အျမန္လမ္းေပၚတြင္ စတင္ျဖတ္သန္းခြင့္ျပဳသည့္ ႏွစ္ပတ္ေက်ာ္အတြင္း ကုန္တင္ယာဥ္အစီး ၅၀ ေက်ာ္ျဖတ္သန္း

ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီး ဖြင့္လွစ္ၿပီး ေျခာက္ႏွစ္ေက်ာ္အၾကာတြင္ စမ္းသပ္ကာလအျဖစ္ မတ္လ ၁၀ ရက္ေန႔မွ စတင္၍ ဝင္ရိုးသံုးခုပါ ကုန္တင္ယာဥ္မ်ားကို ျဖတ္သန္းခြင့္ျပဳခဲ့ရာ ႏွစ္ပတ္ေက်ာ္အတြင္း အစီးေရ ၅၀ ေက်ာ္ ျဖတ္သန္းထားေၾကာင္း အျမန္လမ္း ျပဳျပင္ထိန္းသိမ္းေရး အင္ဂ်င္နီယာမွဴး ရံုး ဦးစီးအရာရွိ ဦးစည္သူစံက ေျပာၾကားသည္.။

အျမန္လမ္းေပၚတြင္ ဝင္ရိုးသံုးခုပါသည့္ ကုန္တင္ယာဥ္မ်ားကို စမ္းသပ္ကာလသံုးလအျဖစ္ မတ္လ ၁၀ ရက္ေန႔က စတင္ခဲ့ေၾကာင္း၊ အျမန္လမ္းအသံုးျပဳခြင့္ မွတ္ပံုတင္ထားသည့္ ကုန္တင္ယာဥ္အစီး ၅၀ ေက်ာ္ရွိၿပီျဖစ္ရာ ထပ္မံတိုးလာႏိုင္သည့္ အေနအထားရွိေၾကာင္း ၄င္းက ဆိုသည္.။

လက္ရွိအခ်ိန္၌ မွတ္ပံုတင္ျပဳလုပ္ကာ ျဖတ္သန္းခြင့္ျပဳထားသည့္ ဟင္းသီးဟင္းရြက္၊ သားငါးႏွင့္ ဂဏန္းအပါအဝင္ စာနယ္ဇင္းကုန္စည္တင္ယာဥ္မ်ား ေန႔စဥ္ငါးစီးခန္႔ အသံုးျပဳေနေၾကာင္း ဦးစည္သူစံက ရွင္းျပသည္.။

ရန္ကုန္ - မႏၱေလး အျမန္လမ္းမႀကီးေပၚတြင္ ေျပးဆြဲျဖတ္သန္းလိုသည့္ ၁၀ ဘီးကုန္တင္ယာဥ္ႀကီးမ်ားသည္ စမ္းသပ္ကာလသံုးလအတြင္း ဝန္ေဆာင္ခအျဖစ္ ယာဥ္စည္းကမ္းလိုက္နာမႈႏွင့္ Traffic Data Telematics တပ္ဆင္မႈအတြက္ လုပ္ကိုင္ခြင့္ရထားသည့္ ကုမၸဏီသို႔ လစဥ္ေၾကးက်ပ္ႏွစ္ေသာင္းႏႈန္းျဖင့္ တစ္ႏွစ္စာအတြက္ က်ပ္ ၂၄၀,၀၀၀ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနထံ လမ္းျဖတ္သန္းခေကာက္ခံသည့္ တန္အလိုက္က်သင့္ေငြကိုသာ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း အျမန္လမ္းျပဳျပင္ထိန္းသိမ္းေရး အင္ဂ်င္နီယာမွဴးရံုး ေနျပည္ေတာ္ထံမွ သိရသည္.။

တယ္လီမက္တစ္စနစ္ကေတာ့ တပ္ကိုတပ္ဆင္ရမွာပါ.။ ဒါမွပဲ အျမန္လမ္းေပၚမွာ ျဖတ္သန္းသြားလာေနတဲ့ ကုန္စည္တင္တဲ့ယာဥ္ေတြ စည္းကမ္းလိုက္နာမႈရွိမရွိ ဆိုတာ ထိန္းခ်ဳပ္စစ္ေဆးၿပီး ႀကီးၾကပ္ႏိုင္မယ္.။ ယာဥ္ျဖတ္သန္းခကေတာ့ အျမန္လမ္းဂိတ္ေတြမွာ ေကာက္ခံတဲ့ စနစ္အတိုင္းပါပဲ ဟု ရန္ကုန္ - မႏၱေလးအျမန္လမ္း ျပဳျပင္ထိန္းသိမ္းေရး အင္ဂ်င္နီယာမႈးရံုး တာဝန္က်အရာရွိတစ္ဦးက ရွင္းျပသည္.။

ကုန္တင္ယာဥ္မ်ား ျဖတ္သန္းသြားလာခြင့္ေပးေနၿပီျဖစ္ေသာ္လည္း လွ်ပ္စစ္ပစၥည္းႏွင့္ အိမ္ေဆာက္ပစၥည္း တင္ေဆာင္လာသည့္ယာဥ္မ်ား ျဖတ္သန္းခြင့္မရွိေသးေသာေၾကာင့္ ကုန္စည္တင္ေဆာင္သည့္ ကားဂိတ္ႀကီးမ်ား အဆင္မေျပႏိုင္ေသးေၾကာင္း၊ စည္းကမ္းႏွင့္အညီ သြားလာမည့္ ၁၀ ဘီးတပ္ ကုန္တင္ယာဥ္တိုင္းကို ျဖတ္သန္းခြင့္ေပးသင့္ေၾကာင္း ေတာင္ငူၿမိဳ႕ခံ ကုန္တင္ကားဂိတ္ပိုင္ရွင္တစ္ဦးျဖစ္သည့္ ဦးသန္းေဆာင္က ေျပာၾကားသည္.။

 

The Voice Daily (April 1 2015) မွ ကူးယူေဖာ္ျပသည္.။

Image Credit: BBC



Unicode Version

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ဖွင့်လှစ်ပြီး ခြောက်နှစ်ကျော်အကြာတွင် စမ်းသပ်ကာလအဖြစ် မတ်လ ၁ဝ ရက်နေ့မှ စတင်၍ ဝင်ရိုးသုံးခုပါ ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်ပြုခဲ့ရာ နှစ်ပတ်ကျော်အတွင်း အစီးရေ ၅ဝ ကျော် ဖြတ်သန်းထားကြောင်း အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာမှူး ရုံး ဦးစီးအရာရှိ ဦးစည်သူစံက ပြောကြားသည်.။

အမြန်လမ်းပေါ်တွင် ဝင်ရိုးသုံးခုပါသည့် ကုန်တင်ယာဉ်များကို စမ်းသပ်ကာလသုံးလအဖြစ် မတ်လ ၁ဝ ရက်နေ့က စတင်ခဲ့ကြောင်း၊ အမြန်လမ်းအသုံးပြုခွင့် မှတ်ပုံတင်ထားသည့် ကုန်တင်ယာဉ်အစီး ၅ဝ ကျော်ရှိပြီဖြစ်ရာ ထပ်မံတိုးလာနိုင်သည့် အနေအထားရှိကြောင်း ၄င်းက ဆိုသည်.။

လက်ရှိအချိန်၌ မှတ်ပုံတင်ပြုလုပ်ကာ ဖြတ်သန်းခွင့်ပြုထားသည့် ဟင်းသီးဟင်းရွက်၊ သားငါးနှင့် ဂဏန်းအပါအဝင် စာနယ်ဇင်းကုန်စည်တင်ယာဉ်များ နေ့စဉ်ငါးစီးခန့် အသုံးပြုနေကြောင်း ဦးစည်သူစံက ရှင်းပြသည်.။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ပြေးဆွဲဖြတ်သန်းလိုသည့် ၁ဝ ဘီးကုန်တင်ယာဉ်ကြီးများသည် စမ်းသပ်ကာလသုံးလအတွင်း ဝန်ဆောင်ခအဖြစ် ယာဉ်စည်းကမ်းလိုက်နာမှုနှင့် Traffic Data Telematics တပ်ဆင်မှုအတွက် လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီသို့ လစဉ်ကြေးကျပ်နှစ်သောင်းနှုန်းဖြင့် တစ်နှစ်စာအတွက် ကျပ် ၂၄ဝ,ဝဝဝ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနထံ လမ်းဖြတ်သန်းခကောက်ခံသည့် တန်အလိုက်ကျသင့်ငွေကိုသာ ပေးဆောင်ရမည်ဖြစ်ကြောင်း အမြန်လမ်းပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာမှူးရုံး နေပြည်တော်ထံမှ သိရသည်.။

တယ်လီမက်တစ်စနစ်ကတော့ တပ်ကိုတပ်ဆင်ရမှာပါ.။ ဒါမှပဲ အမြန်လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်စည်တင်တဲ့ယာဉ်တွေ စည်းကမ်းလိုက်နာမှုရှိမရှိ ဆိုတာ ထိန်းချုပ်စစ်ဆေးပြီး ကြီးကြပ်နိုင်မယ်.။ ယာဉ်ဖြတ်သန်းခကတော့ အမြန်လမ်းဂိတ်တွေမှာ ကောက်ခံတဲ့ စနစ်အတိုင်းပါပဲ ဟု ရန်ကုန် - မန္တလေးအမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာမှုးရုံး တာဝန်ကျအရာရှိတစ်ဦးက ရှင်းပြသည်.။

ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပေးနေပြီဖြစ်သော်လည်း လျှပ်စစ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်း တင်ဆောင်လာသည့်ယာဉ်များ ဖြတ်သန်းခွင့်မရှိသေးသောကြောင့် ကုန်စည်တင်ဆောင်သည့် ကားဂိတ်ကြီးများ အဆင်မပြေနိုင်သေးကြောင်း၊ စည်းကမ်းနှင့်အညီ သွားလာမည့် ၁ဝ ဘီးတပ် ကုန်တင်ယာဉ်တိုင်းကို ဖြတ်သန်းခွင့်ပေးသင့်ကြောင်း တောင်ငူမြို့ခံ ကုန်တင်ကားဂိတ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးသန်းဆောင်က ပြောကြားသည်.။

 

The Voice Daily (April 1 2015) မှ ကူးယူဖော်ပြသည်.။

Image Credit: BBC

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »