ျမန္မာျပည္ Brand New ကားေစ်းကြက္ ႏွစ္ရွည္ အရစ္က်စနစ္ျဖင့္ သြားမွသာ အဆင္ေျပႏိုင္ဟုဆို

လက္ရွိ ျမန္မာျပည္၏ Brand New ကားေစ်းကြက္မွာ ႏွစ္ရွည္ အရစ္က်စနစ္ျဖင့္ သြားမွသာ အဆင္ေျပႏုိင္မည္ ျဖစ္ေၾကာင္း ‘ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္တင္သြင္း ျဖန္႔ျဖဴး ေရာင္းခ်သူမ်ားအသင္း’မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

                    FordMYMe
ျပည္တြင္းသို႔ ၀င္ေရာက္လာေသာ Brand New ကားအမ်ား စု၏တန္ဖိုးမွာ အနိမ့္ဆံုး ေငြက်ပ္ သိန္း ေျခာက္ရာ၀န္းက်င္တြင္ရွိၿပီး ႏွစ္ရွည္ အရစ္က်စနစ္ျဖင့္ေရာင္းမွသာ အဆင္ေျပႏိုင္မည္ျဖစ္ေၾကာင္း၊ Brand New ကားမ်ားမွ ယာဥ္အပို ပစၥည္း၀ယ္ယူၿပီးေနာက္ပုိင္း ျပင္ဆင္မႈႏွင့္ ၀န္ေဆာင္မႈအပုိင္းတို႔မွာ စိတ္ခ်ရသည့္အတြက္ လူအမ်ား စုမွာ စိတ္၀င္စား သေဘာက်လ်က္ရွိေၾကာင္း အထက္ပါပုဂၢိဳလ္က ေျပာသည္။ “ျမန္မာျပည္မွာက အသံုးျပဳၿပီးသား Used ကား မ်ားတယ္၊ ျမန္မာက ဂ်ပန္ရဲ႕ Used ကား၀ယ္ ယူမႈ နံပါတ္သံုးေနရာမွာ ရွိတယ္၊ အခုဆုိ Brand New ကားျပခန္း ေတြလည္း ေပါေနၿပီ၊ အေျခစိုက္ ႐ုံးခန္းေတြလည္း ဖြင့္ေနၿပီ၊ Brand New က ေနာက္ပုိင္းမွာ After-sales Service ေတြ၊ အပိုပစၥည္း ေတြကလြယ္ကူေတာ့ လူႀကိဳက္မ်ားတယ္၊ Used ကားေတြမွာက တုိယိုတာတစ္ခုပဲ အဆင္ေျပတာ၊ Brand New က ကားတန္ဖိုးျမင့္ တယ္၊ ပံုမွန္၀င္ေငြရွိတဲ့ လူေတြလည္း မလြယ္ကူဘူး၊ အရစ္က်စ နစ္နဲ႔ဆုိရင္ေတာ့ ေတာ္ေတာ္မ်ားမ်ားကလည္း ဒါကို ေမွ်ာ္လင့္ေနၾကတယ္ဟု အဆုိပါပုဂၢိဳလ္က ၎၏အျမင္ ကို ဆက္လက္ေျပာၾကားခဲ့သည္။ ဆက္လက္၍ ျမန္မာျပည္၏ Brand New ကားေစ်းကြက္ကို “ျမန္မာျပည္ရဲ႕ Brand New ကား ေစ်းကြက္က ကြၽန္ေတာ့္ကို စိတ္လႈပ္ရွား ေစပါတယ္၊ လက္ရွိအထိလည္း ကြၽန္ေတာ္တုိ႔ရဲ႕ ေရာင္းအားကို အားရေက်နပ္ပါတယ္”ဟု အေမရိကန္အေျခစုိက္ Ford Motor Company မွ ျမန္မာျပည္႐ုံးခြဲ အေရာင္း မန္ေနဂ်ာက ေျပာသည္။ လက္ရွိတြင္ တစ္ႏုိင္ငံလံုးအတုိင္းအတာအေနျဖင့္ ေမာ္ေတာ္ကား အေရာင္းစင္တာ ၁၄၀ ခန႔္ ဖြင့္လွစ္ထားၿပီး အေရာင္းျပခန္း ငါးခု ပါ၀င္ေၾကာင္း၊ ျမန္မာႏိုင္ငံသုိ႔ ၀င္ေရာက္လာသည့္ Brand New ကားအားလံုးမွာ CIF တန္ဖိုးျမင့္မားသည့္အျပင္ အေကာက္ခြန္ဦးစီးဌာနမွ ေကာက္ခံသည့္အခြန္ႏွင့္ ကညနသို႔ ေပး ေဆာင္ရမည့္အခြန္တို႔မွာ မ်ားသည့္အတြက္ ျပည္တြင္း၏ Brand New ကားတန္ဖိုးမွာ ႏိုင္ငံတကာထက္ ျမင့္မားေနေၾကာင္း သိရသည္။


