Mitsubishi RVR အကြောင်း သိကောင်းစရာ

Mitsubishi RVR ဟာ စတင်ထုတ်လုပ်စဉ်အခါတုန်းက Compact MPV အနေနဲ့ထုတ်လုပ်ခဲ့ပြီး 2010 မှစတင်ပြီး Third Generation အနေနဲ့ Compact Crossover အဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်.။ Body Type ကတော့ 5-door Wagon ဖြစ်ပါတယ်.။ Front Engine ဖြစ်ပြီး ရှေ့ယက်ဘီး (သို့) 4 wheel အနေနဲ့ ရရှိနိုင်ပါတယ်.။ Third Generation စတင်ထုတ်လုပ်ခဲ့တဲ့ 2010, 2011, 2012 မော်ဒယ်တွေဟာ ရုပ်အတူတူဖြစ်ပြီး 2013,2014,2015 မှာ ရုပ်ပြောင်းအနေနဲ့ ရရှိနိုင်ပါတယ်.။
Grade အနေနဲ့ကတော့ G, M, နဲ့ E Grade တွေ တင်သွင်းမှုများပါတယ်.။ အများစုက 1800cc, Auto Gear, Petrol ဖြစ်ပါတယ်.။

MyanmarCarsDB မှ Mitsubishi RVR ကားများကိုကြည့်ရန်


Grade G မှာ Push Start ပါဝင်မှာဖြစ်ပြီး Auto/Manual ပြောင်းလဲနိုင်တဲ့ ခလုတ်ပါဝင်ပါတယ်.။ Back Mirror မှာ မီးချောက်ပါဝင်ပြီး Foglight လဲ ပါဝင်ပါတယ်.။ Alloywheel ပါဝင်မှာဖြစ်ပြီး 4 Wheel Drive နဲ့ 2 Wheel Drive ကို ခလုတ်နဲ့ ပြောင်းလဲနိုင်ပါတယ်.။ အချို့ကားတွေမှာတော့ 2WD ပဲ ရနိုင်တာကိုလဲ တွေ့ရပါတယ်.။
Grade M နဲ့ E တို့မှာတော့ ရိုးရိုးသော့နဲ့ဖြစ်ပြီး Auto Gear, petrol ဖြစ်ပါတယ်.။ 4WD, 2WD ခလုတ်ပါဝင်ပါတယ်.။ Alloywheel, စပါယ်ယာဘီး, Original TV နဲ့ Back Camera တို့ကတော့ အခြေအနေအရ အပြောင်းအလဲရှိမှာဖြစ်ပါတယ်.။ Grade G, M, E အားလုံးမှာ လေထိုးတံ၊ ဘီးဖာဆေးရည် ပါဝင်ပါတယ်.။
Mitsubishi RVR ဟာ 1800cc ကနေ စပြီး ရရှိနိုင်တဲ့အတွက် ဆီစားသက်သာပြီး မြို့တွင်းရော မြို့ပြင်မှာပါ မောင်းနှင်နိုင်ပါတယ်.။ ကားအောက်ပိုင်းမြင့်တဲ့ ကားဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့လမ်းတွေပေါ်မှာ အကောင်းဆုံးမောင်းနှင်နိုင်မှာပါ.။ ကားအပိုပစ္စည်းနဲ့ Accessories လဲ ပေါများတဲ့အတွက် နှစ်သက်စွာရွေးချယ်ဝယ်ယူကြတဲ့ ကားတစ်စီးလဲဖြစ်ပါတယ်.။
နောက်ထပ်ထုတ်လုပ်မယ့် Next Generation RVR ကိုတော့ plug-in hybrid အနေနဲ့ထုတ်လုပ်မှာဖြစ်ပြီး 2016 မှာ ဈေးကွက်တင်မယ်လို့ သိရပါတယ်.။

(အချက်အလက်များကို ကိုနောင်(Car Dealer - သီရိမင်္ဂလာဈေးဟောင်း) မှ ပံ့ပိုးကူညီပါသည်)

 

Mitsubishi RVR 2011 (G grade)

d3c0bf4dd067009da92d48c84abc80d0d10319ee-500x481

 

 

Mitsubishi RVR 2012 (G Grade)

36678c7886d773e36f982194e587882e67c6ab1c-500x375

 

 

Mitsubishi RVR 2015

9f79fd2e972143273bd89a3ffebc2d031200fdc7-500x375

 

Latest News

ယခုတစ်ပတ်အတွင်းပေါက်ဈေးများ

Awgiaerngiea 150x150

ယနေ့ (၂၉.၃.၂၀၁၇) အတွက် နောက်ဆုံးရရှိသောဈေးနှုန်းများ စလစ်ဈေး- ၁၀၂ သိန်း ဒေါ်လာဈေး - (၁ ဒေါ်လာလျှင် ၁၃၆၂ ကျပ်) ဂျပန်ယန်းဈေး - (၁၀၀ ယန်း...

Read more »

ဧပြီ ၁ ရက်​မှစ၍ စလစ်​ကပ်​ကား...

Mazda 150x150

ယာဉ်အိုယာဉ်​​ဟောင်း ​စလစ်​ကပ်​ကားများကို လာမည့်​ ဧပြီလ ၁ ရက်​မှစ၍ ကြိုတင်​ဝင်​​ငွေခွန်​ ​ကောက်​ခံမည်​ဆိုခြင်း​ကြောင့်​CIF...

Read more »

Bangkok International Motor Show 2017

34qtq34t3q4t3q4 150x150

2017, March 29 မှ April 9 ရက်နေ့အထိကျင်းပတဲ့ 12 ရက်ကြာ Bangkok International Motor Show concept ကို ကျွန်တော်တို့ CarsDB မှအဖွဲ့ဝင်များ...

Read more »

(၁၁) ကြိမ်မြောက် TOYOTA...

G 4 150x150

Toyota Motor Asia Pacific PTE LTD (Toyota) သည် “Toyota စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ - နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား...

Read more »

လမ်းအန္တရာယ်ကင်းရှင်းဖို့ မိမိကိုယ်တိုင်စတင်စို့...

Crowded yangon 150x150

ရန်​ကုန်​မြို့ တွင်​ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် မိမိကိုယ်တိုင်စတင်စို့ ဆိုသော လှုပ်ရှားမှုတစ်ခုကို ဧပြီလ ၄ ရက်​တွင် ​မဟာဗန္ဓုလပန်းခြံရှေ့တွင်...

Read more »
Download Android App