ကညနမှ 7G အက္ခရာများကို မတ် ၂၅ ရက်တွင် စတင်ထုတ်ပေးပြီး အပူးနံပါတ် သုံးခုရောင်းချပြီးဖြစ်


Untitled



Ref: Automobile


Unicode Version

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မတ် ၂၄ ရက် တွင် 6G အက္ခရာများ ကုန်ဆုံးသွားပြီးနောက် 7G အက္ခရာများကို မတ် ၂၅ ရက်တွင် စတင်ထုတ်ပေး ခဲ့ရာ 7G အပူးနံပါတ် သုံးခုအထိရောင်းချပြီးဖြစ်ကြောင်း ‘မြင်သာ ကညနရုံး၊ ကနဦးမှတ်ပုံတင်ဌာန’ မှ သိရသည်။

Untitled

ကညနမှ ယာဉ်ပိုင်ရှင်များ အဆင်ပြေစေရန် စိတ်ကြိုက်နံပါတ်များ ရွေးချယ်ဝယ်ယူခွင့်ပြုထားရာ အပူးအက္ခရာများမှာ လူကြိုက်အများဆုံးဖြစ်ပြီး ရွေးချယ်ဝယ်ယူသူများ ပြားလျက် ရှိသည်။ လက်ရှိအချိန်တွင် ရောက်ရှိအက္ခရာ 7G အပူးနံပါတ်များထဲမှ အပူးနံပါတ် သုံးခုအထိ ရောင်းချပြီးဖြစ်ကာ နောင်လာမည့် 9G အက္ခရာ အပူး နံပါတ် လေးခုမှာလည်း ရောင်းချ ပြီးဖြစ်ကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်စိတ်ကြိုက် 7G အက္ခရာ အပူး နံပါတ်ဝယ်ယူမှုတွင် 7G/3333 ကို ကျပ် ၂၄ သိန်း၊ 7G/6666 ကို ကျပ် ၃၆ သိန်း၊ 7G/8888 ကို ကျပ် ၄၂ သိန်းဖြင့် ရောင်းချပြီး ဖြစ်သည်။ ထို့ပြင် နံပါတ်တစ်ခုကျော် ဝယ်ယူမှုတွင် 9G/1111 ကို ကျပ် ၃၈ သိန်း၊ 9G/7777 ကို ကျပ် ၅၄ သိန်း၊ 9G/8888 ကို ကျပ် ၅၆ သိန်း၊ 9G/9999 ကို ကျပ် ၈၆ သိန်းဖြင့် ရောင်းချပြီး ဖြစ်ကြောင်း မြင်သာကညနရုံးမှ သိရှိရသည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် မော်တော်ယာဉ်များကို ကနဦးမှတ်ပုံတင်များ ပြုလုပ်ပေးလျက်ရှိရာ မတ် ၂၅ ရက်အထိ ရောက်ရှိ အက္ခရာများမှာ 7G/1160 နှင့် DD/8128 တို့ဖြစ်ကြောင်း သိရ သည်။


Ref: Automobile

Latest News

မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီး...

23667525 2159301577455927 209492361 n 150x150

Zawgyi Version မိုဒယ်​သတ်​မှတ်​ချက်​ထုတ်​ပြန်​ပြီးနောက်​ပိုင်း ​ အ​ရောင်းစင်​တာ ဖွင့်​ရန်​ ​လျှောက်​ထားမှုများအား ဒီနှစ် Consignment...

Read more »

ယာဉ်အပိုပစ္စည်းနှင့်...

Img 0593 1 150x150

             carsdb Zawgyi Version မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော ယာဉ်အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ နိုင်ငံ တကာ...

Read more »

City bus ကားများ seater ကွဲလွဲခြင်းများ...

23714985 2158394427546642 1602509892 o 150x150

မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာသော city bus များ   Zawgyi Version ပြည်​ပက​နေ တင်​သွင်းလာ​သော city bus ကားများ...

Read more »

Consignment စနစ်​တင်​သွင်းထား​သော ကားများ...

Latest news1 10 150x150

Zawgyi Version အ​ရောင်​စင်​တာများမှ အပ်​ကုန်​စနစ်​ဖြင့်​တင်​သွင်းထား​​သော ကားများ အပ်​နှံမည်​ဆိုပါက ခွင့်​ပြု​ပေးသွား ရန်​ရှိ​သည်ဟု...

Read more »

ယာဉ်​အို၊ ယာဉ်​​ဟောင်းအပ်​နှံပြီး...

Latest news1 10 150x150

Zawgyi Version ယာဉ်​အို၊ ယာဉ်​​ဟောင်း အစီအစဉ်ဖြင့်​ ကား​ဟောင်းတစ်​စီး အပ်​နှံပြီး ကားသစ်​တစ်​စီး အစားထိုးတင်​သွင်းခြင်းကို...

Read more »