ကားေစ်းကြက္တြင္း လက္က်န္ကားေဟာင္းမ်ားသာ ရွင္းထုတ္ေနၿပီး ပါမစ္ေလွ်ာက္ထားမႈ နည္းေန

(၂၀၁၄) ခုႏွစ္အတြင္း က်န္ရွိေသာ လက္က်န္ကားေဟာင္းမ်ားကိုသာ အေရာင္းအဝယ္ျပဳလုပ္မႈမ်ားကာ (၂၀၁၅) ခုႏွစ္မူဝါဒႏွင့္ အက်ံဳးဝင္ေသာ ပါမစ္မ်ားေလွ်ာက္ထားမႈနည္းေနေသးေၾကာင္း ကားလုပ္ငန္းရွင္အခ်ိဳ႕ထံမွ စံုစမ္းသိရွိရသည္.။

ေဖေဖာ္ဝါရီလမွ စတင္ကာ မူေသနံပါတ္ရယူျခင္းအတြက္ (၂၁)ရက္ေက်ာ္လြန္ပါက တစ္ရက္လွ်င္ က်ပ္ (၃၀၀၀)ႏႈန္းျဖင့္ ေကာက္ခံမည္ျဖစ္ရာ က်ပ္တစ္သိန္းအထိ ဒဏ္ေငြေဆာင္ၿပီး ရက္အကန္႔အသတ္မရွိ မူေသနံပါတ္မရယူဘဲ ထားရွိျခင္းမ်ားမရေတာ့သည့္အတြက္ ယခင္တင္သြင္းထားၿပီးေသာ ကားမ်ားအတြက္ အျမန္ဆံုး မူေသနံပါတ္ရယူေနရေၾကာင္း ကားကုမၸဏီတစ္ခု၏ မန္ေနဂ်င္းဒါ႐ိုက္တာတစ္ဦးက ေျပာျပခဲ့သည္.။

 

MyanmarCarsDB တြင္တင္ထားေသာ ကားေၾကာ္ျငာမ်ားၾကည့္ရန္

 

အသစ္ေလွ်ာက္ဖို႔ကို ဘာမွမစဥ္းစားႏိုင္ေသးဘူး.။ ေတာ္ေတာ္မ်ားမ်ားက အရင္သြင္းထားတဲ့ကားေတြကို မူေသနံပါတ္ယူဖို႔ လုပ္ေနၾကရတယ္.။ အရင္လို ဒဏ္ေငြတစ္သိန္းေဆာင္ၿပီး ရက္အကန္႔အသတ္မရွိ ထားလို႔မရေတာ့ တစ္ရက္ (၃၀၀၀)ဆို ေတာ္ေတာ္ထိမွာ.။ အဲဒါေၾကာင့္ ကားေတြကို အရင္ရွင္းဖို႔ပဲလုပ္ေနရတယ္ ဟုေျပာျပခဲ့သည္.။

 

ကားေဟာင္းအပ္စလစ္ႏွင့္ တင္သြင္းမႈမ်ားအတြက္ ကားပါကင္ေထာက္ခံခ်က္ မလိုအပ္ေသာ္လည္း သိသာစြာအေရာင္းအဝယ္ ျဖစ္မလာဘဲ Free Permit ျဖင့္တင္သြင္း၍ ပါမစ္ေလွ်ာက္ထားမႈလည္း နည္းပါးေၾကာင္းသိရသည္.။ Free Permit ျဖင့္ တင္သြင္း၍ ပါမစ္စတင္ေလွ်ာက္ပါက ကားပါကင္ေထာက္ခံခ်က္ ရယူရမည္ျဖစ္ၿပီး အဆိုပါေထာက္ခံခ်က္ျဖင့္ ပါမစ္ေလွ်ာက္ထားရမည္ျဖစ္ကာ ပါမစ္ရရွိသည့္ ရက္စြဲမွာ သေဘၤာဆိုက္ကပ္သည့္ရက္စြဲထက္ ေနာက္က်၍မရျခင္းေၾကာင့္ အဆင့္မ်ားစြာ ခက္ခဲၾကန္႔ၾကာလာေၾကာင္း ေလလံကုမၸဏီပိုင္ရွင္တစ္ဦးက ေျပာသည္.။

 

လက္ထဲမွာ က်န္တဲ့ကားေတြကိုပဲ ေရာင္းဖို႔လုပ္ေနရတယ္.။ ကားပါကင္ေထာက္ခံခ်က္မလိုတဲ့ စလစ္ကပ္ကားေစ်းကြက္ကလည္း သိသိသာသာႀကီးမေျပာင္းဘူး.။ ပံုမွန္ပဲ.။ ပါမစ္ေလွ်ာက္ဖို႔က ေတာ္ေတာ္စဥ္းစားေနရတယ္.။ အဆင့္ေတြအမ်ားႀကီးပဲ.။ မေလွ်ာက္ၾကေသးတာ မ်ားတယ္ ဟုရွင္းျပသည္.။

 

Heavy Truck ကားမ်ားအတြက္ ကားပါကင္ေထာက္ခံခ်က္ေတာင္းယူရမည္ျဖစ္ၿပီး (၁၀)ေပ x (၂၈)ေပ အက်ယ္အဝန္းသတ္မွတ္ထား၍ တင္သြင္းရန္ပါမစ္ မည္ကဲ့သို႔ေလွ်ာက္ထားရမည္မွာ မွန္းဆမရႏိုင္ေၾကာင္း Truck ကားကုမၸဏီပိုင္ရွင္တစ္ဦးက ေျပာျပခဲ့သည္.။

 

ဂ်စ္တူး

ဇန္နဝါရီ (၂၃) - (၂၉) - ၂၀၁၅ ထုတ္ Auto World Journal မွ ကူးယူေဖာ္ျပပါသည္.။

www.myanmarcarsdb.com

 



Unicode Version

(၂ဝ၁၄) ခုနှစ်အတွင်း ကျန်ရှိသော လက်ကျန်ကားဟောင်းများကိုသာ အရောင်းအဝယ်ပြုလုပ်မှုများကာ (၂ဝ၁၅) ခုနှစ်မူဝါဒနှင့် အကျုံးဝင်သော ပါမစ်များလျှောက်ထားမှုနည်းနေသေးကြောင်း ကားလုပ်ငန်းရှင်အချို့ထံမှ စုံစမ်းသိရှိရသည်.။

ဖေဖော်ဝါရီလမှ စတင်ကာ မူသေနံပါတ်ရယူခြင်းအတွက် (၂၁)ရက်ကျော်လွန်ပါက တစ်ရက်လျှင် ကျပ် (၃ဝဝဝ)နှုန်းဖြင့် ကောက်ခံမည်ဖြစ်ရာ ကျပ်တစ်သိန်းအထိ ဒဏ်ငွေဆောင်ပြီး ရက်အကန့်အသတ်မရှိ မူသေနံပါတ်မရယူဘဲ ထားရှိခြင်းများမရတော့သည့်အတွက် ယခင်တင်သွင်းထားပြီးသော ကားများအတွက် အမြန်ဆုံး မူသေနံပါတ်ရယူနေရကြောင်း ကားကုမ္ပဏီတစ်ခု၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးက ပြောပြခဲ့သည်.။

 

MyanmarCarsDB တွင်တင်ထားသော ကားကြော်ငြာများကြည့်ရန်

 

အသစ်လျှောက်ဖို့ကို ဘာမှမစဉ်းစားနိုင်သေးဘူး.။ တော်တော်များများက အရင်သွင်းထားတဲ့ကားတွေကို မူသေနံပါတ်ယူဖို့ လုပ်နေကြရတယ်.။ အရင်လို ဒဏ်ငွေတစ်သိန်းဆောင်ပြီး ရက်အကန့်အသတ်မရှိ ထားလို့မရတော့ တစ်ရက် (၃ဝဝဝ)ဆို တော်တော်ထိမှာ.။ အဲဒါကြောင့် ကားတွေကို အရင်ရှင်းဖို့ပဲလုပ်နေရတယ် ဟုပြောပြခဲ့သည်.။

 

ကားဟောင်းအပ်စလစ်နှင့် တင်သွင်းမှုများအတွက် ကားပါကင်ထောက်ခံချက် မလိုအပ်သော်လည်း သိသာစွာအရောင်းအဝယ် ဖြစ်မလာဘဲ Free Permit ဖြင့်တင်သွင်း၍ ပါမစ်လျှောက်ထားမှုလည်း နည်းပါးကြောင်းသိရသည်.။ Free Permit ဖြင့် တင်သွင်း၍ ပါမစ်စတင်လျှောက်ပါက ကားပါကင်ထောက်ခံချက် ရယူရမည်ဖြစ်ပြီး အဆိုပါထောက်ခံချက်ဖြင့် ပါမစ်လျှောက်ထားရမည်ဖြစ်ကာ ပါမစ်ရရှိသည့် ရက်စွဲမှာ သင်္ဘောဆိုက်ကပ်သည့်ရက်စွဲထက် နောက်ကျ၍မရခြင်းကြောင့် အဆင့်များစွာ ခက်ခဲကြန့်ကြာလာကြောင်း လေလံကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောသည်.။

 

လက်ထဲမှာ ကျန်တဲ့ကားတွေကိုပဲ ရောင်းဖို့လုပ်နေရတယ်.။ ကားပါကင်ထောက်ခံချက်မလိုတဲ့ စလစ်ကပ်ကားစျေးကွက်ကလည်း သိသိသာသာကြီးမပြောင်းဘူး.။ ပုံမှန်ပဲ.။ ပါမစ်လျှောက်ဖို့က တော်တော်စဉ်းစားနေရတယ်.။ အဆင့်တွေအများကြီးပဲ.။ မလျှောက်ကြသေးတာ များတယ် ဟုရှင်းပြသည်.။

 

Heavy Truck ကားများအတွက် ကားပါကင်ထောက်ခံချက်တောင်းယူရမည်ဖြစ်ပြီး (၁ဝ)ပေ x (၂၈)ပေ အကျယ်အဝန်းသတ်မှတ်ထား၍ တင်သွင်းရန်ပါမစ် မည်ကဲ့သို့လျှောက်ထားရမည်မှာ မှန်းဆမရနိုင်ကြောင်း Truck ကားကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်.။

 

ဂျစ်တူး

ဇန်နဝါရီ (၂၃) - (၂၉) - ၂ဝ၁၅ ထုတ် Auto World Journal မှ ကူးယူဖော်ပြပါသည်.။

www.myanmarcarsdb.com

 

Latest News

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »