၂၀၁၄ ခုနှစ်အတွက် (2000) မော်ဒယ်မှစ၍ တင်သွင်းခွင့်ရထားသော ဖိုးဝှီးကားများ ၂၀၁၅ ခုနှစ်တွင် မော်ဒယ်နိမ့် ကားရှားပါးပြီး ဈေးမြောက်နိုင်
Unicode Version
၂ဝ၁၄ ခုနှစ်အတွက် (2000)မော်ဒယ်မှစ၍ဖိုးဝှီးကားများတင်သွင်းခွင့်ရထားပြီးမြန်မာပြည်အကြိုက်မှာ(99)မော် ဒယ် Hilux Surf,Parado နှင့် Landcruiser ကားများဖြစ်ကြောင်း ဖိုးဝှီးကားများသာသီးသန့်တင်သွင်းရောင်းချသည့် Sale Centre ပိုင်ရှင်တစ်ဦးကပြောပြခဲ့သည်။
(2000)မော်ဒယ်မှစ၍ တင်သွင်းရမည်ဟုဆိုသော်လည်း ဒဏ်ကြေးပေးဆောင်ကာ (99)မော်ဒယ်ကဲ့သို့ ကားများ တင်သွင်းမှုရှိခဲ့ပြီး ၉ လပိုင်းမှစတင်ကာ တစ်နှစ်အောက်တင်သွင်းပါက ဒဏ်ကြေးမြင့်မားစွာဆောင်ရမည်ဖြစ်သဖြင့် (2000)မော်ဒယ်ကိုသာ မဖြစ်မနေတင်သွင်းလာရဖွယ်ရှိကြောင်း အဆိုပါပုဂ္ဂိုလ်ကရှင်းပြခဲ့သည်။
99 နှင့် 2000 မော်ဒယ် ဖိုးဝှီးများဖြစ်သော Surf,Parado နှင့် Landcruiser များမှာ ရုပ်တူ၊အင်ဂျင်တူ၊အောက်ပိုင်း ပစ္စည်းများတူညီသေးသဖြင့်  ၂ဝ၁၄ ခုနှစ်အတွင်း ၂ဝဝဝ မော်ဒယ်တင်သွင်းရသော်လည်း အကြိုက်များနိုင်သေးကြောင်းသိ ရသည်။ ၂ဝ၁၅ တွင် 2003 မော်ဒယ်မှစသွင်းရပါက မြန်မာပြည်အကြိုက်မဟုတ်သဖြင့် ရောက်ရှိပြီးသား မော်ဒယ်နိမ့်ကား များမှာ စျေးမြောက်လာနိုင်ကြောင်းသုံးသပ်ပြသည်။
99 မော်ဒယ်ကဲ့သို့ ဖိုးဝှီးကားများမှာ 1HD-FT ရိုးရိုးဒီဇယ်အင်ဂျင်ဖြစ်ပြီး 2011 နှင့်အထက်များမှာ Common Rail Disel Engine (EFI) ဖြစ်သွားသဖြင့် လူကြိုက်နည်းကြောင်းသိရသည်။မော်ဒယ်နိမ့်ကားများတွင် ရိုးရှင်းလွယ်ကူပြီးပြင်ဆင် စားရိတ်နှင့် ပစ္စည်းစျေးသက်သာခြင်းကြောင့် အကြိုက်များကာ မော်ဒယ်မြင့်ကားများတွင် ကွန်ပြူတာထိန်းချုပ်စနစ်များ ပါ လာ၍ ပြင်ဆင်စားရိတ်ကြီးမားမှု၊ ပစ္စည်းစျေးကြီးမြင့်မှုကြောင့် အကြိုက်နည်းခြင်းဖြစ်ကြောင်း စက်မှုအင်ဂျင်နီယာတစ်ဦးက ရှင်းပြခဲ့သည်။
Credit: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...
23602231 2157311237654961 2105906177 n 150x150
Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...
Read more »