ရက္လြန္ဒဏ္ေၾကး အမ်ားဆံုးသတ္မွတ္ခ်က္ ပယ္ဖ်က္ၿပီးေနာက္ပိုင္း ကနဦးေမာ္ေတာ္ယာဥ္စစ္ေဆးျခင္း ထက္ဝက္က်ဆင္း

ရန္ကုန္၊ မတ္ ၃

 

ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနက ကနဦးေမာ္ေတာ္ယာဥ္စစ္ေဆးျခင္း ရက္လြန္ဒဏ္ေၾကး အမ်ားဆံုးသတ္မွတ္ခ်က္ ပယ္ဖ်က္ၿပီးေနာက္ပိုင္း လာေရာက္စစ္ေဆးသည့္ ယာဥ္စီးေရထက္ဝက္ေက်ာ္ က်ဆင္းေၾကာင္း ကနဦးယာဥ္စစ္ေဆးေရးဌာန (ေထာက္ၾကန္႔) ထံမွ သိရသည္.။

 

ရက္လြန္ဒဏ္ေၾကး အမ်ားဆံုးသတ္မွတ္ခ်က္ မပယ္ဖ်က္မီ ဇန္နဝါရီလ အတြင္းက တစ္ရက္လွ်င္ အစီးေရ ၁၁၀၀ ေက်ာ္အထိ လာေရာက္စစ္ေဆးခဲ့ရာမွ ဒဏ္ေၾကးပယ္ဖ်က္ၿပီး ေနာက္ပိုင္း တစ္ရက္လွ်င္ အစီးေရ ၄၀၀ ေက်ာ္သာလာေရာက္စစ္ေဆးေၾကာင္း အဆိုပါဌာနထံမွ သိရသည္.။

 

ရက္လြန္ဒဏ္ေၾကး မတိုးျမွင့္မီကာလအတြင္းက ကညန (ေထာက္ၾကန္႔) ႐ံုးတြင္ အစိုးရ႐ံုးပိတ္ရက္မ်ားပါ ယာဥ္စစ္ေဆးျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ရသည္အထိ ယာဥ္လာစစ္သည့္ အစီးေရ မ်ားျပားခဲ့ၿပီး ဒဏ္ေၾကးမတိုးျမွင့္မီကာလအတြင္းက လာေရာက္စစ္ေဆးသည့္ ေမာ္ေတာ္ယာဥ္မ်ားသည္ ေထာက္ၾကန္႔လမ္းဆံုမွ ကညနဝင္းအတြင္းအထိ ရွည္လ်ားခဲ့ေၾကာင္း အဆိုပါဌာနထံမွ သိရသည္.။

 

ဒဏ္ေၾကးေျပာင္းလဲေကာက္ခံျခင္းကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ စတင္ေကာက္ခံျခင္းျဖစ္ၿပီး ယခင္က တစ္ရက္လွ်င္ ဒဏ္ေၾကးက်ပ္ ၅၀၀၀ မွ အမ်ားဆံုး ဒဏ္ေၾကး တစ္သိန္းေကာက္ခံျခင္းကို ပယ္ဖ်က္၍ တစ္ရက္လွ်င္ က်ပ္ ၃၀၀၀ ႏႈန္းျဖင့္ ယာဥ္လာေရာက္စစ္ေဆးမႈ မျပဳမခ်င္း ရံုးပိတ္ရက္မ်ားအပါအဝင္ သတ္မွတ္ေကာက္ခံမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနက ေၾကညာထားသည္.။

 

ယင္းသို႔ ဒဏ္ေၾကးေျပာင္းလဲေကာက္ခံျခင္းေၾကာင့္ တစ္ဦးခ်င္း ေမာ္ေတာ္ယာဥ္ဝယ္ေရာင္းမ်ားအတြက္ အခက္အခဲျဖစ္ေပၚေစၿပီး ေမာ္ေတာ္ယာဥ္နံပါတ္အသစ္ ရရွိရန္ ခက္ခဲကာ အေရာင္းအဝယ္အနည္းငယ္ ခက္ခဲလာႏိုင္ေၾကာင္း ေမာ္ေတာ္ယာဥ္လုပ္ငန္းရွင္မ်ားထံမွ သိရသည္.။

 

ဒဏ္ေၾကးမတိုးျမွင့္မီ ဇန္နဝါရီလတစ္လအတြင္း လာေရာက္စစ္ေဆးသည့္ ေမာ္ေတာ္ယာဥ္အစီးေရသည္ ၁၄၈၀၀ စီးအထိရွိေၾကာင္း ကနဦးယာဥ္စစ္ေဆးေရးဌာန (ေထာက္ၾကန္႔) ထံမွ သိရသည္.။ ။

 

The Voice (Wed: March 4, 2015) မွ ကူးယူေဖာ္ျပသည္.။

 

No.1 Car Site in Myanmar

www.myanmarcarsdb.com



Unicode Version

ရန်ကုန်၊ မတ် ၃

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကနဦးမော်တော်ယာဉ်စစ်ဆေးခြင်း ရက်လွန်ဒဏ်ကြေး အများဆုံးသတ်မှတ်ချက် ပယ်ဖျက်ပြီးနောက်ပိုင်း လာရောက်စစ်ဆေးသည့် ယာဉ်စီးရေထက်ဝက်ကျော် ကျဆင်းကြောင်း ကနဦးယာဉ်စစ်ဆေးရေးဌာန (ထောက်ကြန့်) ထံမှ သိရသည်.။

 

ရက်လွန်ဒဏ်ကြေး အများဆုံးသတ်မှတ်ချက် မပယ်ဖျက်မီ ဇန်နဝါရီလ အတွင်းက တစ်ရက်လျှင် အစီးရေ ၁၁ဝဝ ကျော်အထိ လာရောက်စစ်ဆေးခဲ့ရာမှ ဒဏ်ကြေးပယ်ဖျက်ပြီး နောက်ပိုင်း တစ်ရက်လျှင် အစီးရေ ၄ဝဝ ကျော်သာလာရောက်စစ်ဆေးကြောင်း အဆိုပါဌာနထံမှ သိရသည်.။

 

ရက်လွန်ဒဏ်ကြေး မတိုးမြှင့်မီကာလအတွင်းက ကညန (ထောက်ကြန့်) ရုံးတွင် အစိုးရရုံးပိတ်ရက်များပါ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရသည်အထိ ယာဉ်လာစစ်သည့် အစီးရေ များပြားခဲ့ပြီး ဒဏ်ကြေးမတိုးမြှင့်မီကာလအတွင်းက လာရောက်စစ်ဆေးသည့် မော်တော်ယာဉ်များသည် ထောက်ကြန့်လမ်းဆုံမှ ကညနဝင်းအတွင်းအထိ ရှည်လျားခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်.။

 

ဒဏ်ကြေးပြောင်းလဲကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကောက်ခံခြင်းဖြစ်ပြီး ယခင်က တစ်ရက်လျှင် ဒဏ်ကြေးကျပ် ၅ဝဝဝ မှ အများဆုံး ဒဏ်ကြေး တစ်သိန်းကောက်ခံခြင်းကို ပယ်ဖျက်၍ တစ်ရက်လျှင် ကျပ် ၃ဝဝဝ နှုန်းဖြင့် ယာဉ်လာရောက်စစ်ဆေးမှု မပြုမချင်း ရုံးပိတ်ရက်များအပါအဝင် သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ကြေညာထားသည်.။

 

ယင်းသို့ ဒဏ်ကြေးပြောင်းလဲကောက်ခံခြင်းကြောင့် တစ်ဦးချင်း မော်တော်ယာဉ်ဝယ်ရောင်းများအတွက် အခက်အခဲဖြစ်ပေါ်စေပြီး မော်တော်ယာဉ်နံပါတ်အသစ် ရရှိရန် ခက်ခဲကာ အရောင်းအဝယ်အနည်းငယ် ခက်ခဲလာနိုင်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်.။

 

ဒဏ်ကြေးမတိုးမြှင့်မီ ဇန်နဝါရီလတစ်လအတွင်း လာရောက်စစ်ဆေးသည့် မော်တော်ယာဉ်အစီးရေသည် ၁၄၈ဝဝ စီးအထိရှိကြောင်း ကနဦးယာဉ်စစ်ဆေးရေးဌာန (ထောက်ကြန့်) ထံမှ သိရသည်.။ ။

 

The Voice (Wed: March 4, 2015) မှ ကူးယူဖော်ပြသည်.။

 

No.1 Car Site in Myanmar

www.myanmarcarsdb.com

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ေသာ...

23602231 2157311237654961 2105906177 n 150x150

Zawgyi Version   ယာဥ္​တိုက္​မႈ ျဖစ္​ပြား​ခဲ့ေသာ တိုက္​​ေျပးကားမ်ား၊ ကားခိုးမႈမ်ားႏွင့္ ကား​ေပ်ာက္​မႈမ်ားကို ဗဟိုထိန္​းခ်ဴပ္​​ေရး (control...

Read more »