Mercedes ကားေတြထဲမွ ကမာၻ႕ေစ်းအၾကီးဆံုး ကား ၁၀ စီး


9SLR

ေဒၚလာတစ္သန္းဟာ ကားတစ္စီးဝယ္စီးဖုိ႔အတြက္ ေစ်းသိပ္မ်ားလြန္းလွပါတယ္။ ဒါေပမယ့္ ေဒၚလာတစ္သန္းထက္ပိုတဲ့ ေစ်းေျမာက္တဲ့ကားေတြဟာလည္း သူတုိ႔ရဲ႕ သိပ္ကိုအားေကာင္းလွတဲ့ အင္ဂ်င္ေတြ၊ ေစ်းၾကီးလွတဲ့ ကားပစၥည္းေတြ၊ သမုိင္းေၾကာင္းလွခဲ့တာေတြနဲ႔ အထင္ၾကီးစရာေကာင္းလွတဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ႏွစ္ျခိဳက္ျမတ္ႏုိးစြာ ဝယ္ယူသိမ္းဆည္းထားခံရတတ္ၾကပါတယ္။ ဒီလုိကားမ်ိဳးေတြကို ဘယ္လုိလူေတြဝယ္စီးေနၾကလဲလုိ႔လဲ ေမးစရာရွိပါတယ္။ ကားေတြကို ႏွစ္သက္စြဲလမ္းရူးသြပ္သူေတြက တစ္စီးျခင္းစီ ျဖည္းျဖည္းခ်င္း စုေဆာင္း တတ္ၾကပါတယ္။ အခ်ိဳ႕ကားေတြကလည္း Limited Edition ဆိုျပီး အစီးေရ အကန္႔အသတ္နဲ႔ ထုတ္ၾကပါတယ္။

ယခုေျပာျပမယ့္ အေၾကာင္းေလးေတြကေတာ့ ကမာၻ႕အေကာင္းဆံုး ကားထုတ္လုပ္တဲ့ ကုမၼဏီေတြထဲက တစ္ခုျဖစ္တဲ့ Mercedes ကားကုမၼဏီရဲ႕ ေစ်းအၾကီးဆံုး ကားေတြအေၾကာင္းကို ေဖာ္ျပေပးမွာပါ။ Mercedes ကားေတြဟာ ပံုမွန္အားျဖင့္ ဆုိရင္ေတာင္ တန္ဖိုးျမင့္ ဇိမ္ခံကားအျဖစ္ ထုတ္လုပ္ၾကျပီး အထက္တန္းလႊာေတြၾကား ေရပန္းစားတဲ့ နာမည္ၾကီး တံဆိပ္တစ္ခုပါပဲ။ Mercedes ကားေတြကို ဝယ္ယူမယ္ဆုိရင္ေတာ့ အားနည္းခ်က္ကို ရွာေဖြမယ့္အစား အားသာခ်က္ေတြကိုသာ ထည့္စဥ္းစားျပီး ဝယ္စီးၾကရတဲ့အထိ အျပစ္ေျပာစရာသိပ္မရွိတဲ့ ဇိမ္ခံကားေတြပါပဲ။

Mecedes-Benz သည္ ဂ်ာမနီမွ Karl Benz က ၁၉၂၆ ခုႏွစ္မွာ စတင္တည္ေထာင္ျပီး ကမာၻ႕ေစ်းအၾကီးဆံုးနဲ႔ အေကာင္းဆံုးကားေတြကိုလည္း ထုတ္လုပ္ႏုိင္ခဲ့တဲ့ ကုမၼဏီလည္းတာေၾကာင့္ ေအာက္မွာေဖာ္ျပေပးထားတဲ့ ကားဆယ္စီးစာရင္းတြင္လည္း Mecedes မွ ထုတ္ခဲ့ဖူးတဲ့ ကားေတြထဲမွ ေစ်းအၾကီးဆံုးမဟုတ္ပဲ ကမာၻေပၚရွိေစ်းအၾကီးဆံုး ကားေတြပါ ပါဝင္ပါတယ္။

၁၀. SLR McLaren SLR FAB Design Desire (ေဒၚလာ ၁.၄၃ မီလီယံ)
၂၀၀၉ ခုႏွစ္ထုတ္ Mercedes-Benz SLR McLaren FAB Design Desire ကားဟာ ဘာေၾကာင့္ ဒီစာရင္းထဲပါလာရလဲဆုိေတာ့ သူ႔ရဲ႕ သိပ္ကို အထင္ၾကီးစရာေကာင္းလွတဲ့ စြမ္းေဆာင္ရည္ နဲ႔ အင္ဂ်င္ေၾကာင့္ပါ။ 5.4 litre V8 အင္ဂ်င္ ျမင္းေကာင္ေရ ၇၅၀အားနဲ႔ အင္ဂ်င္ပါဝါရွိျပီး အျမန္ဆံုးအေနနဲ႔ တစ္နာရီကို ကီလုိမီတာ ၃၁၀ ႏႈန္းသြားႏုိင္တယ္လုိ႔ မွတ္တမ္းဝင္ဖူးပါတယ္။

၉. SLR McLaren Mansory Renovatio (ေဒၚလာ ၁.၅ မီလီယံ)

၂၀၀၈ ခုႏွစ္ထုတ္ SLR McLaren Mansory Renovatio ဟာေစ်းအၾကီးဆံုး နံပါတ္ ၉ ေနရာကရပ္တည္လ်က္ရွိပါတယ္။ သူက ၂၀၀၉ ခုႏွစ္ထုတ္ဲ့ အေပၚမွာေဖာ္ျပေပးခဲတဲ့ 2009 SLR FAB Design Desire ထက္ေတာင္ ေစ်းၾကီးပါေသးတယ္။ တစ္နာရီကို ကီလုိမီတာ ၃၄၀ ေလာက္ေျပးႏုိင္ျပီး အင္ဂ်င္ ပါဝါကလည္း 5.5 liter V8 အင္ဂ်င္ျဖစ္တာေၾကာင့္ ပိုမုိၾကီးမားလွပါတယ္။

၈. Concept S-Class Coupe (ေဒၚလာ ၂ မီလီယံ)

၂၀၁၃ ထုတ္ Mercedes ေတြဟာ သူ႔ရဲ႕ သိပ္ကို အထင္ၾကီးစရာေကာင္းတဲ့ ကား concept ေတြေၾကာင့္ အျမန္ဆံုး အရွိန္အေနနဲ႔ တစ္နာရီကို မိုင္ ၃၀၀ ႏႈန္း နဲ႔ ျမင္ေကာင္ေရ ၄၅၅ ေကာင္အား 4.7 liter V8 အင္ဂ်င္ နဲ႔လာျပီး ေဒၚလာ ၂ မီလီယံ တန္ဖိုးရွိတာေၾကာင့္ ေစ်းကြက္ေတာင္းဆုိမႈနည္းေပမယ့္ ကုန္က်စာရိတ္ျမင့္မားတဲ့ ကားတစ္စီးအျဖစ္ နံပါတ္ ၈ ေနရာမွာပါလာပါတယ္။

၇. Vision SLR Concept (ေဒၚလာ ၂ မီလီယံ)

၁၉၉၉ ခုႏွစ္ထုတ္ Merceds Vision SLR Concept ကားေတြဟာ S-Class ကားေတြလိုပဲ ေစ်းကြက္ထဲသို႔ အေရာင္းသြက္ေစရန္ ထုိးေဖာက္ဝင္ေရာက္ျခင္းမရွိပဲ ကုန္က်စာရိတ္ ၂ မီလီယံအကုန္ခံျပီး အယူအဆတစ္ခုကိုသာ ခ်ျပခ်င္လုိ႔ထုတ္လုပ္ခဲ့တဲ့ ကားပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေသးစိတ္ေဖာ္ျပခ်က္ေတြကေတာ့ သိပ္ကုိ အထင္ၾကီးစရာေတာ့မရွိပါဘူး။ အင္ဂ်င္ပါဝါအေနနဲ႔ 5.5 liter V8 အင္ဂ်င္ အသံုးျပဳထားျပီး တစ္နာရီကို ၃၂၀ ကီလုိမီတာ ေျပးပါတယ္။

