အင်္ဂလိပ်အက္ခရာ နံပါတ်ပြား ပြောင်းလဲခြင်းမရှိပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်




 


 

www.carsdb.com

No. 1 Car Site in Myanmar



Unicode Version

မော်တော်ယာဉ်နံပါတ် မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာသို့ ပြောင်းလဲဆောင်ရွက်ပေးလျှက်ရှိရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၉ဝ ရာခိုင်နှုန်းခန့် ပြောင်းလဲဆောင်ရွက်ပြီး ဖြစ်သော်လည်း ကျန်ရှိနေသေးသည့် ယာဉ်ပိုင်ရှင်များထံ အကြောင်းကြားစာများ ပေးပို့ထားပြီး တစ်လအတွင်း လာရောက်ပြောင်းလဲဆောင်ရွက်ခြင်း မရှိပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း က.ည.န (ကနဦး) ရုံးချုပ် အကြီးတန်း အရာရှိတစ်ဦးက ပြောသည်.။

မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာပြောင်းလဲခြင်းကို ၂ဝ၁၃ ခုနှစ်မှ စတင်ပြုလုပ်ပေးခဲ့ပြီး လက်ရှိတွင် အက္ခရာနံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်းမှာ ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီး ကျန်ရှိနေသေးသည့် ယာဉ်ပိုင်ရှင်များထံ အက္ခရာနံပါတ်ပြားများ ပြောင်းလဲတပ်ဆင်ရန် အကြောင်းကြားစာများ ပေးပို့ဆက်သွယ်ထားကြောင်း သိရသည်.။

“အကြောင်းကြားစာတွေကို သြဂုတ်လမကုန်ခင်က ပို့ခဲ့တာပါ.။ ဒီစက်တင်ဘာတစ်လလုံး အချိန်ပေးထားတယ်.။ သတ်မှတ်ကာလအတွင်း လာရောက်ပြောင်းလဲခြင်းမရှိဘူးဆိုရင်တော့ ၁၉၆၄ မော်တော်ယာဉ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်.။ (ကားတစ်စီးလုံးတောင် ဝယ်စီးနိုင်ပြီး) နံပါတ်ပြားလဲရင် ပိုက်ဆံတစ်သောင်းကုန်လို့ မလုပ်ဘူးဆိုတဲ့သူတွေက ဥပဒေကို ကလန်ကဆန်လုပ်တဲ့သဘောပဲ၊ သူတို့ကို ယာဉ်နံပါတ်ပြားအသစ် ပြုလုပ်ပေးရလို့ ကုန်တဲ့ ကုန်ကျငွေပဲ ကောက်တာပါ.။ အရေးယူမှုကို မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဆောင်ရွက်ပါလိမ့်မယ်” ဟု က.ည.န (မြင်သာ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်.။ ထိုသို့ အက္ခရာနံပါတ်ပြားပြောင်းလဲခြင်း ဆောင်ရွက်ပါက ဖောင်းကြွနံပါတ်ပြားကို သက်ဆိုင်ရာကညနရုံးများတွင် ငွေကျပ်တစ်သောင်းပေးသွင်း၍ တပ်ဆင်နိုင်ကြောင်း သိရသည်.။

 

နေနွယ် (10.9.2015 ထုတ် ပြည်မြန်မာမှ ကူးယူဖော်ပြသည်)

 

www.carsdb.com

No. 1 Car Site in Myanmar

Latest News

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »

အဲကွန်းမဖွင့်​​သော YBS ကားများ ​ယာဉ်​စီးခ...

Latest news1 12 150x150

Zawgyi Version ရန်​ကုန်​တိုင်း​အတွင်း ပြေးဆွဲလျှက်​ရှိ​နေသော ခရီးသည်​တင်​ YBS ကားများအနက် အဲယားကွန်းမဖွင့်​​ပဲ​ မောင်းေ​သာ ကားများနှင့်...

Read more »

ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်...

Latest news1 12 150x150

Zawgyi Version ပိတ်​သိမ်းထား​ပြီး စာရင်းမရှင်း​နိုင်​သည့်​ ကားအ​ရောင်းစင်​တာ ၁၉ ခု ​ကို ထိ​ရောက်စွာ ​အ​ရေးယူသွားမည်ဖြစ်ကြောင်း...

Read more »