၾကားခ်က္ရတာနဲ႔ အခ်ိန္နဲ႔တစ္ေျပးညီ ေျပာၾကားမႈေတြ ျပဳလုပ္ၿပီး အပ္ကားေတြကိုလက္ခံေပး သြားမွာျဖစ္ပါတယ္” ဟု ယာဥ္အို၊ယဥ္ေဟာင္း အပ္ႏွံမႈဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။ အပ္ကား ရွားပါးလာျခင္းႏွင့္ အတူထပ္မံေခၚယူမည့္ အကၡရာကို မသိရေသးေသာေၾကာင့္ အပ္ကားမ်ား၏ ေစ်းႏႈန္းသည္ အနည္းငယ္ ျမင့္တက္ သြားခဲ့ၿပီး ‘အ’အကၡရာ စလစ္တစ္ေစာင္လွ်င္ က်ပ္ ၁၀၄ သိန္း၀န္းက်င္ရွိေၾကာင္း ေစ်းကြက္အတြင္းမွ သိရသည္။


 

Ref : Automobile



Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်း အပ်နှံဆဲဖြစ်သည့် ‘လ၊သ၊အ’အပ်ကားများ ရှားပါးလာခြင်းကြောင့် ထပ်မံခေါ်ယူမည့် အက္ခရာအား ယာဉ်ပိုင်ရှင်များအနေဖြင့် စိတ်ဝင် တစား စောင့်ကြည့်နေရကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။ 388483


လက်ရှိအချိန်တွင် အပ်နှံဆဲ ‘အ’အက္ခရာကားများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အစီးရေ ၄,၇၅ဝ ရှိရာ ဖေဖော်ဝါရီ ၁ဝ ရက်တွင် အစီးရေ ၄,၁ဝ၇ စီး အပ်နှံပြီးစီးခဲ့ပြီး ဖြစ်သည်။ ထို့အတူ အပ်နှံရန်ကျန်ရှိသည့် ‘လ’ အက္ခရာကားများမှာ အပ်နှံရန် ၄,ဝ၅၄ စီး ရှိသည့်အနက် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အစီးရေ ၃,၉၃၅ စီး အပ်နှံခဲ့ပြီး ‘သ’ အက္ခရာ ကားများမှာ အပ်နှံရန် အစီးရေ ၄,၇ဝဝ ရှိသည့်အနက် နယ်ကားများအပါ အဝင် ၄,၇၁၅ စီးအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။ Chery QQ3 ကားများအပ်နှံမှုတွင် ဖေဖော်ဝါရီ ၁ဝ ရက်အထိ အစီးရေ ၂၃၁ စီး အပ်နှံပြီးစီးခဲ့ပြီး အက္ခရာစုံမှ နေ့စဉ် ကားအစီးရေ ခြောက်ဆယ်ဝန်းကျင်ခန့် လာရောက်အပ်နှံလျက် ရှိကြောင်း ‘ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာန’မှ သိရသည်။ “ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုက အရင်ရက်တွေက ထက်စာရင် အခုရက်ပိုင်းမှာ အပ်နှံမှု ပြန်များလာတာ တွေ့ရတယ်၊ အပ်နှံဖို့ ကျန်ရှိတဲ့ အက္ခရာ ကားတွေလည်း လာရောက် အပ်နှံကြပါတယ်၊ အပ်နှံမှုစာရင်း အရ အပ်နှံမယ့်ကားတွေကလည်း အနည်းငယ်ပဲရှိတော့တယ်၊ နောက်ထပ် အပ်နှံခွင့်ပြု မယ့် အက္ခရာ ကတော့ အက္ခရာအစဉ်လိုက်ပဲ ခေါ်မလား၊ ယာဉ်သက်တမ်းအလိုက်ပဲ ခေါ်မလားဆိုတာ မသိရသေးပါဘူး၊ ရုံးချုပ်က ညွှန်ကြားချက်လည်း မလာသေးတဲ့ အတွက်ပြောလို့ မရဘူး၊ ညွှန်ကြားချက်ရတာနဲ့ အချိန်နဲ့တစ်ပြေးညီ ပြောကြားမှုတွေ ပြုလုပ်ပြီး အပ်ကားတွေကိုလက်ခံပေး သွားမှာဖြစ်ပါတယ်” ဟု ယာဉ်အို၊ယဉ်ဟောင်း အပ်နှံမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အပ်ကား ရှားပါးလာခြင်းနှင့် အတူထပ်မံခေါ်ယူမည့် အက္ခရာကို မသိရသေးသောကြောင့် အပ်ကားများ၏ စျေးနှုန်းသည် အနည်းငယ် မြင့်တက် သွားခဲ့ပြီး ‘အ’အက္ခရာ စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၄ သိန်းဝန်းကျင်ရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။


 

Ref : Automobile

Latest News

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »

Uber က ေစ်းႏႈန္းပိုုသက္သာသည့္ စနစ္သစ္ကိုု...

Picture1 150x150

Zawgyi Version Uber ကုမၸဏီသည္ ေစ်းပိုုသက္သာၿပီး ကားမေခၚခင္ ေစ်းႏႈန္းအတိအက်ႀကိဳသိႏုုိင္သည့္ စနစ္သစ္ကိုု ရန္ကုုန္ၿမိဳ႕တြင္ ႏုုိဝင္ဘာလ...

Read more »