ကညနမှ ဇန်န၀ါရီလအတွင်း နံပါတ်အလှရောင်းချခြင်းဖြင့် အခွန်ငွေ ကျပ်သိန်း ၁,၃၀၀ ကျော် ရရှိ
No-A-PU
Ref: Automobile
Unicode Version
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဇန်နဝါရီလအတွင်း ယာဉ်ပိုင်ရှင်များစိတ် ကြိုက် နံပါတ်အလှများ ရောင်းချ ခြင်းဖြင့် နိုင်ငံတော်အတွက် အခွန် ငွေ သိန်း ၁,၃ဝဝ ကျော် ရှာဖွေနိုင်ခဲ့ကြောင်း ‘မြင်သာကညနရုံး’မှ သိရသည်။
No-A-PU
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ယာဉ်ပိုင်ရှင်များအား စိတ်ကြိုက်နံပါတ်များ ကြိုတင်ရောင်းချပေးခဲ့ရာတွင် ၂ဝ ၁၃ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလ အထိ အခွန်ငွေ ကျပ်သိန်း ၁၃,၉ဝဝ ကျော်ရှာဖွေပေးနိုင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအတွက် နံပါတ်အလှများ ကြိုတင်ရောင်းချပေးရာတွင် အခွန်ငွေ ကျပ်သိန်း ၁,၃၆၈ အထိ ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။ “နံပါတ်တွေကို ကြိုတင် ရောင်းချပေးတယ်ဆိုတာက ယာဉ်ပိုင်ရှင်တွေအတွက် စိတ်ကြိုက် နံပါတ်တွေကို အဆင်ပြေပြေ နဲ့ ရရှိနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်၊ ဒီနှစ် ဇန်နဝါရီလထဲမှာတော့ နံပါတ်အလှဝယ်ယူမှုက အတော်လေး များပြားခဲ့တာကို တွေ့ရပါတယ်၊ အပူးအက္ခရာတွေ ကိုလည်း စျေးကွက် တစ်ခုမှာ ဝယ်ယူသလို သူ့ထက်ငါဦးအောင် ယူနေကြတာ တွေ့ရတယ်၊ အခုလို ဝယ်ယူတဲ့အတွက်ကြောင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေတိုးပွားပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက် အထောက်အကူဖြစ်စေမှာပါ”ဟု ‘ကနဦးမှတ်ပုံတင်ဌာန’မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ကနဦး မူသေအမှတ်အား ပိုင်ရှင်ဆန္ဒအရ ရွေးချုယ်ဝယ်ယူခြင်းဆိုင်ရာ ကဏ္ဍ အလိုက် ကောက်ခံရရှိမှု ငွေစာရင်း များအရ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂,၆၆ဝ သိန်း၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၂၆,၈၇၈ သိန်း ရရှိခဲ့ကြောင်း သိရသည်။
Ref: Automobile
Latest News
city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန်​...
23484516 2151118281607590 1169006877 o 1 150x150
Zawgyi Version ရန်​ကုန်​တွင်​ ​မောင်းနှင်​​နေ​သော city taxi ယာဉ်​များ မှတ်​ပုံတင်​...
Read more »
နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ...
Latest news1 9 150x150
Zawgyi Version နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးမှ မှတ်​ပုံတင်​ပြုလုပ်​ထား​သော ယာဉ်​များ၏ မိုဒယ်​ခုနှစ်​အလိုက်​စာရင်း​များ၊...
Read more »
The Pizza Company မှ သိန်း၅၀၀တန်ဖိုးရှိ...
Pizza 150x150
Zawgyi Version The Pizza Company သည် နှစ်သစ်ကူးကာလ အရောင်းမြင့်တင်သည့်အနေဖြင့် The Pizza Company ဆိုင်ခွဲ တိုင်းတွင်တွင် ၂၉၀၀၀ ကျပ်ဖိုး...
Read more »
မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...
23667525 2159301577455927 209492361 n 150x150
Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...
Read more »
ယာဉ်အပိုပစ္စည်းနှင့်...
Img 0593 1 150x150
             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...
Read more »