Ref  ; Automobile


Unicode Version

လက်ရှိ မြန်မာပြည်၏ Brand New ကားစျေးကွက်မှာ နှစ်ရှည် အရစ်ကျစနစ်ဖြင့် သွားမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ‘မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ဖြန့်ဖြူး ရောင်းချသူများအသင်း’မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

                    FordMYMe
ပြည်တွင်းသို့ ဝင်ရောက်လာသော Brand New ကားအများ စု၏တန်ဖိုးမှာ အနိမ့်ဆုံး ငွေကျပ် သိန်း ခြောက်ရာဝန်းကျင်တွင်ရှိပြီး နှစ်ရှည် အရစ်ကျစနစ်ဖြင့်ရောင်းမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ Brand New ကားများမှ ယာဉ်အပို ပစ္စည်းဝယ်ယူပြီးနောက်ပိုင်း ပြင်ဆင်မှုနှင့် ဝန်ဆောင်မှုအပိုင်းတို့မှာ စိတ်ချရသည့်အတွက် လူအများ စုမှာ စိတ်ဝင်စား သဘောကျလျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ “မြန်မာပြည်မှာက အသုံးပြုပြီးသား Used ကား များတယ်၊ မြန်မာက ဂျပန်ရဲ့ Used ကားဝယ် ယူမှု နံပါတ်သုံးနေရာမှာ ရှိတယ်၊ အခုဆို Brand New ကားပြခန်း တွေလည်း ပေါနေပြီ၊ အခြေစိုက် ရုံးခန်းတွေလည်း ဖွင့်နေပြီ၊ Brand New က နောက်ပိုင်းမှာ After-sales Service တွေ၊ အပိုပစ္စည်း တွေကလွယ်ကူတော့ လူကြိုက်များတယ်၊ Used ကားတွေမှာက တိုယိုတာတစ်ခုပဲ အဆင်ပြေတာ၊ Brand New က ကားတန်ဖိုးမြင့် တယ်၊ ပုံမှန်ဝင်ငွေရှိတဲ့ လူတွေလည်း မလွယ်ကူဘူး၊ အရစ်ကျစ နစ်နဲ့ဆိုရင်တော့ တော်တော်များများကလည်း ဒါကို မျှော်လင့်နေကြတယ်ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏အမြင် ကို ဆက်လက်ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာပြည်၏ Brand New ကားစျေးကွက်ကို “မြန်မာပြည်ရဲ့ Brand New ကား စျေးကွက်က ကျွန်တော့်ကို စိတ်လှုပ်ရှား စေပါတယ်၊ လက်ရှိအထိလည်း ကျွန်တော်တို့ရဲ့ ရောင်းအားကို အားရကျေနပ်ပါတယ်”ဟု အမေရိကန်အခြေစိုက် Ford Motor Company မှ မြန်မာပြည်ရုံးခွဲ အရောင်း မန်နေဂျာက ပြောသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မော်တော်ကား အရောင်းစင်တာ ၁၄ဝ ခန့် ဖွင့်လှစ်ထားပြီး အရောင်းပြခန်း ငါးခု ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် Brand New ကားအားလုံးမှာ CIF တန်ဖိုးမြင့်မားသည့်အပြင် အကောက်ခွန်ဦးစီးဌာနမှ ကောက်ခံသည့်အခွန်နှင့် ကညနသို့ ပေး ဆောင်ရမည့်အခွန်တို့မှာ များသည့်အတွက် ပြည်တွင်း၏ Brand New ကားတန်ဖိုးမှာ နိုင်ငံတကာထက် မြင့်မားနေကြောင်း သိရသည်။


Ref  ; Automobile

Latest News

Without ကားမ်ားကို RFID စနစ္​အသံုးျပု၍...

Latest news1 13 150x150

Zawgyi Version လိုင္​စင္​မဲ့ Without ကားမ်ားကို RFID စနစ္​အသံုးျပဳ၍ ဖမ္​းဆီးစစ္​ဆးမည္​့စနစ္​အတြက္​ အၾကံ​ေပးအဖြဲ႔ ၅ ဖြဲ႔​ကိုု...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »