ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈကို ျမင္သာကညနမွ သန္လ်င္ခ႐ုိင္႐ံုးခြဲသို႔ ေျပာင္းလဲျပဳလုပ္ေပးမည္

ဇန္န၀ါရီ ၂၇ ရက္မွစ၍ ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈကို ျမင္သာ ကညနမွ သန္လ်င္ကညန႐ံုးခြဲသို႔ ေျပာင္းလဲျပဳလုပ္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။ 

2_2

ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ မူ၀ါဒသစ္တြင္ ေမာ္ေတာ္ယာဥ္ သက္တမ္းအလိုက္ အပ္ႏွံခြင့္ေပး ဖြယ္ရွိေသာေၾကာင့္ ကားေဟာင္း အပ္ႏွံသူမ်ားက ယာဥ္အပ္ႏွံမႈကို တိုင္း ႐ံုးမ်ားတြင္သာမက ခ႐ိုင္႐ံုး မ်ားတြင္ပါ ျပဳလုပ္ေပးရန္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာနထံ အႀကံျပဳတင္ျပခဲ့သည္။ ရန္ကုန္တိုင္းေဒသႀကီး ကညနအေနျဖင့္ သန္လ်င္ကညန ခ႐ိုင္႐ံုးတြင္ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈကို ေျပာင္းေရႊ႕ျပဳလုပ္ေပးျခင္းႏွင့္ ပတ္သက္၍ ကညနမွ တာ၀န္ရွိသူတစ္ဦးက ယာဥ္အို၊ ယာဥ္ေဟာင္း အပ္ႏွံမႈ ကို သန္လ်င္ကညနခ႐ိုင္႐ံုးမွာ ေျပာင္းေရႊ႕ ျပဳလုပ္ေပးခဲ့တာက ၿမိဳ႕တြင္းမွာ ယာဥ္ေၾကာပိတ္ဆို႔မႈ ေလ်ာ့နည္းသြားဖုိ႔အတြက္ ျဖစ္ပါတယ္ဟု ဆိုခဲ့သည္ ျမင္သာ ကညန႐ံုးသည္ ယာဥ္အို၊ ယာဥ္ေဟာင္းအပ္ႏွံမႈကို ခ႐ိုင္႐ံုးသို႔ ေျပာင္းေရႊ႕ေပးခဲ့ေသာ္လည္း ကနဦး မွတ္ပံုတင္ျခင္းႏွင့္ ယာဥ္သက္တမ္းတိုးျခင္း လုပ္ငန္းမ်ားကို ဆက္လက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 

Ref: Auto Mobile



Unicode Version

ဇန်နဝါရီ ၂၇ ရက်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို မြင်သာ ကညနမှ သန်လျင်ကညနရုံးခွဲသို့ ပြောင်းလဲပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ 

2_2

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု မူဝါဒသစ်တွင် မော်တော်ယာဉ် သက်တမ်းအလိုက် အပ်နှံခွင့်ပေး ဖွယ်ရှိသောကြောင့် ကားဟောင်း အပ်နှံသူများက ယာဉ်အပ်နှံမှုကို တိုင်း ရုံးများတွင်သာမက ခရိုင်ရုံး များတွင်ပါ ပြုလုပ်ပေးရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံ အကြံပြုတင်ပြခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ကညနအနေဖြင့် သန်လျင်ကညန ခရိုင်ရုံးတွင် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို ပြောင်းရွှေ့ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ကညနမှ တာဝန်ရှိသူတစ်ဦးက ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှု ကို သန်လျင်ကညနခရိုင်ရုံးမှာ ပြောင်းရွှေ့ ပြုလုပ်ပေးခဲ့တာက မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားဖို့အတွက် ဖြစ်ပါတယ်ဟု ဆိုခဲ့သည် မြင်သာ ကညနရုံးသည် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှုကို ခရိုင်ရုံးသို့ ပြောင်းရွှေ့ပေးခဲ့သော်လည်း ကနဦး မှတ်ပုံတင်ခြင်းနှင့် ယာဉ်သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Ref: Auto Mobile

Latest News

Mazda Myanmar က All New Mazda CX 9 ကားကိုု...

Mazda cx9 150x150

Zawgyi Version Mazda Myanmar က ၂၀၁၇ ေမာ္ဒယ္ All New Mazda CX 9 ကိုု ျမန္မာႏုုိင္ငံေစ်းကြက္သိုု႔ မိတ္ဆက္ပြဲကိုု ႏုုိဝင္ဘာ ၂၃ က...

Read more »

ဒီဇင္​ဘာ ၃၁ အထိ စီးတီးတကၠစီ​...

Latest news1 13 150x150

Zawgyi Version ရန္​ကုန္​တိုင္းအတြင္း ​​အဌားယာဥ္​အျဖစ္​ မွတ္​ပံုတင္​ထားသည္​့ကားမ်ားကို ယခုႏွစ္​ ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔​ေနာက္​ဆံုးထား၍ city taxi...

Read more »

ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ...

For news 150x150

Zawgyi Version ေမာ္​​ေတာ္​ယာဥ္​ အမည္ေျပာင္းလဲလွ်င္ ေဆာလ်င္စြာ လာေရာက္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ အမည္ေပါက္သူတြင္ သာ တာဝန္ရွိေၾကာင္းႏွင့္...

Read more »

(ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ကိုင္ေဆာင္သူမ်ား...

Latest news1 13 150x150

Zawgyi Version ျမန္​မာတစ္​ျပည္​လံုးတြင္​​ ေမာင္​းႏွင္​ခြင္​့႐ွိ​ေသာ (ခ) လိုင္စင္ႏွင့္ (င) လိုင္စင္ ကိုင္ေဆာင္ထားသည့္ ယာဥ္ေမာင္းမ်ား အေနျဖင့္...

Read more »

အဲကြန္​းမဖြင္​့​ေသာ YBS ကားမ်ား ​ယာဥ္​စီးခ...

Latest news1 12 150x150

Zawgyi Version ရန္​ကုန္​တိုင္​း​အတြင္​း ေျပးဆြဲလွ်က္​႐ွိ​ေနေသာ ခရီးသည္​တင္​ YBS ကားမ်ားအနက္ အဲယားကြန္​းမဖြင္​့​ပဲ​ ေမာင္း​ေ​သာ ကားမ်ားနွင့္...

Read more »