fb-pageview-tracker
အိမ္​စီးကားကို ၿပိဳင္​ကားကဲ့သို႔ ​ေျပာင္​းလဲျပင္​ဆင္ထားပါက ယာဥ္​သက္​တမ္​းတိုးမွတ္​ပံုတင္​ ​ေဆာင္​ရြက္​​ေပးမည္​မဟုတ္​


Zawgyi Version

ေမာ္ဒယ္အနိမ့္ အိမ္​စီးကားမ်ားကို ၿပိဳင္​ကားကဲ့သို႔ ပါဝါအိတ္​​ေဇာတပ္​ဆင္လာျခင္​းႏွင့္ ႐ွဲလ္​မ်ား ​ေျပာင္​းလဲျပင္​ဆင္​၍ modified ျပဳလုပ္​လာ​ေသာကားမ်ားကို ယာဥ္​သက္​တမ္​းတိုး မွတ္​ပံုတင္​​ေဆာင္​ရြက္​​ေပးမည္​မဟုတ္​​ေၾကာင္​း ကုန္​းလမ္​းပို႔​ေဆာင္​​ေရးၫႊန္​ၾကားမွုဦးစီးဌာနမွ သိရသည္။

ေမာ္ဒယ္​အျမင္​႔ကားမ်ားမွာ ​ၿပိဳင္​ကားပံုစံဖန္​တီး၍ ​ေျပာင္​းလဲျပင္​ဆင္​မွုမ်ိဳး လုပ္​​ေဆာင္​မွုမ႐ွိ​ေသာ္​လည္​း ေမာ္ဒယ္​အနိမ္​႔ အိမ္​စီးကားမ်ားမွာ ၿပိဳင္​ကားႏွင့္သဏၭာန္တူေစရန္အတြက္ ဖန္​တီးျပီး ျပဳျပင္​​ေျပာင္​းလဲ လုပ္​​ေဆာင္​လာျခင္​းမ်ား႐ွိ​ေန၍ road safety သတ္​မွတ္​ခ်က္ႏွင့္ မညီၫြတ္​ေသာေၾကာင့္ ယာဥ္​သ​က္​တမ္​းတိုးမွတ္​ပံုတင္​​ ေဆာင္​ရြက္​​ေပးမည္​ မဟုတ္​​ေၾကာင္​း သိရသည္​။

"ေမာ္ဒယ္​အရမ္​းႀကီးျမင္႔တဲ႔ ကား​ေတြက​ေတာ့ ၿပိဳင္​ကားလိုဖန္​တီးျပီး modified ​လုပ္​လာတဲ့ကားသိပ္​မ႐ွိ​ေပမယ္​႔ ၂၀၀၀ ေမာ္ဒယ္​ ၂၀၀၃ ေမာ္ဒယ္​ အိမ္​စီးကား​ေတြက​ေတာ့ ၿပိဳင္​ကားလို ပါဝါအိတ္​​ေဇာတပ္တာ​ေတြ၊ ႐ွဲလ္​​ေျပာင္​းလာေတြ လုပ္တဲ့ကား​ေတြ႐ွိတယ္​။ မူလကနဦး မွတ္​တမ္​းတင္​ထားတဲ့ ႐ုပ္​ပံုစံနဲ႕မတူရင္​​ေတာ့ သက္​တမ္​းတိုးတာ လံုးဝမျပဳလုပ္​​ေပးပါဘူး။" ဟု ကုန္​းလမ္​းပို႔​ေဆာင္​​ေရးၫႊန္​ၾကားမွုဦးစီး အင္​ဂ်င္​နီယာဌာနမွ တာဝန္​႐ွိသူတစ္​ဦးက ​ေျပာၾကားခဲ့သည္။

အမ်ားျပည္​သူ စိတ္​အ​ေႏွာင့္အယွက္​ျဖစ္​​ေစသည္​႔ ပါဝါအိတ္​​ေဇာတပ္​၍ အသံဆူညံစြာ စည္းကမ္းမဲ့ေမာင္းႏွင္​ေန​ေသာ ၿပိဳင္​ကားမ်ားကို အ​ေရးယူမွုမ်ားျပဳလုပ္​​ေနရာ စည္းကမ္းမဲ့ၿပိဳင္ကားႏွင့္ ပါဝါအိတ္ေဇာတပ္ေမာ္ေတာ္ယာဥ္ စုစုေပါင္း အစီး ၈၀ အထိကို ဖမ္းဆီးမွုမ်ားျပဳလုပ္ထား႐ွိ​ေၾကာင္းလည္း သိရသည္။


Unicode Version

မော်ဒယ်အနိမ့် အိမ်စီးကားများကို ပြိုင်ကားကဲ့သို့ ပါဝါအိတ်ဇောတပ်ဆင်လာခြင်းနှင့် ရှဲလ်များ ပြောင်းလဲပြင်ဆင်၍ modified ပြုလုပ်လာသောကားများကို ယာဉ်သက်တမ်းတိုး မှတ်ပုံတင်ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မော်ဒယ်အမြင့်ကားများမှာ ပြိုင်ကားပုံစံဖန်တီး၍ ပြောင်းလဲပြင်ဆင်မှုမျိုး လုပ်ဆောင်မှုမရှိသော်လည်း မော်ဒယ်အနိမ့် အိမ်စီးကားများမှာ ပြိုင်ကားနှင့်သဏ္ဌာန်တူစေရန်အတွက် ဖန်တီးပြီး ပြုပြင်ပြောင်းလဲ လုပ်ဆောင်လာခြင်းများရှိနေ၍ road safety သတ်မှတ်ချက်နှင့် မညီညွတ်သောကြောင့် ယာဉ်သက်တမ်းတိုးမှတ်ပုံတင် ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သိရသည်။

"မော်ဒယ်အရမ်းကြီးမြင့်တဲ့ ကားတွေကတော့ ပြိုင်ကားလိုဖန်တီးပြီး modified လုပ်လာတဲ့ကားသိပ်မရှိပေမယ့် ၂၀၀၀ မော်ဒယ် ၂၀၀၃ မော်ဒယ် အိမ်စီးကားတွေကတော့ ပြိုင်ကားလို ပါဝါအိတ်ဇောတပ်တာတွေ၊ ရှဲလ်ပြောင်းလာတွေ လုပ်တဲ့ကားတွေရှိတယ်။ မူလကနဦး မှတ်တမ်းတင်ထားတဲ့ ရုပ်ပုံစံနဲ့မတူရင်တော့ သက်တမ်းတိုးတာ လုံးဝမပြုလုပ်ပေးပါဘူး။" ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောတပ်၍ အသံဆူညံစွာ စည်းကမ်းမဲ့မောင်းနှင်နေသော ပြိုင်ကားများကို အရေးယူမှုများပြုလုပ်နေရာ စည်းကမ်းမဲ့ပြိုင်ကားနှင့် ပါဝါအိတ်ဇောတပ်မော်တော်ယာဉ် စုစုပေါင်း အစီး ၈၀ အထိကို ဖမ်းဆီးမှုများပြုလုပ်ထားရှိကြောင်းလည်း သိရသည်။

Latest News

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး...

Zawgyi Version ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA) သို႔ ျပည္ပမွ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား...

Read more »

ကုန္းေက်ာ္တံတားမွ လမ္းမကူးသူမ်ား၊...

Zawgyi Version ရန္ကုန္ၿမိဳ႕ ဆူးေလလမ္းမနဲ႔ အေနာ္ရထာလမ္းေထာင့္မွာရွိတဲ့ ကုန္းေက်ာ္တံတားေတြမွာ ရန္ကုန္တိုင္းေဒသႀကီး ယာဥ္အႏၱရယ္၊ လမ္းအႏၱရာယ္...

Read more »

ခရီးစဥ္အစအဆုံးကုိ က်ပ္တစ္ေထာင္ႏႈန္းျဖင့္...

Zawgyi Version ရန္ကုန္တုိင္းေဒသႀကီးအတြင္း ခရီးသြားလာမႈ လြယ္ကူအဆင္ေျပေစေရးအတြက္ YBS ခရီးသည္​ယာဥ္​လိုင္​းသစ္၊ ရန္ကုန္ၿမိဳ႕ပတ္ခရီးစဥ္​သစ္ကို...

Read more »

တစ္​ႏိုင္​ငံလံုးတြင္​ ၄ လအတြင္​း လိုင္​စင္​မဲ့...

Zawgyi Version တစ္​ႏိုင္​ငံလံုးအတိုင္​းအတာအရ ၂၀၁၉ ခုႏွစ္​ ၄ လတာကာလအတြင္​း တရားမဝင္​ စီးနင္​း​ေမာင္​းႏွင္​​ေနလ်က္​ရွိသည္​့...

Read more »

မီးသံေခါက္ျခင္းႏွင့့္ ပတ္သက္၍

Zawgyi Version သင့္ကား ဘာလုိ႕ မီးသံေခါက္တာလဲ? အခု ဂ်ပန္ တစ္ပတ္ရစ္ကားေလာကမွာ အျဖစ္အမ်ားဆံုး ျပႆနာေတြထဲက တစ္ခုကေတာ့ "တက္တက္တက္၊...

Read more »