လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းရှိ Kluger နှင့် Surf စလစ်ကပ်ကားအမျိုးအစားများ နယ်ဘက်မှ ဝယ်ယူမှုရှိလာ


 


 


 

နယ်ဝယ်လက်များ ဝယ်ယူလာကြည်သည့် Kluger, Surf စလစ်ကား ဈေးနှုန်းများမှာ Toyota Kluger မော်ဒယ် 2004, 2 wheel ဓာတ်ဆီ အင်ဂျင်ပါဝါ ၂၀၁၄ စီစီ၊ Auto ဂီယာ ရောက်ရှိနံပါတ် ရရှိမည်ဆိုပါက လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကျပ်သိန်း ၂၃၀ ဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်သလို Toyota Surf မော်ဒယ် 1997 4wheel ဒီဇယ်အင်ဂျင်ပါဝါ ၃၀၀၀ စီစီ၊ Auto ဂီယာနံပါတ် ထွက်ရှိထားသည့် ကားအမျိုးအစားဆိုလျှင်လည်း ကျပ် ၁၉၅ သိန်းဝန်းကျင်ဖြင့် ရန်ကုန်မြို့တွင်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်းများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်.။

 

AutoCar Buyers' Guide




Unicode Version

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း အတွင်းရှိ Kluger နှင့် Surf စလစ်ကပ် 2 wheel နှင့် 4 wheel ကားအမျိုးအစားများကို ယခုရက်ပိုင်းမှ စတင်ကာ နယ်ဝယ်လက် အများဆုံး လာရောက်ဝယ်ယူလာကြောင်း လှိုင်ယာဉ် ရောင်းဝယ်ရေးစခန်း အတွင်းရှိ ဝါရင့်ကားဝယ်ရောင်းများထံမှ စုံစမ်းသိရှိရသည်.။

 

Kluger စလစ်ကပ်ကားအမျိုးအစားကျတော့ 2 wheel တွေ ရောင်းရတယ်.။ Surf စလစ်ကပ်ကား အမျိုးအစားကျတော့ 4 wheel တွေရောင်းရတယ်.။ ဝယ်တဲ့သူတွေကလည်း နယ်ဘက်တွေက အများဆုံးဖြစ်တယ် ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းအတွင်းရှိ ဝါရင့်ကားဝယ်ရောင်း ကိုလှထွန်းက ပြောသည်.။

 

ပြီးခဲ့သည့် ရက်များတွင် စလစ်ကပ်အမျိုးအစားများဖြစ်သည့် Toyota Alphard, Rav4 Wish စသည့်ကားအမျိုးအစားများ အရောင်းအဝယ်ဖြစ်ရခြင်းသည် ရန်ကုန်ဝယ်လက်များ အဓိကဝယ်ယူ အသုံးပြုကြတာဖြစ်ကြောင်းနှင့် ယခုတစ်ပတ်မှတော့ Kluger, Surf စလစ်ကား အမျိုးအစားများသည် နယ်ဝယ်လက်များ ဝယ်ယူအသုံးပြုသူများလာသည့်အတွက် စလစ်ကပ်ကားအုပ်စုတွင် အရောင်းရဆုံး ကားများဖြစ်ကြောင်း သိရသည်.။

 

နယ်ဝယ်လက်များ ဝယ်ယူလာကြည်သည့် Kluger, Surf စလစ်ကား စျေးနှုန်းများမှာ Toyota Kluger မော်ဒယ် 2004, 2 wheel ဓာတ်ဆီ အင်ဂျင်ပါဝါ ၂ဝ၁၄ စီစီ၊ Auto ဂီယာ ရောက်ရှိနံပါတ် ရရှိမည်ဆိုပါက လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင် ကျပ်သိန်း ၂၃ဝ ဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်သလို Toyota Surf မော်ဒယ် 1997 4wheel ဒီဇယ်အင်ဂျင်ပါဝါ ၃ဝဝဝ စီစီ၊ Auto ဂီယာနံပါတ် ထွက်ရှိထားသည့် ကားအမျိုးအစားဆိုလျှင်လည်း ကျပ် ၁၉၅ သိန်းဝန်းကျင်ဖြင့် ရန်ကုန်မြို့တွင်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်းများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်.။

 

AutoCar Buyers' Guide

Vol:1 - Issue. 20, March 28, 2015 မှ ကူးယူဖော်ပြသည်.။

Latest News

Without ကားများကို RFID စနစ်​အသုံးပြု၍...

Latest news1 13 150x150

Zawgyi Version လိုင်​စင်​မဲ့ Without ကားများကို RFID စနစ်​အသုံးပြု၍ ဖမ်းဆီးစစ်​ဆးမည့်​စနစ်​အတွက်​ အကြံ​ပေးအဖွဲ့ ၅ ဖွဲ့​ကို...

Read more »

Mazda Myanmar က All New Mazda CX 9 ကားကို...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ မော်ဒယ် All New Mazda CX 9 ကို မြန်မာနိုင်ငံဈေးကွက်သို့ မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ က...

Read more »

ဒီဇင်​ဘာ ၃၁ အထိ စီးတီးတက္ကစီ​...

Latest news1 13 150x150

Zawgyi Version ရန်​ကုန်​တိုင်းအတွင်း ​​အဌားယာဉ်​အဖြစ်​ မှတ်​ပုံတင်​ထားသည့်​ကားများကို ယခုနှစ်​ ဒီဇင်​ဘာလ ၃၁ ရက်​​နေ့​နောက်​ဆုံးထား၍ city taxi...

Read more »

မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ...

For news 150x150

Zawgyi Version မော်​​တော်​ယာဉ်​ အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့်...

Read more »

(ခ) လိုင်စင်နှင့် (င) လိုင်စင်ကိုင်ဆောင်သူများ...

Latest news1 13 150x150

Zawgyi Version မြန်​မာတစ်​ပြည်​လုံးတွင်​​ မောင်းနှင်​ခွင့်​ရှိ​သော (ခ) လိုင်စင်နှင့် (င) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းများ အနေဖြင့်...

Read more »