၆. CLK GTR AMG Coupe (ေဒၚလာ ၃ မီလီယံ)

၁၉၉၈ ခုႏွစ္ထုတ္ Mercedes-Benz CLK GTR AMG ေတြဟာ တစ္နာရီကို ၃၃၅ ကီလုိမီတာ ေျပးႏုိင္တဲ့ 7.3 litre V12 အင္ဂ်င္ကို အသံုးျပဳထားျပီး တစ္နာရီကို ၃၃၅ ကီလုိမီတာ ေျပးႏုိင္ကာ စထြက္တဲ့အခ်ိန္မွ ၃.၄ စကၠန္႔အတြင္း တစ္နာရီကို ကီလို ၁၀၀ ႏႈန္း ေျပးပါတယ္။ အင္ဂ်င္ပါဝါအေနနဲ႔ ျမင္းေကာင္ေရ ၆၆၃ အားရပါတယ္။ သိပ္ကိုု အထင္ၾကီးစရာေကာင္းတဲ့ ေဖာ္ျပခ်က္မ်ားႏွင့္ ေစ်းအၾကီးဆံုး ၃ မီလီယံ အျဖစ္ဝင္ေရာက္ဖုိ႔ ထိုက္တန္ပါတယ္။

၅. CLK GTR AMG Super sport (ေဒၚလာ ၃.၃ မီလီယံ)

CLK GTR AMG ကားေတြလုိပဲ ၂၀၀၂ ခုႏွစ္ 2002 Mercedes-Benz CLK GTR AMG Super Sport ကားေတြဟာ 7.3 litre V12 အင္ဂ်င္ကို ျပန္လည္ အသံုးျပဳထားျပီး တစ္နာရီကို ၃၄၆ ကီလိုေျပးတာေၾကာင့္ CLK GTR AMG ကားေတြထက္ပိုျမန္ပါတယ္။ ဒီဇုိင္းအေနနဲ႔လည္း သိပ္ကုိ လွပျပီး ထူးျခားလွပါတယ္။ ျမင္းေကာင္ေရအား ၇၂၀ အား ေျပးတာေၾကာင့္ အျမန္ႏႈန္းအေနနဲ႔ သိပ္ကို အားရစရာပါပဲ။

4. CLK GTR AMG Roadster (ေဒၚလာ ၃.၅ မီလီယံ)

၂၀၀၂ ခုႏွစ္ထုတ္ CLK GTR AMG roadster ေတြဟာ ထိပ္တန္း ၅ကား စာရင္းမွာ ပါဝင္ခဲ့တာ သိပ္ေတာ့ မထူးဆန္းလွပါဘူး။ သူဟာ တန္ဖိုးၾကီး ဇိမ္ခံကား ျဖစ္တဲ့အျပင္ ခရီးေဝးသြားတဲ့အခါလည္း သင့္ေတာ္လွပါတယ္။ သူ႔ရဲ႕ အထင္ၾကီးစရာ 6.9 litre V12 အင္ဂ်င္ ပါရွိတာေၾကာင့္ အျမင့္ဆံုး အရွိန္အျဖစ္ တစ္နာရီကို ၃၂၀ ကီလုိမီတာ ေရာက္ႏုိင္ပါတယ္။

၃. C112 Mercedes Benz Concept (ေဒၚလာ ၄ မီလီယံ)

၁၉၉၁ ခုႏွစ္ထုတ္ Mercedes Benz ေတြဟာ အုိေဟာင္းေနေပမယ့္ စြမ္းအားျမင့္ Mercedes concept car အျဖစ္ ယေန႔ထက္တုိင္ ေရပန္းစားလ်က္ရွိျပီး ေဒၚလာ ေလး မီလီယံတန္ေနပါျပီ။ ဘာေၾကာင့္လည္းဆိုေတာ့ C112 ဟာ 6 liter V12 အင္ဂ်င္အမ်ိဳးအစားကို အသံုးျပဳထားျပီး စထြက္ခ်ိန္မွ ၄.၉ စကၠန္႔အတြင္း ၁၀၀ ကီလုိမီတာ ႏႈန္းေမာင္းႏွင္ႏုိင္တာေၾကာင့္ ၁၉၉၁ ခုႏွစ္ထုတ္ ကားဟာ ယေန႔ထက္တုိင္ အေဟာင္းႏြမ္းႏိုင္ပဲ တန္ဖုိးၾကီးစြမ္းအားျမင့္ကားအျဖစ္ရပ္တည္ေနပါတယ္။

၂. SLR McLaren Red Gold Dream (ေဒၚလာ ၁၀ မီလီယံ)

၂၀၁၁ ခုႏွစ္ထုတ္ Mercedes Benz Red Gold Dream ရဲ႕တန္ဖုိးဟာ ပါးစပ္အေဟာင္းသားျဖစ္သြားေလာက္ေအာင္ထိ ရိုက္ခတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ သင္ပိုင္ဆုိင္ခ်င္တဲ့ ကားတစ္စီးအေနနဲ႔ ေတာင့္တထားသမွ် ျပီးျပည့္စံုစြာ ပိုင္ဆုိင္ေစမယ့္ သင့္အိမ္မက္ထဲက ကားလုိပါပဲ ျမင္းေကာင္ေရ ၉၉၉ ေကာင္အားရွိျပီး အတြင္းခန္းကိုလည္း ေရႊေဘာင္ကြပ္အလွဆင္ထားတာကလည္း ဆြဲေဆာင္မႈတစ္ခုပါပဲ။ အင္ဂ်င္ အေနနဲ႔ 5.4 litre V8 အင္ဂ်င္ကိုအသံုးျပဳထားတာေၾကာင့္ စထြက္ခ်ိန္မွ ၃စကၠန္႔အတြင္း ၁၀၀ ကီလိုမီတာေရာက္ရွိႏုိင္ပါတယ္။ သင့္အိပ္မက္ထဲက ကားအျဖစ္ လုိက္ရွာခ်င္တယ္ဆုိရင္ေတာ့ SLR McLaren Red Gold Dream ထက္ပိုမိုျပီးျပည့္စံုတဲ့ကားမ်ိဳးကို မေတြ႕ႏုိင္ပါဘူး။

၁. 1954 Mercedes Formula 1 race car (ေဒၚလာ ၂၉.၆ မီလီယံ)

ကားဆယ္စီးထဲမွာ နံပါတ္တစ္အျဖစ္ခ်ိတ္တာဟာ သူ႔ရဲ႕ အဖုိးမျဖတ္ႏုိင္တဲ့ သမိုင္းေၾကာင္းေၾကာင့္ပဲျဖစ္ပါတယ္။ နာမည္ၾကီး Formula 1 ျပိဳင္ပြဲမွာ နာမည္ေက်ာ္ ျပိဳင္ကားေမာင္းသူ Juan Manuel Fangio မွေရြးခ်ယ္ျပီး ျပိဳင္ပြဲင္ခဲ့တဲ့ ကားျဖစ္ျပီး Formula 1 ျပိဳင္ပြဲတြင္လည္း ထုိကားကိုေမာင္းရင္ သမိုင္းတစ္ေလ်ာက္ အျမန္ဆံုး မွတ္တမ္းဝင္ခဲ့သူလည္းျဖစ္ပါတယ္။ ၂၉.၆ မီလီယံတန္ဖိုးဟာ အဖုိးမျဖတ္ႏုိင္တဲ့ သမုိင္းေၾကာင့္ျဖစ္တာေၾကာင့္ ယေန႔ေခတ္ကားေတြနဲ႔ယွဥ္ရင္ သိပ္ျပီးစြမ္းေဆာင္ရည္မရွိေသာ္လည္း တန္ဖိုးကေတာ့ ျမင့္တက္ဆဲြပါ။

2SLR 3C112 4CLK 5CLK 6 7Vision 9SLR 10SLR 11954



Unicode Version

9SLR

ဒေါ်လာတစ်သန်းဟာ ကားတစ်စီးဝယ်စီးဖို့အတွက် စျေးသိပ်များလွန်းလှပါတယ်။ ဒါပေမယ့် ဒေါ်လာတစ်သန်းထက်ပိုတဲ့ စျေးမြောက်တဲ့ကားတွေဟာလည်း သူတို့ရဲ့ သိပ်ကိုအားကောင်းလှတဲ့ အင်ဂျင်တွေ၊ စျေးကြီးလှတဲ့ ကားပစ္စည်းတွေ၊ သမိုင်းကြောင်းလှခဲ့တာတွေနဲ့ အထင်ကြီးစရာကောင်းလှတဲ့ စွမ်းဆောင်ရည်တွေကြောင့် နှစ်ခြိုက်မြတ်နိုးစွာ ဝယ်ယူသိမ်းဆည်းထားခံရတတ်ကြပါတယ်။ ဒီလိုကားမျိုးတွေကို ဘယ်လိုလူတွေဝယ်စီးနေကြလဲလို့လဲ မေးစရာရှိပါတယ်။ ကားတွေကို နှစ်သက်စွဲလမ်းရူးသွပ်သူတွေက တစ်စီးခြင်းစီ ဖြည်းဖြည်းချင်း စုဆောင်း တတ်ကြပါတယ်။ အချို့ကားတွေကလည်း Limited Edition ဆိုပြီး အစီးရေ အကန့်အသတ်နဲ့ ထုတ်ကြပါတယ်။

ယခုပြောပြမယ့် အကြောင်းလေးတွေကတော့ ကမ္ဘာ့အကောင်းဆုံး ကားထုတ်လုပ်တဲ့ ကုမ္မဏီတွေထဲက တစ်ခုဖြစ်တဲ့ Mercedes ကားကုမ္မဏီရဲ့ စျေးအကြီးဆုံး ကားတွေအကြောင်းကို ဖော်ပြပေးမှာပါ။ Mercedes ကားတွေဟာ ပုံမှန်အားဖြင့် ဆိုရင်တောင် တန်ဖိုးမြင့် ဇိမ်ခံကားအဖြစ် ထုတ်လုပ်ကြပြီး အထက်တန်းလွှာတွေကြား ရေပန်းစားတဲ့ နာမည်ကြီး တံဆိပ်တစ်ခုပါပဲ။ Mercedes ကားတွေကို ဝယ်ယူမယ်ဆိုရင်တော့ အားနည်းချက်ကို ရှာဖွေမယ့်အစား အားသာချက်တွေကိုသာ ထည့်စဉ်းစားပြီး ဝယ်စီးကြရတဲ့အထိ အပြစ်ပြောစရာသိပ်မရှိတဲ့ ဇိမ်ခံကားတွေပါပဲ။

Mecedes-Benz သည် ဂျာမနီမှ Karl Benz က ၁၉၂၆ ခုနှစ်မှာ စတင်တည်ထောင်ပြီး ကမ္ဘာ့စျေးအကြီးဆုံးနဲ့ အကောင်းဆုံးကားတွေကိုလည်း ထုတ်လုပ်နိုင်ခဲ့တဲ့ ကုမ္မဏီလည်းတာကြောင့် အောက်မှာဖော်ပြပေးထားတဲ့ ကားဆယ်စီးစာရင်းတွင်လည်း Mecedes မှ ထုတ်ခဲ့ဖူးတဲ့ ကားတွေထဲမှ စျေးအကြီးဆုံးမဟုတ်ပဲ ကမ္ဘာပေါ်ရှိစျေးအကြီးဆုံး ကားတွေပါ ပါဝင်ပါတယ်။

၁ဝ. SLR McLaren SLR FAB Design Desire (ဒေါ်လာ ၁.၄၃ မီလီယံ)
၂ဝဝ၉ ခုနှစ်ထုတ် Mercedes-Benz SLR McLaren FAB Design Desire ကားဟာ ဘာကြောင့် ဒီစာရင်းထဲပါလာရလဲဆိုတော့ သူ့ရဲ့ သိပ်ကို အထင်ကြီးစရာကောင်းလှတဲ့ စွမ်းဆောင်ရည် နဲ့ အင်ဂျင်ကြောင့်ပါ။ 5.4 litre V8 အင်ဂျင် မြင်းကောင်ရေ ၇၅ဝအားနဲ့ အင်ဂျင်ပါဝါရှိပြီး အမြန်ဆုံးအနေနဲ့ တစ်နာရီကို ကီလိုမီတာ ၃၁ဝ နှုန်းသွားနိုင်တယ်လို့ မှတ်တမ်းဝင်ဖူးပါတယ်။

၉. SLR McLaren Mansory Renovatio (ဒေါ်လာ ၁.၅ မီလီယံ)

၂ဝဝ၈ ခုနှစ်ထုတ် SLR McLaren Mansory Renovatio ဟာစျေးအကြီးဆုံး နံပါတ် ၉ နေရာကရပ်တည်လျက်ရှိပါတယ်။ သူက ၂ဝဝ၉ ခုနှစ်ထုတ်ဲ့ အပေါ်မှာဖော်ပြပေးခဲတဲ့ 2009 SLR FAB Design Desire ထက်တောင် စျေးကြီးပါသေးတယ်။ တစ်နာရီကို ကီလိုမီတာ ၃၄ဝ လောက်ပြေးနိုင်ပြီး အင်ဂျင် ပါဝါကလည်း 5.5 liter V8 အင်ဂျင်ဖြစ်တာကြောင့် ပိုမိုကြီးမားလှပါတယ်။

၈. Concept S-Class Coupe (ဒေါ်လာ ၂ မီလီယံ)

၂ဝ၁၃ ထုတ် Mercedes တွေဟာ သူ့ရဲ့ သိပ်ကို အထင်ကြီးစရာကောင်းတဲ့ ကား concept တွေကြောင့် အမြန်ဆုံး အရှိန်အနေနဲ့ တစ်နာရီကို မိုင် ၃ဝဝ နှုန်း နဲ့ မြင်ကောင်ရေ ၄၅၅ ကောင်အား 4.7 liter V8 အင်ဂျင် နဲ့လာပြီး ဒေါ်လာ ၂ မီလီယံ တန်ဖိုးရှိတာကြောင့် စျေးကွက်တောင်းဆိုမှုနည်းပေမယ့် ကုန်ကျစာရိတ်မြင့်မားတဲ့ ကားတစ်စီးအဖြစ် နံပါတ် ၈ နေရာမှာပါလာပါတယ်။

၇. Vision SLR Concept (ဒေါ်လာ ၂ မီလီယံ)

၁၉၉၉ ခုနှစ်ထုတ် Merceds Vision SLR Concept ကားတွေဟာ S-Class ကားတွေလိုပဲ စျေးကွက်ထဲသို့ အရောင်းသွက်စေရန် ထိုးဖောက်ဝင်ရောက်ခြင်းမရှိပဲ ကုန်ကျစာရိတ် ၂ မီလီယံအကုန်ခံပြီး အယူအဆတစ်ခုကိုသာ ချပြချင်လို့ထုတ်လုပ်ခဲ့တဲ့ ကားပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသေးစိတ်ဖော်ပြချက်တွေကတော့ သိပ်ကို အထင်ကြီးစရာတော့မရှိပါဘူး။ အင်ဂျင်ပါဝါအနေနဲ့ 5.5 liter V8 အင်ဂျင် အသုံးပြုထားပြီး တစ်နာရီကို ၃၂ဝ ကီလိုမီတာ ပြေးပါတယ်။

၆. CLK GTR AMG Coupe (ဒေါ်လာ ၃ မီလီယံ)

၁၉၉၈ ခုနှစ်ထုတ် Mercedes-Benz CLK GTR AMG တွေဟာ တစ်နာရီကို ၃၃၅ ကီလိုမီတာ ပြေးနိုင်တဲ့ 7.3 litre V12 အင်ဂျင်ကို အသုံးပြုထားပြီး တစ်နာရီကို ၃၃၅ ကီလိုမီတာ ပြေးနိုင်ကာ စထွက်တဲ့အချိန်မှ ၃.၄ စက္ကန့်အတွင်း တစ်နာရီကို ကီလို ၁ဝဝ နှုန်း ပြေးပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ မြင်းကောင်ရေ ၆၆၃ အားရပါတယ်။ သိပ်ကို အထင်ကြီးစရာကောင်းတဲ့ ဖော်ပြချက်များနှင့် စျေးအကြီးဆုံး ၃ မီလီယံ အဖြစ်ဝင်ရောက်ဖို့ ထိုက်တန်ပါတယ်။

၅. CLK GTR AMG Super sport (ဒေါ်လာ ၃.၃ မီလီယံ)

CLK GTR AMG ကားတွေလိုပဲ ၂ဝဝ၂ ခုနှစ် 2002 Mercedes-Benz CLK GTR AMG Super Sport ကားတွေဟာ 7.3 litre V12 အင်ဂျင်ကို ပြန်လည် အသုံးပြုထားပြီး တစ်နာရီကို ၃၄၆ ကီလိုပြေးတာကြောင့် CLK GTR AMG ကားတွေထက်ပိုမြန်ပါတယ်။ ဒီဇိုင်းအနေနဲ့လည်း သိပ်ကို လှပပြီး ထူးခြားလှပါတယ်။ မြင်းကောင်ရေအား ၇၂ဝ အား ပြေးတာကြောင့် အမြန်နှုန်းအနေနဲ့ သိပ်ကို အားရစရာပါပဲ။

4. CLK GTR AMG Roadster (ဒေါ်လာ ၃.၅ မီလီယံ)

၂ဝဝ၂ ခုနှစ်ထုတ် CLK GTR AMG roadster တွေဟာ ထိပ်တန်း ၅ကား စာရင်းမှာ ပါဝင်ခဲ့တာ သိပ်တော့ မထူးဆန်းလှပါဘူး။ သူဟာ တန်ဖိုးကြီး ဇိမ်ခံကား ဖြစ်တဲ့အပြင် ခရီးဝေးသွားတဲ့အခါလည်း သင့်တော်လှပါတယ်။ သူ့ရဲ့ အထင်ကြီးစရာ 6.9 litre V12 အင်ဂျင် ပါရှိတာကြောင့် အမြင့်ဆုံး အရှိန်အဖြစ် တစ်နာရီကို ၃၂ဝ ကီလိုမီတာ ရောက်နိုင်ပါတယ်။

၃. C112 Mercedes Benz Concept (ဒေါ်လာ ၄ မီလီယံ)

၁၉၉၁ ခုနှစ်ထုတ် Mercedes Benz တွေဟာ အိုဟောင်းနေပေမယ့် စွမ်းအားမြင့် Mercedes concept car အဖြစ် ယနေ့ထက်တိုင် ရေပန်းစားလျက်ရှိပြီး ဒေါ်လာ လေး မီလီယံတန်နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ C112 ဟာ 6 liter V12 အင်ဂျင်အမျိုးအစားကို အသုံးပြုထားပြီး စထွက်ချိန်မှ ၄.၉ စက္ကန့်အတွင်း ၁ဝဝ ကီလိုမီတာ နှုန်းမောင်းနှင်နိုင်တာကြောင့် ၁၉၉၁ ခုနှစ်ထုတ် ကားဟာ ယနေ့ထက်တိုင် အဟောင်းနွမ်းနိုင်ပဲ တန်ဖိုးကြီးစွမ်းအားမြင့်ကားအဖြစ်ရပ်တည်နေပါတယ်။

၂. SLR McLaren Red Gold Dream (ဒေါ်လာ ၁ဝ မီလီယံ)

၂ဝ၁၁ ခုနှစ်ထုတ် Mercedes Benz Red Gold Dream ရဲ့တန်ဖိုးဟာ ပါးစပ်အဟောင်းသားဖြစ်သွားလောက်အောင်ထိ ရိုက်ခတ်သွားခဲ့ပါတယ်။ ဒါပေမယ့် သင်ပိုင်ဆိုင်ချင်တဲ့ ကားတစ်စီးအနေနဲ့ တောင့်တထားသမျှ ပြီးပြည့်စုံစွာ ပိုင်ဆိုင်စေမယ့် သင့်အိမ်မက်ထဲက ကားလိုပါပဲ မြင်းကောင်ရေ ၉၉၉ ကောင်အားရှိပြီး အတွင်းခန်းကိုလည်း ရွှေဘောင်ကွပ်အလှဆင်ထားတာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ အင်ဂျင် အနေနဲ့ 5.4 litre V8 အင်ဂျင်ကိုအသုံးပြုထားတာကြောင့် စထွက်ချိန်မှ ၃စက္ကန့်အတွင်း ၁ဝဝ ကီလိုမီတာရောက်ရှိနိုင်ပါတယ်။ သင့်အိပ်မက်ထဲက ကားအဖြစ် လိုက်ရှာချင်တယ်ဆိုရင်တော့ SLR McLaren Red Gold Dream ထက်ပိုမိုပြီးပြည့်စုံတဲ့ကားမျိုးကို မတွေ့နိုင်ပါဘူး။

၁. 1954 Mercedes Formula 1 race car (ဒေါ်လာ ၂၉.၆ မီလီယံ)

ကားဆယ်စီးထဲမှာ နံပါတ်တစ်အဖြစ်ချိတ်တာဟာ သူ့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းကြောင်းကြောင့်ပဲဖြစ်ပါတယ်။ နာမည်ကြီး Formula 1 ပြိုင်ပွဲမှာ နာမည်ကျော် ပြိုင်ကားမောင်းသူ Juan Manuel Fangio မှရွေးချယ်ပြီး ပြိုင်ပွဲင်ခဲ့တဲ့ ကားဖြစ်ပြီး Formula 1 ပြိုင်ပွဲတွင်လည်း ထိုကားကိုမောင်းရင် သမိုင်းတစ်လျောက် အမြန်ဆုံး မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၉.၆ မီလီယံတန်ဖိုးဟာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းကြောင့်ဖြစ်တာကြောင့် ယနေ့ခေတ်ကားတွေနဲ့ယှဉ်ရင် သိပ်ပြီးစွမ်းဆောင်ရည်မရှိသော်လည်း တန်ဖိုးကတော့ မြင့်တက်ဆွဲပါ။

2SLR 3C112 4CLK 5CLK 6 7Vision 9SLR 10SLR 11954

Latest News

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »

ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည့္...

Latest news1 12 150x150

Zawgyi Version ပိတ္​သိမ္​းထား​ၿပီး စာရင္​းမ႐ွင္​း​နိုင္​သည္​့ ကားအ​ေရာင္​းစင္​တာ ၁၉ ခု ​ကို ထိ​ေရာက္စြာ ​အ​ေရးယူသြားမည္ျဖစ္ေၾကာင္း...

Read more »

အ​ေကာက္​ခြန္​ ဒဏ္​​ေၾကးမ်ား ႏိုင္​ငံဘ႑သို႔...

23825675 2163404850378933 415467733 o 150x150

Zawgyi Version ျပည္​ပနိုင္ငံ​မွ တင္​သြင္​းလာသည္​့ ​ေမာ္​​ေတာ္​ယာဥ္​မ်ားအား ​ေကာက္​ခံ​ရ႐ွိ​ေနသည့္ အ​ေကာက္​ခြန္​ဒဏ္​​ေၾကးမ်ားကို...

Read more »

စည္​းကမ္​းပ်က္​ ​ ယာဥ္​မ်ားကို online complaint...

Latest news1 12 150x150

Zawgyi Version စည္​းကမ္​းမဲ့ ​ေမာင္​းႏွင္​​ေသာ ယာဥ္​မ်ား online complaint စင္​တာထံ တိုင္​ၾကားမႈ ၁ေသာင္း ၈ေထာင္ ​ေက်ာ္​အထိ...

Read more »