မေတ္တာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းသည့် ခရီးသည်တင်ယာဉ်များ LPG ဖြင့် ပြောင်းလဲပြေးဆွဲမည်
မေတ္တာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ သဘာဝဓာတ်ငွေ့ ရရှိမှုခက်ခဲပါက LPG ဓာတ်ငွေ့ရည်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ကြောင်း ‘မေတ္တာလှိုင်းခရီးသည်တင်ယာဉ်လိုင်း’မှ သတင်းရရှိသည်။LPG-Gas-500x282
Ref:  Automobile
Unicode Version
မေတ္တာလှိုင်းယာဉ်လိုင်းမှ ထပ်မံတင်သွင်းမည့် ခရီးသည်တင်ယာဉ်များ သဘာဝဓာတ်ငွေ့ ရရှိမှုခက်ခဲပါက LPG ဓာတ်ငွေ့ရည်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ကြောင်း ‘မေတၲာလှိုင်းခရီးသည်တင်ယာဉ်လိုင်း’မှ သတင်းရရှိသည်။LPG-Gas-500x282
အဆိုပါ ယာဉ်လိုင်းတွင် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလကုန်က ခရီးသည်တင်ယာဉ် သုံးစီးခန့် LPG တပ်ဆင်ခဲ့ပြီး ထပ်မံတိုးမြှင့် တပ်ဆင်သွားမည်ဟု သိရသည်။ ယင်းနှင့်အတူ LPG ဓာတ်ငွေ့ရည် အသုံးပြုပုံများ၊ သတိပြုရမည့် အချက်များကိုလည်း သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ “ဒီ LPG က ရိုးရိုး ဒီဇယ်၊ ဓာတ်ဆီတွေထက်စာရင် စျေးနှုန်းလည်း သက်သာပြီး ဆီစားလည်းသက်သာတဲ့အတွက် အခုဆိုရင် ကားတွေကို အဲကွန်းဖွင့်ပြီး မောင်းခိုင်းနေတယ်၊ အဲဒါကြောင့် ခရီးသည်တွေ အနေနဲ့ သက်သောင့်သက်သာ သွားလာနိုင်သလို ကျွန်တော်တို့ ယာဉ်လိုင်းကို စောင့်စီးမယ့် ခရီးသည်တွေလည်း ပိုများလာနိုင်တယ်၊ယာဉ်လုပ်သားတွေ ကို LPG အသုံးပြုနည်းတွေ ကျွန်တော်တို့ အသေအချာ သင်ပေးထားပါတယ်”ဟု မေတ္တာလှိုင်း ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း LPG ဓာတ်ငွေ့ရည် ကို စတင် တပ်ဆင်လျှင် ၁၂ဝ လီတာဆံ့ ဂက်စ်အိုး လေးအိုးမှ ငါးအိုးတပ်ဆင်နိုင်ပြီး ခရီးသည်တင်ယာဉ် တစ်စီးလျှင် ကျပ်သိန်းနှစ်ဆယ် ဝန်းကျင်ခန့် ကုန်ကျမည် ဖြစ်ကာ နောက်ပိုင်းတွင် ဂါလန်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ အဆိုပါ ဓာတ်ငွေ့ရည် ဖြည့်သွင်းမှုကို မြန်မာ့ ရေနံနှင့် ဓာတုဗေဒလုပ်ငန်း၊ IP ၊ မြဝတီနှင့် ရွှေသန်လျင် ကုမ္ပဏီ တို့တွင် ဝယ်ယူနိုင်ပြီး Powertek Engineering Group ကုမ္ပဏီမှ Door to Door စနစ်ဖြင့်လည်း ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Ref:  Automobile
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...
23602231 2157311237654961 2105906177 n 150x150
Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...
Read more »