fb-pageview-tracker
Lexus RX 2019 Review (International)


Zawgyi Version

တည္ေဆာက္ပုံေကာင္းမြန္ျပီး ေမာင္းႏွင္ရတာ ဇိမ္က်တဲ့ Lexus RX 2019 ကေတာ့ hybrid အင္ဂ်င္နဲ႕ပဲ အေကာင္းဆုံးဝယ္ယူရရွိႏိုင္ပါတယ္။ လူ ၄ ေယာက္ပဲ စီးနင္းမယ္ဆိုရင္ေတာ့ အရမ္းကို သက္ေသာင့္သက္သာရွိလွတဲ့ SUV အၾကီးစားျဖစ္ျပီး အေနာက္ပစၥည္းထားခန္းကေတာ့ ဒီလိုအမ်ိဳးအစား ကားေတြအတြက္ ေသးတယ္လို႕ေျပာႏုိင္ပါတယ္။ Hybrid အင္ဂ်င္တစ္မ်ိဳးထဲျဖစ္သြားတာကလည္း ေရြးခ်ယ္စရာ အရမ္းနည္းသြားေစပါတယ္။

အားသာခ်က္
+ လြန္စြာသက္ေသာင့္သက္သာရွိျခင္း
+ တည္ေဆာက္ပုံအရည္အေသြး ထူးျခားေကာင္းမြန္ျခင္း
+ အံ့အားသင့္ဖြယ္ရာ ေမာင္းႏွင္မႈကုန္က်စာရိတ္ မမ်ားျခင္း

အားနည္းခ်က္
- ဒီဇယ္အင္ဂ်င္ ေရြးခ်ယ္စရာမရွိျခင္း
- အေနာက္ပစၥည္းထားခန္းမွာ SUV အၾကီးစားအေနျဖင့္ ေသးငယ္ျခင္း
- ခပ္ဖိုင့္ဖုိင့္သဏၭာန္ရွိျခင္း

သုံးသပ္ခ်က္

Lexus RX 2019 ကေတာ့ စတိုင္က်တယ္၊ sporty ျဖစ္တယ္၊ ေမာင္းႏွင္ရတာလည္း ညက္ေညာမႈအျပည့္ရွိျပီး ဇိမ္အက်ဆုံးကားေတြထဲကတစ္စီးပါ။
အျပင္ပိုင္းကၾကည့္မယ္ဆိုရင္ စိုလြင္တဲ့အေရာင္၊ ထင္းလွတဲ့ ခရိုမီယမ္လိုင္းေတြဟာ Lexus RX ကို တကယ့္ကို သားနားေစတာေတြ႕ရတယ္။ Audi Q7 နဲ႕ BMW X5 တို႕ေလာက္ မၾကြားဘူးလို႕ဆိုႏုိင္ေပမယ့္ တန္ဖိုးၾကီးကားတစ္စီးျဖစ္ေၾကာင္းကိုေတာ့ သက္ေသျပေနစရာမလိုတဲ့ကားတစ္စီးပါ။
Lexus RX ရဲ့ အျပင္ပုံစံကို အလန္းၾကီးဟလို႕ ဆိုမယ့္သူေတြအတြက္ အတြင္းခန္းက ပိုျပီး အရသာထူးေၾကာင္း ေျပာျပခ်င္ပါတယ္။ ေတာက္ေျပာင္ေအာင္တိုက္ထားတဲ့ အလူမီနီယမ္ေဘာင္ေတြနဲ႕ သစ္သား trim ဟာ BMW တို႕ Audi တို႕ရဲ့ တကယ့္တန္ဖိုးၾကီးကားေတြမွာမွ ပါလာတတ္တာမ်ိဳး။
အေရွ႕အေနာက္ အခ်က္ျပမီး၊ ဘရိတ္မီး၊ ေရွ႕မီးၾကီး၊ ႏွင္းခြဲမီး၊ ေထာင့္ခ်ိဳးမီး၊ ေန႕ထြန္းမီးေတြအားလုံးဟာ LED ေတြခ်ည္းပါပဲ။ မွန္ေတြကလည္း ေနေရာင္ဒဏ္ကို အကာအကြယ္ေပးႏိုင္တဲ့ UV reducing glass ေတြကိုအသုံးျပဳေပးထားတာကေတာ့ ကိုယ္ေတြႏုိင္ငံမွာလိုမ်ိဳး ေနေရာင္ဒဏ္ခံရတာမ်ားတဲ့ ႏုိင္ငံေတြအတြက္ ေတာ္ေတာ္ေလးအဆင္ေျပႏိုင္ပါတယ္။ မီးေတြ၊ wipers ေတြက sensors ေတြနဲ႕ျဖစ္တဲ့အတြက္ အလိုအေလ်ာက္ အလုပ္လုပ္ႏိုင္တယ္။ ေနာက္ၾကည့္အတြင္းမွန္နဲ႕ ေဘးမွန္ေတြအားလုံး Automatic dimming ျဖစ္တာကေတာ့ ညပိုင္းကားေမာင္းသူေတြရဲ့ အၾကိဳက္ပါ။ မ်က္စိစူးျခင္းကေန အကာအကြယ္ေပးမွာျဖစ္ပါတယ္။
ေသခ်ာတာကေတာ့ Audi ၊ BMW စတာေတြကထုတ္တဲ့ ဂ်ာမဏီဇိမ္ခံကားမ်ိဳး ဂ်ပန္ထုတ္ကိုလိုခ်င္ရင္ေတာ့ Lexus ကိုသာ အဝယ္စာရင္းရဲ့ ထိပ္ဆုံးေနရာမွာထားသင့္ပါတယ္။ ၾကယ္ငါးပြင့္အဆင့္ ဇိမ္ခံေဟာ္တယ္ထဲမွာပဲ ေနခ်င္တယ္ဆိုတဲ့သူေတာင္မွ ေဟာ္တယ္ခန္းကို ေမ့သြားေလာက္တယ္အထိ Lexus RS ဟာ ဇိမ္က်တာပါ။

အတြင္းခန္း

Dashboard ဒီဇိုင္းက အဆန္းပါ။ Asymmetric လို႕ေခၚတဲ့ အခ်ိဳးမညီမႈကို အႏုပညာေျမာက္ ပုံေဖၚထားတဲ့ ဒီဇိုင္းပါ။ ပါဝင္တဲ့ အသုံးအေဆာင္ေတြနဲ႕ ၾကားကြက္လပ္ေတြရဲ့ ဆက္စပ္ေနရာေတြမွာက ေလဆာနဲ႕တိုင္းထားပုံေတာင္ရတယ္။ ေသသပ္ျပီး တိတိက်က်ရွိတာကို ေတြ႕ရလို႕ပါ။ သစ္သား trim အေကြးအခုံးေတြကလည္း ေတာ္ေတာ္လက္ရာေျမာက္တာေတြ႕ရတယ္။ Premier models ေတြဆိုရင္ Yamaha piano ကိုထုတ္လုပ္တဲ့ လက္မႈပညာသည္ ဆရာသမားေတြရဲ့လက္ရာနဲ႕ ထုတ္ထားတယ္လို႕ေတာင္ ဆိုထားတာပါ။
Infotainment ဒီဇိုင္းပိုင္းကိုလည္း ဒီ Yamaha ကသူေတြပဲ ဒီဇိုင္းဆြဲေပးထားပုံရပါတယ္။ ဘာျဖစ္လို႕လဲဆိုေတာ့ သူ႕မွာပါတဲ့ joystick ထိန္းခ်ဳပ္မႈစနစ္က စႏၵရားတီးရာမွာ ခက္ခဲတဲ့လက္ကြက္ေတြကိုတီးရသလိုမ်ိဳး၊ ကိုင္ရ၊ တြယ္ရ၊ အသုံးျပဳရ ခက္ခဲလို႕ပါ။ ေနာက္တစ္ခုက infotainment မ်က္ႏွာျပင္ရဲ့ resolution။ ဒီလိုမ်ိဳး တန္ဖိုးၾကီးကားအတြက္ဆိုရင္ အရည္အေသြးနိမ့္တယ္လို႕ေျပာလို႕ရတယ္။
Lexus RX မွာပါတဲ့ အေရွ႕ခုံေတြကေတာ့ တကယ့္ကို special ပါပဲ။ Electric စနစ္နဲ႕ ခ်ိန္ညွိႏုိင္တယ္၊ အပူေရာ အေအးပါေပးႏိုင္တယ္။ ဒါက ဘယ္လို model အတြက္ကိုမဆိုပါတာေနာ္။ အေနာက္ထိုင္ခုံေတြကို ေျပာရရင္ေတာ့ အရပ္ေျခာက္ေပသမားေတြအတြက္ေတာင္မွ ေကာင္းေကာင္းက်ယ္တယ္။ ေနာက္ကိုလည္း လွန္ခ်ႏုိင္တဲ့အတြက္ ခရီးရွည္သြားတဲ့အခါမ်ိဳးမွာ ကားေပၚလိုက္ပါစီးနင္းတဲ့သူေတြအားလုံး ဇိမ္က်က်စီးႏိုင္တာေပါ့။
တကယ္လို႕သာ Audi တို႕ BMW တို႕ Mercedes တို႕ စီးေနတဲ့သူတစ္ေယာက္ဟာ Lexus RX ရဲ့ dashboard နဲ႕အတြင္းခန္းအျပင္အဆင္ကို အေျပာင္းအလဲအေနနဲ႕ခံစားၾကည့္မယ္ဆိုရင္ သစ္လြင္တဲ့ အေျပာင္းအလဲကို ရရွိႏိုင္တဲ့အထိ Lexus RX ရဲ့ အတြင္းခန္းက ခ်စ္ဖို႕ေကာင္းတာပါ။ ဆယ္စုႏွစ္တစ္စုစာေလာက္အထိလည္း ေကာင္းေကာင္းၾကီး ေရရွည္ခံမယ့္ပုံပါပဲ။
အားနည္းခ်က္အေနနဲ႕ကေတာ့ အေပၚမွာ ေျပာခဲ့သလိုမ်ိဳး infotainment display ရဲ့ resolution ပါ။ လုပ္ေဆာင္ခ်က္ေတြ၊ တုန္႕ျပန္ခ်က္ေတြအားလုံးေကာင္းေပမယ့္ ဒီလိုမ်ိဳးကားမွာ ဒီလိုမ်ိဳး resolution ဆိုတာမ်ိဳးက အားနည္းခ်က္တစ္ခုျဖစ္ေနတာ ေသခ်ာပါတယ္။ အသံပိုင္းဆိုင္ရာကေတာ့ ေကာင္းမြန္ျပီး ၾကည္လင္ျပတ္သားမႈရွိလွပါတယ္။ ဒါကလည္း Yamaha သမားေတြရဲ့ ေထာက္ပံ့မႈေၾကာင့္မ်ား ပိုေကာင္းသလားထင္ရေလာက္ေအာင္ speaker ၁၅ လုံးရဲ့ အရည္အေသြးဟာ တကယ့္ကို ထိပ္တန္းအဆင့္မွာ ရွိေနတာပါ။

လက္ေတြ႕ဆိုရင္

ထိုင္ခုံေတြနဲ႕ဆိုရင္ boot ဝင္ဆံ့မႈ 453 litres ဟာ BMW X5 ရဲ့ ဝင္ဆံ့မႈ 650 litres ထက္နည္းသလို Mercedes GLE ရဲ့ ဝင္ဆံ့မႈပမာဏ 690 litres ထက္လည္းနည္းေနပါတယ္။ Boot မွာက ခ်ိတ္စရာခ်ိတ္ေတြ၊ ညွပ္စရာ ဆန္ကာေတြနဲ႕ ဖုန္စုပ္စက္အသုံးျပဳဖို႕လြယ္ကူတဲ့ 12v power socket ပါဝင္တာကေတာ့ မဆိုးဘူးလို႕ေျပာရမွာပါပဲ။
X5 တို႕ GLE တို႕နဲ႕ႏႈိင္းယွဥ္ရာမွာ ေသးငယ္တယ္ဆိုေပမယ့္လို႕ Lexus RX ရဲ့ boot ဟာ ခရီးေဆာင္အိတ္ အၾကီး ႏွစ္လုံးေလာက္ေတာ့ အသာေလးထည့္လို႕ရပါတယ္။ တကယ္လို႕ ကိုယ္တင္ခ်င္တဲ့ ပစၥည္းဟာ မ်ားမယ္၊ ဒါမွမဟုတ္ ရွည္မယ္ဆိုရင္ေတာ့ ေနာက္ခုံေတြေခါက္ျပီး တင္လို႕ရပါတယ္။ ေနာက္ခုံေတြေခါက္လိုက္မယ္ဆိုရင္ေတာ့ ဝင္ဆံ့မႈက 924 litres ျဖစ္သြားမွာပါ။ (1 litres = 1,000 ကုဗစင္တီမီတာ)
RX အသစ္ဟာ ၅ ေယာက္စီးျဖစ္ေပမယ့္ ၄ ေယာက္အတြက္ဆိုရင္ေတာ့ တကယ့္ကို တိမ္တိုက္ေတြအေပၚ စီးနင္းရသလို လြတ္လပ္ေပါ့ပါးျပီး ဇိမ္အက်ဆုံးျဖစ္မွာပါပဲ။ ၅ ေယာက္ဆိုရင္ေတာ့ အေနာက္ခုံမွာ လိုက္ပါမယ့္သူေတြရဲ့ ဇိမ္က်မႈ ေရခ်ိန္က က်သြားပါလိမ့္မယ္။ ဝမ္းနည္းစရာေကာင္းတာကေတာ့ ၇ ေယာက္စီး မရႏိုင္တာပါ။
Safety ပိုင္းအရဆိုရင္လည္း ကားေနာက္ဆုတ္တဲ့အခ်ိန္ အေနာက္ဘက္မွာ အသြားအလာရွိရင္ အလိုအေလ်ာက္ဘရိတ္ဖမ္းေပးႏုိင္တဲ့ RCTB (Rear Cross Traffic Auto Brake)၊ ယာဥ္လမ္းေၾကာင္းေပၚေမာင္းႏွင္တဲ့ေနရာမွာ ယိမ္းထိုးမႈကို အခ်က္ျပေပးႏိုင္တဲ့ (Sway Warning System)၊ အေနာက္ထုိင္ခုံေတြအတြက္အပါအဝင္ ဒူးအတြက္ပါ သီးျခားစီပါဝင္တဲ့ ေလအိတ္ပတ္လည္၊ ယာဥ္တိုက္မႈမ်ားမွာ ယာဥ္ေမာင္းသူအမ်ားအျပားျဖစ္ေလ့ရွိေသာ 'ဇတ္' ထိခိုက္မႈကို အကာအကြယ္ေပးႏိုင္တဲ့ WIL whiplash protection စနစ္နဲ႕ အေရွ႕ထုိင္ခုံေတြ၊ Electronic ျဖင့္ထိန္းခ်ဳပ္တဲ့ ဘရိတ္စနစ္၊ ကုန္းေလ်ာမ်ားမွာ အေနာက္ကို ေလ်ာက်မသြားေအာင္ အေထာက္ပံ့ေပးႏိုင္တဲ့ Hill Start Assist ၊ ရုတ္တရက္ ဘရိတ္နင္းရာတြင္ ကားရဲ့အျမန္ႏႈန္းကို တိကနဲ မရပ္ပစ္ဘဲ အျမန္ႏႈန္း၊ ယာဥ္ေမာင္းသူရဲ့ လက္ကိုင္ထိန္းခ်ဳပ္မႈနဲ႕အညီ လိုက္ေလ်ာညီေထြျဖစ္ေအာင္ အေထာက္အပံ့ေပးႏိုင္ေသာေၾကာင့္ ေခ်ာ္ထြက္မႈ ရာႏႈန္းကိုလြန္စြာနည္းပါးေစတဲ့ ABS (Anti-lock Brake System) ၊ ကားရဲ့ဖိအားနဲ႕ အျမန္ႏႈန္းအေပၚမူတည္ကာ ကားဘီးမ်ားေပၚတြင္ ဘရိတ္အက်ိဳးသက္ေရာက္မႈအနည္းအမ်ား ခ်ိန္ညွိေပးႏိုင္ေသာေၾကာင့္ အေကြ႕ကဲ့သို႕ေနရာမ်ိဳးေတြမွာ အေကာင္းဆုံးထိန္းညွိေထာက္ပံ့ေပးႏိုင္တဲ့ EBD (Electronic Brakeforce Distribution) ၊ ယာဥ္ေမာင္းသူရဲ့ ဘရိတ္နင္းအားအေပၚမူတည္ကာ ဘရိတ္ပါဝါကို ထုတ္လုပ္ေပးႏိုင္ေသာေၾကာင့္ ရုတ္တရက္ ျပင္းျပင္းထန္ထန္ဘရိတ္နင္းမႈမ်ားကို အေကာင္းဆုံးေထာက္ပံ့ေပးႏုိင္တဲ့ BA (Brake Assist)၊ ေခ်ာ္တဲ့လမ္းေတြ slip ျဖစ္ႏိုင္တဲ့လမ္းေတြအေပၚမွာ ဘီးတို႕ရဲ့ကုပ္အားကို ပိုမိုေကာင္းမြန္ေစတဲ့ traction control တို႕ပါဝင္တဲ့အတြက္ ၂၀၁၉ ထုတ္ လုံျခံဳစိတ္ရမႈနည္းပညာမ်ား အျပည့္အစုံပါဝင္တဲ့ကားတစ္စီးပါ။

ေမာင္းႏွင္မႈ

Lexus RX 2019 မွာက ဓါတ္ဆီ-လွ်ပ္စစ္ hybrid အင္ဂ်င္နဲ႕ပဲရရွိႏိုင္ပါတယ္။ ထူးျခားတာက RX 2019 ရဲ့ အင္ဂ်င္ရဲ့ အသံတိတ္ဆိတ္မႈပါ။ လွ်ပ္စစ္ေမာ္တာနဲ႕ ေမာင္းႏွင္ေနစဥ္မွာ ကိုယ့္အိမ္ထဲမွာ ထိုင္ေနသလို ညင္သာတိတ္ဆိတ္တဲ့ အရသာမ်ိဳး ရရွိႏုိင္တာကေတာ့ အံ့ၾသစရာပါပဲ။ 3.5-litre V6 ဓါတ္ဆီအင္ဂ်င္နဲ႕ လွ်ပ္စစ္ေမာ္တာတို႕ရဲ့ ပူးေပါင္းစြမ္းေဆာင္ရည္အျဖစ္ ဆီစားႏႈန္းပ်မ္းမွ်အေနနဲ႕ 44mpg ေလာက္ လက္ေတြ႕ရရွိပါတယ္။ ကုမၸဏီကေတာ့ 51.4mpg အထိရွိမယ္လို႕ ဆိုထားတာပါ။
တျခားေရြးခ်ယ္မႈအေနနဲ႕ 238hp အထိထြက္ရွိမယ့္ 2.0-litre turbocharge ဓါတ္ဆီအင္ဂ်င္ ရွိပါေသးတယ္။ 200T ပါ။ ဒါကိုေတာ့ သိပ္အားမေပးခ်င္ပါဘူး။ ဆီစားႏႈန္းျမင့္မားလို႕ပါ။ ကုမၸဏီက 36.2mpg လို႕ဆိုထားေပမယ့္ လက္ေတြ႕ေမာင္းႏွင္ရာမွာေတာ့ 10mpg ေလာက္ ေလ်ာ့ျပီးတြက္ခ်က္သင့္ပါတယ္။
ေမာင္းႏွင္ၾကည့္ျပီးေျပာခ်င္တာက SUV ဆိုတဲ့ Sport Utility Vehicle ဆိုတဲ့ေနရာမွာ တကယ့္ကို sporty ျဖစ္တာလိုခ်င္တယ္ဆိုရင္ေတာ့ Lexus RX အသစ္ဟာ ခင္ဗ်ားအတြက္မဟုတ္ပါဘူး။ BMW X5 တို႕Porsche Macan တို႕ကို ပိုမိုဦးစားေပးေရြးခ်ယ္သင့္ပါတယ္။
ဒါေပမယ့္ လက္ေတြ႕ေမာင္းႏွင္ရာမွာ Lewis Hamilton ေမာင္းႏွင္တဲ့ပုံစံမ်ိဳးထက္စာရင္ အဆင္ေျပေခ်ာေမြ႕မႈ၊ သက္ေသာင့္သက္သာျဖစ္မႈ၊ ဇိမ္က်မႈ စတဲ့အခ်က္ေတြအေပၚ ပိုမိုအေလးထားသူဆိုရင္ေတာ့ Lexus RX အသစ္ ဟာ အမွန္ကန္ဆုံး ေရြးခ်ယ္မႈပါပဲ။
ျမိဳ႕အတြင္းေမာင္းႏွင္တဲ့အခ်ိန္မ်ိဳးမွာ Lexus RX ဟာ ကိုယ္ထည္ရဲ့အျမင့္၊ ေလကာမွန္ရဲ့ပုံစံေၾကာင့္ အေကာင္းဆုံးျမင္ကြင္းရရွိႏိုင္တဲ့ ကားတစ္စီးျဖစ္ျပီး လွ်ပ္စစ္ေမာ္တာရဲ့ အသံတိတ္ဆိတ္မႈဟာ ခင္ဗ်ားအတြက္ေရာ ခင္ဗ်ားပတ္ဝန္းက်င္အတြက္ပါ စိတ္ခ်မ္းသာစရာေတြကိုပဲ ေပးစြမ္းမွာျဖစ္ပါတယ္။
အျမန္လမ္းမွာ ျမန္ႏႈန္းျမင့္ေမာင္းတဲ့အခါမွာလည္း ဇိမ္က်မႈနဲ႕ ျမန္ဆန္မႈကို တစ္ပါတည္းရရွိႏိုင္တဲ့ကားမ်ိဳးျဖစ္သလို ခပ္ၾကမ္းၾကမ္းလမ္းေတြေပၚမွာလည္း အဆင့္ျမင့္ suspension ရဲ့ စြမ္းေဆာင္ရည္က တုန္ခုန္မႈကင္းတဲ့ ျငိမ့္ေညာင္းမႈအရသာကို ရရွိေစႏိုင္ပါေသးတယ္။ ေျပာရမယ္ဆိုရင္ Lexus RX အသစ္ဟာ မိုင္တစ္ရာေလာက္ကို ဖိအားကင္းကင္းနဲ႕သာသာယာယာ ေမာင္းႏွင္ႏုိင္မယ့္ ကားအမ်ိဳးအစားပါ။
ဥေရာပ NCAP ရဲ့ ၾကယ္ငါးပြင့္အဆင့္ရ safety ေကာင္းမြန္လွတဲ့ကားတစ္စီးျဖစ္တာေၾကာင့္လည္း အျမန္လမ္းေတြေပၚမွာ စိတ္ခ်လက္ခ် ေမာင္းႏွင္ႏုိင္မယ့္ ကားတစ္စီးျဖစ္ေနေတာ့တာပါပဲ။

အခ်က္အလက္ေတြ

Lexus RX အသစ္အတြက္ကေတာ့ trim ၃ မ်ိဳးရွိပါတယ္။ Standard ၊ F-Sport နဲ႕ Takumi ပါ။

Standard

Standard trim မွာ တပ္ဆင္ေပးထားတဲ့အင္ဂ်င္ကေတာ့ 450H 3.5 CVT အင္ဂ်င္ျဖစ္ျပီး 3.5L ဓါတ္ဆီ-လွ်ပ္စစ္ hybrid ျဖစ္ျပီး အျမင့္ဆုံးပါဝါအေနနဲ႕ 313hp အထိရရွိႏိုင္ပါတယ္။ 0-60mph ကို ၇.၇ စကၠန္႕ထဲနဲ႕ ျမွင့္တင္ေမာင္းႏွင္ႏုိင္တဲ့အတြက္ ဒီလိုမ်ိဳးကားမ်ိဳးအတြက္ဆို မနည္းလွပါဘူး။
Standard trim နဲ႕ Lexus RX ေတြမွာက ပုံစံ ၈ မ်ိဳး ခ်ိန္ညွိထားႏိုင္တဲ့ electric အေရွ႕ထိုင္ခုံေတြ၊ သားေရထိုင္ခုံေတြ၊ အပူနဲ႕ ေလေပါက္ပါဝင္တဲ့ အေရွ႕ထုိင္ခုံေတြ၊ ျဂိဳဟ္တုလမ္းညႊန္အပါအဝင္ ၈ လက္မ Lexus Media Display နဲ႕ DAB ေရဒီယို၊ အေနာက္ၾကည့္ကင္မရာတို႕ တပ္ဆင္ေပးထားတာ ေတြ႕ရပါတယ္။ ကားဘီးကေတာ့ ၁၈ လက္မ အလြိဳင္းေခြနဲ႕ျဖစ္ျပီး Auto LED မီးၾကီးေတြ၊ အပူေပးႏိုင္တဲ့ ေတာင္ပံေဘးမွန္ေတြ၊ အလုိအေလ်ာက္ wipers ေတြအျပင္ privacy glass ေတြနဲ႕လာတာပါ။

F-Sport

အင္ဂ်င္ပိုင္းမွာေတာ့ F-Sport trim ဟာ Standard နဲ႕တူတူပါပဲ။
ေခြကေတာ့ လက္မ ၂၀ အလြိဳင္းေခြနဲ႕ရရွိမွာျဖစ္ျပီး ပိုမိုအရိုင္းဆန္တဲ့ ပ်ားအိမ္ပုံ ဒီဇိုင္းနဲ႕ျဖစ္သြားမွာပါ။
အတြင္းခန္းကလည္း sporty ပိုျဖစ္ျပီး ေဖါင္းၾကြ sport ထိုင္ခုံေတြ၊ တအားေကာင္းတဲ့ သားေရသားအုပ္ ဂီယာတံေတြ၊ သတၳဳေျခနင္းေတြနဲ႕ရရွိမွာပါ။ အလူမီနီယမ္ေတြျမွဳပ္သြင္းထားတဲ့ အတြင္းခန္း ဒီဇိုင္းမွာ သားေရအစစ္လက္ကိုင္ေခြနဲ႕ေပါင္းလိုက္ေတာ့ တကယ့္ sporty အရသာကိုရရွိႏိုင္မွာျဖစ္ပါတယ္။
F-Sport ရဲ့ ထူးျခားခ်က္ကေတာ့ ေမာင္းတဲ့ေနရာမွာ ပိုျပီး သြက္လက္ျခင္း၊ ေအာက္ပိုင္းပိုမိုမာေက်ာျခင္းနဲ႕ အသံဆူညံမႈကိုထိန္းေပးႏိုင္တဲ့ ကရိယာ ပါဝင္ျခင္းပါပဲ။ သူထက္ပိုျပီး sporty ျဖစ္တဲ့ SUV ကိုလိုခ်င္ရင္ေတာ့ BMW ရဲ့ X5 သာေဈးကြက္အတြင္းရွိေနပါလိမ့္မယ္။

Takumi

Takumi ရဲ့ အဓိပၸါယ္ကေတာ့ master ပါ။ အျမင့္စား Lexus ရဲ့ အျမင့္ဆုံး trim ပါပဲ။
အေရာင္ ၅ ေရာင္ေရြးခ်ယ္ႏုိင္တဲ့ သားေရအစစ္ထိုင္ခုံေတြ၊ အပူအေအး အေထာက္အပံ့ေပးႏိုင္တဲ့ အေရွ႕ထိုင္ခုံေတြ၊ ၁၂.၃ လက္မ မ်က္နွာျပင္နဲ႕ infotainment display ၊ ျဂိဳဟ္တုလမ္းညႊန္၊ speaker ၁၅ လုံးကိုမွ Mark Levinson stereo နဲ႕။ လက္မ ၂၀ အလြိဳင္းေခြ၊ ဇုံ ၃ ခုနဲ႕ climate control အျပင္ safety kit ေတြအျဖစ္ adaptive cruise control ၊ lane keeping assist ၊ traffic sign recognition နဲ႕ အလိုအေလ်ာက္ အတိုးအေလ်ာ့ျပဳလုပ္ႏုိင္တဲ့ အေရွ႕မီးၾကီးေတြနဲ႕ရရွိမွာပါ။
အင္ဂ်င္ကေတာ့ 450H 3.5 CVT အင္ဂ်င္ပါပဲ။

စာေရးသူ : စိုင္းဆိုင္(ရန္ကုန္)
Ref: New Lexus RX review by Mat Watson


Unicode Version

တည်ဆောက်ပုံကောင်းမွန်ပြီး မောင်းနှင်ရတာ ဇိမ်ကျတဲ့ Lexus RX 2019 ကတော့ hybrid အင်ဂျင်နဲ့ပဲ ထုတ်လုပ်လိုက်တာပါ။ လူ ၄ ယောက်ပဲ စီးနင်းမယ်ဆိုရင်တော့ အရမ်းကို သက်သောင့်သက်သာရှိလှတဲ့ SUV အကြီးစားဖြစ်ပြီး အနောက်ပစ္စည်းထားခန်းကတော့ ဒီလိုအမျိုးအစား ကားတွေအတွက် သေးတယ်လို့ပြောနိုင်ပါတယ်။ Hybrid အင်ဂျင်တစ်မျိုးထဲဖြစ်သွားတာကလည်း ရွေးချယ်စရာ အရမ်းနည်းသွားစေပါတယ်။

အားသာချက်
+ လွန်စွာသက်သောင့်သက်သာရှိခြင်း
+ တည်ဆောက်ပုံအရည်အသွေး ထူးခြားကောင်းမွန်ခြင်း
+ အံ့အားသင့်ဖွယ်ရာ မောင်းနှင်မှုကုန်ကျစာရိတ် မများခြင်း

အားနည်းချက်
- ဒီဇယ်အင်ဂျင် ရွေးချယ်စရာမရှိခြင်း
- အနောက်ပစ္စည်းထားခန်းမှာ SUV အကြီးစားအနေဖြင့် သေးငယ်ခြင်း
- ခပ်ဖိုင့်ဖိုင့်သဏ္ဌာန်ရှိခြင်း

သုံးသပ်ချက်

Lexus RX 2019 ကတော့ စတိုင်ကျတယ်၊ sporty ဖြစ်တယ်၊ မောင်းနှင်ရတာလည်း ညက်ညောမှုအပြည့်ရှိပြီး ဇိမ်အကျဆုံးကားတွေထဲကတစ်စီးပါ။
အပြင်ပိုင်းကကြည့်မယ်ဆိုရင် စိုလွင်တဲ့အရောင်၊ ထင်းလှတဲ့ ခရိုမီယမ်လိုင်းတွေဟာ Lexus RX ကို တကယ့်ကို သားနားစေတာတွေ့ရတယ်။ Audi Q7 နဲ့ BMW X5 တို့လောက် မကြွားဘူးလို့ဆိုနိုင်ပေမယ့် တန်ဖိုးကြီးကားတစ်စီးဖြစ်ကြောင်းကိုတော့ သက်သေပြနေစရာမလိုတဲ့ကားတစ်စီးပါ။
Lexus RX ရဲ့ အပြင်ပုံစံကို အလန်းကြီးဟလို့ ဆိုမယ့်သူတွေအတွက် အတွင်းခန်းက ပိုပြီး အရသာထူးကြောင်း ပြောပြချင်ပါတယ်။ တောက်ပြောင်အောင်တိုက်ထားတဲ့ အလူမီနီယမ်ဘောင်တွေနဲ့ သစ်သား trim ဟာ BMW တို့ Audi တို့ရဲ့ တကယ့်တန်ဖိုးကြီးကားတွေမှာမှ ပါလာတတ်တာမျိုး။
အရှေ့အနောက် အချက်ပြမီး၊ ဘရိတ်မီး၊ ရှေ့မီးကြီး၊ နှင်းခွဲမီး၊ ထောင့်ချိုးမီး၊ နေ့ထွန်းမီးတွေအားလုံးဟာ LED တွေချည်းပါပဲ။ မှန်တွေကလည်း နေရောင်ဒဏ်ကို အကာအကွယ်ပေးနိုင်တဲ့ UV reducing glass တွေကိုအသုံးပြုပေးထားတာကတော့ ကိုယ်တွေနိုင်ငံမှာလိုမျိုး နေရောင်ဒဏ်ခံရတာများတဲ့ နိုင်ငံတွေအတွက် တော်တော်လေးအဆင်ပြေနိုင်ပါတယ်။ မီးတွေ၊ wipers တွေက sensors တွေနဲ့ဖြစ်တဲ့အတွက် အလိုအလျောက် အလုပ်လုပ်နိုင်တယ်။ နောက်ကြည့်အတွင်းမှန်နဲ့ ဘေးမှန်တွေအားလုံး Automatic dimming ဖြစ်တာကတော့ ညပိုင်းကားမောင်းသူတွေရဲ့ အကြိုက်ပါ။ မျက်စိစူးခြင်းကနေ အကာအကွယ်ပေးမှာဖြစ်ပါတယ်။
သေချာတာကတော့ Audi ၊ BMW စတာတွေကထုတ်တဲ့ ဂျာမဏီဇိမ်ခံကားမျိုး ဂျပန်ထုတ်ကိုလိုချင်ရင်တော့ Lexus ကိုသာ အဝယ်စာရင်းရဲ့ ထိပ်ဆုံးနေရာမှာထားသင့်ပါတယ်။ ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟော်တယ်ထဲမှာပဲ နေချင်တယ်ဆိုတဲ့သူတောင်မှ ဟော်တယ်ခန်းကို မေ့သွားလောက်တယ်အထိ Lexus RS ဟာ ဇိမ်ကျတာပါ။

အတွင်းခန်း
Dashboard ဒီဇိုင်းက အဆန်းပါ။ Asymmetric လို့ခေါ်တဲ့ အချိုးမညီမှုကို အနုပညာမြောက် ပုံဖေါ်ထားတဲ့ ဒီဇိုင်းပါ။ ပါဝင်တဲ့ အသုံးအဆောင်တွေနဲ့ ကြားကွက်လပ်တွေရဲ့ ဆက်စပ်နေရာတွေမှာက လေဆာနဲ့တိုင်းထားပုံတောင်ရတယ်။ သေသပ်ပြီး တိတိကျကျရှိတာကို တွေ့ရလို့ပါ။ သစ်သား trim အကွေးအခုံးတွေကလည်း တော်တော်လက်ရာမြောက်တာတွေ့ရတယ်။ Premier models တွေဆိုရင် Yamaha piano ကိုထုတ်လုပ်တဲ့ လက်မှုပညာသည် ဆရာသမားတွေရဲ့လက်ရာနဲ့ ထုတ်ထားတယ်လို့တောင် ဆိုထားတာပါ။
Infotainment ဒီဇိုင်းပိုင်းကိုလည်း ဒီ Yamaha ကသူတွေပဲ ဒီဇိုင်းဆွဲပေးထားပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာပါတဲ့ joystick ထိန်းချုပ်မှုစနစ်က စန္ဒရားတီးရာမှာ ခက်ခဲတဲ့လက်ကွက်တွေကိုတီးရသလိုမျိုး၊ ကိုင်ရ၊ တွယ်ရ၊ အသုံးပြုရ ခက်ခဲလို့ပါ။ နောက်တစ်ခုက infotainment မျက်နှာပြင်ရဲ့ resolution။ ဒီလိုမျိုး တန်ဖိုးကြီးကားအတွက်ဆိုရင် အရည်အသွေးနိမ့်တယ်လို့ပြောလို့ရတယ်။
Lexus RX မှာပါတဲ့ အရှေ့ခုံတွေကတော့ တကယ့်ကို special ပါပဲ။ Electric စနစ်နဲ့ ချိန်ညှိနိုင်တယ်၊ အပူရော အအေးပါပေးနိုင်တယ်။ ဒါက ဘယ်လို model အတွက်ကိုမဆိုပါတာနော်။ အနောက်ထိုင်ခုံတွေကို ပြောရရင်တော့ အရပ်ခြောက်ပေသမားတွေအတွက်တောင်မှ ကောင်းကောင်းကျယ်တယ်။ နောက်ကိုလည်း လှန်ချနိုင်တဲ့အတွက် ခရီးရှည်သွားတဲ့အခါမျိုးမှာ ကားပေါ်လိုက်ပါစီးနင်းတဲ့သူတွေအားလုံး ဇိမ်ကျကျစီးနိုင်တာပေါ့။
တကယ်လို့သာ Audi တို့ BMW တို့ Mercedes တို့ စီးနေတဲ့သူတစ်ယောက်ဟာ Lexus RX ရဲ့ dashboard နဲ့အတွင်းခန်းအပြင်အဆင်ကို အပြောင်းအလဲအနေနဲ့ခံစားကြည့်မယ်ဆိုရင် သစ်လွင်တဲ့ အပြောင်းအလဲကို ရရှိနိုင်တဲ့အထိ Lexus RX ရဲ့ အတွင်းခန်းက ချစ်ဖို့ကောင်းတာပါ။ ဆယ်စုနှစ်တစ်စုစာလောက်အထိလည်း ကောင်းကောင်းကြီး ရေရှည်ခံမယ့်ပုံပါပဲ။
အားနည်းချက်အနေနဲ့ကတော့ အပေါ်မှာ ပြောခဲ့သလိုမျိုး infotainment display ရဲ့ resolution ပါ။ လုပ်ဆောင်ချက်တွေ၊ တုန့်ပြန်ချက်တွေအားလုံးကောင်းပေမယ့် ဒီလိုမျိုးကားမှာ ဒီလိုမျိုး resolution ဆိုတာမျိုးက အားနည်းချက်တစ်ခုဖြစ်နေတာ သေချာပါတယ်။ အသံပိုင်းဆိုင်ရာကတော့ ကောင်းမွန်ပြီး ကြည်လင်ပြတ်သားမှုရှိလှပါတယ်။ ဒါကလည်း Yamaha သမားတွေရဲ့ ထောက်ပံ့မှုကြောင့်များ ပိုကောင်းသလားထင်ရလောက်အောင် speaker ၁၅ လုံးရဲ့ အရည်အသွေးဟာ တကယ့်ကို ထိပ်တန်းအဆင့်မှာ ရှိနေတာပါ။

လက်တွေ့ဆိုရင်

ထိုင်ခုံတွေနဲ့ဆိုရင် boot ဝင်ဆံ့မှု 453 litres ဟာ BMW X5 ရဲ့ ဝင်ဆံ့မှု 650 litres ထက်နည်းသလို Mercedes GLE ရဲ့ ဝင်ဆံ့မှုပမာဏ 690 litres ထက်လည်းနည်းနေပါတယ်။ Boot မှာက ချိတ်စရာချိတ်တွေ၊ ညှပ်စရာ ဆန်ကာတွေနဲ့ ဖုန်စုပ်စက်အသုံးပြုဖို့လွယ်ကူတဲ့ 12v power socket ပါဝင်တာကတော့ မဆိုးဘူးလို့ပြောရမှာပါပဲ။
X5 တို့ GLE တို့နဲ့နှိုင်းယှဉ်ရာမှာ သေးငယ်တယ်ဆိုပေမယ့်လို့ Lexus RX ရဲ့ boot ဟာ ခရီးဆောင်အိတ် အကြီး နှစ်လုံးလောက်တော့ အသာလေးထည့်လို့ရပါတယ်။ တကယ်လို့ ကိုယ်တင်ချင်တဲ့ ပစ္စည်းဟာ များမယ်၊ ဒါမှမဟုတ် ရှည်မယ်ဆိုရင်တော့ နောက်ခုံတွေခေါက်ပြီး တင်လို့ရပါတယ်။ နောက်ခုံတွေခေါက်လိုက်မယ်ဆိုရင်တော့ ဝင်ဆံ့မှုက 924 litres ဖြစ်သွားမှာပါ။ (1 litres = 1,000 ကုဗစင်တီမီတာ)
RX အသစ်ဟာ ၅ ယောက်စီးဖြစ်ပေမယ့် ၄ ယောက်အတွက်ဆိုရင်တော့ တကယ့်ကို တိမ်တိုက်တွေအပေါ် စီးနင်းရသလို လွတ်လပ်ပေါ့ပါးပြီး ဇိမ်အကျဆုံးဖြစ်မှာပါပဲ။ ၅ ယောက်ဆိုရင်တော့ အနောက်ခုံမှာ လိုက်ပါမယ့်သူတွေရဲ့ ဇိမ်ကျမှု ရေချိန်က ကျသွားပါလိမ့်မယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ၇ ယောက်စီး မရနိုင်တာပါ။
Safety ပိုင်းအရဆိုရင်လည်း ကားနောက်ဆုတ်တဲ့အချိန် အနောက်ဘက်မှာ အသွားအလာရှိရင် အလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်တဲ့ RCTB (Rear Cross Traffic Auto Brake)၊ ယာဉ်လမ်းကြောင်းပေါ်မောင်းနှင်တဲ့နေရာမှာ ယိမ်းထိုးမှုကို အချက်ပြပေးနိုင်တဲ့ (Sway Warning System)၊ အနောက်ထိုင်ခုံတွေအတွက်အပါအဝင် ဒူးအတွက်ပါ သီးခြားစီပါဝင်တဲ့ လေအိတ်ပတ်လည်၊ ယာဉ်တိုက်မှုများမှာ ယာဉ်မောင်းသူအများအပြားဖြစ်လေ့ရှိသော 'ဇတ်' ထိခိုက်မှုကို အကာအကွယ်ပေးနိုင်တဲ့ WIL whiplash protection စနစ်နဲ့ အရှေ့ထိုင်ခုံတွေ၊ Electronic ဖြင့်ထိန်းချုပ်တဲ့ ဘရိတ်စနစ်၊ ကုန်းလျောများမှာ အနောက်ကို လျောကျမသွားအောင် အထောက်ပံ့ပေးနိုင်တဲ့ Hill Start Assist ၊ ရုတ်တရက် ဘရိတ်နင်းရာတွင် ကားရဲ့အမြန်နှုန်းကို တိကနဲ မရပ်ပစ်ဘဲ အမြန်နှုန်း၊ ယာဉ်မောင်းသူရဲ့ လက်ကိုင်ထိန်းချုပ်မှုနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် အထောက်အပံ့ပေးနိုင်သောကြောင့် ချော်ထွက်မှု ရာနှုန်းကိုလွန်စွာနည်းပါးစေတဲ့ ABS (Anti-lock Brake System) ၊ ကားရဲ့ဖိအားနဲ့ အမြန်နှုန်းအပေါ်မူတည်ကာ ကားဘီးများပေါ်တွင် ဘရိတ်အကျိုးသက်ရောက်မှုအနည်းအများ ချိန်ညှိပေးနိုင်သောကြောင့် အကွေ့ကဲ့သို့နေရာမျိုးတွေမှာ အကောင်းဆုံးထိန်းညှိထောက်ပံ့ပေးနိုင်တဲ့ EBD (Electronic Brakeforce Distribution) ၊ ယာဉ်မောင်းသူရဲ့ ဘရိတ်နင်းအားအပေါ်မူတည်ကာ ဘရိတ်ပါဝါကို ထုတ်လုပ်ပေးနိုင်သောကြောင့် ရုတ်တရက် ပြင်းပြင်းထန်ထန်ဘရိတ်နင်းမှုများကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ BA (Brake Assist)၊ ချော်တဲ့လမ်းတွေ slip ဖြစ်နိုင်တဲ့လမ်းတွေအပေါ်မှာ ဘီးတို့ရဲ့ကုပ်အားကို ပိုမိုကောင်းမွန်စေတဲ့ traction control တို့ပါဝင်တဲ့အတွက် ၂၀၁၉ ထုတ် လုံခြုံစိတ်ရမှုနည်းပညာများ အပြည့်အစုံပါဝင်တဲ့ကားတစ်စီးပါ။

