ေမာ္ေတာ္ယာဥ္မွတ္ပံုတင္ႏႈန္းထားမ်ား ၁၀ဆမွ အဆ၃၀အထိ တိုးျမွင့္ေကာက္ခံမည္

လက္ရွိျမန္မာႏိုင္ငံ(အထူးသျဖင့္ ရန္ကုန္ၿမိဳ႕)တြင္ျဖစ္ေပၚေနေသာ ယာဥ္ေၾကာပိတ္ဆို႕မႈဆိုး၀ါးျခင္းကို ေလွ်ာ့ခ်ရန္ဟုဆိုကာ ေမာ္ေတာ္ယာဥ္မွတ္ပံုတင္ႏႈန္းထားမ်ားကို အနည္းဆံုး ၁၀ဆမွ အဆ ၃၀ အထိ တိုးျမွင့္ေကာက္ခံမည္ျဖစ္ေၾကာင္း ကုန္းလမ္းပို႕ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန (ေနျပည္ေတာ္)မွ အၾကီးတန္းအရာရွိတစ္ဦးထံမွသိရသည္။

အခုေနာက္ပိုင္း ကားအစီးေရမ်ားလာတာနဲ႕အမွ် ယာဥ္မေတာ္တဆမႈေတြကလည္း မ်ားလာတာေၾကာင့္ပါ။ ဒါေတြကိုေလွ်ာ့ခ်ႏိုင္ဖို႕အတြက္ ဒီလိုတိုးဖို႕လုပ္ရတာပါ ဟု ၎ကဆိုသည္။ ေမာ္ေတာ္ယာဥ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ေပါမ်ားသည့္ ရန္ကုန္ႏွင့္ မႏၱေလးတိုင္းေဒသၾကီးတြင္ ႏႈန္းထားပိုမိုတိုးျမွင့္မည္ျဖစ္ေၾကာင္း ကညနထံမွ သိရသည္။ ႏႈန္းထားမ်ားကို ေဒသအေပၚလိုက္၍ အုပ္စု ၃ခုခြဲျခားသတ္မွတ္သြားမည္ျဖစ္ၿပီး အာဆီယံေဒသအတြင္း ႏိုင္ငံအမ်ားစုေကာက္ခံေသာႏႈန္းထားမ်ားကိုေလ့လာ၍ ျပင္ဆင္ျခင္းျဖစ္ေၾကာင္း ကုန္းလမ္းပို႕ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

ယင္းသို႕တိုးျမွင့္ေကာက္ခံျခင္းေၾကာင့္ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္မ်ားအတြက္ အခက္အခဲမရွိဘဲ အငွားယာဥ္ႏွင့္ ခရီးသည္တင္ယာဥ္မ်ား အခက္အခဲျဖစ္လာႏိုင္ကာ ပြဲစားခမ်ားလည္း ျမင့္တက္လာမည္ျဖစ္ေၾကာင္း ကိုယ္ပိုင္ယာဥ္ေမာင္းအခ်ိဳ႕က ေျပာဆိုသည္။

20140624_142117_resized


Reference: The Voice Daily 24 June 2014 မွ ကိုးကားေဖာ္ျပသည္။


Unicode Version

လက်ရှိမြန်မာနိုင်ငံ(အထူးသဖြင့် ရန်ကုန်မြို့)တွင်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုဆိုးဝါးခြင်းကို လျှော့ချရန်ဟုဆိုကာ မော်တော်ယာဉ်မှတ်ပုံတင်နှုန်းထားများကို အနည်းဆုံး ၁ဝဆမှ အဆ ၃ဝ အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)မှ အကြီးတန်းအရာရှိတစ်ဦးထံမှသိရသည်။

အခုနောက်ပိုင်း ကားအစီးရေများလာတာနဲ့အမျှ ယာဉ်မတော်တဆမှုတွေကလည်း များလာတာကြောင့်ပါ။ ဒါတွေကိုလျှော့ချနိုင်ဖို့အတွက် ဒီလိုတိုးဖို့လုပ်ရတာပါ ဟု ၎င်းကဆိုသည်။ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပေါများသည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် နှုန်းထားပိုမိုတိုးမြှင့်မည်ဖြစ်ကြောင်း ကညနထံမှ သိရသည်။ နှုန်းထားများကို ဒေသအပေါ်လိုက်၍ အုပ်စု ၃ခုခွဲခြားသတ်မှတ်သွားမည်ဖြစ်ပြီး အာဆီယံဒေသအတွင်း နိုင်ငံအများစုကောက်ခံသောနှုန်းထားများကိုလေ့လာ၍ ပြင်ဆင်ခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယင်းသို့တိုးမြှင့်ကောက်ခံခြင်းကြောင့် ကိုယ်ပိုင်မော်တော်ယာဉ်များအတွက် အခက်အခဲမရှိဘဲ အငှားယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်လာနိုင်ကာ ပွဲစားခများလည်း မြင့်တက်လာမည်ဖြစ်ကြောင်း ကိုယ်ပိုင်ယာဉ်မောင်းအချို့က ပြောဆိုသည်။

20140624_142117_resized


Reference: The Voice Daily 24 June 2014 မှ ကိုးကားဖော်ပြသည်။

Latest News

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »