Lamborghini အမွတ္တံဆိပ္ရဲ႕ ပထမဆံုးအေနနဲ႔ ထုတ္လုပ္ေတာ့မယ့္ SUV အမ်ိဳးအစား Off-roader အေနနဲ႔ မိတ္ဆက္ေပးလုိက္တဲ့ Urus


Urus

တန္ဖုိးၾကီး SUV ကားေတြဟာ ယခုအခ်ိန္တြင္ ေရပန္းစားလ်က္ရွိျပီး Lamborghini မွ ျပိဳင္ဘက္ကားေတြၾကားမွ ထူးျခားစြာျဖင့္ ကမာၻ႕အျမန္းဆံုး off road ကားအေနနဲ႔ Urus ကို ထုတ္လုပ္ဖုိ႔ သတင္းဦးၾကိဳေပးလုိက္ပါတယ္။Urus ဟာ Lamborghini ရဲ႕ ပထမဆံုးအေနနဲ႔ twin turbo 4.0-liter V8 အင္ဂ်င္အမ်ိဳးအစားအျဖစ္ထုတ္လုပ္ထားျခင္းျဖစ္ပါတယ္။ အခ်ိဳ႕ သတင္းေတြအရ Sant’Agata Bolognese မွာရွိတဲ့ Lamborghini ရဲ႕ အၾကမ္းထည္မွ စလင္ဒါ ရွစ္လံုးထိုး အင္ဂ်င္ကို ထုတ္လုပ္မယ္လုိ႔ ထင္ေၾကးေပးခံရသလို အခ်ိဳ႕ကေတာ့ ပင္မကုမၼဏီျဖစ္တဲ့ Audi မွ ပံုစံဒီဇိုင္းကို ေျပာင္းလဲျပီး ထုတ္လုပ္မယ္လုိ႔လည္း သတင္းေတြထြက္ေနပါတယ္။ ဘယ္လုိပဲ ျဖစ္ျဖစ္ အမႈေဆာင္အရာရွိေတြကေတာ့ Urus ရဲ႕ အင္ဂ်င္ကို ပံုမွန္အတိုင္းမဟုတ္ပဲ အထူးသီးသန္႔ထုတ္ေပးမည္ျဖစ္ေၾကာင္း အတည္ျပဳသြားပါတယ္။

Urus ဟာ စထြက္တာနဲ႔ ၄စကၠန္႔အတြင္း တစ္နာရီကို မိုင္ ၆၀ ႏႈန္းနဲ႔ သြားႏိုင္တယ္လုိ႔ အေျခခံအားျဖင့္ တူညီပါတယ္။ ခုေလာေလာဆယ္ ေစ်းကြက္ဝင္ေနတဲ့ အျမန္ဆံုး SUV ကားအမ်ိဳးအစားဟာ ၄.၁ စကၠန္႔အတြင္း တစ္နာရီကို မုိင္ ၆၀ သြားနိုင္တဲ့ Bentley Bentayga ျဖစ္ပါတယ္။ သူ႔ေနာက္ကမွ Mercedes-AMG C63 ကလည္း အျမန္္းဆံုးလုိ႔ သတ္မွတ္ခံေနရပါေသးတယ္။ ကမာၻ႕တန္ဖုိးၾကီး ကားတံဆိပ္မ်ားအနက္ Lamborghini ဟာ off road ကားေစ်းကြက္ထဲသို႔ အျမန္ဆံုးအရွိန္ႏႈန္းနဲ႔ ေရာက္ရွိလာေတာ့မယ္လုိ႔ ထင္ျမင္ခ်က္ေတြေပးေနၾကပါျပီ။

Urus ဟာ Lamborghini ရဲ႕ ပထမဆံုး ဓာတ္ဆီ-လွ်ပ္စစ္ စြမ္းအင္ ႏွစ္မ်ိဳးသံုးကားေမာ္ဒယ္အျဖစ္ ကမာၻနဲ႔တစ္ဝွမ္း စြမ္းအင္ေခၽြတာေရး မူဝါဒကို ေနာင္ဆယ္ႏွစ္မတိုင္ခင္ က်င့္သံုးႏိုင္ဖုိ႔ ထြက္ရွိလာျခင္းျဖစိပါတယ္။ V6 အင္ဂ်င္ ႏွင့္ လွ်ပ္စစ္ ေမာ္တာ တစ္လံုး အနည္းဆံုးပါဝင္မယ္လုိ႔ Lamborghini ရဲ႕ reaseach and development ဌာနမွ အရာရွိခ်ဳပ္ျဖစ္တဲ့ Maurizio Reggiani မွ Motoring နဲ႔ အင္တာဗ်ဴးမွာ သဲလြန္စေပးထားပါတယ္။

Lamborghini အေနနဲ႔ Urus ရဲ႕ စြမ္းေဆာင္ရည္ျမင့္မားဖုိ႔နဲ႔ အလ်င္ျမန္ဆံုးျဖစ္ေအာင္လုိ႔ တတ္ႏုိင္သေလာက္ အေလးခ်ိန္ေလ်ာ့ခ်ေပးထားျပီး အထက္တြင္ေဖာ္ျပထားခဲ့တဲ့ Bentayga ႏွင့္ Audi Q7 တို႔ နည္းတူ ျငိမ့္ေညာင္းညင္သာမႈ သက္ေတာင့္ သက္သာ ေမာင္းႏွင္ႏိုင္မႈ စတဲ့ ခံစားခ်က္ေတြေပးစြမ္းႏုိ္င္ေပမယ့္ Urus ကားကို တည္ေဆာက္တဲ့ အင္ဂ်င္နီယာေတြအေနနဲ႔ အခ်ိဳ႕ေနရာမ်ားကို စတီးေတြအစား ကာဗြန္ ဖုိက္ဘာေတြကို အသံုးျပဳထားပါတယ္။ ဒါေၾကာင့္ ကာဗြန္ ဖုိက္ဘာ ကိုယ္ထည္ရဲ႕ ေကာင္းက်ိဳးေတြကို Urus မွာသိသာထင္ရွားစြာ သိျမင္ႏိုင္မွာပါ။

ေနာက္ႏွစ္လေလာက္ေနရင္ေတာ့ Urus ရဲ႕ အေသးစိတ္အေၾကာင္းအရာအခ်ိဳ႕ ထပ္ထြက္ရွိလာမယ္လို႔ ခန္႔မွန္းရျပီး ပရိတ္သတ္ေတြကိုေတာ့ Geneva ေမာ္ေတာ္ယာဥ္ျပပြဲ 2018 edition ပြဲတြင္စတင္မိတ္ဆက္မွာျဖစ္ပါတယ္။

Urus5 Urus1 Urus2 Urus3 Urus4

 

http://www.digitaltrends.com/ မွဘာသာျပန္ဆိုသည္။
ဓာတ္ပံု-http://www.caranddriver.com



Unicode Version

Urus

တန်ဖိုးကြီး SUV ကားတွေဟာ ယခုအချိန်တွင် ရေပန်းစားလျက်ရှိပြီး Lamborghini မှ ပြိုင်ဘက်ကားတွေကြားမှ ထူးခြားစွာဖြင့် ကမ္ဘာ့အမြန်းဆုံး off road ကားအနေနဲ့ Urus ကို ထုတ်လုပ်ဖို့ သတင်းဦးကြိုပေးလိုက်ပါတယ်။Urus ဟာ Lamborghini ရဲ့ ပထမဆုံးအနေနဲ့ twin turbo 4.0-liter V8 အင်ဂျင်အမျိုးအစားအဖြစ်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ အချို့ သတင်းတွေအရ Sant’Agata Bolognese မှာရှိတဲ့ Lamborghini ရဲ့ အကြမ်းထည်မှ စလင်ဒါ ရှစ်လုံးထိုး အင်ဂျင်ကို ထုတ်လုပ်မယ်လို့ ထင်ကြေးပေးခံရသလို အချို့ကတော့ ပင်မကုမ္မဏီဖြစ်တဲ့ Audi မှ ပုံစံဒီဇိုင်းကို ပြောင်းလဲပြီး ထုတ်လုပ်မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှုဆောင်အရာရှိတွေကတော့ Urus ရဲ့ အင်ဂျင်ကို ပုံမှန်အတိုင်းမဟုတ်ပဲ အထူးသီးသန့်ထုတ်ပေးမည်ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။

Urus ဟာ စထွက်တာနဲ့ ၄စက္ကန့်အတွင်း တစ်နာရီကို မိုင် ၆ဝ နှုန်းနဲ့ သွားနိုင်တယ်လို့ အခြေခံအားဖြင့် တူညီပါတယ်။ ခုလောလောဆယ် စျေးကွက်ဝင်နေတဲ့ အမြန်ဆုံး SUV ကားအမျိုးအစားဟာ ၄.၁ စက္ကန့်အတွင်း တစ်နာရီကို မိုင် ၆ဝ သွားနိုင်တဲ့ Bentley Bentayga ဖြစ်ပါတယ်။ သူ့နောက်ကမှ Mercedes-AMG C63 ကလည်း အမြန်းဆုံးလို့ သတ်မှတ်ခံနေရပါသေးတယ်။ ကမ္ဘာ့တန်ဖိုးကြီး ကားတံဆိပ်များအနက် Lamborghini ဟာ off road ကားစျေးကွက်ထဲသို့ အမြန်ဆုံးအရှိန်နှုန်းနဲ့ ရောက်ရှိလာတော့မယ်လို့ ထင်မြင်ချက်တွေပေးနေကြပါပြီ။

Urus ဟာ Lamborghini ရဲ့ ပထမဆုံး ဓာတ်ဆီ-လျှပ်စစ် စွမ်းအင် နှစ်မျိုးသုံးကားမော်ဒယ်အဖြစ် ကမ္ဘာနဲ့တစ်ဝှမ်း စွမ်းအင်ချွေတာရေး မူဝါဒကို နောင်ဆယ်နှစ်မတိုင်ခင် ကျင့်သုံးနိုင်ဖို့ ထွက်ရှိလာခြင်းဖြစိပါတယ်။ V6 အင်ဂျင် နှင့် လျှပ်စစ် မော်တာ တစ်လုံး အနည်းဆုံးပါဝင်မယ်လို့ Lamborghini ရဲ့ reaseach and development ဌာနမှ အရာရှိချုပ်ဖြစ်တဲ့ Maurizio Reggiani မှ Motoring နဲ့ အင်တာဗျူးမှာ သဲလွန်စပေးထားပါတယ်။

Lamborghini အနေနဲ့ Urus ရဲ့ စွမ်းဆောင်ရည်မြင့်မားဖို့နဲ့ အလျင်မြန်ဆုံးဖြစ်အောင်လို့ တတ်နိုင်သလောက် အလေးချိန်လျော့ချပေးထားပြီး အထက်တွင်ဖော်ပြထားခဲ့တဲ့ Bentayga နှင့် Audi Q7 တို့ နည်းတူ ငြိမ့်ညောင်းညင်သာမှု သက်တောင့် သက်သာ မောင်းနှင်နိုင်မှု စတဲ့ ခံစားချက်တွေပေးစွမ်းနို်င်ပေမယ့် Urus ကားကို တည်ဆောက်တဲ့ အင်ဂျင်နီယာတွေအနေနဲ့ အချို့နေရာများကို စတီးတွေအစား ကာဗွန် ဖိုက်ဘာတွေကို အသုံးပြုထားပါတယ်။ ဒါကြောင့် ကာဗွန် ဖိုက်ဘာ ကိုယ်ထည်ရဲ့ ကောင်းကျိုးတွေကို Urus မှာသိသာထင်ရှားစွာ သိမြင်နိုင်မှာပါ။

နောက်နှစ်လလောက်နေရင်တော့ Urus ရဲ့ အသေးစိတ်အကြောင်းအရာအချို့ ထပ်ထွက်ရှိလာမယ်လို့ ခန့်မှန်းရပြီး ပရိတ်သတ်တွေကိုတော့ Geneva မော်တော်ယာဉ်ပြပွဲ 2018 edition ပွဲတွင်စတင်မိတ်ဆက်မှာဖြစ်ပါတယ်။

Urus5 Urus1 Urus2 Urus3 Urus4

 

http://www.digitaltrends.com/ မှဘာသာပြန်ဆိုသည်။
ဓာတ်ပုံ-http://www.caranddriver.com

Latest News

မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ္​သတ္​မွတ္​ခ်က္​ထုတ္​ျပန္​ၿပီးေနာက္​ပိုင္​း ​ အ​ေရာင္​းစင္​တာ ဖြင္​့ရန္​ ​ေလ်ွာက္​ထားမႈမ်ားအား ဒီနွစ္ Consignment...

Read more »

ယာဥ္အပိုုပစၥည္းႏွင့္...

Img 0593 1 150x150

             carsdb Zawgyi Version ျမန္မာႏုုိင္ငံ၏ အႀကီးက်ယ္ဆံုုးေသာ ယာဥ္အပိုုပစၥည္းမ်ားႏွင့္ ဝန္ေဆာင္မႈလုုပ္ငန္းမ်ားဆုုိင္ရာ ႏုုိင္ငံ တကာ...

Read more »

City bus ကားမ်ား seater ကြဲလြဲျခင္​းမ်ား...

23714985 2158394427546642 1602509892 o 150x150

ျမန္မာအျပည္ျပည္ဆုုိင္ရာ သီလဝါဆိပ္ကမ္းသိုု႔ ေရာက္ရွိလာေသာ city bus မ်ား   Zawgyi Version ျပည္​ပက​ေန တင္​သြင္​းလာ​ေသာ city bus ကားမ်ား...

Read more »

Consignment စနစ္​တင္​သြင္​းထား​ေသာ ကားမ်ား...

Latest news1 10 150x150

Zawgyi Version အ​ေရာင္​စင္​တာမ်ားမွ အပ္​ကုန္​စနစ္​ျဖင္​့တင္​သြင္​းထား​​ေသာ ကားမ်ား အပ္​ႏွံမည္​ဆိုပါက ခြင္​့ျပဳ​ေပးသြား ရန္​႐ွိ္​သည္ဟုု...

Read more »

ယာဥ္​အို၊ ယာဥ္​​ေဟာင္​းအပ္​ႏွံၿပီး...

Latest news1 10 150x150

Zawgyi Version ယာဥ္​အို၊ ယာဥ္​​ေဟာင္​း အစီအစဥ္ျဖင္​့ ကား​ေဟာင္​းတစ္​စီး အပ္​ႏွံၿပီး ကားသစ္​တစ္​စီး အစားထိုးတင္​သြင္​းျခင္​းကို...

Read more »