မောင်းနှင်မှု

Lexus RX 2019 မှာက ဓါတ်ဆီ-လျှပ်စစ် hybrid အင်ဂျင်နဲ့ပဲရရှိနိုင်ပါတယ်။ ထူးခြားတာက RX 2019 ရဲ့ အင်ဂျင်ရဲ့ အသံတိတ်ဆိတ်မှုပါ။ လျှပ်စစ်မော်တာနဲ့ မောင်းနှင်နေစဉ်မှာ ကိုယ့်အိမ်ထဲမှာ ထိုင်နေသလို ညင်သာတိတ်ဆိတ်တဲ့ အရသာမျိုး ရရှိနိုင်တာကတော့ အံ့သြစရာပါပဲ။ 3.5-litre V6 ဓါတ်ဆီအင်ဂျင်နဲ့ လျှပ်စစ်မော်တာတို့ရဲ့ ပူးပေါင်းစွမ်းဆောင်ရည်အဖြစ် ဆီစားနှုန်းပျမ်းမျှအနေနဲ့ 44mpg လောက် လက်တွေ့ရရှိပါတယ်။ ကုမ္ပဏီကတော့ 51.4mpg အထိရှိမယ်လို့ ဆိုထားတာပါ။
တခြားရွေးချယ်မှုအနေနဲ့ 238hp အထိထွက်ရှိမယ့် 2.0-litre turbocharge ဓါတ်ဆီအင်ဂျင် ရှိပါသေးတယ်။ 200T ပါ။ ဒါကိုတော့ သိပ်အားမပေးချင်ပါဘူး။ ဆီစားနှုန်းမြင့်မားလို့ပါ။ ကုမ္ပဏီက 36.2mpg လို့ဆိုထားပေမယ့် လက်တွေ့မောင်းနှင်ရာမှာတော့ 10mpg လောက် လျော့ပြီးတွက်ချက်သင့်ပါတယ်။
မောင်းနှင်ကြည့်ပြီးပြောချင်တာက SUV ဆိုတဲ့ Sport Utility Vehicle ဆိုတဲ့နေရာမှာ တကယ့်ကို sporty ဖြစ်တာလိုချင်တယ်ဆိုရင်တော့ Lexus RX အသစ်ဟာ ခင်ဗျားအတွက်မဟုတ်ပါဘူး။ BMW X5 တို့Porsche Macan တို့ကို ပိုမိုဦးစားပေးရွေးချယ်သင့်ပါတယ်။
ဒါပေမယ့် လက်တွေ့မောင်းနှင်ရာမှာ Lewis Hamilton မောင်းနှင်တဲ့ပုံစံမျိုးထက်စာရင် အဆင်ပြေချောမွေ့မှု၊ သက်သောင့်သက်သာဖြစ်မှု၊ ဇိမ်ကျမှု စတဲ့အချက်တွေအပေါ် ပိုမိုအလေးထားသူဆိုရင်တော့ Lexus RX အသစ် ဟာ အမှန်ကန်ဆုံး ရွေးချယ်မှုပါပဲ။
မြို့အတွင်းမောင်းနှင်တဲ့အချိန်မျိုးမှာ Lexus RX ဟာ ကိုယ်ထည်ရဲ့အမြင့်၊ လေကာမှန်ရဲ့ပုံစံကြောင့် အကောင်းဆုံးမြင်ကွင်းရရှိနိုင်တဲ့ ကားတစ်စီးဖြစ်ပြီး လျှပ်စစ်မော်တာရဲ့ အသံတိတ်ဆိတ်မှုဟာ ခင်ဗျားအတွက်ရော ခင်ဗျားပတ်ဝန်းကျင်အတွက်ပါ စိတ်ချမ်းသာစရာတွေကိုပဲ ပေးစွမ်းမှာဖြစ်ပါတယ်။
အမြန်လမ်းမှာ မြန်နှုန်းမြင့်မောင်းတဲ့အခါမှာလည်း ဇိမ်ကျမှုနဲ့ မြန်ဆန်မှုကို တစ်ပါတည်းရရှိနိုင်တဲ့ကားမျိုးဖြစ်သလို ခပ်ကြမ်းကြမ်းလမ်းတွေပေါ်မှာလည်း အဆင့်မြင့် suspension ရဲ့ စွမ်းဆောင်ရည်က တုန်ခုန်မှုကင်းတဲ့ ငြိမ့်ညောင်းမှုအရသာကို ရရှိစေနိုင်ပါသေးတယ်။ ပြောရမယ်ဆိုရင် Lexus RX အသစ်ဟာ မိုင်တစ်ရာလောက်ကို ဖိအားကင်းကင်းနဲ့သာသာယာယာ မောင်းနှင်နိုင်မယ့် ကားအမျိုးအစားပါ။
ဥရောပ NCAP ရဲ့ ကြယ်ငါးပွင့်အဆင့်ရ safety ကောင်းမွန်လှတဲ့ကားတစ်စီးဖြစ်တာကြောင့်လည်း အမြန်လမ်းတွေပေါ်မှာ စိတ်ချလက်ချ မောင်းနှင်နိုင်မယ့် ကားတစ်စီးဖြစ်နေတော့တာပါပဲ။

အချက်အလက်တွေ

Lexus RX အသစ်အတွက်ကတော့ trim ၃ မျိုးရှိပါတယ်။ Standard ၊ F-Sport နဲ့ Takumi ပါ။

Standard

Standard trim မှာ တပ်ဆင်ပေးထားတဲ့အင်ဂျင်ကတော့ 450H 3.5 CVT အင်ဂျင်ဖြစ်ပြီး 3.5L ဓါတ်ဆီ-လျှပ်စစ် hybrid ဖြစ်ပြီး အမြင့်ဆုံးပါဝါအနေနဲ့ 313hp အထိရရှိနိုင်ပါတယ်။ 0-60mph ကို ၇.၇ စက္ကန့်ထဲနဲ့ မြှင့်တင်မောင်းနှင်နိုင်တဲ့အတွက် ဒီလိုမျိုးကားမျိုးအတွက်ဆို မနည်းလှပါဘူး။
Standard trim နဲ့ Lexus RX တွေမှာက ပုံစံ ၈ မျိုး ချိန်ညှိထားနိုင်တဲ့ electric အရှေ့ထိုင်ခုံတွေ၊ သားရေထိုင်ခုံတွေ၊ အပူနဲ့ လေပေါက်ပါဝင်တဲ့ အရှေ့ထိုင်ခုံတွေ၊ ဂြိုဟ်တုလမ်းညွှန်အပါအဝင် ၈ လက်မ Lexus Media Display နဲ့ DAB ရေဒီယို၊ အနောက်ကြည့်ကင်မရာတို့ တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။ ကားဘီးကတော့ ၁၈ လက်မ အလွိုင်းခွေနဲ့ဖြစ်ပြီး Auto LED မီးကြီးတွေ၊ အပူပေးနိုင်တဲ့ တောင်ပံဘေးမှန်တွေ၊ အလိုအလျောက် wipers တွေအပြင် privacy glass တွေနဲ့လာတာပါ။

F-Sport

အင်ဂျင်ပိုင်းမှာတော့ F-Sport trim ဟာ Standard နဲ့တူတူပါပဲ။
ခွေကတော့ လက်မ ၂၀ အလွိုင်းခွေနဲ့ရရှိမှာဖြစ်ပြီး ပိုမိုအရိုင်းဆန်တဲ့ ပျားအိမ်ပုံ ဒီဇိုင်းနဲ့ဖြစ်သွားမှာပါ။
အတွင်းခန်းကလည်း sporty ပိုဖြစ်ပြီး ဖေါင်းကြွ sport ထိုင်ခုံတွေ၊ တအားကောင်းတဲ့ သားရေသားအုပ် ဂီယာတံတွေ၊ သတ္ထုခြေနင်းတွေနဲ့ရရှိမှာပါ။ အလူမီနီယမ်တွေမြှုပ်သွင်းထားတဲ့ အတွင်းခန်း ဒီဇိုင်းမှာ သားရေအစစ်လက်ကိုင်ခွေနဲ့ပေါင်းလိုက်တော့ တကယ့် sporty အရသာကိုရရှိနိုင်မှာဖြစ်ပါတယ်။
F-Sport ရဲ့ ထူးခြားချက်ကတော့ မောင်းတဲ့နေရာမှာ ပိုပြီး သွက်လက်ခြင်း၊ အောက်ပိုင်းပိုမိုမာကျောခြင်းနဲ့ အသံဆူညံမှုကိုထိန်းပေးနိုင်တဲ့ ကရိယာ ပါဝင်ခြင်းပါပဲ။ သူထက်ပိုပြီး sporty ဖြစ်တဲ့ SUV ကိုလိုချင်ရင်တော့ BMW ရဲ့ X5 သာဈေးကွက်အတွင်းရှိနေပါလိမ့်မယ်။

Takumi

Takumi ရဲ့ အဓိပ္ပါယ်ကတော့ master ပါ။ အမြင့်စား Lexus ရဲ့ အမြင့်ဆုံး trim ပါပဲ။
အရောင် ၅ ရောင်ရွေးချယ်နိုင်တဲ့ သားရေအစစ်ထိုင်ခုံတွေ၊ အပူအအေး အထောက်အပံ့ပေးနိုင်တဲ့ အရှေ့ထိုင်ခုံတွေ၊ ၁၂.၃ လက်မ မျက်နှာပြင်နဲ့ infotainment display ၊ ဂြိုဟ်တုလမ်းညွှန်၊ speaker ၁၅ လုံးကိုမှ Mark Levinson stereo နဲ့။ လက်မ ၂၀ အလွိုင်းခွေ၊ ဇုံ ၃ ခုနဲ့ climate control အပြင် safety kit တွေအဖြစ် adaptive cruise control ၊ lane keeping assist ၊ traffic sign recognition နဲ့ အလိုအလျောက် အတိုးအလျော့ပြုလုပ်နိုင်တဲ့ အရှေ့မီးကြီးတွေနဲ့ရရှိမှာပါ။
အင်ဂျင်ကတော့ 450H 3.5 CVT အင်ဂျင်ပါပဲ။

စာရေးသူ : စိုင်းဆိုင်(ရန်ကုန်)
Ref: New Lexus RX review by Mat Watson

Latest News

သင့္ကားအင္ဂ်င္က်ေနျပီလားဆုိတာ သိႏိုင္မယ့္ အခ်က္...

Zawgyi Version “ကားအင္ဂ်င္က်တာ၊ အင္ဂ်င္ကုိင္တာ၊ အင္ဂ်င္တင္တာ၊ အင္ဂ်င္အေပၚဖြင့္/ေအာက္ဖြင့္လုပ္တာ" ဆုိတာမ်ိဳးေတြကုိ ကားေလာက...

Read more »

ျမန္မာအပါအဝင္ ဥေရာပႏွင့္ အာရွႏိုင္ငံေပါင္း ၁၀...

Zawgyi Version ဥေရာပႏွင့္ ျမန္မာအပါအဝင္ အာရွႏိုင္ငံေပါင္း ၁၀ ႏိုင္ငံေက်ာ္မွ professional rally drivers ႏွင့္...

Read more »

ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃...

​Zawgyi Version ​ေမာ္​​ေတာ္​ယာဥ္​အမည္​​ေပါက္​​ေျပာင္​းလဲျခင္​းကို ၃ ရာခိုင္​ႏႈန္​းအထိ ​ေျဖ​ေလွ်ာ့သတ္​မွတ္​​ေပးရန္​အတြက္​...

Read more »

Suzuki Ertiga 2019 Review (Local)

Zawgyi Version ကိုယ္ေတြႏုိင္ငံနဲ႕ အဆင္ေျပမယ့္ ကားတစ္စီးဆိုတာဟာ ပုံမွန္ထက္ ျမင့္ရမယ္၊ က်ယ္ရမယ္၊ ဆီစားသက္သာရမယ္။ ေနာက္တစ္ခု ေဈးႏႈန္းလည္း...

Read more »

ကမၻာ့အျမန္ဆုံး full-size luxury sedan...

Zawgyi Version Twin-turbo W-12 အင္ဂ်င္၊ အျမင့္ဆုံးပါဝင္ထုတ္လႊတ္ႏုိင္မႈ 626hp၊ အျမန္ဆုံးျမန္ႏႈန္း 207mph နဲ႕ Bentley ရဲ့ Flying Spur 2020...

Read more »