fb-pageview-tracker
အို​ေဟာင္​းစလစ္​ ရွားပါးလာမႈေၾကာင္​့ consignment စနစ္​ျဖင္​့တင္​သြင္​းထား​ေသာကားမ်ား စလစ္အစားထိုးခြင့္ျပဳ​ေပးရန္​ လိုအပ္​​ေန


Zawgyi Version

ယာဥ္​အို/ယာဥ္​​ေဟာင္​းအပ္ႏွံသည္​့ သက္​တမ္​း ႏွစ္​ ႏွစ္​ဆယ္​ အပ္​ကားမ်ားရွားပါးလာ​ေနရာ စလစ္​​ေစ်းမွာလည္​း အဆမတန္​ျမင္​့တက္​လာ​မႈေၾကာင္​့ ​ကားအ​ေရာင္​းစင္​တာမ်ားမွ consignment စနစ္​ျဖင္​့တင္​သြင္​းထား​ေသာကားမ်ားကို စလစ္​အစားထိုးခြင္​့ျပဳ​ေပးရန္​လိုအပ္​​​​ေၾကာင္​း အပ္​ကုန္​စနစ္​ျဖင္​့ ကားတင္​သြင္​းသူအမ်ားစုက ​ေျပာဆိုေန​ၾကသည္​။ လက္​ရွိအခ်ိန္တြင္​ ကားအ​ေရာင္​းစင္​တာမ်ားက consignment စနစ္​ျဖင္​့ တင္​သြင္​းထားသာကားမ်ားမွာ စလစ္​ကပ္​ရန္​ အခက္​အခဲမ်ားရွိ​ေနၿပီး စလစ္ေဈးႏႈန္းျမင့္တက္၍ နံပါတ္ယူရန္ႏွင့္ ကားမ်ား​ေရာင္းခ်ျခင္းမ်ားတြင္ အခက္အခဲျဖစ္ေနလ်က္​ရွိရာ စလစ္ အစားထိုးအစီအစဥ္ျဖင့္ နံပါတ္ယူခြင့္ျပဳ​ေပးရန္​လိုအပ္​​ေန​ေၾကာင္​း သိရသည္​။

“ကားအ​ေရာင္​းစင္​တာ​ေတြက​ေန consignment စနစ္​နဲ႔ ဝယ္​ယူထားတဲ့ကား​ေတြကအမ်ားႀကီးက်န္​​ေသးတယ္​။ အျပင္​မွာကလည္​း စလစ္​​ေစ်းက သိန္​း ၁၃၀ ​ေလာက္​ျဖစ္​​ေနၿပီ။ ဒါ​ေတာင္​ ႏွစ္​ ႏွစ္​ဆယ္​အပ္​ကားက အရမ္​းရွား​ေတာ့ ဝယ္​ရတာမလြယ္​ဘူးျဖစ္​​ေနတယ္​။ ​ေနာက္​ပိုင္​းဆို စလစ္​ ​ေဈးထပ္​တက္​လာရင္​ နံပတ္​ယူဖို႔က မလြယ္​​ေတာ့ဘူး။ စလစ္​အစားထိုးတဲ့အ​ေနနဲ႔ တန္​ဖိုးတစ္​ခုခုသတ္မွတ္ၿ​ပီး ဒီကား​ေတြအျမန္​ဆံုး နံပတ္​ယူ​ေပးလို္​က္​ရင္​ အဆင္​​ေျပသြားမယ္​။” ဟု ကား​အေရာင္​းစင္​တာက consignment အပ္​ကုန္​စနစ္​ျဖင္​့ ကားတင္​သြင္​းထားသူ ဦးဖုန္​းျမင္​့ကေျပာသည္​။

ကားအေရာင္းစင္တာမ်ား၌ ၂၀၁၇ ခုႏွစ္ႏွင့္ ေရွ႕ပိုင္းကာလ ကားတင္သြင္းမႈ ေပၚလစီအရ တင္သြင္းခဲ့ေသာ consignment ကားမ်ား က်န္ရွိေနသျဖင့္ စလစ္ေစ်းႏႈန္းျမင့္တက္ကာ နံပါတ္ယူရန္ႏွင့္ေရာင္းခ်ျခင္းမ်ားတြင္ အခက္အခဲျဖစ္ေနပါသျဖင့္ စလစ္အစားထိုးအစီအစဥ္ျဖင့္ နံပါတ္ယူခြင့္ျပဳနိုင္​ရန္​အတြက္​ ႏိုင္ငံေတာ္ဒုတိယသမၼတ (၁) ဦးေဆာင္ေသာ ပုဂၢလိကက႑ဖြံ႕ျဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ား ပံုမွန္ေတြ႔ဆံုပြဲတြင္​ ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္႔ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္း MAMDA မွ တင္​ျပထား​ခဲ့​ေၾကာင္​းသိရသည္​။


Unicode Version

ယာဉ်အို/ယာဉ်ဟောင်းအပ်နှံသည့် သက်တမ်း နှစ် နှစ်ဆယ် အပ်ကားများရှားပါးလာနေရာ စလစ်ဈေးမှာလည်း အဆမတန်မြင့်တက်လာမှုကြောင့် ကားအရောင်းစင်တာများမှ consignment စနစ်ဖြင့်တင်သွင်းထားသောကားများကို စလစ်အစားထိုးခွင့်ပြုပေးရန်လိုအပ်ကြောင်း အပ်ကုန်စနစ်ဖြင့် ကားတင်သွင်းသူအများစုက ပြောဆိုနေကြသည်။ လက်ရှိအချိန်တွင် ကားအရောင်းစင်တာများက consignment စနစ်ဖြင့် တင်သွင်းထားသာကားများမှာ စလစ်ကပ်ရန် အခက်အခဲများရှိနေပြီး စလစ်ဈေးနှုန်းမြင့်တက်၍ နံပါတ်ယူရန်နှင့် ကားများရောင်းချခြင်းများတွင် အခက်အခဲဖြစ်နေလျက်ရှိရာ စလစ် အစားထိုးအစီအစဉ်ဖြင့် နံပါတ်ယူခွင့်ပြုပေးရန်လိုအပ်နေကြောင်း သိရသည်။

“ကားအရောင်းစင်တာတွေကနေ consignment စနစ်နဲ့ ဝယ်ယူထားတဲ့ကားတွေကအများကြီးကျန်သေးတယ်။ အပြင်မှာကလည်း စလစ်ဈေးက သိန်း ၁၃၀ လောက်ဖြစ်နေပြီ။ ဒါတောင် နှစ် နှစ်ဆယ်အပ်ကားက အရမ်းရှားတော့ ဝယ်ရတာမလွယ်ဘူးဖြစ်နေတယ်။ နောက်ပိုင်းဆို စလစ် ဈေးထပ်တက်လာရင် နံပတ်ယူဖို့က မလွယ်တော့ဘူး။ စလစ်အစားထိုးတဲ့အနေနဲ့ တန်ဖိုးတစ်ခုခုသတ်မှတ်ပြီး ဒီကားတွေအမြန်ဆုံး နံပတ်ယူပေးလိုက်ရင် အဆင်ပြေသွားမယ်။” ဟု ကားအရောင်းစင်တာက consignment အပ်ကုန်စနစ်ဖြင့် ကားတင်သွင်းထားသူ ဦးဖုန်းမြင့်ကပြောသည်။

ကားအရောင်းစင်တာများ၌ ၂၀၁၇ ခုနှစ်နှင့် ရှေ့ပိုင်းကာလ ကားတင်သွင်းမှု ပေါ်လစီအရ တင်သွင်းခဲ့သော consignment ကားများ ကျန်ရှိနေသဖြင့် စလစ်ဈေးနှုန်းမြင့်တက်ကာ နံပါတ်ယူရန်နှင့်ရောင်းချခြင်းများတွင် အခက်အခဲဖြစ်နေပါသဖြင့် စလစ်အစားထိုးအစီအစဉ်ဖြင့် နံပါတ်ယူခွင့်ပြုနိုင်ရန်အတွက် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း MAMDA မှ တင်ပြထားခဲ့ကြောင်းသိရသည်။

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »