မြန်မာမီနီဆလွန်းကို သိန်းခြောက်ဆယ်အောက် တန်ဖိုးနည်းယာဉ်အဖြစ် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်မည်
Myanmar-Mini
ယခင်က မြန်မာမီနီဆလွန်း ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံမှ မော်တော်ယာဉ် အစိတ်အပိုင်းများ မှာယူ၍ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်ကာ ဈေးကွက်အတွင်း ပြန်လည်ရောင်းချခြင်း ဖြစ်ပြီး မြန်မာမီနီဆလွန်း အစီးရေ ၂,၁၂၂ စီး ထုတ်လုပ်ရောင်းချ ခဲ့ကြောင်း၊ အသစ် ပြန်လည်ထုတ်လုပ်မည့် မြန်မာမီနီဆလွန်း ယာဉ်များကို ယခုနှစ်အတွင်း ထုတ်လုပ်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဆက်လက်သိရသည်။
Ref: Automobile
Unicode Version
မြန်မာမီနီဆလွန်း မော်တော်ယာဉ်များကို ကျပ်သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်းယာဉ်အဖြစ် ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း ထုတ်လုပ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မော်တော်ယာဉ် ထုတ်လုပ်ရေးမှ သိရသည်။
Myanmar-Mini
စက်မှုဝန်ကြီးဌာန အနေဖြင့် မြန်မာမီနီဆလွန်းများကို အဆင့်မြှင့်တင် ထုတ်လုပ်ရန် ပြည်တွင်း လုပ်ငန်းရှင်များကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလက တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ လေးခုမှ လာရောက် လျှောက်ထားခဲ့ပြီး အဆိုပါ ကုမ္ပဏီလေးခုမှ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ ပူးပေါင်း အဆင့်မြှင့်တင် ထုတ်လုပ်နိုင်မည့် ကုမ္ပဏီတစ်ခုကို လာမည့် ဖေဖော်ဝါရီလတွင် ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ခံရတဲ့ လုပ်ငန်းရှင်ကိုလည်း တရားဝင် ကြေညာသွားမှာပါ နည်းပညာတွေရော ထုတ်လုပ်မှု ပုံစံတွေကိုပါ အဆင့်မြှင့်တင် ထုတ်လုပ်ပါက ကျပ်သိန်း ခြောက်ဆယ်အောက် တန်ဖိုးနည်း ယာဉ်များအဖြစ် ပြန်လည်ထုတ်လုပ်မည် ဖြစ်ကြောင်း သိရသည်။
လတ်တလောမှာတော့ ပြည်တွင်းကုမ္ပဏီလေးခု လာလျှောက်တယ်၊ ဒီထဲက တစ်ခုကိုပဲ ရွေးချယ်မယ် အများပြည်သူတွေ တန်ဖိုးသက်သာစွာ ဝယ်ယူနိုင်ဖို့အတွက် စျေးကိုလျှော့ပြီး တန်ဖိုးနည်းယာဉ်အဖြစ် ရောင်းချပေးမှာပါဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ စက်မှုဝန်ကြီးဌာန အနေဖြင့် မြန်မာမီနီဆလွန်းများကို အစိုးရ အရာထမ်းများအား ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ရာ စက်ရုံလက်ကျန် မီနီဆလွန်းများ ကုန်သည်အထိ ဖြစ်ပေါ်ခဲ့သည်။
ယခင်က မြန်မာမီနီဆလွန်း ထုတ်လုပ်ရာတွင် တရုတ်နိုင်ငံမှ မော်တော်ယာဉ် အစိတ်အပိုင်းများ မှာယူ၍ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်ကာ စျေးကွက်အတွင်း ပြန်လည်ရောင်းချခြင်း ဖြစ်ပြီး မြန်မာမီနီဆလွန်း အစီးရေ ၂,၁၂၂ စီး ထုတ်လုပ်ရောင်းချ ခဲ့ကြောင်း၊ အသစ် ပြန်လည်ထုတ်လုပ်မည့် မြန်မာမီနီဆလွန်း ယာဉ်များကို ယခုနှစ်အတွင်း ထုတ်လုပ်နိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ဆက်လက်သိရသည်။
Ref: Automobile
Latest News
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »
The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...
Pizza 150x150
Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...
Read more »
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »