LPG တပ္ဆင္မႈ နည္းပညာ အရည္အေသြးျမင့္မားရန္ အေမရိကန္မွ သင္တန္းလာေရာက္ပို႕ခ်မည္

ေမာ္ေတာ္ယာဥ္မ်ား၌ LPG စနစ္တပ္ဆင္အသံုးျပဳသည့္ နည္းပညာအရည္အေသြး ျမင့္မားရန္အေမရိကန္မွ ျမန္မာ့ေရနံႏွင့္သဘာ၀ဓာတ္ေငြ႔လုပ္ငန္း(MOGe)ႏွင့္ပူးေပါင္း ၍ သင္တန္းလာေရာက္ပို႔ခ်မည္ ျဖစ္ေၾကာင္း ‘Powertek Engineering Group’ မွ သတင္း ရရွိသည္။

                   ENGEN-Service-Station


အဆိုပါသင္တန္းကို ျမန္မာ့ေရနံႏွင့္ဓာတုေဗဒသင္တန္းေက်ာင္းတြင္ ပို႔ခ်မည္ျဖစ္ၿပီး အေမရိကန္မွ LPG နည္းပညာကြၽမ္းက်င္ ပညာရွင္ဆရာမင္းေဇာ္မြန္ႏွင့္ ႏုိင္ငံျခားသား ပညာရွင္မ်ား လာေရာက္သင္ၾကားမည္ ျဖစ္ေၾကာင္း သိရသည္။ “သင္တန္းကို အေမရိကန္က ကြၽမ္းက်င္ပညာရွင္ေတြ လာသင္ေပးမွာပါ၊ ထပ္ၿပီးေတာ့လည္း သင္တန္း အျပင္ MOGE နဲ႔ပူးေပါင္းၿပီး LPG အသံုးျပဳရာမွာ လိုအပ္တဲ့ Rule & Regulation ေတြ ေရးဆဲြဖို႔ရွိတယ္၊ MOGE ဘက္ကလည္း ျပည္သူလူထု အက်ဳိးျပဳတဲ့ လုပ္ငန္းဆိုတဲ့ အတြက္ ကူညီေထာက္ပံ့ေပးမယ္လို႔ ေျပာပါတယ္” ဟု Powertek Engineering Group မန္ေနဂ်င္း ဒါ႐ုိက္တာဦးေန၀င္းက ေျပာသည္။ အေမရိကန္တြင္ အသံုးျပဳလ်က္ ရွိသည့္ ႏိုင္ငံတကာအဆင့္မီ MOGE ဆက္စပ္ပစၥည္းမ်ားကို Powertek Engineering Group မွ ျပည္တြင္းသို႔ တင္သြင္းလ်က္ရွိၿပီး အဆိုပါကုမၸဏီႏွင့္ MOGE ပူးေပါင္း ဖြင့္လွစ္မည့္ LPG အသံုးျပဳမႈ နည္းပညာသင္တန္းသို႔ ကိုယ္ပိုင္ယာဥ္၊ အငွားယာဥ္၊ ခရီးသည္ တင္ယာဥ္၊ ယာဥ္ေမာင္း၊ ယာဥ္အကူမ်ားအျပင္ ဌာနဆုိင္ရာမွ စိတ္၀င္စားသူ တိုင္း တက္ေရာက္ႏုိင္ၿပီး အခ်က္အလက္မ်ားကုိ ျမန္မာ့ေရနံ ႏွင့္ ဓာတုေဗဒ သင္တန္းေက်ာင္းတြင္ စံုစမ္းေမးျမန္းႏုိင္ေၾကာင္း သိရသည္။


 

Ref  ; Automobile



Unicode Version

မော်တော်ယာဉ်များ၌ LPG စနစ်တပ်ဆင်အသုံးပြုသည့် နည်းပညာအရည်အသွေး မြင့်မားရန်အမေရိကန်မှ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGe)နှင့်ပူးပေါင်း ၍ သင်တန်းလာရောက်ပို့ချမည် ဖြစ်ကြောင်း ‘Powertek Engineering Group’ မှ သတင်း ရရှိသည်။

                   ENGEN-Service-Station


အဆိုပါသင်တန်းကို မြန်မာ့ရေနံနှင့်ဓာတုဗေဒသင်တန်းကျောင်းတွင် ပို့ချမည်ဖြစ်ပြီး အမေရိကန်မှ LPG နည်းပညာကျွမ်းကျင် ပညာရှင်ဆရာမင်းဇော်မွန်နှင့် နိုင်ငံခြားသား ပညာရှင်များ လာရောက်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။ “သင်တန်းကို အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေ လာသင်ပေးမှာပါ၊ ထပ်ပြီးတော့လည်း သင်တန်း အပြင် MOGE နဲ့ပူးပေါင်းပြီး LPG အသုံးပြုရာမှာ လိုအပ်တဲ့ Rule & Regulation တွေ ရေးဆွဲဖို့ရှိတယ်၊ MOGE ဘက်ကလည်း ပြည်သူလူထု အကျိုးပြုတဲ့ လုပ်ငန်းဆိုတဲ့ အတွက် ကူညီထောက်ပံ့ပေးမယ်လို့ ပြောပါတယ်” ဟု Powertek Engineering Group မန်နေဂျင်း ဒါရိုက်တာဦးနေဝင်းက ပြောသည်။ အမေရိကန်တွင် အသုံးပြုလျက် ရှိသည့် နိုင်ငံတကာအဆင့်မီ MOGE ဆက်စပ်ပစ္စည်းများကို Powertek Engineering Group မှ ပြည်တွင်းသို့ တင်သွင်းလျက်ရှိပြီး အဆိုပါကုမ္ပဏီနှင့် MOGE ပူးပေါင်း ဖွင့်လှစ်မည့် LPG အသုံးပြုမှု နည်းပညာသင်တန်းသို့ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ ခရီးသည် တင်ယာဉ်၊ ယာဉ်မောင်း၊ ယာဉ်အကူများအပြင် ဌာနဆိုင်ရာမှ စိတ်ဝင်စားသူ တိုင်း တက်ရောက်နိုင်ပြီး အချက်အလက်များကို မြန်မာ့ရေနံ နှင့် ဓာတုဗေဒ သင်တန်းကျောင်းတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


 

Ref  ; Automobile

Latest News

city taxi မ်ား မွတ္ပံုတင္ျပဳလုပ္မႈ အင္​းစိန္​...

23484516 2151118281607590 1169006877 o 1 150x150

Zawgyi Version ရန္​ကုန္​တြင္​ ​ေမာင္​းႏွင္​​ေန​ေသာ city taxi ယာဥ္​မ်ား မွတ္​ပံုတင္​...

Read more »

ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ...

Latest news1 9 150x150

Zawgyi Version ႏိုင္​ငံ​ေတာ္​ အတိုင္​ပင္​ခံရံုးမွ မွတ္​ပံုတင္​ျပဳလုပ္​ထား​ေသာ ယာဥ္​မ်ား၏ မိုဒယ္​ခုႏွစ္​အလိုက္​စာရင္​း​မ်ား၊...

Read more »

The Pizza Company မွ သိန္း၅၀၀တန္ဖိုးရွိ...

Pizza 150x150

Zawgyi Version The Pizza Company သည္ ႏွစ္သစ္ကူးကာလ အေရာင္းျမင့္တင္သည့္အေနျဖင့္ The Pizza Company ဆုိင္ခြဲ တိုင္းတြင္တြင္ ၂၉၀၀၀ က်ပ္ဖိုး...

Read more »

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »