Kia Motors မှ ကားများ Myanmar နိုင်ငံတွင် အောက်တိုဘာလဆန်းမှ စတင်ရောင်းချမည်
- MyanmarCarsDB
Unicode Version
တောင်ကိုရီးယားနိုင်ငံ၏အကြီးဆုံးကားကုမ္ပဏီတစ်ခုဖြစ်သည့် Kia Motors Corporation သည် မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၁ရက်မှစတင်၍ ကားများကိုစတင်ရောင်းချမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ သိရှိရသည်။ မြန်မာနိုင်ငံရှိ ကားရောင်းစင်တာ Super Seven Stars Motors Industry Co Ltd နဲ့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ဖြန့်ချီရေးဆိုင်ရာ ဆွေးနွေးမှုများကို အချောသပ်လျှက်ရှိကြောင်းသိရပါသည်။ Super Seven Stars သည် ၁၉၉၃ခုနှစ်ကတည်း မြန်မာ့ကားစျေးကွက်တွင် light trucks နဲ့ ကားပြုပြင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများလုပ်နေခဲ့သည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။
2012-09-11_113720-500x325
Hyundai Motor Coporation မှ ၃၄%ပိုင်ဆိုင်သည့် အဆိုပါ Kia Motors သည် ဆိုးလ်တွင်အခြေစိုက်ပြီး ၁၉၄၄ခုနှစ်ကတည်းက အိမ်သုံးရုံးသုံးကားအမျိုးမျိုးကို ကိုရီးယားနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းဖြန့်ချီနေသည့် အုပ်စုဖြစ်ပါသည်။ ၂ဝ၁ဝ တွင်လည်း ယာဉ်အစီးရေ ၁.၄သန်းရောင်းချရသည့်အတွက် ကမ္ဘာ့စတုတ္ထကားအများဆုံးရောင်းသည့်စာရင်းဝင်ခဲ့ပါသေးသည်။ အိမ်စီးကား၊ ကုန်တင်ယာဉ်၊ Electric Hybrid၊ စစ်ဘက်ဆိုင်ရာသုံးကားများစသည်ဖြင့် ယာဉ်အမျိုးပေါင်း ၃ဝကျော်ခန့်ထုတ်လုပ်လျှက်ရှိပြီး မြန်မာနိုင်ငံအတွက်အဓိကရောင်းချမည့်မော်ဒယ်များမှာ နာမည်ကျော် ကားငယ်များဖြစ်သည့် Picanto နဲ့ Rio တို့ဖြစ်ကြောင်းသိရပါသည်။ Picanto ကတော့ Hatchback တစ်မျိုးပဲထုတ်ပြီး Rio ကတော့ Hatchback ကော ဆလွန်း Sedan ပုံစံနဲ့လဲထုတ်ထားပါတယ်။ အခြား Light Truck များဖြစ်သည့် K2500, K2900 စသည်တို့လဲ ပါဝင်မည်ဟုကြားသိရပါသည်။
Image: Picanto Five Door Hatchback
kia-picantoImage: Rio Four Door Sedan
kia-rio-ls-wagon-09-500x282
Kia Motors မှ အခုလို ပူးပေါင်းဆောင်ရွက်မှုအတွက် အရောင်းစံချိန်တစ်ခုကို တိတိကျကျသတ်မှတ်ထားရယ်လို့တော့မရှိပဲ လက်ရှိဒီမော်ဒယ်နှစ်မျိုးသုံးမျိုးနဲ့ အစမ်းရောင်းချခြင်းဖြစ်သည်ဟု ဖြေကြားသွားပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ကားအသစ်များကိုတိုက်ရိုက်ဝယ်ယူနိုင်မည့်အခွင့်အလမ်းအားလုံးကို MyanmarCarsDB မှ ကြိုဆိုပါလိုက်ပါသည်။ စျေးနှုန်းအတိအကျသိလျှင်ကျွန်တော်တို့မှ ထပ်မံ Update လုပ်ပေးပါမည်။ မိတ်ဆွေတို့၏ အမြင်ကိုလဲအောက်ပါ Comments များတွင် (သို့) Forum မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။
- MyanmarCarsDB
Ref: MyanmarTimes, Kia Motors Official Site
Latest News
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »
City bus ကားများ seater ကွဲလွဲခြင်းများ...
23714985 2158394427546642 1602509892 o 150x150
မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...
Read more »
Consignment စနစ်​တင်​သွင်းထား​သော ကားများ...
Latest news1 10 150x150
Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...
Read more »
ယာဉ်​တိုက်​မှု ဖြစ်​ပွား​သော...
23602231 2157311237654961 2105906177 n 150x150
Zawgyi Version   ယာဉ်​တိုက်​မှု ဖြစ်​ပွား​ခဲ့သော တိုက်​​ပြေးကားများ၊ ကားခိုးမှုများနှင့် ကား​ပျောက်​မှုများကို ဗဟိုထိန်းချူပ်​​ရေး (control...
Read more »